ေအာင္လအန္ဆန္က ဂ်ပန္ႏိုင္ငံသား ကန္ဆီကာဝါကို အိမ္ရွင္ပရိသတ္ေတြေရွ႕ေမွာက္တြင္ ဒုတိယအခ်ီမွာ ဒိုင္ပြဲရပ္ျဖင့္ အႏိုင္ယူခဲ့ၿပီး ONE မစ္ဒယ္ဝိတ္ကမာၻ႔ခ်န္ပီယံခါးပတ္ကို ေအာင္ျမင္စြာ ကာကြယ္သြားႏိုင္ခဲ့သည္။

ၿပိဳင္ပြဲတစ္ေလွ်ာက္လုံးတြင္ ေအာင္လအန္ဆန္ကဘကန္ဟက္ဆီကာဝါထံသို႔ လက္သီးခ်က္မ်ား၊ လ်င္ျမန္ေသာ ကန္ခ်က္မ်ား ဆက္တိုက္ပစ္သြင္းေနခဲ့ကာ ၿပိဳင္ဘက္အေပၚ အသာစီးရယူႏိုင္ခဲ့ပါတယ္။

ဒုတိယအခ်ီၿပီးဆုံးခါနီးအခ်ိန္တြင္ ေအာင္လအန္ဆန္ရဲ႕ ညာလက္သီးခ်က္ေၾကာင့္ ကန္ဟက္ဆီကာဝါ လဲက်သြားၿပီးေနာက္ လက္သီးခ်က္မ်ား ဆက္တိုက္ထိုးၿပီး ခ်န္ပီယံခါးပတ္ကို ကာကြယ္သြားခဲ့တာပါ။

"ကြၽန္ေတာ္လည္း အရမ္းဝမ္းသာပါတယ္။ ကြၽန္ေတာ္ၾကမ္းၾကမ္းတမ္းတမ္း ျပင္ဆင္ၿပီးေတာ့ အရမ္းႀကိဳးစားထားတယ္ဆိုေတာ့ ဒီလိုမ်ိဳး ေအာင္ျမင္မႈရတဲ့အတြက္ အရမ္းေပ်ာ္တယ္ေပါ့။ ကြၽန္ေတာ့ကို ျမန္မာပရိသတ္ေတြ အားေပးၿပီးေတာ့၊ ကြၽန္ေတာ့္ကို အၿမဲတမ္း ကြၽန္ေတာ့ကို အားေပးတဲ့အတြက္ ေက်းဇူးတင္တယ္။ အားလုံးကို အရမ္းခ်စ္တယ္" လို႔ ေအာင္လအန္ဆန္က ပြဲအၿပီးမွာ ျမန္မာမီဒီယာေတြနဲ႔ေတြ႕ဆုံစဥ္မွာ ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ရန္ကုန္တြင္ ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲမွာ ကန္ဟက္ဆီကာဝါကို ငါးခ်ီထိ ယွဥ္ၿပိဳင္ၿပီးမွ အႏိုင္ရခဲ့တာျဖစ္ၿပီး မေက်ပြဲအျဖစ္ ဂ်ပန္ႏိုင္ငံသား ကန္ဟက္ဆီကာဝါနဲ႔ မတ္ ၃၁ ရက္၊ ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕မွာျပဳလုပ္တဲ့ A New Era ပြဲမွာ ယွဥ္ၿပိဳင္ခဲ့တာပါ။

"ကြၽန္ေတာ္ ကန္တာကို ေတာ္႐ုံ မခံႏိုင္ဘူး ။ ထရိန္နင္မွာ လူအမ်ားတိုင္းက မခံႏိုင္ဘူး။ ဒါေပမယ့္ "ကန္" က အဲလိုမ်ိဳး ခံႏိုင္တယ္။ အဲဒီေတာ့ သူ႔ကို ၿပိဳင္ဘက္ မေကာင္းဘူးလို႔ ေျပာလို႔မရဘူး"လို႔ ေအာင္လအန္ဆန္က ၿပိဳင္ဖက္အေၾကာင္း ေျပာပါတယ္။

ဂ်ပန္ေရာက္ ျမန္မာႏိုင္ငံသားေတြ လာေရာက္အားေပးခဲ့ၾကၿပီး ကခ်င္အလံေတြနဲ႔ ႀကိဳဆိုခဲ့ၾကတဲ့အေပၚ " အလံေတြအားလုံး စည္းလုံးညီၫြတ္ၿပီးေနာ့ ခ်သ္ခ်င္းေမတၱာတရားကိုျပႏိုင္ေအာင္၊ ဘယ္သူမဆို ကြၽန္ေတာ္တို႔ျမန္မာျပည္ကလူေတြ၊ ခ်င္းေတြ၊ ကခ်င္ေတြ၊ ရခိုင္ေတြ၊ မြန္ေတြအားလုံး စည္းလုံးၿပီးေတာ့ ၊ ညီညီၫြတ္ၫြတ္နဲ႔ႀကိဳးစားၿပီးေတာ့ ၊ ခ်စ္ခင္ရေအာင္လို႔ ကြၽန္ေတာ္တိုက္တြန္းခ်င္ပါတယ္။အားလုံးကို အရမ္းေက်းဇူးတင္ပါတယ္" လို႔ သူက တိုက္တြန္းသြားပါတယ္။

ေအာင္လအန္ဆန္က ျမန္မာႏိုင္ငံမွာ ၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ လာေရာက္ထိုးသတ္ဖို႔ရွိတယ္လို႔လည္း ေျပာပါတယ္။

"ဒီႏွစ္ျမန္မာႏိုင္ငံမွာ ေနာက္ထပ္တစ္ပြဲရွိေသးတယ္။ႏွစ္မကုန္ခင္ေပါ့။ အတိအက်ေတာ့ မသိေသးပါဘူး။  ႏိုဝင္ဘာ၊ ဒီဇင္ဘာေလာက္ျဖစ္မယ္" လို႔ ေျပာပါတယ္။

မတ္လ ၃၁ ရက္၊ ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳမွာ ျပဳလုပ္တဲ့ တြဲဆိုင္း ၁၆ ဆိုင္းပါတဲ့ ONE: A New Era ပြဲရဲ႕ ဒုတိယအဓိက တြဲဆိုင္းအျဖစ္ ေအာင္လအန္ဆန္က ပါဝင္ခဲ့တာျဖစ္ၿပီး ပထမတြဲဆိုင္း ျဖစ္တဲ့ ဂ်ပန္ႏိုင္ငံသား Shinya Aoki က ၿပိဳင္ဘက္ ဖိလစ္ပိုင္ႏိုင္ငံသား Eduard Folayang ကို ခ်ဳပ္ကြက္ျဖင့္ အႏိုင္ယူကာ ONE လိုက္ဝိတ္ကမာၻ႔ခ်န္ပီယံခါးပတ္ကို အရယူႏိုင္ခဲ့ပါတယ္။

ONE  အမ်ိဳးသမီး စေတာဝိတ္တန္း ကမာၻ႔ခ်န္ပီယံ တ႐ုတ္ႏိုင္ငံသူ ကစားသမား Xiong Jing Nanက ၿပိဳင္ပြဲေနာက္ဆုံးအခ်ီတြင္ စိန္ေခၚသူ စင္ကာပူႏိုင္ငံသူ Angela Lee ကို ဒိုင္ပြဲရပ္ျဖင့္ အႏိုင္ရယူကာ သူ႔ရဲ႕ ခါးပတ္ကို ကာကြယ္ႏိုင္ခဲ့ပါတယ္။

ONE ဘန္တန္ဝိတ္ကမာၻ႔ခ်န္ပီယံခါးပတ္လုပြဲ တြင္ Kevin Belingon ထုတ္ပယ္ခံရၿပီး Bibiano Fernandes က အႏိုင္ရခဲ့ပါတယ္။ ONE ဖလိုင္းဝိတ္ကမာၻ႔ Grand Prix ကြာတားဖိုင္နယ္ၿပိဳင္ပြဲ - ဒုတိယအခ်ီ ၂ မိနစ္ ၄၀ စကၠန႔္တြင္ Demetrious Johnson က Yuya Wakamatsu ကို (လည္ပင္း) ခ်ဳပ္ကြက္ျဖင့္ အႏိုင္ယူခဲ့ပါတယ္။

ONE လိုက္ဝိတ္ကမာၻ႔ Grand Prix ကြာတားဖိုင္နယ္ၿပိဳင္ပြဲတြင္  ပထမအခ်ီ ၄ မိနစ္ ၅ စကၠန႔္တြင္ Timofey Nastyukhin က Eddie Alvarez ကို ဒိုင္ပြဲရပ္ပုံစံျဖင့္ အႏိုင္ယူခဲ့ပါတယ္။

ONE Super Series Kickboxing ကတ္ခ်္ဝိတ္ၿပိဳင္ပြဲ - ဒုတိယအခ်ီ ၅၁ စကၠန႔္တြင္ Yodsanklai IWE Fairtex က Andy Souwer ကို ဒိုင္ပြဲရပ္ပုံစံျဖင့္ အႏိုင္ယူခဲ့ပါတယ္။

ONE ဖလိုင္းဝိတ္ကမာၻ႔ Grand Prix ကြာတာဖိုင္နယ္ၿပိဳင္ပြဲ - တတိယအခ်ီအၿပီးတြင္ Danny Kingad က Senzo Ikeda ကို ဒိုင္အားလုံးသေဘာတူဆုံးျဖတ္ခ်က္ျဖင့္ အႏိုင္ယူခဲ့ကာ ONE ဖလိုင္းဝိတ္ကမာၻ႔ Grand Prix ကြာတားဖိုင္နယ္ၿပိဳင္ပြဲ တတိယအခ်ီအၿပီးတြင္ Kairat Akhmetov က Reece McLaren ကို ဒိုင္အားလုံးသေဘာတူဆုံးျဖတ္ခ်က္ျဖင့္ အႏိုင္ယူႏိုင္ခဲ့ပါတယ္။

ONE Super Series ဖလိုင္းဝိတ္ေမြထိုင္းၿပိဳင္ပြဲ တတိယအခ်ီအၿပီးတြင္ Rodtang Jitmuangnon က Hakim Hamech ကို ဒိုင္ေတြရဲ႕ ကြဲလြဲတဲ့ ဆုံးျဖတ္ခ်က္ျဖင့္ အႏိုင္ယူခဲ့သလို ONE Super Series ဖလိုင္းဝိတ္ Kickboxing ၿပိဳင္ပြဲ  တတိယအခ်ီအၿပီးတြင္ Joseph Lasiri က Hiroki Akimoto ကို ဒိုင္မ်ားမဲေပးဆုံးျဖတ္ခ်က္ျဖင့္ အႏိုင္ယူႏိုင္ခဲ့ပါတယ္။

အမ်ိဳးသမီးအက္တမ္ဝိတ္တန္းၿပိဳင္ပြဲတြင္ တတိယအခ်ီ ၃ မိနစ္ ၁၈ စကၠန႔္တြင္ Mei Yamaguchi က Kseniya Lachkova ကို (တံေတာင္) ခ်ဳပ္ကြက္ျဖင့္ အႏိုင္ယူခဲ့ပါတယ္။

ဖယ္သာဝိတ္တန္းၿပိဳင္ပြဲတြင္ ပထမအခ်ီ ၄ မိနစ္ ၁၂ စကၠန႔္တြင္ Garry Tonon က Anthony Engelen ကို ဒိုင္ပြဲရပ္ျဖင့္ အႏိုင္ရကာ ONE Super Series ဘန္တန္ဝိတ္ေမြထိုင္းၿပိဳင္ပြဲ တတိယအခ်ီအၿပီးတြင္ Panicos Yusuf က Mohammed Bin Mahmoud ကို ဒိုင္အားလုံးရဲ႕ သေဘာတူဆုံးျဖတ္ခ်က္ျဖင့္ အႏိုင္ယူခဲ့ပါတယ္။ လိုက္ဝိတ္တန္းၿပိဳင္ပြဲ ပထမအခ်ီ ၄ မိနစ္ ၁၆ စကၠန႔္တြင္ Yoon Chang Min က Bala Shetty ကို (လည္ပင္း) ခ်ဳပ္ကြက္ျဖင့္ အႏိုင္ယူခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


အောင်လအန်ဆန်က ဂျပန်နိုင်ငံသား ကန်ဆီကာဝါကို အိမ်ရှင်ပရိသတ်တွေရှေ့မှောက်တွင် ဒုတိယအချီမှာ ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူခဲ့ပြီး ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ်သွားနိုင်ခဲ့သည်။

ပြိုင်ပွဲတစ်လျှောက်လုံးတွင် အောင်လအန်ဆန်ကဘကန်ဟက်ဆီကာဝါထံသို့ လက်သီးချက်များ၊ လျင်မြန်သော ကန်ချက်များ ဆက်တိုက်ပစ်သွင်းနေခဲ့ကာ ပြိုင်ဘက်အပေါ် အသာစီးရယူနိုင်ခဲ့ပါတယ်။

ဒုတိယအချီပြီးဆုံးခါနီးအချိန်တွင် အောင်လအန်ဆန်ရဲ့ ညာလက်သီးချက်ကြောင့် ကန်ဟက်ဆီကာဝါ လဲကျသွားပြီးနောက် လက်သီးချက်များ ဆက်တိုက်ထိုးပြီး ချန်ပီယံခါးပတ်ကို ကာကွယ်သွားခဲ့တာပါ။

"ကျွန်တော်လည်း အရမ်းဝမ်းသာပါတယ်။ ကျွန်တော်ကြမ်းကြမ်းတမ်းတမ်း ပြင်ဆင်ပြီးတော့ အရမ်းကြိုးစားထားတယ်ဆိုတော့ ဒီလိုမျိုး အောင်မြင်မှုရတဲ့အတွက် အရမ်းပျော်တယ်ပေါ့။ ကျွန်တော့ကို မြန်မာပရိသတ်တွေ အားပေးပြီးတော့၊ ကျွန်တော့်ကို အမြဲတမ်း ကျွန်တော့ကို အားပေးတဲ့အတွက် ကျေးဇူးတင်တယ်။ အားလုံးကို အရမ်းချစ်တယ်" လို့ အောင်လအန်ဆန်က ပွဲအပြီးမှာ မြန်မာမီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ရန်ကုန်တွင် ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ကန်ဟက်ဆီကာဝါကို ငါးချီထိ ယှဉ်ပြိုင်ပြီးမှ အနိုင်ရခဲ့တာဖြစ်ပြီး မကျေပွဲအဖြစ် ဂျပန်နိုင်ငံသား ကန်ဟက်ဆီကာဝါနဲ့ မတ် ၃၁ ရက်၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာပြုလုပ်တဲ့ A New Era ပွဲမှာ ယှဉ်ပြိုင်ခဲ့တာပါ။

"ကျွန်တော် ကန်တာကို တော်ရုံ မခံနိုင်ဘူး ။ ထရိန်နင်မှာ လူအများတိုင်းက မခံနိုင်ဘူး။ ဒါပေမယ့် "ကန်" က အဲလိုမျိုး ခံနိုင်တယ်။ အဲဒီတော့ သူ့ကို ပြိုင်ဘက် မကောင်းဘူးလို့ ပြောလို့မရဘူး"လို့ အောင်လအန်ဆန်က ပြိုင်ဖက်အကြောင်း ပြောပါတယ်။

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ လာရောက်အားပေးခဲ့ကြပြီး ကချင်အလံတွေနဲ့ ကြိုဆိုခဲ့ကြတဲ့အပေါ် " အလံတွေအားလုံး စည်းလုံးညီညွတ်ပြီးနော့ ချသ်ချင်းမေတ္တာတရားကိုပြနိုင်အောင်၊ ဘယ်သူမဆို ကျွန်တော်တို့မြန်မာပြည်ကလူတွေ၊ ချင်းတွေ၊ ကချင်တွေ၊ ရခိုင်တွေ၊ မွန်တွေအားလုံး စည်းလုံးပြီးတော့ ၊ ညီညီညွတ်ညွတ်နဲ့ကြိုးစားပြီးတော့ ၊ ချစ်ခင်ရအောင်လို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်" လို့ သူက တိုက်တွန်းသွားပါတယ်။

အောင်လအန်ဆန်က မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် လာရောက်ထိုးသတ်ဖို့ရှိတယ်လို့လည်း ပြောပါတယ်။

"ဒီနှစ်မြန်မာနိုင်ငံမှာ နောက်ထပ်တစ်ပွဲရှိသေးတယ်။နှစ်မကုန်ခင်ပေါ့။ အတိအကျတော့ မသိသေးပါဘူး။  နိုဝင်ဘာ၊ ဒီဇင်ဘာလောက်ဖြစ်မယ်" လို့ ပြောပါတယ်။

မတ်လ ၃၁ ရက်၊ ဂျပန်နိုင်ငံ၊ တိုကျိုမှာ ပြုလုပ်တဲ့ တွဲဆိုင်း ၁၆ ဆိုင်းပါတဲ့ ONE: A New Era ပွဲရဲ့ ဒုတိယအဓိက တွဲဆိုင်းအဖြစ် အောင်လအန်ဆန်က ပါဝင်ခဲ့တာဖြစ်ပြီး ပထမတွဲဆိုင်း ဖြစ်တဲ့ ဂျပန်နိုင်ငံသား Shinya Aoki က ပြိုင်ဘက် ဖိလစ်ပိုင်နိုင်ငံသား Eduard Folayang ကို ချုပ်ကွက်ဖြင့် အနိုင်ယူကာ ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို အရယူနိုင်ခဲ့ပါတယ်။

ONE  အမျိုးသမီး စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တရုတ်နိုင်ငံသူ ကစားသမား Xiong Jing Nanက ပြိုင်ပွဲနောက်ဆုံးအချီတွင် စိန်ခေါ်သူ စင်ကာပူနိုင်ငံသူ Angela Lee ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရယူကာ သူ့ရဲ့ ခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

ONE ဘန်တန်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲ တွင် Kevin Belingon ထုတ်ပယ်ခံရပြီး Bibiano Fernandes က အနိုင်ရခဲ့ပါတယ်။ ONE ဖလိုင်းဝိတ်ကမ္ဘာ့ Grand Prix ကွာတားဖိုင်နယ်ပြိုင်ပွဲ - ဒုတိယအချီ ၂ မိနစ် ၄၀ စက္ကန့်တွင် Demetrious Johnson က Yuya Wakamatsu ကို (လည်ပင်း) ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ပါတယ်။

ONE လိုက်ဝိတ်ကမ္ဘာ့ Grand Prix ကွာတားဖိုင်နယ်ပြိုင်ပွဲတွင်  ပထမအချီ ၄ မိနစ် ၅ စက္ကန့်တွင် Timofey Nastyukhin က Eddie Alvarez ကို ဒိုင်ပွဲရပ်ပုံစံဖြင့် အနိုင်ယူခဲ့ပါတယ်။

ONE Super Series Kickboxing ကတ်ချ်ဝိတ်ပြိုင်ပွဲ - ဒုတိယအချီ ၅၁ စက္ကန့်တွင် Yodsanklai IWE Fairtex က Andy Souwer ကို ဒိုင်ပွဲရပ်ပုံစံဖြင့် အနိုင်ယူခဲ့ပါတယ်။

ONE ဖလိုင်းဝိတ်ကမ္ဘာ့ Grand Prix ကွာတာဖိုင်နယ်ပြိုင်ပွဲ - တတိယအချီအပြီးတွင် Danny Kingad က Senzo Ikeda ကို ဒိုင်အားလုံးသဘောတူဆုံးဖြတ်ချက်ဖြင့် အနိုင်ယူခဲ့ကာ ONE ဖလိုင်းဝိတ်ကမ္ဘာ့ Grand Prix ကွာတားဖိုင်နယ်ပြိုင်ပွဲ တတိယအချီအပြီးတွင် Kairat Akhmetov က Reece McLaren ကို ဒိုင်အားလုံးသဘောတူဆုံးဖြတ်ချက်ဖြင့် အနိုင်ယူနိုင်ခဲ့ပါတယ်။

ONE Super Series ဖလိုင်းဝိတ်မွေထိုင်းပြိုင်ပွဲ တတိယအချီအပြီးတွင် Rodtang Jitmuangnon က Hakim Hamech ကို ဒိုင်တွေရဲ့ ကွဲလွဲတဲ့ ဆုံးဖြတ်ချက်ဖြင့် အနိုင်ယူခဲ့သလို ONE Super Series ဖလိုင်းဝိတ် Kickboxing ပြိုင်ပွဲ  တတိယအချီအပြီးတွင် Joseph Lasiri က Hiroki Akimoto ကို ဒိုင်များမဲပေးဆုံးဖြတ်ချက်ဖြင့် အနိုင်ယူနိုင်ခဲ့ပါတယ်။

အမျိုးသမီးအက်တမ်ဝိတ်တန်းပြိုင်ပွဲတွင် တတိယအချီ ၃ မိနစ် ၁၈ စက္ကန့်တွင် Mei Yamaguchi က Kseniya Lachkova ကို (တံတောင်) ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ပါတယ်။

ဖယ်သာဝိတ်တန်းပြိုင်ပွဲတွင် ပထမအချီ ၄ မိနစ် ၁၂ စက္ကန့်တွင် Garry Tonon က Anthony Engelen ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရကာ ONE Super Series ဘန်တန်ဝိတ်မွေထိုင်းပြိုင်ပွဲ တတိယအချီအပြီးတွင် Panicos Yusuf က Mohammed Bin Mahmoud ကို ဒိုင်အားလုံးရဲ့ သဘောတူဆုံးဖြတ်ချက်ဖြင့် အနိုင်ယူခဲ့ပါတယ်။ လိုက်ဝိတ်တန်းပြိုင်ပွဲ ပထမအချီ ၄ မိနစ် ၁၆ စက္ကန့်တွင် Yoon Chang Min က Bala Shetty ကို (လည်ပင်း) ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top