ျဖဴျဖဴေက်ာ္သိန္း က သူမရဲ႕ ေမြးေန႔အလွဴအမွတ္တရအျဖစ္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းကုိ ေငြက်ပ္ သိန္း တစ္ရာ လွဴခဲ့ပါတယ္တဲ့။ ဒီလုိ လွဴဒါန္းျဖစ္ခဲ့တ့ဲ အမွတ္တရ ေတြကုိ ေျပာျပလာပါတယ္။

အဆုိေတာ္ျဖဴျဖဴေက်ာ္သိန္းဟာ ဧၿပီလ ၂၂ ရက္ေန႔မွာ က်ေရာက္တဲ့ သူမရဲ႕ ေမြးေန႔အမွတ္တရ အလွဴကုိ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းမွာ ျပဳလုပ္ခဲ့ပါတယ္။ ဒီအလွဴမွာေတာ့ ေငြက်ပ္ သိန္း ၁၀၀ လွဴဒါန္းခဲ့တယ္လုိ႔ မီဒီယာေတြကေနတဆင့္ေျပာျပခဲ့ပါတယ္။

‘’ ဒီႏွစ္ ေမြးေန႔ကုိေတာ့ ျဖဴျဖဴက ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းမွာ သူ႔ရဲ႕ ၄ ခုေျမာက္ Project မွာ လေရာင္ေတာ စုိက္ပ်ဳိး သက္ေမြးပညာသင္ေက်ာင္းအတြက္ကုိ အလွဴေငြက်ပ္ သိန္း ၁၀၀ လွဴျဖစ္ပါတယ္ရွင့္။ ပီတိျဖစ္တယ္၊ ေပ်ာ္တယ္၊ ဘုရားရဲ႕ေက်းဇူးေတာ္ကုိ ခ်ီးမြမ္းပါတယ္။ ဒီအလွဴကလည္း ျဖဴျဖဴနဲ႔ ျဖဴျဖဴ႕မိသားစု တစ္စုတည္းရဲ႕ အလွဴမဟုတ္ပါဘူး။ ျဖဴျဖဴ႕ကုိခ်စ္ၾကတဲ့ ပရိသတ္ တစ္ေယာက္ခ်င္းစီရဲ႕ အလွဴလည္းျဖစ္တယ္’’ လုိ႔ ဧၿပီလ ၂၂ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ေမြးေန႔အလွဴမွာ ေျပာျပခဲ့တာျဖစ္ပါတယ္။

ျဖဴျဖဴေက်ာ္သိန္းက သူမရဲ႕ ေမြးေန႔အလွဴကုိ ေဖာင္ေဒးရွင္းမွာ ေရြးခ်ယ္လွဴျဖစ္ခဲ့တဲ့အေၾကာင္းကုိ ေျပာျပလာပါတယ္။ ဒီအလွဴေလး ျဖစ္ေျမာက္ေအာင္ ႀကိဳးစားလာတာလည္း ၾကာပါၿပီတဲ့။

‘’ အရင္ကတည္းကေတာ့ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းကုိ လွဴခ်င္ပါတယ္။ ဒါေပမယ့္ ျဖဴျဖဴ႔စိတ္ထဲမွာက  ေဖာင္ေဒးရွင္းကုိ လွဴတဲ့အခါက်ရင္ ကုိယ့္ရဲ႕ သမာအာဇီဝ နဲ႔ရွာတဲ့အထဲကမွ ေသခ်ာေလး၊ မ်ားမ်ားေလးစုေဆာင္းႏုိင္တဲ့အခါက်မွ အလုံးအထည္ေလးနဲ႔ လွဴခ်င္တယ္ေပါ့ေနာ္။ ဒီစိတ္ေလးနဲ႔လည္း ေစာင့္ၿပီးေတာ့ ပုိက္ဆံစုေနတာလည္းပါတယ္’’ လုိ႔လည္း ဆက္လက္ေျပာျပလာပါတယ္။

အဲဒီေနာက္ April လနဲ႔ ပတ္သက္ၿပီး သူတုိ႔ မိသားစုမွာ အမွတ္တရေလးေတြရွိထားတယ္လုိ႔ ျဖဴျဖဴေက်ာ္သိန္းက ေျပာပါတယ္။

‘’ ျဖဴျဖဴ႕ရဲ႕ ေမြးေန႔က ေဖေဖ နဲ႔ ေမေမ တုိ႔ရဲ႕ Anniversary မွာ ေမြးတာ။ ျဖဴျဖဴ႕အစ္မဆုိလည္း April 30 born ဆုိေတာ့ ျဖဴျဖဴတုိ႔မိသားစုက April လထဲမွာ အခ်စ္ေတြ စုေနၾကတာ။ အရမ္းကုိ အမွတ္တရျဖစ္ပါတယ္’’ ဆုိၿပီးေတာ့ ရယ္ရယ္ေမာေမာနဲ႔ ေျပာျပခဲ့ပါေသးတယ္။

ဂီတေလာကကို စတင္ဝင္ေရာက္လာကတည္းက ဆန္းသစ္တဲ့ ဖက္ရွင္မ်ား၊ အသံပါဝါေကာင္းေကာင္းနဲ႕ ခ်ိဳသာေသာ အၿပံဳးေတြကို ပိုင္ဆုိင္ထားတဲ့ ျဖဴျဖဴေက်ာ္သိန္း(Phyu Phyu Kyaw Thein)ဟာ ပရိသတ္ေတြရဲ႕ အသည္းေက်ာ္ တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမကုိေတာ့ အတြင္းေၾက သီခ်င္းကေန ပရိသတ္ေတြ ပုိၿပီး သတိထားအားေပးလာၾကတာျဖစ္ပါတယ္။ အခုဆုိရင္ေတာ့ ေအာင္ျမင္တဲ့အႏုပညာရွင္တစ္ေယာက္ ျဖစ္လုိ႔ေနပါၿပီ။ ၂၀၁၉ ခုႏွစ္ သႀကၤန္ကုိေတာ့ Channel K နဲ႔အတူ ျမကၽြန္းသာလမ္းေလွ်ာက္သႀကၤန္မွာ သႀကၤန္ ၄ ရက္စလုံး ပါဝင္ဆင္ႏႊဲသြားမယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Duwun
#Unicode Version#
ဖြူဖြူကျော်သိန်း က သူမရဲ့ မွေးနေ့အလှူအမှတ်တရအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကျပ် သိန်း တစ်ရာ လှူခဲ့ပါတယ်တဲ့။ ဒီလို လှူဒါန်းဖြစ်ခဲ့တဲ့ အမှတ်တရ တွေကို ပြောပြလာပါတယ်။

အဆိုတော်ဖြူဖြူကျော်သိန်းဟာ ဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့အမှတ်တရ အလှူကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအလှူမှာတော့ ငွေကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့တယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

‘’ ဒီနှစ် မွေးနေ့ကိုတော့ ဖြူဖြူက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ သူ့ရဲ့ ၄ ခုမြောက် Project မှာ လရောင်တော စိုက်ပျိုး သက်မွေးပညာသင်ကျောင်းအတွက်ကို အလှူငွေကျပ် သိန်း ၁၀၀ လှူဖြစ်ပါတယ်ရှင့်။ ပီတိဖြစ်တယ်၊ ပျော်တယ်၊ ဘုရားရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဒီအလှူကလည်း ဖြူဖြူနဲ့ ဖြူဖြူ့မိသားစု တစ်စုတည်းရဲ့ အလှူမဟုတ်ပါဘူး။ ဖြူဖြူ့ကိုချစ်ကြတဲ့ ပရိသတ် တစ်ယောက်ချင်းစီရဲ့ အလှူလည်းဖြစ်တယ်’’ လို့ ဧပြီလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မွေးနေ့အလှူမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းက သူမရဲ့ မွေးနေ့အလှူကို ဖောင်ဒေးရှင်းမှာ ရွေးချယ်လှူဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြလာပါတယ်။ ဒီအလှူလေး ဖြစ်မြောက်အောင် ကြိုးစားလာတာလည်း ကြာပါပြီတဲ့။

‘’ အရင်ကတည်းကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူချင်ပါတယ်။ ဒါပေမယ့် ဖြူဖြူ့စိတ်ထဲမှာက  ဖောင်ဒေးရှင်းကို လှူတဲ့အခါကျရင် ကိုယ့်ရဲ့ သမာအာဇီဝ နဲ့ရှာတဲ့အထဲကမှ သေချာလေး၊ များများလေးစုဆောင်းနိုင်တဲ့အခါကျမှ အလုံးအထည်လေးနဲ့ လှူချင်တယ်ပေါ့နော်။ ဒီစိတ်လေးနဲ့လည်း စောင့်ပြီးတော့ ပိုက်ဆံစုနေတာလည်းပါတယ်’’ လို့လည်း ဆက်လက်ပြောပြလာပါတယ်။

အဲဒီနောက် April လနဲ့ ပတ်သက်ပြီး သူတို့ မိသားစုမှာ အမှတ်တရလေးတွေရှိထားတယ်လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

‘’ ဖြူဖြူ့ရဲ့ မွေးနေ့က ဖေဖေ နဲ့ မေမေ တို့ရဲ့ Anniversary မှာ မွေးတာ။ ဖြူဖြူ့အစ်မဆိုလည်း April 30 born ဆိုတော့ ဖြူဖြူတို့မိသားစုက April လထဲမှာ အချစ်တွေ စုနေကြတာ။ အရမ်းကို အမှတ်တရဖြစ်ပါတယ်’’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါသေးတယ်။

ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ပရိသတ်တွေရဲ့ အသည်းကျော် တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကိုတော့ အတွင်းကြေ သီချင်းကနေ ပရိသတ်တွေ ပိုပြီး သတိထားအားပေးလာကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက် ဖြစ်လို့နေပါပြီ။ ၂၀၁၉ ခုနှစ် သြင်္ကန်ကိုတော့ Channel K နဲ့အတူ မြကျွန်းသာလမ်းလျှောက်သြင်္ကန်မှာ သြင်္ကန် ၄ ရက်စလုံး ပါဝင်ဆင်နွှဲသွားမယ်လို့ သိရပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top