ငါန္းဇြန္ၿမိဳ႕နယ္ ၿမိဳ႕သာစက္မႈဇုန္ အမွတ္(၄)လမ္းရွိ ဧက ၅၀ ခန႔္ ေဆးေျခာက္စိုက္ခင္းသတင္းႏွင့္ ပတ္သက္၍ သြားေရာက္စိစစ္မႈ

၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၂၂ ရက္ေန႔ ၁၇၁၅ အခ်ိန္ ျမင္းၿခံခ႐ိုင္၊ ငါန္းဇြန္ၿမိဳ႕နယ္၊ ၿမိဳ႕သာစက္မႈဇုန္ အမွတ္(၄)လမ္းရွိ ဧက ၅၀ ခန႔္ ေဆးေျခာက္စိုက္ခင္းသတင္းႏွင့္ပတ္သက္၍ မႏၲေလးတိုင္းရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီးျမင့္ဦး ဦးစီးသည့္အဖြဲ႕၊ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲမႈဦးစီးဌာန(FDA)မွ ၫႊန္ၾကား ေရးမႉး ေဒါက္တာ နီနီေအး၊ ဓာတုေဗဒဝန္႐ုံးခြဲ(မႏၲေလး)မွ ဒုတိယၫႊန္ၾကားေရးမႉး ေဒၚသန္းသန္း ၾကည္၊ ျမင္းၿခံခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးတင္လႈိင္တို႔ပါ ပူးေပါင္းအဖြဲ႕မွ သြားေရာက္ စစ္ေဆးခဲ႕ပါသည္။

အဆိုပါစက္မႈဇုန္၌ ခ်ဥ္ေပါင္ေလွ်ာ္ႏြယ္ဝင္ ေဆးေျခာက္အာနိသင္ပါရွိသည္ဟုယူဆရေသာ စိုက္ခင္း ၆၀ ဧကခန႔္၊ အလ်ား ၁၂၀ ေပ အနံ ၂၀ ေပရွိ အခန္း ၃ ခန္းပါ ဂိုေထာင္ ၁ လုံး၊ အဆိုပါဂိုေထာင္အတြင္းမွ အ႐ြက္မႈန႔္ အိတ္ ၅၅ အိတ္ခန႔္ႏွင့္ အေစးကုန္ေခ်ာ ၁ ကီလိုခန႔္အား စစ္ေဆးေတြ႕ရွိခဲ့ပါသည္။

အဆိုပါ စိုက္ခင္းတာဝန္ခံ ရႈိင္းလတ္(၃၇)ႏွစ္ႏွင့္ မ႐ႊန္းလဲ့ျမတ္ႏိုး(၂၂)ႏွစ္တို႔ ၂ ဦးအား ေမးျမန္းရာ ၂၀၁၈ ခုႏွစ္ ေမလခန႔္က စိုက္ခင္း ၆၀ ဧကခန႔္အား အေမရိကန္ႏိုင္ငံသား John Fredric (၆၃)ႏွစ္၊ Thomas (စိစစ္ဆဲ)ႏွင့္ Alexandra Skemp (၂၉)ႏွစ္ တို႔ ၃ ဦးမွ သဘာဝ ေဆးဘက္ဝင္ ေလွ်ာ္ပင္စိုက္ပ်ိဳးရန္အတြက္ Mandalay Myotha Industrial Development Public Co,Ltd(MMID)ထံမွ ငွားရမ္းလုပ္ကိုင္ခဲ့ေၾကာင္းသိရွိရပါသည္။

ခ်ဥ္ေပါင္ေလွ်ာ္ႏြယ္ဝင္ ေဆးေျခာက္အာနိသင္ ပါရွိသည္ဟု ယူဆရေသာ အပင္ ဧက၂၀ ခန႔္ (အျမင့္ ၃/၆ ေပခန႔္၊ သက္တမ္း ၄ လခန႔္ရွိ အပင္ေပါင္း ၃၄၉၂၉၀ ပင္)စိုက္ပ်ိဳးထားရွိေၾကာင္း Thomas ႏွင့္ Alexandra Skemp တို႔မွာ အေမရိကန္ႏိုင္ငံသို႔ ျပန္သြားေၾကာင္း John Fredric မွာ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ Marcure ဟိုတယ္၌ တည္းခို ေနထိုင္ၿပီး ေမာ္ေတာ္ယာဥ္ျဖင့္ စိုက္ခင္းသို႔ေနခ်င္းျပန္ လာေရာက္ေလ့ရွိေၾကာင္း ထြက္ဆိုခဲ့ပါသည္။

စိုက္ခင္းမွ ခ်ဥ္ေပါင္ေလွ်ာ္ႏြယ္ဝင္ ေဆးေျခာက္အာနိသင္ ပါရွိသည္ဟုယူဆရေသာ အ႐ြက္ ေျခာက္မႈန႔္ ၅ ကီလိုခန႔္ႏွင့္ အရက္(ဘီအီး) ၅ ဂါလံတို႔ေရာစပ္၍ အဝတ္ေလွ်ာ္စက္ထဲ ထည့္ေမႊၿပီး ေပါင္းခံပါက တေဆးပုံသ႑ာန္ အေစး ၂၅၀ ဂရမ္ခန႔္ရရွိေၾကာင္း၊ အေစ့အားႀကိတ္၍ ရရွိေသာအဆီအား ေပါင္းခံ၍လည္း ထုတ္လုပ္ႏိုင္ေၾကာင္း သိရွိရပါသည္။

ကင္ဆာေပ်ာက္ေဆးထုတ္လုပ္ရန္ ရည္႐ြယ္၍ စိုက္ပ်ိဳးျခင္း ျဖစ္ႏိုင္ေၾကာင္း စစ္ေဆးေတြ႕ရွိရၿပီး ဒုတိယၫႊန္ၾကားေရးမႉး ေဒၚသန္းသန္းၾကည္က ဓာတ္ခြဲစမ္း သပ္ရန္ အဆိုပါအ႐ြက္/အေစ့/ကုန္ေခ်ာအေစးႏွင့္ အဆီအနည္း ငယ္စီအား ဓာတုေဗဒဝန္႐ုံးခြဲ (မႏၲေလး)သို႔ နမူနာယူေဆာင္သြားေၾကာင္းႏွင့္ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ John Fredric အား ေမးျမန္းစစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Ministry of Home Affairs Myanmar
#Unocode Version#
ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန် အမှတ်(၄)လမ်းရှိ ဧက ၅၀ ခန့် ဆေးခြောက်စိုက်ခင်းသတင်းနှင့် ပတ်သက်၍ သွားရောက်စိစစ်မှု

၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ ၁၇၁၅ အချိန် မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန် အမှတ်(၄)လမ်းရှိ ဧက ၅၀ ခန့် ဆေးခြောက်စိုက်ခင်းသတင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ဦး ဦးစီးသည့်အဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှ ညွှန်ကြား ရေးမှူး ဒေါက်တာ နီနီအေး၊ ဓာတုဗေဒဝန်ရုံးခွဲ(မန္တလေး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်း ကြည်၊ မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်တို့ပါ ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ပါသည်။

အဆိုပါစက်မှုဇုန်၌ ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင်ပါရှိသည်ဟုယူဆရသော စိုက်ခင်း ၆၀ ဧကခန့်၊ အလျား ၁၂၀ ပေ အနံ ၂၀ ပေရှိ အခန်း ၃ ခန်းပါ ဂိုထောင် ၁ လုံး၊ အဆိုပါဂိုထောင်အတွင်းမှ အရွက်မှုန့် အိတ် ၅၅ အိတ်ခန့်နှင့် အစေးကုန်ချော ၁ ကီလိုခန့်အား စစ်ဆေးတွေ့ရှိခဲ့ပါသည်။

အဆိုပါ စိုက်ခင်းတာဝန်ခံ ရှိုင်းလတ်(၃၇)နှစ်နှင့် မရွှန်းလဲ့မြတ်နိုး(၂၂)နှစ်တို့ ၂ ဦးအား မေးမြန်းရာ ၂၀၁၈ ခုနှစ် မေလခန့်က စိုက်ခင်း ၆၀ ဧကခန့်အား အမေရိကန်နိုင်ငံသား John Fredric (၆၃)နှစ်၊ Thomas (စိစစ်ဆဲ)နှင့် Alexandra Skemp (၂၉)နှစ် တို့ ၃ ဦးမှ သဘာဝ ဆေးဘက်ဝင် လျှော်ပင်စိုက်ပျိုးရန်အတွက် Mandalay Myotha Industrial Development Public Co,Ltd(MMID)ထံမှ ငှားရမ်းလုပ်ကိုင်ခဲ့ကြောင်းသိရှိရပါသည်။

ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင် ပါရှိသည်ဟု ယူဆရသော အပင် ဧက၂၀ ခန့် (အမြင့် ၃/၆ ပေခန့်၊ သက်တမ်း ၄ လခန့်ရှိ အပင်ပေါင်း ၃၄၉၂၉၀ ပင်)စိုက်ပျိုးထားရှိကြောင်း Thomas နှင့် Alexandra Skemp တို့မှာ အမေရိကန်နိုင်ငံသို့ ပြန်သွားကြောင်း John Fredric မှာ အောင်မြေသာစံမြို့နယ်ရှိ Marcure ဟိုတယ်၌ တည်းခို နေထိုင်ပြီး မော်တော်ယာဉ်ဖြင့် စိုက်ခင်းသို့နေချင်းပြန် လာရောက်လေ့ရှိကြောင်း ထွက်ဆိုခဲ့ပါသည်။

စိုက်ခင်းမှ ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင် ပါရှိသည်ဟုယူဆရသော အရွက် ခြောက်မှုန့် ၅ ကီလိုခန့်နှင့် အရက်(ဘီအီး) ၅ ဂါလံတို့ရောစပ်၍ အဝတ်လျှော်စက်ထဲ ထည့်မွှေပြီး ပေါင်းခံပါက တဆေးပုံသဏ္ဍာန် အစေး ၂၅၀ ဂရမ်ခန့်ရရှိကြောင်း၊ အစေ့အားကြိတ်၍ ရရှိသောအဆီအား ပေါင်းခံ၍လည်း ထုတ်လုပ်နိုင်ကြောင်း သိရှိရပါသည်။

ကင်ဆာပျောက်ဆေးထုတ်လုပ်ရန် ရည်ရွယ်၍ စိုက်ပျိုးခြင်း ဖြစ်နိုင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းကြည်က ဓာတ်ခွဲစမ်း သပ်ရန် အဆိုပါအရွက်/အစေ့/ကုန်ချောအစေးနှင့် အဆီအနည်း ငယ်စီအား ဓာတုဗေဒဝန်ရုံးခွဲ (မန္တလေး)သို့ နမူနာယူဆောင်သွားကြောင်းနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ John Fredric အား မေးမြန်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Ministry of Home Affairs Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top