ဓာတ္ေလွကားရွိရင္ေတာ့ ရိုးရိုးေလွကားကို အသံုးမျပဳၾကတာ မ်ားပါတယ္။ တကယ္ေတာ့ ေလွကားကေန တက္ျခင္းဟာ အခ်ိန္ေပးလုပ္စရာမလိုတဲ့ ေလ့က်င့္ခန္းတစ္ခု ျဖစ္ပါတယ္။

ေလွကားကေန တက္တဲ့အေလ့အက်င့္ေမြးထားတဲ့အခါ ေရာဂါေပါင္းေျမာက္မ်ားစြာကိုလည္း ကာကြယ္ျပီးသား ျဖစ္ပါတယ္။ ေလ့လာမႈတစ္ခုအရ ေလွကားအဆင့္ ၁၀ ဆင့္ေလာက္ကို ေန႔စဥ္အတက္အဆင္းလုပ္ေပးရင္ အရြယ္မတုိင္ခင္ ေရာဂါဘယထူေျပာျခင္းကို ကာကြယ္ေပးျပီးသား ျဖစ္ပါတယ္။

ေလွကားဟာ တမင္တကာဖန္တီးယူရတဲ့ ေလ့က်င့္ခန္းလည္း မဟုတ္တာေၾကာင့္ အခ်ိန္မေပးႏုိင္သူေတြအတြက္ အေကာင္းဆံုး ေလ့က်င့္ခန္းျဖစ္ပါတယ္။ ေလွကားကေနတက္ျခင္းေၾကာင့္ ရရွိလာမယ့္ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(သင္စိတ္ဝင္စားႏုိင္မယ့္ေဆာင္းပါး -သြားအေခါင္းေပါက္ျဖစ္ေစတဲ့ အေလ့အက်င့္ဆိုး (၄) ခု )

ႏွလံုး

ေလွကားအတက္အဆင္းလုပ္တာဟာ သင့္ရဲ႕ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။ ေသြးေၾကာေတြရဲ႕ က်န္းမာေရးကို ေကာင္းမြန္ေစတာျဖစ္ျပီး ႏွလံုးေရာဂါျဖစ္ပြားႏုိင္မႈကေနလည္း ကာကြယ္ေပးတာ ျဖစ္ပါတယ္။

ခႏၶာကိုယ္မာေၾကာ

ေန႔စဥ္ ေလွကားကေန အတက္အဆင္းလုပ္တာဟာ ခႏၶာကိုယ္ၾကြက္သားေတြ ခိုင္မာေတာင့္တင္းေစပါတယ္။ အထူးသျဖင့္ ခါးေအာက္ပိုင္းကို ေတာင့္တင္းသန္မာေစတာ ျဖစ္ပါတယ္။

အဆီက်

ခႏၶာကိုယ္ ဝိတ္ခ်ေနသူဆိုရင္ေတာ့ ေလွကားကေန တက္တာမ်ိဳးပဲ လုပ္သင့္ပါတယ္။ ဒီလိုေလ့က်င့္ခန္းမ်ိဳးဟာ အဆီေလာင္ကၽြမ္းျခင္းကို ပိုမိုျဖစ္ပြားေစပါတယ္။ ျမန္ျမန္ေျပးတာထက္ေတာင္ ခႏၶာကိုယ္က အဆီပိုေတြကို ေလာင္ကၽြမ္းေစတာပါ။

စိတ္ရႊင္လန္း

ခႏၶာကိုယ္ လႈပ္ရွားမႈ ရွိျခင္းဟာ စိတ္အေျခအေနေပၚကိုလည္း သက္ေရာက္မႈ ရွိပါတယ္။ စိတ္ခံစားခ်က္ေကာင္းေစတဲ့ endorphins ေဟာ္မုန္းထုတ္လုပ္မႈ ျမင့္မားျပီး စိတ္ဖိစီးမႈေတြကိုလည္း ေလ်ာ့က်ေစပါတယ္။ ေလွကားကေန တက္တဲ့အက်င့္ဟာ အက်ိဳးေက်းဇူးမ်ားတာေၾကာင့္ အိမ္မွာပဲ ျဖစ္ျဖစ္၊ ရုံးမွာပဲ ျဖစ္ျဖစ္ ေလွကားကေန တက္တဲ့အက်င့္ကို ေမြးထားသင့္တာ အမွန္ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MM

#Unicode Version# ျဖင့္ဖတ္ပါ ။

ဓာတ်လှေကားရှိရင်တော့ ရိုးရိုးလှေကားကို အသုံးမပြုကြတာ များပါတယ်။ တကယ်တော့ လှေကားကနေ တက်ခြင်းဟာ အချိန်ပေးလုပ်စရာမလိုတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

လှေကားကနေ တက်တဲ့အလေ့အကျင့်မွေးထားတဲ့အခါ ရောဂါပေါင်းမြောက်များစွာကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ လှေကားအဆင့် ၁၀ ဆင့်လောက်ကို နေ့စဉ်အတက်အဆင်းလုပ်ပေးရင် အရွယ်မတိုင်ခင် ရောဂါဘယထူပြောခြင်းကို ကာကွယ်ပေးပြီးသား ဖြစ်ပါတယ်။

လှေကားဟာ တမင်တကာဖန်တီးယူရတဲ့ လေ့ကျင့်ခန်းလည်း မဟုတ်တာကြောင့် အချိန်မပေးနိုင်သူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းဖြစ်ပါတယ်။ လှေကားကနေတက်ခြင်းကြောင့် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့်ဆောင်းပါး -သွားအခေါင်းပေါက်ဖြစ်စေတဲ့ အလေ့အကျင့်ဆိုး (၄) ခု )

နှလုံး

လှေကားအတက်အဆင်းလုပ်တာဟာ သင့်ရဲ့နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သွေးကြောတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေတာဖြစ်ပြီး နှလုံးရောဂါဖြစ်ပွားနိုင်မှုကနေလည်း ကာကွယ်ပေးတာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်မာကြော

နေ့စဉ် လှေကားကနေ အတက်အဆင်းလုပ်တာဟာ ခန္ဓာကိုယ်ကြွက်သားတွေ ခိုင်မာတောင့်တင်းစေပါတယ်။ အထူးသဖြင့် ခါးအောက်ပိုင်းကို တောင့်တင်းသန်မာစေတာ ဖြစ်ပါတယ်။

အဆီကျ

ခန္ဓာကိုယ် ဝိတ်ချနေသူဆိုရင်တော့ လှေကားကနေ တက်တာမျိုးပဲ လုပ်သင့်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းမျိုးဟာ အဆီလောင်ကျွမ်းခြင်းကို ပိုမိုဖြစ်ပွားစေပါတယ်။ မြန်မြန်ပြေးတာထက်တောင် ခန္ဓာကိုယ်က အဆီပိုတွေကို လောင်ကျွမ်းစေတာပါ။

စိတ်ရွှင်လန်း

ခန္ဓာကိုယ် လှုပ်ရှားမှု ရှိခြင်းဟာ စိတ်အခြေအနေပေါ်ကိုလည်း သက်ရောက်မှု ရှိပါတယ်။ စိတ်ခံစားချက်ကောင်းစေတဲ့ endorphins ဟော်မုန်းထုတ်လုပ်မှု မြင့်မားပြီး စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။ လှေကားကနေ တက်တဲ့အကျင့်ဟာ အကျိုးကျေးဇူးများတာကြောင့် အိမ်မှာပဲ ဖြစ်ဖြစ်၊ ရုံးမှာပဲ ဖြစ်ဖြစ် လှေကားကနေ တက်တဲ့အကျင့်ကို မွေးထားသင့်တာ အမှန်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: MM
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top