အလုိလုိ ေအာင္ျမင္ႏုိင္လား
ကၽြန္ေတာ္ကေတာ့ ျဖစ္ႏုိင္တယ္လုိ႔ ထင္ပါတယ္။ ရွင္းျပပါ့မယ္။
ေအာင္ျမင္ဖုိ႔ နည္းလမ္း ၂ မ်ိဳးရွိတယ္။
၁။ ကိုယ့္ဘာသာကိုယ္ စာအုပ္ေတြဖတ္ပါ၊ seminar ေတြတက္ပါ၊ လက္ေတြ႔ စမ္းသပ္က်င့္သံုးၾကည့္ပါ၊ အလုပ္မျဖစ္တာကိုပယ္၊ အလုပ္ျဖစ္တာကို လုပ္ၾကည့္ရင္း စူးစမ္းေလ့လာၿပီး ျဖည္းျဖည္းခ်င္း လုပ္ေဆာင္သြားပါ။ (လြယ္ေတာ့ မလြယ္ဘူးေပါ့ဗ်ာ)
၂။ တကယ္ အလုပ္ျဖစ္တဲ့ ေအာင္ျမင္ေရး နည္းလမ္းေကာင္းေတြကို သီးသန္႔ စုစည္းၿပီး စနစ္တက် တည္ေဆာက္ေပးထားတဲ့ နည္းစနစ္ကို ယူၿပီး အလြယ္တကူ အေကာင္အထည္ေဖၚသြားပါ။
f6e095e44349bba4e0775cb7dacd0d59_XL
ကိုယ္က ဘယ္နည္းလမ္းကို ႀကိဳက္ပါသလဲ?
ကိုယ့္ဘာသာကိုယ္ လုပ္ခ်င္တာေပါ့ဆုိရင္လည္း… ေကာင္းပါတယ္.. ကၽြန္ေတာ္တုိ႔ရဲ႕ SuccessIn2Min အစီအစဥ္ေလးေတြ နားေထာင္ရင္း သင္ယူႏုိင္ပါတယ္။
ဒါမွမဟုတ္ တခါတည္း လက္ေတြ႔ က်င့္သံုးႏုိင္တဲ့ အေကာင္းဆံုး နည္းလမ္းေတြ စုစည္းထားတဲ့ စနစ္ေလးေပးပါ။ ၿပီးေတာ့ ဒီစနစ္ကလည္း အရမ္းလြယ္ကူတဲ့ စနစ္ျဖစ္ရပါမယ္။ ျဖစ္ႏုိင္ရင္ ဒီစနစ္ေလးကို လြယ္လြယ္ကူကူ မပင္မပန္းပဲ လုိက္လုပ္ရင္းနဲ႔ အလုိလုိေအာင္ျမင္ခ်င္ပါတယ္ဆုိရင္ေတာ့… ကၽြန္ေတာ္ အကူအညီတခုေပးပါရေစ။
ကၽြန္ေတာ္ လြန္ခဲ့တဲ့ ၅ ႏွစ္ကစလုိ႔ ေအာင္ျမင္ေရး နည္းလမ္းေတြ၊ စာေပေတြ စတင္ေလ့လာခဲ့ပါတယ္။ ကမၻာေက်ာ္ သင္တန္းေပါင္း မ်ိဳးစံုတက္၊ ဆရာေပါင္းစံု ရဲ႕ ပို႔ခ်ခ်က္ေတြလည္း နားၾကားသင္ယူခဲ့ရပါတယ္။
– နည္းေတြ ေပါင္းစံုလြန္းလုိ႔ ဘယ္ဟာလုပ္ရမွန္းမသိတာ
– ကိုယ္နဲ႔မကိုက္၊ လက္္ေတြ႔မက်တဲ့ နည္းေတြသံုးခဲ့လုိ႔ ဒုကၡေရာက္ခဲ့တာ
– Motivation တက္ရင္ ေအာင္ျမင္မယ္ဆုိတဲ့ တလြဲ အယူရွိခဲ့တာ
ေတြေၾကာင့္ အလြဲလြဲ၊ အေခ်ာ္ေခ်ာ္နဲ႔ ျဖစ္ခဲ့ရပါတယ္။
ဒီေတာ့ လူေတြ ေအာင္ျမင္တာ ဘယ္ဟာက အရင္းခံလဲလုိ႔ စဥ္းစားၾကည့္မိပါတယ္။- စာအုပ္ေတြလား- နည္းလမ္းေတြလား- မိတ္ေဆြေတြလား
– Motivation ေတြလား ေပါ့..
အခ်ိန္ေတြမ်ားစြာ ၾကာခဲ့ပါတယ္။ ထူးေတာ့ ထူးမျခားနားပါပဲ။ ဒီလိုနဲ႔ စာေတြဖတ္လိုက္၊ စမ္းသပ္လိုက္နဲ႔ အလုပ္ျဖစ္တာလည္းရွိ၊ အလုပ္မျဖစ္တာလည္းရွိနဲ႔ ေရွ႕ကိုေရာက္သင့္သေလာက္မေရာက္ပဲ ကိုယ့္ကိုယ္ကို အားမလိုအားမရျဖစ္ေနခဲ့တယ္။
ကၽြန္ေတာ့္ျပႆနာရဲ႕ အေျဖကို ေတာ္ေတာ္ေလး ေခါင္းေအးေအးနဲ႔ စဥ္းစားရင္းမွ ေနာက္ဆံုး အေျဖထြက္လာကေတာ့… ေအာင္ျမင္ဖုိ႔ အေရးႀကီးဆံုးက ဦးေႏွာက္ပဲ။ ဒီဟာအျပင္ အျခားမရွိပါဘူး။ ဒီ ဦးေႏွာက္နဲ႔ပဲ အားလံုး သင္ယူ၊ ေလ့လာ၊ ေတြးေခၚ၊ စဥ္းစား ဆံုးျဖတ္ရပါတယ္။
ဒါနဲ႔ ဦးေႏွာက္အေၾကာင္းေတြနဲ႔ သူ႔ရဲ႕ အလုပ္လုပ္ပံုေတြကို စတင္ေလ့လာၾကည့္မိခ်ိန္မွာေတာ့ ကၽြန္ေတာ့္ ဘာ့ေၾကာင့္ တိုးတက္သင့္သေလာက္ မတိုးတက္ပဲ၊ ဒံုရင္းဒံုရင္း ဘဝျပန္ေရာက္သြားရတယ္၊ နည္းလမ္းေတြမ်ားစြာ သိၿပီး ဘာ့ေၾကာင့္ အေကာင္အထည္မေဖာ္ႏုိင္ရတာလဲဆုိတာ ရွင္းရွင္းႀကီးေပၚလာခဲ့ပါတယ္။
ဦးေႏွာက္ အလုပ္လုပ္ပံုစနစ္ နဲ႔ သင္ယူထားတဲ့ အသိပညာႏွစ္ခု ေပါင္းစပ္လုိက္ခ်ိန္မွာေတာ့ မထင္မွတ္ထားတဲ့ အျဖစ္အပ်က္ေတြ၊ အခြင့္အေရးေတြ၊ တိုးတက္မႈေတြ၊ မိတ္ေဆြေကာင္းေတြ စတင္ရရွိလာေတာ့တာပါပဲ။ ခ်ံဳၾကားကေန ဘံုဖ်ားဆီကို တျဖည္းျဖည္းခ်င္း လွမ္းတက္လာေနၿပီလို႔ ကိုယ္တိုင္ ခံစားလာရပါတယ္။
ဒီစနစ္ေတြဟာ ခက္ခက္ခဲခဲ လံုးဝမဟုတ္ပါဘူး၊ စနစ္တက်စီစဥ္ထားႏုိင္ခဲ့ရင္ ေန႔စဥ္ မပင္ပန္းရဘဲ ေအာင္ျမင္မႈဆီကို တျဖည္းျဖည္း နီးကပ္လာေစတဲ့ နည္းစနစ္ေတြပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #
ကျွန်တော်ကတော့ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ ရှင်းပြပါ့မယ်။
အောင်မြင်ဖို့ နည်းလမ်း ၂ မျိုးရှိတယ်။
၁။ ကိုယ့်ဘာသာကိုယ် စာအုပ်တွေဖတ်ပါ၊ seminar တွေတက်ပါ၊ လက်တွေ့ စမ်းသပ်ကျင့်သုံးကြည့်ပါ၊ အလုပ်မဖြစ်တာကိုပယ်၊ အလုပ်ဖြစ်တာကို လုပ်ကြည့်ရင်း စူးစမ်းလေ့လာပြီး ဖြည်းဖြည်းချင်း လုပ်ဆောင်သွားပါ။ (လွယ်တော့ မလွယ်ဘူးပေါ့ဗျာ)
၂။ တကယ် အလုပ်ဖြစ်တဲ့ အောင်မြင်ရေး နည်းလမ်းကောင်းတွေကို သီးသန့် စုစည်းပြီး စနစ်တကျ တည်ဆောက်ပေးထားတဲ့ နည်းစနစ်ကို ယူပြီး အလွယ်တကူ အကောင်အထည်ဖေါ်သွားပါ။
f6e095e44349bba4e0775cb7dacd0d59_XL
ကိုယ်က ဘယ်နည်းလမ်းကို ကြိုက်ပါသလဲ?
ကိုယ့်ဘာသာကိုယ် လုပ်ချင်တာပေါ့ဆိုရင်လည်း… ကောင်းပါတယ်.. ကျွန်တော်တို့ရဲ့ SuccessIn2Min အစီအစဉ်လေးတွေ နားထောင်ရင်း သင်ယူနိုင်ပါတယ်။
ဒါမှမဟုတ် တခါတည်း လက်တွေ့ ကျင့်သုံးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတွေ စုစည်းထားတဲ့ စနစ်လေးပေးပါ။ ပြီးတော့ ဒီစနစ်ကလည်း အရမ်းလွယ်ကူတဲ့ စနစ်ဖြစ်ရပါမယ်။ ဖြစ်နိုင်ရင် ဒီစနစ်လေးကို လွယ်လွယ်ကူကူ မပင်မပန်းပဲ လိုက်လုပ်ရင်းနဲ့ အလိုလိုအောင်မြင်ချင်ပါတယ်ဆိုရင်တော့… ကျွန်တော် အကူအညီတခုပေးပါရစေ။
ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်ကစလို့ အောင်မြင်ရေး နည်းလမ်းတွေ၊ စာပေတွေ စတင်လေ့လာခဲ့ပါတယ်။ ကမ္ဘာကျော် သင်တန်းပေါင်း မျိုးစုံတက်၊ ဆရာပေါင်းစုံ ရဲ့ ပို့ချချက်တွေလည်း နားကြားသင်ယူခဲ့ရပါတယ်။
– နည်းတွေ ပေါင်းစုံလွန်းလို့ ဘယ်ဟာလုပ်ရမှန်းမသိတာ
– ကိုယ်နဲ့မကိုက်၊ လက်တွေ့မကျတဲ့ နည်းတွေသုံးခဲ့လို့ ဒုက္ခရောက်ခဲ့တာ
– Motivation တက်ရင် အောင်မြင်မယ်ဆိုတဲ့ တလွဲ အယူရှိခဲ့တာ
တွေကြောင့် အလွဲလွဲ၊ အချော်ချော်နဲ့ ဖြစ်ခဲ့ရပါတယ်။
ဒီတော့ လူတွေ အောင်မြင်တာ ဘယ်ဟာက အရင်းခံလဲလို့ စဉ်းစားကြည့်မိပါတယ်။- စာအုပ်တွေလား- နည်းလမ်းတွေလား- မိတ်ဆွေတွေလား
– Motivation တွေလား ပေါ့..
အချိန်တွေများစွာ ကြာခဲ့ပါတယ်။ ထူးတော့ ထူးမခြားနားပါပဲ။ ဒီလိုနဲ့ စာတွေဖတ်လိုက်၊ စမ်းသပ်လိုက်နဲ့ အလုပ်ဖြစ်တာလည်းရှိ၊ အလုပ်မဖြစ်တာလည်းရှိနဲ့ ရှေ့ကိုရောက်သင့်သလောက်မရောက်ပဲ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေခဲ့တယ်။
ကျွန်တော့်ပြဿနာရဲ့ အဖြေကို တော်တော်လေး ခေါင်းအေးအေးနဲ့ စဉ်းစားရင်းမှ နောက်ဆုံး အဖြေထွက်လာကတော့… အောင်မြင်ဖို့ အရေးကြီးဆုံးက ဦးနှောက်ပဲ။ ဒီဟာအပြင် အခြားမရှိပါဘူး။ ဒီ ဦးနှောက်နဲ့ပဲ အားလုံး သင်ယူ၊ လေ့လာ၊ တွေးခေါ်၊ စဉ်းစား ဆုံးဖြတ်ရပါတယ်။
ဒါနဲ့ ဦးနှောက်အကြောင်းတွေနဲ့ သူ့ရဲ့ အလုပ်လုပ်ပုံတွေကို စတင်လေ့လာကြည့်မိချိန်မှာတော့ ကျွန်တော့် ဘာ့ကြောင့် တိုးတက်သင့်သလောက် မတိုးတက်ပဲ၊ ဒုံရင်းဒုံရင်း ဘဝပြန်ရောက်သွားရတယ်၊ နည်းလမ်းတွေများစွာ သိပြီး ဘာ့ကြောင့် အကောင်အထည်မဖော်နိုင်ရတာလဲဆိုတာ ရှင်းရှင်းကြီးပေါ်လာခဲ့ပါတယ်။
ဦးနှောက် အလုပ်လုပ်ပုံစနစ် နဲ့ သင်ယူထားတဲ့ အသိပညာနှစ်ခု ပေါင်းစပ်လိုက်ချိန်မှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ၊ အခွင့်အရေးတွေ၊ တိုးတက်မှုတွေ၊ မိတ်ဆွေကောင်းတွေ စတင်ရရှိလာတော့တာပါပဲ။ ချုံကြားကနေ ဘုံဖျားဆီကို တဖြည်းဖြည်းချင်း လှမ်းတက်လာနေပြီလို့ ကိုယ်တိုင် ခံစားလာရပါတယ်။
ဒီစနစ်တွေဟာ ခက်ခက်ခဲခဲ လုံးဝမဟုတ်ပါဘူး၊ စနစ်တကျစီစဉ်ထားနိုင်ခဲ့ရင် နေ့စဉ် မပင်ပန်းရဘဲ အောင်မြင်မှုဆီကို တဖြည်းဖြည်း နီးကပ်လာစေတဲ့ နည်းစနစ်တွေပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia