

Credit:burmese.asia

#Unicode Version# ဖြင့်ဖတ်ပါ ။

Asean International Film Festival & Awards 2019 အတွက် ဆန်ကာတင်စာရင်းတွေ ထုတ်ပြန်ခဲ့ရာ မြန်မာအနုပညာရှင်တွေ လည်း NOMINEES ထဲပါဝင်နေခဲ့ပါတယ် ပရိသတ်ကြီးရေ .. ။ မြန်မာအနုပညာရှင်တွေ ဆန်ကာတင် စာရင်းဝင်ခဲ့တဲ့ ဆုတွေကတော့ Best Director of Photography ၊ Best Actress ၊ Best Supporting Actor ၊ Best Film အစရှိတဲ့ဆုတွေ ဖြစ်ပါတယ် ။ Asean International Film Festival & Awards Page ကနေ တရားဝင်ကြေညာခဲ့တာဖြစ်ပြိး မြန်မာပရိသတ်တွေကတော့ ဆန်ကာတင် စာရင်းဝင် အနုပညာရှင်တွေအတွက် ဂုဏ်ပြုမှတ်ချက်လေးတွေ ရေးထားတာတွေ့ရပါတယ် ။

အဲ့ဒီထဲမှာ မီ ဇာတ်ကောင် နဲ့ ပရိသတ်တွေ အကယ်ဒမီရစေချင်ခဲ့ပေမယ့် ဆုနဲ့ လွဲချော်သွားခဲ့တဲ့ အကယ်ဒမီ ပိုင်ဖြိုးသု ကတော့ Best Actress ဆုကို မီ ဇာတ်ကားကြီးနဲ့ ဆန်ကာတင်အဖြစ်ရွေးချယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒီနှစ်က World Wide ပေါက်ထားတဲ့ International ကားတွေပါ ပါနေတဲ့အတွက် သူမရဲ့ မိခင်ဖြစ်သူရော ခင်ပွန်းဖြစ်သူ ကိုဏကြီးကပါ ဆုရမယ်လို့မမျှော်လင့်ထားကြဘူးလို့သိရပါတယ် ။ ဒီတစ်ခေါက်က သူမရဲ့ပထမဆုံးအတွေ့ကြုံဖြစ်ပြီး အဲ့ဒီ Festival ကို တစ်ခါမှမသွားဖူးသေးဘူးလို့လည်း သိရပါတယ် ။ သုသု အနေနဲ့ သူမ အရမ်းကြိုးစားခဲ့တဲ့ အရာတစ်ခုကို အသိမှတ်ပြုပေးကြတဲ့အတွက် အရမ်းလည်း ပျော်သလို အရမ်းလည်း ကျေနပ်တယ်လို့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ် ။ ဖန်တွေမရှိဘဲ သူမ ရှေ့ဆက်ရပ်တည်နိုင်မှာ မဟုတ်လို့ ဘာတွေပဲ ပျော်စရာကြုံကြုံ သူတို့ကို အရင် ကျေးဇူးတင်မိတယ်လို့ သုသုက ပြောပြခဲ့ပါတယ် ။  ပရိသတ်ကြီးရော သုသု ကိုချစ်ကြရဲ့လား ။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top