20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ေသြးတိုးေရာဂါရွင္ေတြဟာ အစားအေသာက္ ကို ဂ႐ုစိုက္ထိန္းခ်ဳပ္ရမယ္ဆိုတာကိုေတာ့ သိၾကၿပီးသား ျဖစ္မွာပါ။ ဒါေပမဲ့ ဘယ္လို အစားအေသာက္ေတြကို တိတိက်က် ထိန္းခ်ဳပ္သင့္ၿပီး ဘယ္လို အစားအေသာက္ ေတြကိုေတာ့ စားေသာက္သင့္တယ္ဆိုတာ ကိုလည္း ေသခ်ာနားလည္ထားဖို႔ လိုအပ္ပါတယ္။

ေသြးတိုးေရာဂါရွင္မ်ား ထိန္းခ်ဳပ္သင့္ေသာ အစာမ်ား

ဆားႏွင့္ ဆိုဒီယမ္ သင္စားတဲ့ အစာထဲမွာ ဆား (NaCl) နဲ႔ ဆိုဒီယမ္ (Na) ကို ေလွ်ာ့စားျခင္းဟာ ေသြးတိုးက် ေစပါတယ္။ သင့္မွာ ေသြးတိုးေရာဂါရွိရင္ တစ္ေန႔လံုး သင္စားတဲ့အစာေတြထဲမွာ ဆား ၁.၅ ဂရမ္ထက္ ေလ်ာ့နည္းဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ သင္က ငန္တဲ့အစာေတြ အထူးသျဖင့္ ပါကင္ထုတ္ထားတဲ့ အဆင္သင့္ အစားအစာေတြနဲ႔ စည္သြပ္ဘူးေတြကိုေရွာင္ဖို႔ အေရးႀကီးပါတယ္။ ကိုယ့္အိမ္မွာ ဟင္းခ်က္တဲ့အခါမွာလည္း ဆားေလွ်ာ့ထည့္ပါ။

ေအာက္ပါ အစားအစာေတြမွာ ဆား ဒါမွမဟုတ္ ဆိုဒီယမ္ပါဝင္မႈမ်ားႏိုင္တဲ့အတြက္ သတိထားပါ။
ငါးပိ၊ ငါးေျခာက္၊ ငါးေသတၱာဘူးမ်ား ၊ ဟမ္ဘာဂါ၊ ေဟာေဒါ့စတဲ့ အျမန္စာေတြမွာ အသံုးျပဳတဲ့ ျပဳျပင္ၿပီးအသား ။

ႏို႔ထြက္ပစၥည္းမ်ား၊အာလူးေၾကာ္၊ ေျမပဲဆားေလွာ္၊ ခရက္ကာလိုမ်ိဳး အငန္ကဲထားတဲ့ သေရစာမ်ား
ဆား ဒါမွမဟုတ္ ေဆာ္ဒါမႈန္႔ပါတဲ့ ေပါင္မုန္႔နဲ႔ ဖုတ္ထားတဲ့ တျခားမုန္႔မ်ား
အခ်ဥ္တည္ၿပီး သနပ္လုပ္ထားတဲ့ အစာမ်ား

ေကြကာအုပ္ ၊ အသင့္စား ေအးခဲထားတဲ့ အစာမ်ား ဥပမာ ပီဇာ၊ အာလူးေထာင္း၊ ခ်ိစ္
ေဆးသၾကားထည့္ထားတဲ့ ေဆာ္ဒါအခ်ိဳရည္၊ အားကစားသမားေတြေသာက္တဲ့ အခ်ိဳရည္ (Sport Drink) အစားအစာ တာရွည္ခံထိန္းေဆးမ်ား ဥပမာ အခ်ိဳမႈန္႔ (Monosodium Glutamate), Sodium Benzoate, Nitrite, Hydroxide, Sulfate, Propionate ေဆာ့ (ဆားၿမိန္ရည္မ်ား)

အရက္
အရက္အလြန္အကၽြံေသာက္ျခင္းဟာ ေသြးဖိအားကို ျမင့္တက္ေစပါတယ္။ ဒါေၾကာင့္ အရက္ေသာက္သံုးမႈကို တစ္ရက္မွာ အမ်ိဳးသမီးဆိုရင္ 1 drinks နဲ႔ အမ်ိဳးသားဆိုရင္ 2 drinks ထက္ မပိုပါေစနဲ႔။ (1 drinks ဆိုတာ ဘီယာဆိုရင္ ၁၂ ေအာင္စနဲ႔ ဝိုင္ဆိုရင္ ၄ ေအာင္စကို ဆိုလိုတာပါ။)

ကဖင္း

ကဖင္းဓာတ္ကလည္း တခ်ိဳ႕လူေတြမွာ ေသြးဖိအား အနည္းငယ္ျမင့္တက္ေစႏိုင္ပါတယ္။ ဒီအခ်က္ကို တိတိက်က်သိႏိုင္ဖို႔အတြက္ ကဖင္းပါဝင္တဲ့ ေကာ္ဖီ၊ လက္ဖက္ရည္ စတာေသာက္ၿပီး ၄၅ မိနစ္အၾကာမွာ ေသြးေပါင္ခ်ိန္ၾကည့္ပါ။

ေသြးတြင္း ကိုလက္စထေရာကို ျမင့္တက္ေစႏိုင္ေသာ အစာမ်ား

သင့္ေသြးထဲက စုစုေပါင္း ကိုလက္စထေရာဟာ 200mg/dl ထက္မ်ားေနရင္ ဒါမွမဟုတ္ မေကာင္းတဲ့ LCL ကိုလက္စထေရာဟာ 100mg/dl ထက္မ်ားေနရင္ သင္စားတဲ့အစာထဲမွာ ျပည့္ဝဆီနဲ႔ ကိုလက္စထေရာပါဝင္မႈကို ထိန္းခ်ဳပ္သင့္ပါတယ္။ ဒီအဆီေတြဟာ အသားေတြ၊ ႏို႔ထြက္ပစၥည္းေတြနဲ႔ ၾကက္ဥအႏွစ္ေတြထဲမွာ ပါဝင္ပါတယ္။ ေသြးတြင္း ကိုလက္စထေရာျမင့္တက္ေနျခင္းဟာ ေသြးေၾကာမာေက်ာျခင္းနဲ႔ ေသြးဖိအားမ်ားေစႏိုင္တဲ့ အႏၲရာယ္ရွိပါတယ္။

ေသြးဖိအားက်ေစႏိုင္ေသာ အစာမ်ား

ပိုတက္စီယမ္ပါဝင္မႈမ်ားတဲ့ အစာေတြကို မွန္မွန္စားျခင္းဟာ ေသြးဖိအားကို က်ေစပါတယ္။ တစ္ေန႔စားသင့္တဲ့ ပိုတက္စီယမ္ပမာဏက ၄ ဒသမ ၇ ဂရမ္ျဖစ္ပါတယ္။ ဒါေၾကာင့္ ေသြးတိုးေရာဂါရွင္ေတြ စားသင့္တဲ့ ပိုတက္စီယမ္ႂကြယ္ဝတဲ့ အစာေတြကို ေဖာ္ျပလိုက္ပါတယ္။

ဟင္းသီးဟင္းရြက္မ်ား

မုန္လာဥျဖဴ၊ မုန္လာဥနီ၊ တ႐ုတ္နံနံ၊ ေဂၚဖီထုပ္၊ ကိုက္လန္၊ မုန္ညင္းစိမ္း၊ အာလူးမီးဖုတ္၊ ဆလတ္ရြက္၊ သခြားေမြး၊ မုန္လာရြက္။

သစ္သီးမ်ား

ငွက္ေပ်ာသီး၊ ဂရိတ္ဖ႐ုသီး၊ လိေမၼာ္သီး။

အခြံမာသီးမ်ား

မက္မြန္သီး၊ သစ္ၾကားသီး (က်န္းမာေရးနဲ႔ညီၫြတ္တဲ့ မျပည့္ဝဆီပါ ပါဝင္ပါတယ္။)

အသားေတြနဲ႔ ႏို႔ထြက္ပစၥည္းေတြမွာ ဆိုဒီယမ္ပါဝင္မႈ ျမင့္မားတတ္ပါတယ္။ ဒါေၾကာင့္ ဒီအစားအစာေတြဟာ ေသြးတိုးေရာဂါရွင္ေတြအတြက္ ေကာင္းမြန္တဲ့ ပိုတက္စီယမ္အရင္းအျမစ္ မဟုတ္ပါဘူး။

သတိျပဳရန္
ပိုတက္စီယမ္ဆာ (KCI) ကေန ပိုတက္စီယမ္ကို မယူသင့္ပါဘူး။ အသက္အႏၲရာယ္ရွိတဲ့ ေသြးထဲမွာ ပိုတက္စီယမ္မ်ားလြန္းတဲ့ အေျခအေန (Hyperkalemia) ျဖစ္ေစႏုိင္ပါတယ္။

အထက္ေဖာ္ျပပါ အစားအစာေတြဟာ ေသြးဖိအားျမင့္တက္ေနျခင္းကို ထိန္းခ်ဳပ္ႏိုင္တဲ့ နည္းလမ္းတစ္ခုသာျဖစ္ပါတယ္။ လိုအပ္ရင္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္းဟာ ေနာက္ထပ္နည္းလမ္းတစ္ခု ျဖစ္ပါတယ္။ အလုပ္နဲ႔ မိသားစုဘဝမွာ ေပ်ာ္ရႊင္ၿပီး ၿငိမ္းခ်မ္းမႈရွိျခင္းဟာ ေသြးဖိအားက်ေအာင္ ကူညီႏိုင္ပါတယ္။ စိတ္ေအးခ်မ္းမႈကို အေႏွာင့္အယွက္ျဖစ္ေစမယ့္ အရာေတြကို ဖယ္ရွားပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:thithtoolwin
# Unicode Version # ျဖင့္ ဖတ္ပါ #


သွေးတိုးရောဂါရှင်တွေဟာ အစားအသောက် ကို ဂရုစိုက်ထိန်းချုပ်ရမယ်ဆိုတာကိုတော့ သိကြပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ဘယ်လို အစားအသောက်တွေကို တိတိကျကျ ထိန်းချုပ်သင့်ပြီး ဘယ်လို အစားအသောက် တွေကိုတော့ စားသောက်သင့်တယ်ဆိုတာ ကိုလည်း သေချာနားလည်ထားဖို့ လိုအပ်ပါတယ်။

သွေးတိုးရောဂါရှင်များ ထိန်းချုပ်သင့်သော အစာများ

ဆားနှင့် ဆိုဒီယမ် သင်စားတဲ့ အစာထဲမှာ ဆား (NaCl) နဲ့ ဆိုဒီယမ် (Na) ကို လျှော့စားခြင်းဟာ သွေးတိုးကျ စေပါတယ်။ သင့်မှာ သွေးတိုးရောဂါရှိရင် တစ်နေ့လုံး သင်စားတဲ့အစာတွေထဲမှာ ဆား ၁.၅ ဂရမ်ထက် လျော့နည်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင်က ငန်တဲ့အစာတွေ အထူးသဖြင့် ပါကင်ထုတ်ထားတဲ့ အဆင်သင့် အစားအစာတွေနဲ့ စည်သွပ်ဘူးတွေကိုရှောင်ဖို့ အရေးကြီးပါတယ်။ ကိုယ့်အိမ်မှာ ဟင်းချက်တဲ့အခါမှာလည်း ဆားလျှော့ထည့်ပါ။

အောက်ပါ အစားအစာတွေမှာ ဆား ဒါမှမဟုတ် ဆိုဒီယမ်ပါဝင်မှုများနိုင်တဲ့အတွက် သတိထားပါ။
ငါးပိ၊ ငါးခြောက်၊ ငါးသေတ္တာဘူးများ ၊ ဟမ်ဘာဂါ၊ ဟောဒေါ့စတဲ့ အမြန်စာတွေမှာ အသုံးပြုတဲ့ ပြုပြင်ပြီးအသား ။

နို့ထွက်ပစ္စည်းများ၊အာလူးကြော်၊ မြေပဲဆားလှော်၊ ခရက်ကာလိုမျိုး အငန်ကဲထားတဲ့ သရေစာများ
ဆား ဒါမှမဟုတ် ဆော်ဒါမှုန့်ပါတဲ့ ပေါင်မုန့်နဲ့ ဖုတ်ထားတဲ့ တခြားမုန့်များ
အချဉ်တည်ပြီး သနပ်လုပ်ထားတဲ့ အစာများ

ကွေကာအုပ် ၊ အသင့်စား အေးခဲထားတဲ့ အစာများ ဥပမာ ပီဇာ၊ အာလူးထောင်း၊ ချိစ်
ဆေးသကြားထည့်ထားတဲ့ ဆော်ဒါအချိုရည်၊ အားကစားသမားတွေသောက်တဲ့ အချိုရည် (Sport Drink) အစားအစာ တာရှည်ခံထိန်းဆေးများ ဥပမာ အချိုမှုန့် (Monosodium Glutamate), Sodium Benzoate, Nitrite, Hydroxide, Sulfate, Propionate ဆော့ (ဆားမြိန်ရည်များ)

အရက်
အရက်အလွန်အကျွံသောက်ခြင်းဟာ သွေးဖိအားကို မြင့်တက်စေပါတယ်။ ဒါကြောင့် အရက်သောက်သုံးမှုကို တစ်ရက်မှာ အမျိုးသမီးဆိုရင် 1 drinks နဲ့ အမျိုးသားဆိုရင် 2 drinks ထက် မပိုပါစေနဲ့။ (1 drinks ဆိုတာ ဘီယာဆိုရင် ၁၂ အောင်စနဲ့ ဝိုင်ဆိုရင် ၄ အောင်စကို ဆိုလိုတာပါ။)

ကဖင်း

ကဖင်းဓာတ်ကလည်း တချို့လူတွေမှာ သွေးဖိအား အနည်းငယ်မြင့်တက်စေနိုင်ပါတယ်။ ဒီအချက်ကို တိတိကျကျသိနိုင်ဖို့အတွက် ကဖင်းပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည် စတာသောက်ပြီး ၄၅ မိနစ်အကြာမှာ သွေးပေါင်ချိန်ကြည့်ပါ။

သွေးတွင်း ကိုလက်စထရောကို မြင့်တက်စေနိုင်သော အစာများ

သင့်သွေးထဲက စုစုပေါင်း ကိုလက်စထရောဟာ 200mg/dl ထက်များနေရင် ဒါမှမဟုတ် မကောင်းတဲ့ LCL ကိုလက်စထရောဟာ 100mg/dl ထက်များနေရင် သင်စားတဲ့အစာထဲမှာ ပြည့်ဝဆီနဲ့ ကိုလက်စထရောပါဝင်မှုကို ထိန်းချုပ်သင့်ပါတယ်။ ဒီအဆီတွေဟာ အသားတွေ၊ နို့ထွက်ပစ္စည်းတွေနဲ့ ကြက်ဥအနှစ်တွေထဲမှာ ပါဝင်ပါတယ်။ သွေးတွင်း ကိုလက်စထရောမြင့်တက်နေခြင်းဟာ သွေးကြောမာကျောခြင်းနဲ့ သွေးဖိအားများစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

သွေးဖိအားကျစေနိုင်သော အစာများ

ပိုတက်စီယမ်ပါဝင်မှုများတဲ့ အစာတွေကို မှန်မှန်စားခြင်းဟာ သွေးဖိအားကို ကျစေပါတယ်။ တစ်နေ့စားသင့်တဲ့ ပိုတက်စီယမ်ပမာဏက ၄ ဒသမ ၇ ဂရမ်ဖြစ်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါရှင်တွေ စားသင့်တဲ့ ပိုတက်စီယမ်ကြွယ်ဝတဲ့ အစာတွေကို ဖော်ပြလိုက်ပါတယ်။

ဟင်းသီးဟင်းရွက်များ

မုန်လာဥဖြူ၊ မုန်လာဥနီ၊ တရုတ်နံနံ၊ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ မုန်ညင်းစိမ်း၊ အာလူးမီးဖုတ်၊ ဆလတ်ရွက်၊ သခွားမွေး၊ မုန်လာရွက်။

သစ်သီးများ

ငှက်ပျောသီး၊ ဂရိတ်ဖရုသီး၊ လိမ္မော်သီး။

အခွံမာသီးများ

မက်မွန်သီး၊ သစ်ကြားသီး (ကျန်းမာရေးနဲ့ညီညွတ်တဲ့ မပြည့်ဝဆီပါ ပါဝင်ပါတယ်။)

အသားတွေနဲ့ နို့ထွက်ပစ္စည်းတွေမှာ ဆိုဒီယမ်ပါဝင်မှု မြင့်မားတတ်ပါတယ်။ ဒါကြောင့် ဒီအစားအစာတွေဟာ သွေးတိုးရောဂါရှင်တွေအတွက် ကောင်းမွန်တဲ့ ပိုတက်စီယမ်အရင်းအမြစ် မဟုတ်ပါဘူး။

သတိပြုရန်
ပိုတက်စီယမ်ဆာ (KCI) ကနေ ပိုတက်စီယမ်ကို မယူသင့်ပါဘူး။ အသက်အန္တရာယ်ရှိတဲ့ သွေးထဲမှာ ပိုတက်စီယမ်များလွန်းတဲ့ အခြေအနေ (Hyperkalemia) ဖြစ်စေနိုင်ပါတယ်။

အထက်ဖော်ပြပါ အစားအစာတွေဟာ သွေးဖိအားမြင့်တက်နေခြင်းကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်ခုသာဖြစ်ပါတယ်။ လိုအပ်ရင် ကိုယ်အလေးချိန်လျှော့ချခြင်းဟာ နောက်ထပ်နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အလုပ်နဲ့ မိသားစုဘဝမှာ ပျော်ရွှင်ပြီး ငြိမ်းချမ်းမှုရှိခြင်းဟာ သွေးဖိအားကျအောင် ကူညီနိုင်ပါတယ်။ စိတ်အေးချမ်းမှုကို အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို ဖယ်ရှားပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top