ဒီေန႔ေခတ္မွာ ေသြးလိုအပ္တဲ့လူနာေတြ မ်ားလာၿပီးေတာ့ ေသြးဘဏ္ေတြကလည္း ေသြးေတြ အလုံအေလာက္ရဖို႔ အခက္အခဲေတြ ရင္ဆိုင္ေနရပါတယ္။ အထူးသျဖင့္ ေသြးလွဴရွင္ေတြကိုပဲ အားထားေနရပါတယ္။ အမ်ားအားျဖင့္ေတာ့ ေသြးလွဴရွင္အဖြဲ႕ေတြမွာ ဝင္ၿပီးပဲျဖစ္ျဖစ္၊ တစ္ဦးခ်င္းစီပဲျဖစ္ျဖစ္ ကိုယ့္စိတ္ဆႏၵအေလ်ာက္ လွဴဒါန္းတာေတြ မ်ားလာပါတယ္။ ဒီေတာ့ ေသြးမလွဴခင္မွာေတာ့ ဒီအခ်က္ေလးေတြကို သိထားသင့္ပါတယ္။

1.       ေသြးလွဴတာ တစ္ႀကိမ္နဲ႔ တစ္ႀကိမ္ၾကား အနည္းဆုံး ၃ လျခားဖို႔ လိုပါတယ္။ ေသြးလွဴၿပီးရင္ ေသြးဆဲလ္ေတြ ျပန္ၿပီးထုတ္လုပ္ႏိုင္ဖို႔ အခ်ိန္ ၃ လေလာက္ ၾကာလို႔ပါ။ ဒီေတာ့ ေယဘုယ် ေျပာရမယ္ဆိုရင္ တစ္ႏွစ္ကို ၄ ႀကိမ္ ေသြးလွဴလို႔ ရပါတယ္။

2.       ေသြးလွဴရွင္က အသက္ ၁၈-၆၅ ႏွစ္ၾကားမွာ ရွိၿပီးေတာ့ ကိုယ္အေလးခ်ိန္က 45kg အထက္ (ေပါင္ ၁၀၀ ေက်ာ္) ရွိရပါမယ္။ ေသြးနီဥပမာဏလည္း 12.5 mg% ထက္ မ်ားရပါမယ္။

3.       ေသြးမလွဴခင္မွာ ေသြးလွဴရွင္ ေသြးလွဴဖို႔အတြက္ က်န္းမာလားဆိုတာကို ေသြးေပါင္တိုင္း၊ ေသြးနီဥပမာဏေတြနဲ႔ ကိုယ္အေလးခ်ိန္ေတြတိုင္းၿပီး စစ္ေဆးဖို႔ လိုပါတယ္။

4.       ေသြးလွဴၿပီး မူးေနာက္ေနာက္ ျဖစ္တာေတာ့ ရွားပါတယ္။ အဲဒီလိုျဖစ္တာကလည္း စိတ္လႈပ္ရွားလို႔ျဖစ္တာ မ်ားပါတယ္။ ဒါကလြဲၿပီးေတာ့ ေသြးလွဴတာက ေဘးထြက္ဆိုးက်ိဳး မရွိတဲ့အျပင္ ေကာင္းက်ိဳးေတြေတာင္မွ ရွိပါေသးတယ္။

5.       ေသြးလွဴၿပီးတဲ့အခါမွာ ေရဓာတ္ ျပည့္ဝေစဖို႔အတြက္ ေရနဲ႔ တျခားအရည္ေတြ လုံေလာက္ေအာင္ ေသာက္ေပးပါ။ ဂက္စ္ပါတဲ့ အခ်ိဳရည္ေတြ မေသာက္ပါနဲ႔။

6.       ေသြးမလွဴခင္မွာ ေပါ့ေပါ့ပါးပါး အစားအစာတစ္ခုခု စားထားပါ။ ေသြးမလွဴခင္ တစ္ရက္အလိုမွာ အရက္ လုံးဝမေသာက္ပါနဲ႔။ ၿပီးေတာ့ ေသြးလွဴခါနီးအခ်ိန္ေလးမွာ ေဆးလိပ္ လုံးဝမေသာက္ပါနဲ႔။

7.       ေသြးလွဴရင္လည္း စိတ္ခ်ရတဲ့ ေသြးဘဏ္ေတြ၊ ဆရာဝန္ရွိတဲ့ေနရာေတြမွာ လွဴပါ။ ျဖစ္ႏိုင္ရင္ ေဆး႐ုံမွာပဲ လွဴပါ။

8.       ေသြးလွဴၿပီးခ်ိန္မွာ မူးေဝျခင္း ကင္းေဝးေစဖို႔ ေလ့က်င့္ခန္းလုပ္တာ၊ လႈပ္ရွားမႈ ျပင္းျပင္းထန္ထန္လုပ္တာေတြ ေရွာင္ပါ။ ေသြးလွဴၿပီးတဲ့ေန႔မွာ စိတ္ေရာကိုယ္ေရာ ဖိစီးမႈမရွိေစဘဲ အနားယူပါ။

9.       ေသြးမလွဴခင္မွာ ေသြးလွဴရွင္ကို အသည္းေရာင္ အသည္းဝါ B, C, ဆစ္ဖလစ္၊ ငွက္ဖ်ား၊ HIV စတဲ့ ကူးစက္တတ္တဲ့ေရာဂါေတြ ရွိ၊ မရွိလည္း စစ္ေဆးပါတယ္။ ေရာဂါပိုးတစ္ခုခုေတြ႕ရင္ လွဴခြင့္မရွိပါဘူး။

10.     ဒီေခတ္မွာေတာ့ တစ္ခါသုံးအပ္ေတြပဲ သုံးပါေတာ့တယ္။ ဒါေပမဲ့လည္း တစ္ခါသုံးအပ္ သုံး၊ မသုံး ဆိုတာကိုလည္း စစ္ၾကည့္ပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)

#Unicode Version#
ဒီနေ့ခေတ်မှာ သွေးလိုအပ်တဲ့လူနာတွေ များလာပြီးတော့ သွေးဘဏ်တွေကလည်း သွေးတွေ အလုံအလောက်ရဖို့ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် သွေးလှူရှင်တွေကိုပဲ အားထားနေရပါတယ်။ အများအားဖြင့်တော့ သွေးလှူရှင်အဖွဲ့တွေမှာ ဝင်ပြီးပဲဖြစ်ဖြစ်၊ တစ်ဦးချင်းစီပဲဖြစ်ဖြစ် ကိုယ့်စိတ်ဆန္ဒအလျောက် လှူဒါန်းတာတွေ များလာပါတယ်။ ဒီတော့ သွေးမလှူခင်မှာတော့ ဒီအချက်လေးတွေကို သိထားသင့်ပါတယ်။

1.       သွေးလှူတာ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား အနည်းဆုံး ၃ လခြားဖို့ လိုပါတယ်။ သွေးလှူပြီးရင် သွေးဆဲလ်တွေ ပြန်ပြီးထုတ်လုပ်နိုင်ဖို့ အချိန် ၃ လလောက် ကြာလို့ပါ။ ဒီတော့ ယေဘုယျ ပြောရမယ်ဆိုရင် တစ်နှစ်ကို ၄ ကြိမ် သွေးလှူလို့ ရပါတယ်။

2.       သွေးလှူရှင်က အသက် ၁၈-၆၅ နှစ်ကြားမှာ ရှိပြီးတော့ ကိုယ်အလေးချိန်က 45kg အထက် (ပေါင် ၁၀၀ ကျော်) ရှိရပါမယ်။ သွေးနီဥပမာဏလည်း 12.5 mg% ထက် များရပါမယ်။

3.       သွေးမလှူခင်မှာ သွေးလှူရှင် သွေးလှူဖို့အတွက် ကျန်းမာလားဆိုတာကို သွေးပေါင်တိုင်း၊ သွေးနီဥပမာဏတွေနဲ့ ကိုယ်အလေးချိန်တွေတိုင်းပြီး စစ်ဆေးဖို့ လိုပါတယ်။

4.       သွေးလှူပြီး မူးနောက်နောက် ဖြစ်တာတော့ ရှားပါတယ်။ အဲဒီလိုဖြစ်တာကလည်း စိတ်လှုပ်ရှားလို့ဖြစ်တာ များပါတယ်။ ဒါကလွဲပြီးတော့ သွေးလှူတာက ဘေးထွက်ဆိုးကျိုး မရှိတဲ့အပြင် ကောင်းကျိုးတွေတောင်မှ ရှိပါသေးတယ်။

5.       သွေးလှူပြီးတဲ့အခါမှာ ရေဓာတ် ပြည့်ဝစေဖို့အတွက် ရေနဲ့ တခြားအရည်တွေ လုံလောက်အောင် သောက်ပေးပါ။ ဂက်စ်ပါတဲ့ အချိုရည်တွေ မသောက်ပါနဲ့။

6.       သွေးမလှူခင်မှာ ပေါ့ပေါ့ပါးပါး အစားအစာတစ်ခုခု စားထားပါ။ သွေးမလှူခင် တစ်ရက်အလိုမှာ အရက် လုံးဝမသောက်ပါနဲ့။ ပြီးတော့ သွေးလှူခါနီးအချိန်လေးမှာ ဆေးလိပ် လုံးဝမသောက်ပါနဲ့။

7.       သွေးလှူရင်လည်း စိတ်ချရတဲ့ သွေးဘဏ်တွေ၊ ဆရာဝန်ရှိတဲ့နေရာတွေမှာ လှူပါ။ ဖြစ်နိုင်ရင် ဆေးရုံမှာပဲ လှူပါ။

8.       သွေးလှူပြီးချိန်မှာ မူးဝေခြင်း ကင်းဝေးစေဖို့ လေ့ကျင့်ခန်းလုပ်တာ၊ လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်တာတွေ ရှောင်ပါ။ သွေးလှူပြီးတဲ့နေ့မှာ စိတ်ရောကိုယ်ရော ဖိစီးမှုမရှိစေဘဲ အနားယူပါ။

9.       သွေးမလှူခင်မှာ သွေးလှူရှင်ကို အသည်းရောင် အသည်းဝါ B, C, ဆစ်ဖလစ်၊ ငှက်ဖျား၊ HIV စတဲ့ ကူးစက်တတ်တဲ့ရောဂါတွေ ရှိ၊ မရှိလည်း စစ်ဆေးပါတယ်။ ရောဂါပိုးတစ်ခုခုတွေ့ရင် လှူခွင့်မရှိပါဘူး။

10.     ဒီခေတ်မှာတော့ တစ်ခါသုံးအပ်တွေပဲ သုံးပါတော့တယ်။ ဒါပေမဲ့လည်း တစ်ခါသုံးအပ် သုံး၊ မသုံး ဆိုတာကိုလည်း စစ်ကြည့်ပါ။

ဖိုးသူတော်(www.phothutaw.com)
Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top