(၁)အရက္ကိုႀကိဳက္၊ အရက္ကိုေန႔စဥ္စြဲေသာက္ေန သူမ်ား အသိတရားမ်ားဝင္ၿပီး အရက္ျဖတ္ခ်င္စိတ္ ျဖစ္ေပၚေအာင္ ကြၽန္ေတာ့္ကုိယ္ေတြ႕မ်ားကို တင္ျပခ်င္ပါတယ္။ ျမန္မာ့စကားပံုမွာ ‘ဓားကိုဖ်က္ဝါးမ်က္၊ လူကိုဖ်က္ အရက္’လို႔ ဆိုပါတယ္။ အရက္မူးယစ္ေသာက္စားျခင္းေၾကာင့္ ကုိယ္တြင္းအာ႐ံုေၾကာမ်ား၊ ဦးေႏွာက္ဆဲလ္မ်ား၊ ေက်ာက္ကပ္နဲ႔အသည္းတို႔မွာ ထိခိုက္ပ်က္စီးျခင္းမ်ား ခံစားရႏိုင္ေၾကာင္း ေဆးပညာ ရွင္မ်ားက ဆိုၾကပါတယ္။ ဒါ့အျပင္ အရက္ရဲ႕ဆိုးက်ဳိးေၾကာင့္ လက္တုန္ျခင္း၊ စိတ္က်ေရာဂါခံစားရျခင္း၊ ပန္းေသပန္းညိႇဳးျခင္း၊ ေဒါသအမ်က္ထြက္ျမန္ျခင္း၊ ေသြးဆိုးရမ္းကား၊ ခိုက္ရန္ျပဳလိုျခင္းတို႔ ျဖစ္တတ္ၾက ပါတယ္။ အရက္ရွိန္ေၾကာင့္ အမွား၊ အမွန္မဆင္ျခင္ႏိုင္ဘဲ အိမ္သူဇနီးမယားတို႔အေပၚ ရန္လို႐ိုက္ႏွက္ ႏွိပ္စက္တတ္ၾကပါတယ္။ တခ်ဳိ႕အရက္ေသာက္လြန္ ဝါရင့္သူမ်ားဟာ အရက္ေၾကာင္ၿပီး တပါးသူက မိမိ အားသတ္ျဖတ္ရန္ ႀကံစည္လိမ့္မယ္လို႔ ထင္ေယာင္ထင္မွား စိတ္ကစဥ့္ကလ်ား ျဖစ္တတ္ပါတယ္။ မိမိ ဇနီးသည္အေပၚ မယံုသကၤာစိတ္မ်ား အလြန္ျဖစ္တတ္ပါတယ္။ အိမ္ေထာင္ေရးမ်ား ျပတ္စဲၿပိဳကြဲရတဲ့အျဖစ္ မ်ားလည္း ရွိၾကပါတယ္။ ကြၽန္ေတာ္ကုိယ္တိုင္အရက္ေၾကာင့္ အရက္ငို ငိုတဲ့အျဖစ္ ႏွစ္ႀကိမ္၊ စိတ္က်ေဝဒနာ ခံစားခဲ့ရတာက တႀကိမ္ရွိခဲ့ပါတယ္။

(၂)၁၉၆၇ ခုႏွစ္ ကြၽန္ေတာ့္အသက္ ၂ဝ ခန္႔က ရွမ္းျပည္အေရွ႕ပိုင္း၊ က်ဳိင္းတံုၿမိဳ႕မွာ ေဆာင္းေလက ေအးေအး၊ မိဘနဲ႔ကေဝးေဝးမို႔ ေရႊလိေမၼာ္အရက္ တက်ပ္ဖိုး ၃ ႀကိမ္ဝယ္ေသာက္တာက စခဲ့ပါတယ္။ ၁၉၆၈ ခု ႏွစ္ဦးမွာ ေတာင္ပိုင္း’ဝ’နယ္ကို ကံဇာတ္ဆရာအလိုက် ေရာက္ခဲ့ရာမွာ ‘ဝ’အမ်ဳိးသားနဲ႔ တ႐ုတ္အမ်ဳိးသမီးတို႔ရဲ႕ မဂၤလာေဆာင္တခုမွာ စပါးနဲ႔ခ်က္တဲ့ အရက္ျပင္းကို ေရမေရာဘဲေသာက္ခဲ့တယ္။ ေနာက္မဂၤလာေဆာင္ တခုမွာ စပါးအရက္ျပင္းနဲ႔ ဝက္သားဟင္းရွစ္မ်ဳိးရဲ႕ ခံစားခ်က္က တသက္မွာတခါပါပဲ။ ဧည့္ခံသူတို႔ကို ၾကည့္လိုက္ေတာ့ ေခါင္းႏွစ္လံုးျမင္ခဲ့ရလို႔ အူ႐ိုင္းကြၽန္ေတာ္အျမန္ဆံုး ထျပန္ခဲ့ပါတယ္။ လံုးဝမအန္၊ လံုးဝလည္း မေမွာက္ခဲ့ပါ။

(၃)ကြၽန္ေတာ့္အသက္ ၃ဝ ခန္႔မွာ အရက္စြဲခဲ့ပါတယ္။ ကြၽန္ေတာ့္ဇနီးသည္ရဲ႕ရြာမွာ အိမ္ဆိုင္ေလးေရာင္းရာကေန လယ္ ၁ဝ ဧကဝယ္လုပ္ခဲ့ပါတယ္။

ႏွစ္စဥ္မိုးကာလမွာ ျမက္ခုတ္၊ လယ္ထြန္ယက္ဖို႔အတြက္ လုပ္အားေပးလယ္ကူေခၚရပါတယ္။ ေန႔လယ္ အလုပ္သိမ္းခ်ိန္ လုပ္အားေပးမ်ားလူျပန္စုၿပီးခ်ိန္၊ ေတာအရက္ပုလင္းနဲ႔ ပဲႀကီးေလွာ္အျမည္းခ်ေပးပါတယ္။ သူတို႔ကိုအရင္ျပဳစုေပမဲ့ လယ္ရွင္ကြၽန္ေတာ့္ကို အရင္ေသာက္ခိုင္းပါတယ္။ မေသာက္ပါေျပာလည္းမရ၊ ကုိယ္ကအရင္ေသာက္မွဆိုေတာ့ ဒါနဲ႔ပဲေနာက္ပိုင္း ကြၽန္ေတာ္အရက္စြဲၿပီး ေန႔စဥ္မနက္ညမျပတ္ ေသာက္ခဲ့သလို အရက္တပုလင္း၊ ႏွစ္ပုလင္းကအစ ေနာက္ေတာ့ အရက္ ၁၄ ပုလင္းထိ တလံုးတခဲ တည္းဝယ္ထားမိပါတယ္။ ကြၽန္ေတာ့္အိမ္ဆိုင္ေလးမွာ အရက္ခ်က္သူမ်ားကို အေၾကြးေရာင္းမိေတာ့ ေစ်းဝယ္ သူက အေၾကြးအျမန္ျပန္ဆပ္တဲ့အေနနဲ႔ အရက္ ၁၄ ပုလင္းထိုးေပးလို႔ လက္ခံလိုက္မိပါတယ္။ မိုက္လိုက္တဲ့ ကြၽန္ေတာ္ပါ။ ထိုစဥ္က ေတာအရက္တပုလင္းကို ၆ က်ပ္ပါ။ စပါးေပးေငြ ၇ဝ က်ပ္ေပးရင္ ေႏြေရာက္ရင္ စပါး ၁ဝ တင္းရပါတယ္။ ပုစြန္တုပ္တပိႆာကို ၁၂ က်ပ္နဲ႔ ဝယ္လို႔ရတဲ့အခ်ိန္အခါကပါ။ ကြၽန္ေတာ့္ အမ်ဳိးသမီးက ကုိယ့္လင္သားအရက္ေသာက္တာ မႀကိဳက္ေပမဲ့ လံုးဝျပစ္တင္ဆူပူျခင္း မလုပ္ခဲ့ပါ။ ကြၽန္ေတာ္ကလည္း ဆူပူေသာင္းက်န္းမလုပ္၊ မူးရင္အိပ္တာပါပဲ။ အေမကေတာ့ အေဝးကေန အရက္ျဖတ္ဖို႔ စာေရးလာပါတယ္။ အရက္ရဲ႕ဆိုးက်ဳိးကို ကြၽန္ေတာ္သိပါတယ္။ မၾကာခင္ျဖတ္ပါ့မယ္လို႔ဆိုခဲ့ေပမဲ့ ၅ ႏွစ္ ေလာက္ၾကာမွ ျဖတ္ျဖစ္ခဲ့ပါ တယ္။

(၄)ငမိုက္သားကြၽန္ေတာ္ဟာ အရက္ကိုအသင့္ အတင့္ေသာက္႐ံုမကဘဲ ေရခြက္မကိုင္၊ ဖန္ခြက္မကိုင္ ေရမေရာ၊ ပုလင္းကိုင္အၿမဲေမာ့ေသာက္တတ္ပါတယ္။ ညေနစာကိုေတာ့ လံုးဝမျပတ္စားပါတယ္။ တခါတရံ အမူးလြန္ၿပီး ကမၻာေျမႀကီး ဘယ္ညာနိမ့္ခ်ီျမင့္ခ်ီအျဖစ္ကို မခံစားႏိုင္လို႔ လက္ညိႇဳးနဲ႔အာေခါင္ႏႈိက္ၿပီး အန္ပစ္ခဲ့ရတဲ့ အႀကိမ္မနည္းခဲ့ပါ။ မိုးလင္းေတာ့ ေခါင္းကမၾကည္ ရင္ထဲတလွပ္လွပ္ခံစားရလို႔ တပါးသူေျပာ စကားအရ တန္ျပန္တငံုေသာက္လိုက္ေတာ့ ေကာင္းသြားပါတယ္။ ညပိုင္း TV ၾကည့္ၿပီး ျပန္တက္အိပ္ေတာ့ အမူးေျပလို႔ အိပ္မေပ်ာ္ျပန္ေတာ့ လက္က်န္တငံုထပ္ေမာ့ေတာ့ အဆင္ေျပေျပအိပ္ႏိုင္ခဲ့ပါတယ္။

၁၉၇၅ မွ ၁၉၉၅ ခုႏွစ္အထိ အရက္ကို ေန႔စဥ္စြဲစြဲလမ္းလမ္းေသာက္ခဲ့ၿပီးေနာက္ ဆီးနည္းလာေတာ့ အေတြးဝင္လာပါတယ္။ ေဖာေရွာသတင္းေတြ မ်ားလာၾကေတာ့ အရက္ကိုျဖတ္ဖို႔ ဆံုးျဖတ္ပါတယ္။ ကြၽန္ေတာ့္သမီးနဲ႔သားက အရြယ္ငယ္ေသးေတာ့ ကြၽန္ေတာ္တိမ္းပါးသြားခဲ့ရင္ စားေရး၊ ေနေရးခက္မယ္လို႔ အသိတရားဝင္လာပါတယ္။ အရက္ဟာ စိတ္ညစ္လို႔ပဲေသာက္ေသာက္၊ ႀကိဳက္လို႔ပဲေသာက္ေသာက္ ၂ နာရီ ေက်ာ္ေလာက္ၾကာေတာ့ အမူးေျပပါတယ္။ အမူးေျပျပန္ေတာ့ ထပ္ေသာက္ပါတယ္။ အမူးေျပရင္ ျပန္ေခၚရတဲ့ သံသရာကို စိတ္ပ်က္လာပါတယ္။ စိတ္ကို ခိုင္ခိုင္ထားၿပီး ျဖတ္ခဲ့ပါတယ္။ ဘယ္အရာမဆို ‘ပ်က္အစဥ္ ျပင္ခဏ’ ဆိုတဲ့စကားကို လက္ကိုင္ထားေစခ်င္ပါတယ္။

(၅)အရက္ကိုႀကိဳက္ၿပီး စြဲေနသူဝါသနာရွင္မ်ားကို တိုက္တြန္းလိုက္ခ်င္တာက ”ေနာင္တမရခ်င္ရင္ အရက္ကိုေရွာင္”ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။ ကြၽန္ေတာ္ငမိုက္သားမွာေတာ့ ေနာင္တရခဲ့လို႔ အရက္ကိုေရွာင္ႏိုင္ခဲ့ပါၿပီ။ အရက္ကိုျဖတ္ခ်င္ရင္ နည္းနည္းခ်င္းေလွ်ာ့ေသာက္ၿပီး အျပင္ကိုမထြက္ေတာ့ဘဲ ညစာေစာေစာစားရပါတယ္။ အရက္ကိုျဖတ္စမွာ ခံတြင္းမၿမိန္ စားမေကာင္း၊ အိပ္မရ ျဖစ္တတ္ပါတယ္။ ထမင္းစားၿပီးတိုင္း ဘားပလက္အားေဆးျပား၊ အားေဆးေတာင့္ကို နံနက္တိုင္း ေသာက္ေပးသင့္ပါတယ္။ ညအိပ္ရာဝင္ခါနီး မုန္႔တခု သို႔မဟုတ္ ငွက္ေပ်ာသီးတလံုးကိုစားၿပီးမွ အိပ္ပါလို႔ အႀကံျပဳခ်င္ပါတယ္။ ညတေရးႏိုး အေပါ့ထသြားၿပီး ျပန္အိပ္မေပ်ာ္ရင္ အဆာေျပတခုခုကိုစားေပးရင္ အိပ္ ေပ်ာ္ျမန္ပါတယ္။ ဆက္လက္အသက္ရွင္ရပ္တည္ႏိုင္ ဖို႔ စိတ္ဓာတ္ခိုင္ခိုင္နဲ႔ ထိန္းခ်ဳပ္ႏိုင္ၾကပါေစ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေျမာင္းျမဖိုးေက်ာ္
#Unicode Version#
(၁)အရက်ကိုကြိုက်၊ အရက်ကိုနေ့စဉ်စွဲသောက်နေ သူများ အသိတရားများဝင်ပြီး အရက်ဖြတ်ချင်စိတ် ဖြစ်ပေါ်အောင် ကျွန်တော့်ကိုယ်တွေ့များကို တင်ပြချင်ပါတယ်။ မြန်မာ့စကားပုံမှာ ‘ဓားကိုဖျက်ဝါးမျက်၊ လူကိုဖျက် အရက်’လို့ ဆိုပါတယ်။ အရက်မူးယစ်သောက်စားခြင်းကြောင့် ကိုယ်တွင်းအာရုံကြောများ၊ ဦးနှောက်ဆဲလ်များ၊ ကျောက်ကပ်နဲ့အသည်းတို့မှာ ထိခိုက်ပျက်စီးခြင်းများ ခံစားရနိုင်ကြောင်း ဆေးပညာ ရှင်များက ဆိုကြပါတယ်။ ဒါ့အပြင် အရက်ရဲ့ဆိုးကျိုးကြောင့် လက်တုန်ခြင်း၊ စိတ်ကျရောဂါခံစားရခြင်း၊ ပန်းသေပန်းညှိုးခြင်း၊ ဒေါသအမျက်ထွက်မြန်ခြင်း၊ သွေးဆိုးရမ်းကား၊ ခိုက်ရန်ပြုလိုခြင်းတို့ ဖြစ်တတ်ကြ ပါတယ်။ အရက်ရှိန်ကြောင့် အမှား၊ အမှန်မဆင်ခြင်နိုင်ဘဲ အိမ်သူဇနီးမယားတို့အပေါ် ရန်လိုရိုက်နှက် နှိပ်စက်တတ်ကြပါတယ်။ တချို့အရက်သောက်လွန် ဝါရင့်သူများဟာ အရက်ကြောင်ပြီး တပါးသူက မိမိ အားသတ်ဖြတ်ရန် ကြံစည်လိမ့်မယ်လို့ ထင်ယောင်ထင်မှား စိတ်ကစဉ့်ကလျား ဖြစ်တတ်ပါတယ်။ မိမိ ဇနီးသည်အပေါ် မယုံသင်္ကာစိတ်များ အလွန်ဖြစ်တတ်ပါတယ်။ အိမ်ထောင်ရေးများ ပြတ်စဲပြိုကွဲရတဲ့အဖြစ် များလည်း ရှိကြပါတယ်။ ကျွန်တော်ကိုယ်တိုင်အရက်ကြောင့် အရက်ငို ငိုတဲ့အဖြစ် နှစ်ကြိမ်၊ စိတ်ကျဝေဒနာ ခံစားခဲ့ရတာက တကြိမ်ရှိခဲ့ပါတယ်။

(၂)၁၉၆၇ ခုနှစ် ကျွန်တော့်အသက် ၂ဝ ခန့်က ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ ဆောင်းလေက အေးအေး၊ မိဘနဲ့ကဝေးဝေးမို့ ရွှေလိမ္မော်အရက် တကျပ်ဖိုး ၃ ကြိမ်ဝယ်သောက်တာက စခဲ့ပါတယ်။ ၁၉၆၈ ခု နှစ်ဦးမှာ တောင်ပိုင်း’ဝ’နယ်ကို ကံဇာတ်ဆရာအလိုကျ ရောက်ခဲ့ရာမှာ ‘ဝ’အမျိုးသားနဲ့ တရုတ်အမျိုးသမီးတို့ရဲ့ မင်္ဂလာဆောင်တခုမှာ စပါးနဲ့ချက်တဲ့ အရက်ပြင်းကို ရေမရောဘဲသောက်ခဲ့တယ်။ နောက်မင်္ဂလာဆောင် တခုမှာ စပါးအရက်ပြင်းနဲ့ ဝက်သားဟင်းရှစ်မျိုးရဲ့ ခံစားချက်က တသက်မှာတခါပါပဲ။ ဧည့်ခံသူတို့ကို ကြည့်လိုက်တော့ ခေါင်းနှစ်လုံးမြင်ခဲ့ရလို့ အူရိုင်းကျွန်တော်အမြန်ဆုံး ထပြန်ခဲ့ပါတယ်။ လုံးဝမအန်၊ လုံးဝလည်း မမှောက်ခဲ့ပါ။

(၃)ကျွန်တော့်အသက် ၃ဝ ခန့်မှာ အရက်စွဲခဲ့ပါတယ်။ ကျွန်တော့်ဇနီးသည်ရဲ့ရွာမှာ အိမ်ဆိုင်လေးရောင်းရာကနေ လယ် ၁ဝ ဧကဝယ်လုပ်ခဲ့ပါတယ်။

နှစ်စဉ်မိုးကာလမှာ မြက်ခုတ်၊ လယ်ထွန်ယက်ဖို့အတွက် လုပ်အားပေးလယ်ကူခေါ်ရပါတယ်။ နေ့လယ် အလုပ်သိမ်းချိန် လုပ်အားပေးများလူပြန်စုပြီးချိန်၊ တောအရက်ပုလင်းနဲ့ ပဲကြီးလှော်အမြည်းချပေးပါတယ်။ သူတို့ကိုအရင်ပြုစုပေမဲ့ လယ်ရှင်ကျွန်တော့်ကို အရင်သောက်ခိုင်းပါတယ်။ မသောက်ပါပြောလည်းမရ၊ ကိုယ်ကအရင်သောက်မှဆိုတော့ ဒါနဲ့ပဲနောက်ပိုင်း ကျွန်တော်အရက်စွဲပြီး နေ့စဉ်မနက်ညမပြတ် သောက်ခဲ့သလို အရက်တပုလင်း၊ နှစ်ပုလင်းကအစ နောက်တော့ အရက် ၁၄ ပုလင်းထိ တလုံးတခဲ တည်းဝယ်ထားမိပါတယ်။ ကျွန်တော့်အိမ်ဆိုင်လေးမှာ အရက်ချက်သူများကို အကြွေးရောင်းမိတော့ ဈေးဝယ် သူက အကြွေးအမြန်ပြန်ဆပ်တဲ့အနေနဲ့ အရက် ၁၄ ပုလင်းထိုးပေးလို့ လက်ခံလိုက်မိပါတယ်။ မိုက်လိုက်တဲ့ ကျွန်တော်ပါ။ ထိုစဉ်က တောအရက်တပုလင်းကို ၆ ကျပ်ပါ။ စပါးပေးငွေ ၇ဝ ကျပ်ပေးရင် နွေရောက်ရင် စပါး ၁ဝ တင်းရပါတယ်။ ပုစွန်တုပ်တပိဿာကို ၁၂ ကျပ်နဲ့ ဝယ်လို့ရတဲ့အချိန်အခါကပါ။ ကျွန်တော့် အမျိုးသမီးက ကိုယ့်လင်သားအရက်သောက်တာ မကြိုက်ပေမဲ့ လုံးဝပြစ်တင်ဆူပူခြင်း မလုပ်ခဲ့ပါ။ ကျွန်တော်ကလည်း ဆူပူသောင်းကျန်းမလုပ်၊ မူးရင်အိပ်တာပါပဲ။ အမေကတော့ အဝေးကနေ အရက်ဖြတ်ဖို့ စာရေးလာပါတယ်။ အရက်ရဲ့ဆိုးကျိုးကို ကျွန်တော်သိပါတယ်။ မကြာခင်ဖြတ်ပါ့မယ်လို့ဆိုခဲ့ပေမဲ့ ၅ နှစ် လောက်ကြာမှ ဖြတ်ဖြစ်ခဲ့ပါ တယ်။

(၄)ငမိုက်သားကျွန်တော်ဟာ အရက်ကိုအသင့် အတင့်သောက်ရုံမကဘဲ ရေခွက်မကိုင်၊ ဖန်ခွက်မကိုင် ရေမရော၊ ပုလင်းကိုင်အမြဲမော့သောက်တတ်ပါတယ်။ ညနေစာကိုတော့ လုံးဝမပြတ်စားပါတယ်။ တခါတရံ အမူးလွန်ပြီး ကမ္ဘာမြေကြီး ဘယ်ညာနိမ့်ချီမြင့်ချီအဖြစ်ကို မခံစားနိုင်လို့ လက်ညှိုးနဲ့အာခေါင်နှိုက်ပြီး အန်ပစ်ခဲ့ရတဲ့ အကြိမ်မနည်းခဲ့ပါ။ မိုးလင်းတော့ ခေါင်းကမကြည် ရင်ထဲတလှပ်လှပ်ခံစားရလို့ တပါးသူပြော စကားအရ တန်ပြန်တငုံသောက်လိုက်တော့ ကောင်းသွားပါတယ်။ ညပိုင်း TV ကြည့်ပြီး ပြန်တက်အိပ်တော့ အမူးပြေလို့ အိပ်မပျော်ပြန်တော့ လက်ကျန်တငုံထပ်မော့တော့ အဆင်ပြေပြေအိပ်နိုင်ခဲ့ပါတယ်။

၁၉၇၅ မှ ၁၉၉၅ ခုနှစ်အထိ အရက်ကို နေ့စဉ်စွဲစွဲလမ်းလမ်းသောက်ခဲ့ပြီးနောက် ဆီးနည်းလာတော့ အတွေးဝင်လာပါတယ်။ ဖောရှောသတင်းတွေ များလာကြတော့ အရက်ကိုဖြတ်ဖို့ ဆုံးဖြတ်ပါတယ်။ ကျွန်တော့်သမီးနဲ့သားက အရွယ်ငယ်သေးတော့ ကျွန်တော်တိမ်းပါးသွားခဲ့ရင် စားရေး၊ နေရေးခက်မယ်လို့ အသိတရားဝင်လာပါတယ်။ အရက်ဟာ စိတ်ညစ်လို့ပဲသောက်သောက်၊ ကြိုက်လို့ပဲသောက်သောက် ၂ နာရီ ကျော်လောက်ကြာတော့ အမူးပြေပါတယ်။ အမူးပြေပြန်တော့ ထပ်သောက်ပါတယ်။ အမူးပြေရင် ပြန်ခေါ်ရတဲ့ သံသရာကို စိတ်ပျက်လာပါတယ်။ စိတ်ကို ခိုင်ခိုင်ထားပြီး ဖြတ်ခဲ့ပါတယ်။ ဘယ်အရာမဆို ‘ပျက်အစဉ် ပြင်ခဏ’ ဆိုတဲ့စကားကို လက်ကိုင်ထားစေချင်ပါတယ်။

(၅)အရက်ကိုကြိုက်ပြီး စွဲနေသူဝါသနာရှင်များကို တိုက်တွန်းလိုက်ချင်တာက ”နောင်တမရချင်ရင် အရက်ကိုရှောင်”နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကျွန်တော်ငမိုက်သားမှာတော့ နောင်တရခဲ့လို့ အရက်ကိုရှောင်နိုင်ခဲ့ပါပြီ။ အရက်ကိုဖြတ်ချင်ရင် နည်းနည်းချင်းလျှော့သောက်ပြီး အပြင်ကိုမထွက်တော့ဘဲ ညစာစောစောစားရပါတယ်။ အရက်ကိုဖြတ်စမှာ ခံတွင်းမမြိန် စားမကောင်း၊ အိပ်မရ ဖြစ်တတ်ပါတယ်။ ထမင်းစားပြီးတိုင်း ဘားပလက်အားဆေးပြား၊ အားဆေးတောင့်ကို နံနက်တိုင်း သောက်ပေးသင့်ပါတယ်။ ညအိပ်ရာဝင်ခါနီး မုန့်တခု သို့မဟုတ် ငှက်ပျောသီးတလုံးကိုစားပြီးမှ အိပ်ပါလို့ အကြံပြုချင်ပါတယ်။ ညတရေးနိုး အပေါ့ထသွားပြီး ပြန်အိပ်မပျော်ရင် အဆာပြေတခုခုကိုစားပေးရင် အိပ် ပျော်မြန်ပါတယ်။ ဆက်လက်အသက်ရှင်ရပ်တည်နိုင် ဖို့ စိတ်ဓာတ်ခိုင်ခိုင်နဲ့ ထိန်းချုပ်နိုင်ကြပါစေ။

ဖိုးသူတော်(www.phothutaw.com)
Credit:မြောင်းမြဖိုးကျော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top