၂၀၁၉ သင်္ကြန်တွင်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နှိတုံကျေးရွာ၌ ၁၅.၄.၂၀၁၉ ညနေ ၄ နာရီခန့် က အသက် ၁၁ နှစ် မိန်းခလေးငယ် အား အဓမ္မပြုကျင့်ရန် ကြံစည်မှု နှင့် သေစေရန်အတွက် လည်ပင်းညှစ် မှုကြောင့် ကျိုက်မရောဆေးရုံ၌ ၁၇.၄.၂၀၁၉ ညနေပိုင်းအထိ တက်ရောက်ဆေးကုသမှု ခံယူနေရသည်။
ဖြစ်စဉ်မှာ နိတုံကျေးရွာနေ ဦးငွေထွန်း၏ သမီးအငယ်ဆုံး မစန်းထွေး (၁၁)နှစ်သည် အခင်းဖြစ်နေ့ ညနေ ၄ နာရီခန့် ကအစ်မဖြစ်သူ မသီတာထွန်း အိမ်သို့ သွားရောက်လည်ပတ်စဉ် အစ်မအိမ်ရှေ့ ရှိ ဦးကဝ ဒေါ်ကရင် တို့၏ အိမ်အောက်၌ ကလေးများနှင့် ဆော့ကစား ရင်း အိပ်ပျော်နေစဉ် ဦးကဝ၏ သားမက်ဖြစ်သူ အဗလိုင် မှ ပွေ့ ချီသွား ပြီး အိမ်သာအနီးတွင် အဓမ္မပြုကျင့်ရန်ကြံစည်ရာ မစန်းထွေး နိုးသွားပြီးအော်သဖြင့် လည်ပင်းအားညှစ်ထားစဉ် လူတစ်ဦးမှ အော်ခေါ်သံကြားသောကြောင့် အဗလိုင်သည် မစန်းထွေးအား လည်ပင်း ညှစ်ထားရာမှလွှတ်ပေးလိုက်သဖြင့် နေအိမ်သို့ ငိုယို၍ပြန်ပြေးလာကြောင်းပြောပြသဖြင့် သမီးဖြစ်သူအားကြည့် ရှု့ရာ လည်ပင်းနာကျင်ဒဏ်ရာ။
Credit: #ထွန်းထွန်းဦး
#Unicode Version# ဖြင့်ဖတ်ပါ ။
၂၀၁၉ သြင်္ကန်တွင်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နှိတုံကျေးရွာ၌ ၁၅.၄.၂၀၁၉ ညနေ ၄ နာရီခန့်က အသက် ၁၁ နှစ် မိန်းခလေးငယ် အား အဓမ္မပြုကျင့်ရန် ကြံစည်မှု နှင့် သေစေရန်အတွက် လည်ပင်းညှစ် မှုကြောင့် ကျိုက်မရောဆေးရုံ၌ ၁၇.၄.၂၀၁၉ ညနေပိုင်းအထိ တက်ရောက်ဆေးကုသမှု ခံယူနေရသည်။
ဖြစ်စဉ်မှာ နိတုံကျေးရွာနေ ဦးငွေထွန်း၏ သမီးအငယ်ဆုံး မစန်းထွေး (၁၁)နှစ်သည် အခင်းဖြစ်နေ့ညနေ ၄ နာရီခန့့်ကအစ်မဖြစ်သူ မသီတာထွန်း အိမ်သို့သွားရောက်လည်ပတ်စဉ် အစ်မအိမ်ရှေ့ရှိ ဦးကဝ ဒေါ်ကရင် တို့၏ အိမ်အောက်၌ ကလေးများနှင့် ဆော့ကစား ရင်း အိပ်ပျော်နေစဉ် ဦးကဝ၏ သားမက်ဖြစ်သူ အဗလိုင် မှ ပွေ့ချီသွား ပြီး အိမ်သာအနီးတွင် အဓမ္မပြုကျင့်ရန်ကြံစည်ရာ မစန်းထွေး နိုးသွားပြီးအော်သဖြင့် လည်ပင်းအားညှစ်ထားစဉ် လူတစ်ဦးမှ အော်ခေါ်သံကြားသောကြောင့် အဗလိုင်သည် မစန်းထွေးအား လည်ပင်း ညှစ်ထားရာမှလွှတ်ပေးလိုက်သဖြင့် နေအိမ်သို့ငိုယို၍ပြန်ပြေးလာကြောင်းပြောပြသဖြင့် သမီးဖြစ်သူအားကြည့်ရှု့ရာ လည်ပင်းနာကျင်ဒဏ်ရာ။
ပါးစပ်မှသွေးထွက် ဝဲတတောင်ဆစ်ပွန်းခြစ် နှာခေါင်းမှသွေးထွက်ဒဏ်ရာ မျက်နှာပြာနှမ်းဒဏ်ရာများတွေ့ရှိရသဖြင့် ကျိုက်မရောဆေးရုံသို့တင်ပို့ကုသထားရသည်။
ကျူးလွန်သူမှာ နောက်တစ်နေ့မနက်စောစောမှစတင်ထွက်ပြေး တိမ်းရှောင်သွားကြောင်းသိရသည်။ ၁၇.၄.၂၀၁၉ ရက်နေ့ နေ့လည် ၁ နာရီတွင် မွန်ပြည်နယ်လွှတ်တော် အမျိ ုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးကော်မတီအဖွဲ့ဝင် ပြည်နယ် ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုမြင့် မှ နှိတုံကျေးရွာနှင့် ကျိ ုက်မရောဆေးရုံသို့သွားရောက်၍ တရားခံဖမ်းမိ၍ အမှ ု ုမှန်ပေါ်ပေါက်ရေး အစွမ်းကုန်ကူညီပေးရန် အားပေးစကားပြောကြား ပေးခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: #ထွန်းထွန်းဦး 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top