ဟင္းငုတ္ပင္ကို ေဒသ အလိုက္ သခြပ္ပင္ ဟင္းဂုတ္ပင္ ဟင္းဂြတ္ပင္ဟု ေခၚၾကသည္။
တစ္နိုင္ငံလုံး ေပါက္သည္။
နွစ္ရွည္ ပင္ႀကီး။
ပင္စည္တြင္ အေခါက္ အေပြး မရွိ။
အရြက္ အနည္းငယ္ဝိုင္း။
အပြင့္အျဖဴေရာင္။
ပဒိုင္းပြင့္ႏွင့္တူသည္။
တန္ခူးမွဝါဆိုလအထိပြင့္သည္။
အသီးမွာ ေသးေသး ရွည္ရွည္။ နွစ္ေပခန္႔ရွိ။
ေဆးဘက္ ဝင္ပုံ
အေခါက္
၁။ ေျမြေပြး။ ေျမြေဟာက္ ကိုက္ခံ ရပါက အေခါက္ကို အျမန္ ဝါးစား လုိက္ပါလ်ွင္ အဆိပ္ မရွိေတာ့ပါ။ ငန္းေတာ္က်ား။ ငန္းေျမြ အပါ အဝင္ပါ။ (ေျမြေပြးႏွင့္ ေျမြေဟာက္သာ အကိုက္ခံသူရွိ၍ ဦးစားေပး ေဖၚျပရျခင္းပါ)
၂။ အဆိပ္ရွိ သတၲဝါေလးမ်ား ကိုက္လ်ွင္လည္းအေခါက္ ဝါးးစားပါ။
၃။ မ်က္ေစ့နာပါက အေခါက္ေသြးၿပီး မ်က္လုံး ကြင္းလိမ္းပါ။ မက်ည္းေခါက္လို အေပြး မရွိ။
၄။ ကိုယ္လက္ကိုက္ခဲ ပါက အေခါက္ျပဳတ္ေရ ခ်ိဳးပါ။
အပြင့္
၁။ ေရွးကတည္းက ကေလးေတြကို ေရာဂါကင္း။ ကိုယ္တြင္း အဆိပ္ကင္းသည္ ဆိုကာ သုပ္ေကၽြးသည္။
၂။ အပြင့္ကို ေရေႏြးေဖ်ာရုံျဖင့္ က်က္သည္။ အေျခာက္ ဆိုရင္ျပဳတ္ရသည္။ အေျခာက္ အေရာင္မဲေနသည္မွ လဲြ၍ အရသာ မေျပာင္းပါ။
၃။ ဘီပိုး။ စီပိုး ေပ်ာက္သည္ ဆိုကာ ေတာ္ေတာ္မ်ားမ်ား အပြင့္ သုပ္စားေန ၾကသည္။
၄။ ေဈးတြင္ ဟင္းရြက္တန္း၌ ေရာင္းခ်ေနၾကပါသည္။ တို့စားစရာ အျဖစ္လည္းသုံးသည္။
အရြက္
၁။ အရြက္နုကို ဟင္းခါး ခ်က္ေသာက္ ၾကသည္။
၂။ ကေလးမ်ား ေရေက်ာက္ေပါက္ လ်ွင္ အရြက္ျပဳတ္ တိုက္သည္။
၃။ တကိုယ္လုံး ေညာင္းညာ ကုိက္ခဲလ်ွင္၄င္း။ ကေလးမ်ား က်န္းမာေရး အတြက္၄င္း။ အရြက္ျပဳတ္ေရ ျဖင့္ ေရခ်ိဳးၾကသည္။
၄။ ဆိတ္ကို ေျမြစိမ္းၿမီးေျခာက္ ကိုက္လ်ွင္ ေခါင္းတခုလုံးေရာင္။ မ်က္လုံးပိတ္။ ငါးရက္ခန္႔ ၾကာမွ ေကာင္းေသာ္လည္း အရြက္ေကၽြး ပါကတရက္ႏွင့္ ေပ်ာက္သည္။
အခ်ဳပ္အားျဖင့္
ေျမြေပြး။ ေျမြေဟာက္ ကိုက္ခံရသူမ်ား အေခါက္စား သြားသျဖင့္ ေဆးရံုေရာက္သည့္ အခါအဆိပ္ မရွိေတာ့။ တဦးက လက္သန္း ေျမြေပြး ကိုက္ရာ ေျမြပါ အစြယ္ႏွင့္ ခ်ိတ္ပါ လာသည္။ သူကေတာ့ ေဆးရုံ မသြားေတာ့ဘဲ အေခါက္စား။ အရြက္ႏွင့္ စည္းထား ခဲ့သည္။
သစ္ႀကီးပိ။ ေျမြႀကီး ကိုက္ ဆိုလ်ွင္ အႏၲရာယ္ႀကီးလြန္းသည္။ ေျခသလံုး အထက္ႀကီးသည့္ ေျမြအရြယ္ကို ဆိုလိုပါသည္။ ေျမြႀကီးေတာ့ အဆိပ္အလြန္ မ်ားေတာ့ အျမန္ဆုံး အေခါက္စားရန္ လိုပါမည္။ ေရွးဦးသူနုာျပဳ နည္းမလုပ္ရ ဟုဆိုလိုျခင္း မဟုတ္ပါ။
အိမ္။ လယ္ယာ အနီးရွိ ဟင္းငုတ္ပင္မ်ားအား ခုတ္ျခင္း မျပဳဘဲ။ ေနရာရွိလ်ွင္ စိုက္ထားသင့္သည့္ အပင္ျဖစ္ပါသည္။
မိမိတြင္ ရုကၡေဗဒ စာအုပ္မ်ား မရွိပါ။ လက္ရွိ အသုံးျပဳ ေနပုံမ်ား။ သက္ႀကီး စကား အၾကားမ်ား။ အေတြ႔အႀကံဳ မ်ားအား ေဖၚျပ ထားျခင္းျဖစ္ ပါေၾကာင္း။
ဖိုးသူေတာ္(www.phothutaw.com)
Credit: ေတာင္ႀကီးသား
#Unicode Version#
ဟင်းငုတ်ပင်ကို ဒေသ အလိုက် သခွပ်ပင် ဟင်းဂုတ်ပင် ဟင်းဂွတ်ပင်ဟု ခေါ်ကြသည်။
တစ်နိုင်ငံလုံး ပေါက်သည်။
နှစ်ရှည် ပင်ကြီး။
ပင်စည်တွင် အခေါက် အပွေး မရှိ။
အရွက် အနည်းငယ်ဝိုင်း။
အပွင့်အဖြူရောင်။
ပဒိုင်းပွင့်နှင့်တူသည်။
တန်ခူးမှဝါဆိုလအထိပွင့်သည်။
အသီးမှာ သေးသေး ရှည်ရှည်။ နှစ်ပေခန့်ရှိ။
ဆေးဘက် ဝင်ပုံ
အခေါက်
၁။ မြွေပွေး။ မြွေဟောက် ကိုက်ခံ ရပါက အခေါက်ကို အမြန် ဝါးစား လိုက်ပါလျှင် အဆိပ် မရှိတော့ပါ။ ငန်းတော်ကျား။ ငန်းမြွေ အပါ အဝင်ပါ။ (မြွေပွေးနှင့် မြွေဟောက်သာ အကိုက်ခံသူရှိ၍ ဦးစားပေး ဖေါ်ပြရခြင်းပါ)
၂။ အဆိပ်ရှိ သတ္တဝါလေးများ ကိုက်လျှင်လည်းအခေါက် ဝါးးစားပါ။
၃။ မျက်စေ့နာပါက အခေါက်သွေးပြီး မျက်လုံး ကွင်းလိမ်းပါ။ မကျည်းခေါက်လို အပွေး မရှိ။
၄။ ကိုယ်လက်ကိုက်ခဲ ပါက အခေါက်ပြုတ်ရေ ချိုးပါ။
အပွင့်
၁။ ရှေးကတည်းက ကလေးတွေကို ရောဂါကင်း။ ကိုယ်တွင်း အဆိပ်ကင်းသည် ဆိုကာ သုပ်ကျွေးသည်။
၂။ အပွင့်ကို ရေနွေးဖျောရုံဖြင့် ကျက်သည်။ အခြောက် ဆိုရင်ပြုတ်ရသည်။ အခြောက် အရောင်မဲနေသည်မှ လွဲ၍ အရသာ မပြောင်းပါ။
၃။ ဘီပိုး။ စီပိုး ပျောက်သည် ဆိုကာ တော်တော်များများ အပွင့် သုပ်စားနေ ကြသည်။
၄။ ဈေးတွင် ဟင်းရွက်တန်း၌ ရောင်းချနေကြပါသည်။ တို့စားစရာ အဖြစ်လည်းသုံးသည်။
အရွက်
၁။ အရွက်နုကို ဟင်းခါး ချက်သောက် ကြသည်။
၂။ ကလေးများ ရေကျောက်ပေါက် လျှင် အရွက်ပြုတ် တိုက်သည်။
၃။ တကိုယ်လုံး ညောင်းညာ ကိုက်ခဲလျှင်၎င်း။ ကလေးများ ကျန်းမာရေး အတွက်၎င်း။ အရွက်ပြုတ်ရေ ဖြင့် ရေချိုးကြသည်။
၄။ ဆိတ်ကို မြွေစိမ်းမြီးခြောက် ကိုက်လျှင် ခေါင်းတခုလုံးရောင်။ မျက်လုံးပိတ်။ ငါးရက်ခန့် ကြာမှ ကောင်းသော်လည်း အရွက်ကျွေး ပါကတရက်နှင့် ပျောက်သည်။
အချုပ်အားဖြင့်
မြွေပွေး။ မြွေဟောက် ကိုက်ခံရသူများ အခေါက်စား သွားသဖြင့် ဆေးရုံရောက်သည့် အခါအဆိပ် မရှိတော့။ တဦးက လက်သန်း မြွေပွေး ကိုက်ရာ မြွေပါ အစွယ်နှင့် ချိတ်ပါ လာသည်။ သူကတော့ ဆေးရုံ မသွားတော့ဘဲ အခေါက်စား။ အရွက်နှင့် စည်းထား ခဲ့သည်။
သစ်ကြီးပိ။ မြွေကြီး ကိုက် ဆိုလျှင် အန္တရာယ်ကြီးလွန်းသည်။ ခြေသလုံး အထက်ကြီးသည့် မြွေအရွယ်ကို ဆိုလိုပါသည်။ မြွေကြီးတော့ အဆိပ်အလွန် များတော့ အမြန်ဆုံး အခေါက်စားရန် လိုပါမည်။ ရှေးဦးသူနုာပြု နည်းမလုပ်ရ ဟုဆိုလိုခြင်း မဟုတ်ပါ။
အိမ်။ လယ်ယာ အနီးရှိ ဟင်းငုတ်ပင်များအား ခုတ်ခြင်း မပြုဘဲ။ နေရာရှိလျှင် စိုက်ထားသင့်သည့် အပင်ဖြစ်ပါသည်။
မိမိတွင် ရုက္ခဗေဒ စာအုပ်များ မရှိပါ။ လက်ရှိ အသုံးပြု နေပုံများ။ သက်ကြီး စကား အကြားများ။ အတွေ့အကြုံ များအား ဖေါ်ပြ ထားခြင်းဖြစ် ပါကြောင်း။
ဖိုးသူတော်(www.phothutaw.com)
Credit: တောင်ကြီးသား
ေႃမြဆိပ္ႏိုင္တဲ့ ဟင္းငုတ္ပင္ ေခၚ သခြပ္ပင္
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။