ကခ်င္ျပည္နယ္၊ မံစီၿမိဳ႕နယ္၊ ပေလာင္ဒိန္ဆာ-မဂ်ီဂြမ္နယ္ေျမအတြင္း တရားမဝင္သယ္ယူလာသည့္ သစ္တန္ ခ်ိန္ ၆ဝ ေက်ာ္ႏွင့္အတူ တ႐ုတ္ႏိုင္ငံသား ၁၃ ဦးႏွင့္ ျမန္မာႏိုင္ငံသား ၂ ဦးတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ ငံရဲတပ္ဖြဲ႕မွ သိရသည္။

သစ္မ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္သူမ်ားမွာ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္၊ ေပါက္ခ်န္းၿမိဳ႕၊ လူတန္ေက်း႐ြာတြင္ ေနထိုင္ေသာ တ႐ုတ္ႏိုင္ငံသား အသက္ ၅၁ ႏွစ္အ႐ြယ္ ယီတိုင္းလွ်န္အပါအဝင္ ၁၃ ဦးႏွင့္ မံစီၿမိဳ႕နယ္တြင္ ေနထိုင္ေသာ ျမန္မာႏိုင္ငံသား အသက္ ၂၁ ႏွစ္အ႐ြယ္ ခါးေတာင္ဆိုသူအပါ ၂ ဦးတို႔ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ ဧၿပီလ ၂၅ ရက္၊ ညေနပိုင္းတြင္ သတင္းထုတ္ျပန္ထားသည္။

အဆိုပါသစ္မ်ားကို ဧၿပီလ ၂၄ ရက္၊ ညေန ၃ နာရီခြဲခန႔္တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး ကခ်င္ျပည္နယ္၊ မံစီၿမိဳ႕ နယ္၊ နယ္ေျမခံတပ္မွ လုံၿခဳံေရးေဆာင္႐ြက္ေနစဥ္ သတင္းရရွိ၍ သြားေရာက္ဖမ္းဆီးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္းအရ သြားေရာက္ဖမ္းဆီးရာတြင္ အဆိုပါ ပေလာင္ဒိန္ဆာ-မဂ်ီဂြမ္နယ္ေျမအတြင္းမွ တ႐ုတ္ႏိုင္ငံသား ၁၃ ဦး၊  ျမန္မာႏိုင္ငံသား ၂ ဦးႏွင့္အတူ ဘက္ဟိုးယာဥ္(၁)စီး၊ Loader ယာဥ္ ၄ စီး၊ သစ္တင္ယာဥ္ ၄၁ စီးႏွင့္ တရားမဝင္သယ္ယူထားသည့္ ကြၽန္းသစ္ခြဲသားဆိုဒ္စုံ ၄၇၇၂ ေခ်ာင္း (၆၀.၉၂၉၀)တန္တို႔ကို ေတြ႕ရွိ ဖမ္းမိခဲ့ျခင္း ျဖစ္သည္။

လက္ရွိတြင္ အဆိုပါ တ႐ုတ္ႏိုင္ငံသားမ်ားႏွင့္ ျမန္မာႏိုင္ငံသား ၂ ဦးကို မံစီၿမိဳ႕မရဲစခန္းတြင္ (ပ)၁၈/၂၀၁၉၊ သစ္ေတာဥပေဒပုဒ္မ ၄၃(က)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ ရွိေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ပလောင်ဒိန်ဆာ-မဂျီဂွမ်နယ်မြေအတွင်း တရားမဝင်သယ်ယူလာသည့် သစ်တန် ချိန် ၆ဝ ကျော်နှင့်အတူ တရုတ်နိုင်ငံသား ၁၃ ဦးနှင့် မြန်မာနိုင်ငံသား ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင် ငံရဲတပ်ဖွဲ့မှ သိရသည်။

သစ်များနှင့်အတူ ဖမ်းဆီးရမိသည့်သူများမှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါက်ချန်းမြို့၊ လူတန်ကျေးရွာတွင် နေထိုင်သော တရုတ်နိုင်ငံသား အသက် ၅၁ နှစ်အရွယ် ယီတိုင်းလျှန်အပါအဝင် ၁၃ ဦးနှင့် မံစီမြို့နယ်တွင် နေထိုင်သော မြန်မာနိုင်ငံသား အသက် ၂၁ နှစ်အရွယ် ခါးတောင်ဆိုသူအပါ ၂ ဦးတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဧပြီလ ၂၅ ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါသစ်များကို ဧပြီလ ၂၄ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ မံစီမြို့ နယ်၊ နယ်မြေခံတပ်မှ လုံခြုံရေးဆောင်ရွက်နေစဉ် သတင်းရရှိ၍ သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းအရ သွားရောက်ဖမ်းဆီးရာတွင် အဆိုပါ ပလောင်ဒိန်ဆာ-မဂျီဂွမ်နယ်မြေအတွင်းမှ တရုတ်နိုင်ငံသား ၁၃ ဦး၊  မြန်မာနိုင်ငံသား ၂ ဦးနှင့်အတူ ဘက်ဟိုးယာဉ်(၁)စီး၊ Loader ယာဉ် ၄ စီး၊ သစ်တင်ယာဉ် ၄၁ စီးနှင့် တရားမဝင်သယ်ယူထားသည့် ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၄၇၇၂ ချောင်း (၆၀.၉၂၉၀)တန်တို့ကို တွေ့ရှိ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၂ ဦးကို မံစီမြို့မရဲစခန်းတွင် (ပ)၁၈/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top