မြန္ျပည္နယ္ မုဒုံျမဳိ့နယ္အတြင္း 24.4.209 ရက္ေန႔ ညေန ၄ နာရီခ်ိန္ခန္႔တြင္ ေမာ္လျမဳိင္မွ မုဒုံဘက္သုိ႔ ေဒၚဝင္းဝင္းေမာ္ ၄၈ ႏွစ္ပန္းပဲတန္းရပ္ေနသူသည္ ယာဥ္ေမာင္း ဦးျမင့္ေအာင္ ၆၅ ႏွစ္ႏွင့္အတူ ကားျဖင့္သြားေနစဥ္ ေကြ႔ဝမ္းေက်းရြာအုပ္စု ေကာ့ခုိက္လမ္းဝနားအေရာက္၌

ေဒၚဝင္းဝင္းေမာ္၏ အမ်ဳိးသားျဖစ္သူ သိန္းထြဋ္(၃၆)ႏွစ္ မုဒုံ ျမဳိ့မ(၁)ေနသူမွ ၎၏ကားျဖင့္ ေဒၚဝင္းဝင္းေမာ္ကားေနာက္သုိ႔ ကပ္လုိက္လာၿပီး ေက်ာ္တက္လမ္းပိတ္လုိက္ရာ ယာဥ္ေမာင္း ဦးျမင့္ေအာင္မွ ကားအားလမ္းေဘးသုိ႔ထုိးခ်တိမ္းေ႐ွာင္စဥ္ စြတ္စြဲခံရသူအမ်ဳိးသားမွ ကားျပန္႔ေကြ႔၍

တရားလုိ၏ ကားအားေ႐ွ႕တည့္တည့္မွ ၈ ႀကိမ္ခန္႔ မ်က္ႏွာခ်င္းဆုိင္တုိက္ၿပီး ကားေပၚမွအ႐ွည္ ၁ လံခန္႔႐ွိေသာ သစ္သားတုတ္အားကုိင္ဆင္းလာၿပီး ေဒၚဝင္းဝင္းေမာ္၏ ကားအား ေ႐ွ႕မွန္ ေဘးမွန္မ်ားအား တုတ္ျဖင့္ ႐ုိက္ခြဲခဲ့ေၾကာင့္သိရသည္။

ထုိသုိ႔႐ုိက္ေနစဥ္ ေဒၚဝင္းဝင္းေမာ္သည္ အသက္အႏၱရာယ္စုိးရိမ္းေသာေၾကာင့္ ကားေပၚမွဆင္းကာ အနီးနားျခံဝင္းသုိ႔ ေျပးဝင္သြားခဲ့ေၾကာင္းရဲမွတ္တမ္းမ်ားအရ သိရသည္။

၎ျဖစ္စဥ္ႏွင့္ပါတ္သက္၍ အသက္အနၱရယ္ျဖစ္ေစရန္ ကားျဖင့္တုိက္ၿပီး တုတ္ျဖင့္႐ူိက္နက္သူ သိန္းထြဋ္(၃၆)ႏွစ္အား ဇနီးျဖစ္သူ ေဒၚဝင္းဝင္းေမာ္မွ တရားလုိျပဳလုပ္ကာ မုဒုံျမဳိ့မရဲစခန္း (ပ)၁၉၇၇/၂၀၁၉ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၄၀ ျဖင့္ ကနဦးတုိင္ခ်က္ရယူထားၿပီး

အမႈအား မုဒုံျမဳိ့မရဲစခန္း ဒုရဲအုပ္ မင္းေဇာ္ေအာင္မွ ဆက္လက္စစ္ေဆးေဆာင္ရြတ္လ်က္ၿပီး စြတ္စြဲခံရသူအမ်ဳိးသားအား လုိက္လံ႐ွာေဖြဖမ္းဆီဆဲျဖစ္ေၾကာင္း သတင္းရ႐ွိသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:အမႊာညီေနာင္
#Unicode Version#
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း 24.4.209 ရက်နေ့ ညနေ ၄ နာရီချိန်ခန့်တွင် မော်လမြိုင်မှ မုဒုံဘက်သို့ ဒေါ်ဝင်းဝင်းမော် ၄၈ နှစ်ပန်းပဲတန်းရပ်နေသူသည် ယာဉ်မောင်း ဦးမြင့်အောင် ၆၅ နှစ်နှင့်အတူ ကားဖြင့်သွားနေစဉ် ကွေ့ဝမ်းကျေးရွာအုပ်စု ကော့ခိုက်လမ်းဝနားအရောက်၌

ဒေါ်ဝင်းဝင်းမော်၏ အမျိုးသားဖြစ်သူ သိန်းထွဋ်(၃၆)နှစ် မုဒုံ မြို့မ(၁)နေသူမှ ၎င်း၏ကားဖြင့် ဒေါ်ဝင်းဝင်းမော်ကားနောက်သို့ ကပ်လိုက်လာပြီး ကျော်တက်လမ်းပိတ်လိုက်ရာ ယာဉ်မောင်း ဦးမြင့်အောင်မှ ကားအားလမ်းဘေးသို့ထိုးချတိမ်းရှောင်စဉ် စွတ်စွဲခံရသူအမျိုးသားမှ ကားပြန့်ကွေ့၍

တရားလို၏ ကားအားရှေ့တည့်တည့်မှ ၈ ကြိမ်ခန့် မျက်နှာချင်းဆိုင်တိုက်ပြီး ကားပေါ်မှအရှည် ၁ လံခန့်ရှိသော သစ်သားတုတ်အားကိုင်ဆင်းလာပြီး ဒေါ်ဝင်းဝင်းမော်၏ ကားအား ရှေ့မှန် ဘေးမှန်များအား တုတ်ဖြင့် ရိုက်ခွဲခဲ့ကြောင့်သိရသည်။

ထိုသို့ရိုက်နေစဉ် ဒေါ်ဝင်းဝင်းမော်သည် အသက်အန္တရာယ်စိုးရိမ်းသောကြောင့် ကားပေါ်မှဆင်းကာ အနီးနားခြံဝင်းသို့ ပြေးဝင်သွားခဲ့ကြောင်းရဲမှတ်တမ်းများအရ သိရသည်။

၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ အသက်အန္တရယ်ဖြစ်စေရန် ကားဖြင့်တိုက်ပြီး တုတ်ဖြင့်ရိူက်နက်သူ သိန်းထွဋ်(၃၆)နှစ်အား ဇနီးဖြစ်သူ ဒေါ်ဝင်းဝင်းမော်မှ တရားလိုပြုလုပ်ကာ မုဒုံမြို့မရဲစခန်း (ပ)၁၉၇၇/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၄၀ ဖြင့် ကနဦးတိုင်ချက်ရယူထားပြီး

အမှုအား မုဒုံမြို့မရဲစခန်း ဒုရဲအုပ် မင်းဇော်အောင်မှ ဆက်လက်စစ်ဆေးဆောင်ရွတ်လျက်ပြီး စွတ်စွဲခံရသူအမျိုးသားအား လိုက်လံရှာဖွေဖမ်းဆီဆဲဖြစ်ကြောင်း သတင်းရရှိသည်။



ဖိုးသူတော်(www.phothutaw.com)
Credit:အမွှာညီနောင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top