စင္ကာပူနိုင္ငံတြင္ အိမ္အကူအျဖစ္ အလုပ္လုပ္ကိုင္ခဲ့ေသာ အင္ဒိုနီးရွား အမ်ိဳးသမီးတစ္ဦးဟာ အိမ္ကိုလြမ္းတဲ့စိတ္ႀကီးစိုးၿပီး အိမ္ရွင္မိသားစုကို သတ္ျဖတ္ရန္ စနစ္တက်ႀကံစည္ခဲ့ၿပီး အိမ္ရွင္စင္ကာပူအမ်ိဳးသမီးကို စိတၱဇဆန္ဆန္ လည္ပင္းလွီးကာဓါးျဖင့္ ၉၈ ခ်က္ ထိုးသတ္ခဲ့မွုနဲ႔ ေသဒဏ္အျပစ္ေပးခံရဖြယ္ရာ ရွိေနပါတယ္။


Daryati အသက္ ၂၆ ႏွစ္ဟာ ၂၀၁၆ ခုႏွစ္ ဧၿပီ ၁၃ ရက္ေန႔မွာ စင္ကာပူနိုင္ငံ Talok Kurau ရပ္ကြက္ရွိ ေနအိမ္မွာ အိမ္အကူအျဖစ္ စတင္အလုပ္လုပ္ခဲ့ပါတယ္။ အလုပ္ဝင္ၿပီး တစ္လခန႔္ အၾကာမွာပဲ အိမ္ကိုလြမ္းတဲ့စိတ္၊ ေဟာင္ေကာင္မွာ ရွိတဲ့ သူမရဲ့ ရည္းစားကို လြမ္းတဲ့စိတ္တို႔နဲ႔ ျပည့္ႏွက္မြန္းၾကပ္လာခဲ့ပါတယ္။

စင္ကာပူနိုင္ငံမွာ အလုပ္လုပ္ၾကတဲ့ အိမ္အကူေတြရဲ့ နိုင္ငံကူးလက္မွတ္ကို ဥပေဒအရ အိမ္ရွင္ေတြက တာဝန္ယူသိမ္းဆည္းထားၾကရပါတယ္။ Daryati ဟာ အင္ဒိုနီးရွားကို ျပန္ေျပးဖို႔အတြက္ အိမ္ရွင္သိမ္းထာတဲ့ သူမရဲ့ နိုင္ငံကူးလက္မွတ္ရယူဖို႔က အေရးႀကီးလာပါတယ္။

အဆိုပါေနအိမ္မွာ၊ အသတ္ခံခဲ့ရတဲ့ အသက္ ၅၉ ႏွစ္အရြယ္ Madam Seow ဆိုသူအမ်ိဳးသမီးႀကီးနဲ႔အတူ သူမရဲ့ခင္ပြန္း၊ အရြယ္ေရာက္ေနတဲ့ သားႏွစ္ေယာက္၊ ေခၽြးမ၊ ေျမးႏွစ္ေယာက္တို႔နဲ႔အတူ သုံးထပ္ေဆာင္ အိမ္ႀကီးမွာ အတူတူေနထိုင္ၾကပါတယ္။ အိမ္ႀကီးေပၚမွာ Daryati အျပင္ အျခားအင္ဒိုနီးရွား အိမ္အကူ တစ္ေယာက္လည္း ရွိပါတယ္။

 

နိုင္ငံကူးလက္မွတ္ေတြကို အိမ္ရွင္လင္မယားအိပ္တဲ့ မာစတာအိပ္ခန္းထဲက မီးခံေသတၱာထဲမွာ သိမ္းထားၿပီး ေသာ့က အိမ္ရွင္လင္မယား ႏွစ္ေယာက္ဆီမွာပဲ ရွိပါတယ္။ ဒီေသာ့ကိုလည္း Madam Seow က အိမ္ရဲ့ပထမထပ္မွာရွိတဲ့ ပိုက္ဆံေသတၱာထဲမွာ သိမ္းထားပါတယ္။
သူမရဲ့အႀကံစဥ္ကေတာ့ ေမလ ၁၂ ရက္ေန႔မွာ Madam Seow ကို သတ္ၿပီး ပိုက္ဆံေတြနဲ႔ နိုင္ငံကူးလက္မွတ္ယူကာ အင္ဒိုနီးရွားကို ျပန္ေျပးဖို႔ ျဖစ္ပါတယ္။

“ဒီအစီစဥ္ကို ငါျမန္ျမန္ အေကာင္ထည္ေဖာ္မွျဖစ္မယ္။ ငါ ဒါကိုလုပ္ဖို႔အတြက္ ရဲရင့္ဖို႔လို႔တယ္၊ ျဖစ္လာမဲ့ အက်ိဳးဆက္ေတြအားလုံး ဘာေတြပဲလာလာ ငါရင္ဆိုင္ဖို႔အသင့္ပဲ။ ငါ့ရဲ့အစီစဥ္ ေခ်ေခ်ာေမြ႕ေမြ႕နဲ႔ ေအာင္ျမင္ပါေစလို႔ ေမၽွာ္လင့္ပါတယ္။ အိမ္ရွင္မိသားစု ေသဖို႔က ငါ့ရဲ့အဓိက ပစ္မွတ္ပဲ” လို႔ သူမရဲ့ ေန႔စဥ္ဒိုင္ယာရီမွတ္တမ္းမွာ ေရးသားထားတာကို ရဲေတြက စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။
ဇြန္လ ၂ ရက္ ေန႔စြဲနဲ႔ ဒိုင္ယာရီစာမ်က္ႏွာထဲမွာ အိမ္တစ္ခုလုံးရဲ့ ေျမပုံဆြဲထားၿပီး လမ္းေၾကာင္းေတြကို စနစ္တက်မွတ္သားထားတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

သူမက အျခား အင္ဒိုနီးရွားအိမ္အကူျဖစ္တဲ့ Ms Don Hayati ကိုလည္း သူမရဲ့အႀကံအစည္ကို ေျပာၿပီး ပိုက္ဆံေတြခိုးကာ အတူတူေျပးမယ္လို႔ စည္း႐ုံးထားပါတယ္။ ဒါေပမယ့္ အိမ္ရွင္ကို သတ္မယ့္အေၾကာင္းကိုေတာ့ မေျပာထားဖူးလို႔ဆိုပါတယ္။

Madam Seow ကို မသတ္ခင္ တစ္ရက္အလိုမွာ ဓါးကို ဒုတိယထပ္မွာ ဝွက္ထားခဲ့ေၾကာင္း ထြက္ဆိုပါတယ္။ မာစတာအိပ္ခန္းေလၽွာက္လမ္းမွာရွိတဲ့ ဘီရိုထဲမွာ ဓါးကိုဝွက္ထားၿပီး စာၾကည့္စားပြဲမွာ သံရိုက္တူကို ဝွက္ထားပါတယ္၊ ဒါ့အျပင္ ဓါးတိုေလးတစ္ေခ်ာင္းကို မာစတာအိပ္ခန္း သန႔္စင္ခန္းထဲက လက္ေဆးကန္ေအာက္မွာ ႀကိဳတင္ ဝွက္ထားခဲ့ပါတယ္။

ဓါးကေတာ့ Madam Seow ကို တိုက္ခိုက္ဖို႔ျဖစ္ၿပီး သံရိုက္တူကေတာ့ အကယ္၍ သုံးလႊာမွာေနတဲ့ ေခၽြးမျဖစ္သူ Rowena Yeo ဆင္းလာတဲ့အခါ ထုသတ္ဖို႔ တစ္ရက္ႀကိဳတင္ ျပင္ဆင္ထားခဲ့တာပါ။


ဇြန္လ ၂ ရက္ေန႔မွာ အိမ္ရွင္ရဲ့ ေခၽြးမျဖစ္သူနဲ႔ ကေလးႏွစ္ေယာက္တို႔ ၃ လႊာကို တက္သြားၾကခ်ိန္၊ သားႏွစ္ေယာက္နဲ႔ ေမာင္ျဖစ္သူတို႔လည္း အိမ္ကေန ထြက္သြားခ်ိန္မွာ စတင္လွုပ္ရွားခဲ့ပါတယ္။ ဓါးတစ္ေခ်ာင္းကို သူ႔ရဲ့ အဝတ္အစားထဲမွာဝွက္ၿပီး Madam Seow အတြက္ မီးပူတိုက္ထားတဲ့ အဝတ္တစ္စုံကို ယူကာ မာစတာအိပ္ခန္းဆီသို႔ တက္သြားခဲ့ပါတယ္။ လမ္းမွာလည္း အျခားအိမ္အကူကို အျပင္ကေန ေစာင့္ၾကည့္ၿပီး လူလာရင္ အခ်က္ေပးဖို႔ မွာၾကားခဲ့ပါတယ္။

အဲဒီေနာက္ အခန္းထဲဝင္သြားၿပီး အဝတ္ထဲဝွက္လာတဲ့ ဓါးကိုထုတ္ၿပီး Madam Seow ကို သူမရဲ့ နိုင္ငံကူးလက္မွတ္ျပန္ေပးဖို႔ ၿခိမ္းေျခာက္ၿပီး ေတာင္းပါတယ္။ Madam Seow က ေအာ္တဲ့အခါမွာ အိမ္သာခန္းထဲဆြဲသြင္းကာ တံခါးပိတ္ၿပီး ဓါးနဲ႔လည္ပင္းကိုထိုးကာ ဦးေခါင္းနဲ႔ မ်က္ႏွာကို အခ်က္ေပါင္းမ်ားစြာ ထိုးသတ္ခဲ့ပါတယ္။ ေနာက္ဆုံးအေနနဲ႔ ေသခ်ာေအာင္ လက္ေဆးကန္ေအာက္မွာ အသင့္ဝွက္ထားတဲ့ ဓါးနဲ႔ လည္ပင္းကို မလွုပ္မယွက္ျဖစ္တဲ့ထိ ထပ္မံထိုးခဲ့ပါတယ္။

အဲဒီအခ်ိန္မွာ Madam Seow ရဲ့ခင္ပြန္း Mr Ong အိပ္ခန္းထဲဝင္လာၿပီး သူမိန္းမကို ေခၚေပမယ့္ ဘာသံမွမၾကားတာေၾကာင့္ ဖြင့္မရတဲ့ အိမ္သာတံခါးကို ဝက္အူလွည့္နဲ႔ ရစ္ၿပီး ဖြင့္ခဲ့ပါတယ္။ တံခါးပြင့္လာတဲ့အခ်ိန္မွာေတာ့ အထဲကေန Daryati က Mr Ong ရဲ့ လည္ပင္းကို ဓါးနဲ႔ထိုးၿပီး တိုက္ခိုက္လိုက္ပါတယ္။ Mr Ong က သူလက္ကေန ဓါးလြတ္က်ေအာင္ လုပ္နိုင္ခဲ့ေပမယ့္ သူ႔ဇနီးကို သြားၾကည့္ခ်ိန္မွာ Daryati က ဓါးျပန္ေကာက္ၿပီး လည္းပင္းကို ေနာက္တစ္ႀကိမ္ ဓါးနဲ႔ထိုးခဲ့ပါတယ္။

Mr Ong
 

ဒါေပမယ့္ ေနာက္ဆုံးမွာ Mr Ong က Daryati ကို ခ်ဳပ္နိုင္ခဲ့ၿပီး ဝါယာႀကိဳးေတြနဲ႔ တုတ္ေႏွာင္ဖမ္းဆီးနိုင္ခဲ့ပါတယ္။ အဲဒီေနာက္ အိမ္အျပင္ဘက္ ဝင္းတံခါးနားကို ဆြဲထုတ္ၿပီး လမ္းမွာ ျဖတ္သြားတဲ့ လူ ၃ ေယာက္ကို Daryati လြတ္မသြားေအာင္ ၾကည့္ထားေပးဖို႔ အကူညီေတာင္းၿပီး ဇနီးသည္ထံ ျပန္ေျပးသြားခဲ့ပါတယ္။
ေခၽြးမျဖစ္သူက အေရးေပၚ ကယ္ဆယ္ေရးကို ည ၈ နာရီ ၅၀ အခ်ိန္မွာ ဖုန္းဆက္ခဲ့ၿပီး ကယ္ဆယ္ေရးအဖြဲ႕ေရာက္လာကာ စစ္ေဆးခဲ့ၿပီးေနာက္ ၉ နာရီ ၅ မိနစ္မွာ ေသဆုံးၿပီလို႔ အတည္ျပဳခဲ့ပါတယ္။


အမွုကို ၃ ႏွစ္နီးပါး အဆင့္ဆင့္ စစ္ေဆးခဲ့ၿပီးေနာက္ Daryati ဟာ ေသြးေအးေအးျဖင့္ ႀကိဳတင္ႀကံစည္ကာ သတ္ျဖတ္ခဲ့ေၾကာင္း ထင္ရွားၿပီး သူမရဲ့ေရွ႕ေနက စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးခ်ိဳ႕ယြင္းမွုရွိေနေၾကာင္း ကာကြယ္ေျပာဆိုေပမယ့္ ဒုတိယတန္းစား လူသတ္မွုအျဖစ္ သတ္မွတ္ထားၿပီး ေသဒဏ္က်ခံရဖို႔ ရွိေနပါတယ္။

က်န္တဲ့အိမ္အကူ Ms Don Hayati ကိုေတာ့ အမွုမွာ ပါဝင္ပက္သက္မွုမရွိဘူးလို႔ ဆုံးျဖတ္ၿပီး တရားစြဲဆိုထားျခင္း မရွိေၾကာင္း သိရွိရသည္။


ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay

#Unicode Version#
  စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်ခဲ့သော အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးဟာ အိမ်ကိုလွမ်းတဲ့စိတ်ကြီးစိုးပြီး အိမ်ရှင်မိသားစုကို သတ်ဖြတ်ရန် စနစ်တကျကြံစည်ခဲ့ပြီး အိမ်ရှင်စင်ကာပူအမျိုးသမီးကို စိတ္တဇဆန်ဆန် လည်ပင်းလှီးကာဓါးဖြင့် ၉၈ ချက် ထိုးသတ်ခဲ့မှုနဲ့ သေဒဏ်အပြစ်ပေးခံရဖွယ်ရာ ရှိနေပါတယ်။


Daryati အသက် ၂၆ နှစ်ဟာ ၂၀၁၆ ခုနှစ် ဧပြီ ၁၃ ရက်နေ့မှာ စင်ကာပူနိုင်ငံ Talok Kurau ရပ်ကွက်ရှိ နေအိမ်မှာ အိမ်အကူအဖြစ် စတင်အလုပ်လုပ်ခဲ့ပါတယ်။ အလုပ်ဝင်ပြီး တစ်လခန့် အကြာမှာပဲ အိမ်ကိုလွမ်းတဲ့စိတ်၊ ဟောင်ကောင်မှာ ရှိတဲ့ သူမရဲ့ ရည်းစားကို လွမ်းတဲ့စိတ်တို့နဲ့ ပြည့်နှက်မွန်းကြပ်လာခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကြတဲ့ အိမ်အကူတွေရဲ့ နိုင်ငံကူးလက်မှတ်ကို ဥပဒေအရ အိမ်ရှင်တွေက တာဝန်ယူသိမ်းဆည်းထားကြရပါတယ်။ Daryati ဟာ အင်ဒိုနီးရှားကို ပြန်ပြေးဖို့အတွက် အိမ်ရှင်သိမ်းထာတဲ့ သူမရဲ့ နိုင်ငံကူးလက်မှတ်ရယူဖို့က အရေးကြီးလာပါတယ်။

အဆိုပါနေအိမ်မှာ၊ အသတ်ခံခဲ့ရတဲ့ အသက် ၅၉ နှစ်အရွယ် Madam Seow ဆိုသူအမျိုးသမီးကြီးနဲ့အတူ သူမရဲ့ခင်ပွန်း၊ အရွယ်ရောက်နေတဲ့ သားနှစ်ယောက်၊ ချွေးမ၊ မြေးနှစ်ယောက်တို့နဲ့အတူ သုံးထပ်ဆောင် အိမ်ကြီးမှာ အတူတူနေထိုင်ကြပါတယ်။ အိမ်ကြီးပေါ်မှာ Daryati အပြင် အခြားအင်ဒိုနီးရှား အိမ်အကူ တစ်ယောက်လည်း ရှိပါတယ်။


နိုင်ငံကူးလက်မှတ်တွေကို အိမ်ရှင်လင်မယားအိပ်တဲ့ မာစတာအိပ်ခန်းထဲက မီးခံသေတ္တာထဲမှာ သိမ်းထားပြီး သော့က အိမ်ရှင်လင်မယား နှစ်ယောက်ဆီမှာပဲ ရှိပါတယ်။ ဒီသော့ကိုလည်း Madam Seow က အိမ်ရဲ့ပထမထပ်မှာရှိတဲ့ ပိုက်ဆံသေတ္တာထဲမှာ သိမ်းထားပါတယ်။
သူမရဲ့အကြံစဉ်ကတော့ မေလ ၁၂ ရက်နေ့မှာ Madam Seow ကို သတ်ပြီး ပိုက်ဆံတွေနဲ့ နိုင်ငံကူးလက်မှတ်ယူကာ အင်ဒိုနီးရှားကို ပြန်ပြေးဖို့ ဖြစ်ပါတယ်။

“ဒီအစီစဉ်ကို ငါမြန်မြန် အကောင်ထည်ဖော်မှဖြစ်မယ်။ ငါ ဒါကိုလုပ်ဖို့အတွက် ရဲရင့်ဖို့လို့တယ်၊ ဖြစ်လာမဲ့ အကျိုးဆက်တွေအားလုံး ဘာတွေပဲလာလာ ငါရင်ဆိုင်ဖို့အသင့်ပဲ။ ငါ့ရဲ့အစီစဉ် ချေချောမွေ့မွေ့နဲ့ အောင်မြင်ပါစေလို့ မျှော်လင့်ပါတယ်။ အိမ်ရှင်မိသားစု သေဖို့က ငါ့ရဲ့အဓိက ပစ်မှတ်ပဲ” လို့ သူမရဲ့ နေ့စဉ်ဒိုင်ယာရီမှတ်တမ်းမှာ ရေးသားထားတာကို ရဲတွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ဇွန်လ ၂ ရက် နေ့စွဲနဲ့ ဒိုင်ယာရီစာမျက်နှာထဲမှာ အိမ်တစ်ခုလုံးရဲ့ မြေပုံဆွဲထားပြီး လမ်းကြောင်းတွေကို စနစ်တကျမှတ်သားထားတာကိုလည်း တွေ့ခဲ့ရပါတယ်။

သူမက အခြား အင်ဒိုနီးရှားအိမ်အကူဖြစ်တဲ့ Ms Don Hayati ကိုလည်း သူမရဲ့အကြံအစည်ကို ပြောပြီး ပိုက်ဆံတွေခိုးကာ အတူတူပြေးမယ်လို့ စည်းရုံးထားပါတယ်။ ဒါပေမယ့် အိမ်ရှင်ကို သတ်မယ့်အကြောင်းကိုတော့ မပြောထားဖူးလို့ဆိုပါတယ်။

Madam Seow ကို မသတ်ခင် တစ်ရက်အလိုမှာ ဓါးကို ဒုတိယထပ်မှာ ဝှက်ထားခဲ့ကြောင်း ထွက်ဆိုပါတယ်။ မာစတာအိပ်ခန်းလျှောက်လမ်းမှာရှိတဲ့ ဘီရိုထဲမှာ ဓါးကိုဝှက်ထားပြီး စာကြည့်စားပွဲမှာ သံရိုက်တူကို ဝှက်ထားပါတယ်၊ ဒါ့အပြင် ဓါးတိုလေးတစ်ချောင်းကို မာစတာအိပ်ခန်း သန့်စင်ခန်းထဲက လက်ဆေးကန်အောက်မှာ ကြိုတင် ဝှက်ထားခဲ့ပါတယ်။

ဓါးကတော့ Madam Seow ကို တိုက်ခိုက်ဖို့ဖြစ်ပြီး သံရိုက်တူကတော့ အကယ်၍ သုံးလွှာမှာနေတဲ့ ချွေးမဖြစ်သူ Rowena Yeo ဆင်းလာတဲ့အခါ ထုသတ်ဖို့ တစ်ရက်ကြိုတင် ပြင်ဆင်ထားခဲ့တာပါ။


ဇွန်လ ၂ ရက်နေ့မှာ အိမ်ရှင်ရဲ့ ချွေးမဖြစ်သူနဲ့ ကလေးနှစ်ယောက်တို့ ၃ လွှာကို တက်သွားကြချိန်၊ သားနှစ်ယောက်နဲ့ မောင်ဖြစ်သူတို့လည်း အိမ်ကနေ ထွက်သွားချိန်မှာ စတင်လှုပ်ရှားခဲ့ပါတယ်။ ဓါးတစ်ချောင်းကို သူ့ရဲ့ အဝတ်အစားထဲမှာဝှက်ပြီး Madam Seow အတွက် မီးပူတိုက်ထားတဲ့ အဝတ်တစ်စုံကို ယူကာ မာစတာအိပ်ခန်းဆီသို့ တက်သွားခဲ့ပါတယ်။ လမ်းမှာလည်း အခြားအိမ်အကူကို အပြင်ကနေ စောင့်ကြည့်ပြီး လူလာရင် အချက်ပေးဖို့ မှာကြားခဲ့ပါတယ်။

အဲဒီနောက် အခန်းထဲဝင်သွားပြီး အဝတ်ထဲဝှက်လာတဲ့ ဓါးကိုထုတ်ပြီး Madam Seow ကို သူမရဲ့ နိုင်ငံကူးလက်မှတ်ပြန်ပေးဖို့ ခြိမ်းခြောက်ပြီး တောင်းပါတယ်။ Madam Seow က အော်တဲ့အခါမှာ အိမ်သာခန်းထဲဆွဲသွင်းကာ တံခါးပိတ်ပြီး ဓါးနဲ့လည်ပင်းကိုထိုးကာ ဦးခေါင်းနဲ့ မျက်နှာကို အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ သေချာအောင် လက်ဆေးကန်အောက်မှာ အသင့်ဝှက်ထားတဲ့ ဓါးနဲ့ လည်ပင်းကို မလှုပ်မယှက်ဖြစ်တဲ့ထိ ထပ်မံထိုးခဲ့ပါတယ်။

အဲဒီအချိန်မှာ Madam Seow ရဲ့ခင်ပွန်း Mr Ong အိပ်ခန်းထဲဝင်လာပြီး သူမိန်းမကို ခေါ်ပေမယ့် ဘာသံမှမကြားတာကြောင့် ဖွင့်မရတဲ့ အိမ်သာတံခါးကို ဝက်အူလှည့်နဲ့ ရစ်ပြီး ဖွင့်ခဲ့ပါတယ်။ တံခါးပွင့်လာတဲ့အချိန်မှာတော့ အထဲကနေ Daryati က Mr Ong ရဲ့ လည်ပင်းကို ဓါးနဲ့ထိုးပြီး တိုက်ခိုက်လိုက်ပါတယ်။ Mr Ong က သူလက်ကနေ ဓါးလွတ်ကျအောင် လုပ်နိုင်ခဲ့ပေမယ့် သူ့ဇနီးကို သွားကြည့်ချိန်မှာ Daryati က ဓါးပြန်ကောက်ပြီး လည်းပင်းကို နောက်တစ်ကြိမ် ဓါးနဲ့ထိုးခဲ့ပါတယ်။

Mr Ong

ဒါပေမယ့် နောက်ဆုံးမှာ Mr Ong က Daryati ကို ချုပ်နိုင်ခဲ့ပြီး ဝါယာကြိုးတွေနဲ့ တုတ်နှောင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီနောက် အိမ်အပြင်ဘက် ဝင်းတံခါးနားကို ဆွဲထုတ်ပြီး လမ်းမှာ ဖြတ်သွားတဲ့ လူ ၃ ယောက်ကို Daryati လွတ်မသွားအောင် ကြည့်ထားပေးဖို့ အကူညီတောင်းပြီး ဇနီးသည်ထံ ပြန်ပြေးသွားခဲ့ပါတယ်။
ချွေးမဖြစ်သူက အရေးပေါ် ကယ်ဆယ်ရေးကို ည ၈ နာရီ ၅၀ အချိန်မှာ ဖုန်းဆက်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ရောက်လာကာ စစ်ဆေးခဲ့ပြီးနောက် ၉ နာရီ ၅ မိနစ်မှာ သေဆုံးပြီလို့ အတည်ပြုခဲ့ပါတယ်။


အမှုကို ၃ နှစ်နီးပါး အဆင့်ဆင့် စစ်ဆေးခဲ့ပြီးနောက် Daryati ဟာ သွေးအေးအေးဖြင့် ကြိုတင်ကြံစည်ကာ သတ်ဖြတ်ခဲ့ကြောင်း ထင်ရှားပြီး သူမရဲ့ရှေ့နေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းမှုရှိနေကြောင်း ကာကွယ်ပြောဆိုပေမယ့် ဒုတိယတန်းစား လူသတ်မှုအဖြစ် သတ်မှတ်ထားပြီး သေဒဏ်ကျခံရဖို့ ရှိနေပါတယ်။

ကျန်တဲ့အိမ်အကူ Ms Don Hayati ကိုတော့ အမှုမှာ ပါဝင်ပက်သက်မှုမရှိဘူးလို့ ဆုံးဖြတ်ပြီး တရားစွဲဆိုထားခြင်း မရှိကြောင်း သိရှိရသည်။



ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top