ကြၽန္မ Skirt တို ဝတ္ထားတဲ့ post တစ္ခုေအာက္မွာ comment တစ္ခု ႐ွိခဲ့တယ္။
” ဒူးမဲ ” တဲ့…။ ကြၽန္မ နဲ႔ လံုးဝ မရင္းႏွီးတဲ့သူပါ။ ကြၽန္မ ႐ိုး႐ိုးေလးပဲ ျပန္မန္႔လိုက္ပါတယ္။ ” problem? “ေနာက္ေတာ့ comment ကို ျပန္ဖ်က္သြားတာ ေတြ႔ရတယ္။
စိတ္လည္းမဆိုးသလို ႐ွက္လည္းမ႐ွက္ခဲ့ပါဘူး။ အဲ….ဒါေပမယ့္ အေတြးေလးတစ္ခုေတာ့ ရခဲ့တယ္။
လူတိုင္းလူတိုင္းမွာ အားနည္းခ်က္ တစ္ခုစီ အနည္းဆံုး ႐ွိတတ္ၾကတယ္တဲ့။ ဒါေပမယ့္ ကြၽန္မမွာ အားနည္းခ်က္တစ္ခုမွ မ႐ွိပါဘူး။
အဲ့ဒီလိုေျပာရင္ ခ်ိဳရည္မြန္ က ေသာက္ႀကီးေသာက္က်ယ္လို႔ ထင္ေကာင္းထင္ပါလိမ့္မယ္။ မတတ္ႏိုင္ပါ။ ကြၽန္မ မွာ အားနည္းခ်က္မ႐ွိပါ။
ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္မရဲ႕ အျပင္ပန္းပံုသ႑ာန္ကိုေရာ ၊ အတြင္းစိတ္ကိုပါ ကြၽန္မကိုယ္ကြၽန္မ လက္ခံႏိုင္လို႔ပါ။
ကြၽန္မက ခႏၶာကိုယ္ေရာ ႐ုပ္ရည္ပါ မလွပါဘူး။ အျပင္မွာ ႐ွိရင္းစြဲအသက္ထက္ အမ်ားႀကီးပိုရင့္ပါတယ္။ ဒါက အားနည္းခ်က္လို႔ ကြၽန္မကိုယ္ ကြၽန္မ မခံယူပါဘူး။ ကြၽန္မဆိုတဲ့ သီးသန္႔ျဖစ္တည္မႈဟာ အားနည္းခ်က္လို႔ ခံယူလိုက္ရမယ္လို႔ မယူဆခဲ့ဖူးဘူး။ ကြၽန္မက အသားအရည္ မေကာင္းသူပါ။ ငယ္ငယ္ေလးကတည္းက လက္သည္း႐ွည္ထားလို႔မရသလို ႐ွိတဲ့ လက္သည္းပိစိေလးနဲ႔ ကိုယ့္ဘာသာကိုယ္ ျပန္ကုပ္မိလို႔ အဆိပ္ျဖစ္ၿပီး အနာေတြ ျဖစ္ခဲ့ရတယ္။ ကြၽန္မရဲ႕ ေျခေထာက္မွာ အမာရြတ္ေတြ အမ်ားႀကီးပါ။ အရင္ကေတာ့ တအား႐ွက္တယ္။ အဲ့ဒါက အားနည္းခ်က္တစ္ခုလို႔ ေတြးထင္ခဲ့ဖူးတယ္။ ဒီအမာရြတ္ေတြေၾကာင့္ ကိုယ့္ကိုယ္ကို ယံုၾကည္မႈေတြ ေပ်ာက္ဆံုးသလို ျဖစ္ေနတတ္တယ္။
ဒါေပမယ့္ အသက္အရြယ္ ႀကီးလာတာနဲ႔အမ်ွ ေတြးေခၚမႈ ပံုစံေတြ ေျပာင္းလာတယ္။ ကိုယ့္စိတ္ကို အရင္မျပင္ရင္ ဘယ္အရာမွ မေအာင္ျမင္ႏိုင္ဘူးဆိုတာ သိၿပီးတဲ့ေနာက္ ရေအာင္ ေျပာင္းလဲပစ္တယ္။ ထင္သေလာက္ မခက္ခဲ့ပါဘူး။ အ႐ွိကို အ႐ွိအတိုင္း ကိုယ္ကိုယ္တိုင္ လက္ခံႏိုင္ျခင္းဟာ အားနည္းခ်က္ေတြကို ေလ်ာ့ပါးေစပါတယ္။
” ႐ုပ္ႀကီးကလည္း….ဆိုးလိုက္တာ….” အဲ့ဒီစကားက ကြၽန္မကို ရည္ၫြန္းၿပီး ေျပာတာပါ။
” ဟယ္….ငါ ႐ုပ္ဆိုးတာ သူ႔အားနည္းခ်က္ ျဖစ္သြားသလား မသိဘူး….အားနာလိုက္တာဟယ္…”
ငယ္စိတ္နဲ႔ဆိုေတာ့ ျပန္ၿပီး ရြဲ႔ေစာင္းေျပာခဲ့တယ္။ ကြၽန္မရဲ႕ ႐ုပ္ရည္ကို ကြၽန္မ လက္ခံႏိုင္ေသးတာပဲ။ ဘာလို႔မ်ား ျပစ္တင္ေဝဖန္ၾကရတာလဲ။ ဝိုင္းဝန္းေဖးမေပးမယ့္လူေတြ ဘယ္ေပ်ာက္ေနသလဲ လို႔ေတာင္ ေတြးမိေသးတယ္။ ငယ္ငယ္ကတည္းက ခံယူခ်က္တစ္ခု ကြၽန္မ မွာ ႐ွိတယ္။ အဲ့ဒါက မိန္းမတိုင္းမွာ မတူညီတဲ့အလွတရား ကိုယ္စီ ႐ွိတယ္ ဆိုတာပါပဲ။ ဘယ္ေလာက္ပဲ ႐ုပ္ဆိုးေနပါေစ…သူ႔မွာ အလွတရားနစ္ခု ႐ွိပါတယ္။ ကြၽန္မမွာလည္း အလွတရားတစ္ခု ႐ွိမယ္လို႔ ယံုၾကည္တယ္။ အဲ့ဒီယံုၾကည္ခ်က္ေၾကာင့္ ကြၽန္မရဲ႕ ႐ုပ္ရည္ဟာ အားနည္းခ်က္လို႔ မေတြးခဲ့မိဘူး။
အသက္ႀကီးလာေတာ့ သူငယ္ခ်င္းထဲမွာ တ႐ုတ္မေလးတစ္ေယာက္႐ွိတယ္။ တစ္ေန႔ေတာ့ သူတို႔အတြဲနဲ႔ ကြၽန္မ ေန႔လည္စာ စားျဖစ္တယ္။ ေနာက္ေန႔ေရာက္ေတာ့ အဲ့ဒီတ႐ုတ္မေလးက ကြၽန္မကို ေျပာတယ္။
” ခ်ိဳရည္မြန္က လက္ဆစ္ေတြ ေျခဆစ္ေတြ မဲလိုက္တာေနာ္ ” တဲ့။ အဲ့ဒါ သူ႔ေကာင္ေလးက သူ႔ကို ေျပာတာကို ကြၽန္မ ကို ျပန္ေျပာျပတာပါ။ ကြၽန္မ သူငယ္ခ်င္းကို ေျပာလိုက္ပါတယ္။
” ဟဲ့ ငါ့အေဖ ငါ့အေမက ေပါင္းၿပီး ငါ ထြက္လာမွာေတာ့ ဒီပံုပဲ ျဖစ္မွာေပါ့။ နင့္အေဖ တ႐ုတ္ ၊ နင့္အေမတ႐ုတ္ျဖစ္ၿပီး ငါ့လို ပံုထြက္လာမလား…” စကားအႏိုင္ယူခ်င္လို႔ ၊ ႐ွက္ၿပီး ေျပာခ်င္တာ ေျပာတာမဟုတ္ပါဘူး။ ကြၽန္မရဲ႕ခံယူခ်က္ကို ကြၽန္မ ေျပာျပတာပါ။ သူငယ္ခ်င္းက သိပ္လွပါတယ္။ အသားအရည္ေလး ျဖဴႏုဖတ္ေနၿပီး ေသြးေၾကာေလးေတြ စိမ္းေနတာေလးကို ကြၽန္မ သိပ္သေဘာက်ပါတယ္။ ဒါေပမယ့္ သူကသူ ၊ ကြၽန္မကကြၽန္မေလ။ ဒီလို႐ုပ္မ်ိဳးထြက္လာေပးတာကိုေတာင္ အေဖနဲ႔အေမကို သိပ္ေက်းဇူးတင္လွၿပီ။ ကြၽန္မ အသားအရည္ မလွတာ၊ ကြၽန္မရဲ႕ ေျခလက္အဆစ္ေတြ မဲတာ အားနည္းခ်က္လို႔ ကြၽန္မ မခံယူပါဘူး။
ခ်ိဳရည္မြန္ဆိုတာ….
ကိုယ့္ကိုယ္ကို ဝေနတယ္ထင္ရင္ ဝိတ္ခ်လိုက္တယ္။ က်တာ မက်တာ ေနာက္။ စိတ္ခ်မ္းသာတာက အရင္ လို႔ သတ္မွတ္သူ….
ယံုၾကည္ခ်က္ေတြ ေပ်ာက္ဆံုးေနတယ္ဆိုတာ ဗိုက္ဆာတဲ့အခ်ိန္ ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ အရာလို႔ ခံယူထားသူ…
တစ္ခါတစ္ရံ လိုင္းကားစီးတာေပ်ာ္ၿပီး တစ္ခါတစ္ရံ လိုင္းကားစီးတာ မုန္းေနတတ္တဲ့သူ…
စိတ္ကူးထဲမွာ အိပ္မက္ေတြ မက္ေကာင္းမက္မယ္ လက္ေတြ႔မွာ အယံုအၾကည္မ႐ွိသူ…..
ကြၽန္မရဲ႕ လွျခင္း မလွျခင္းေတာ္ျခင္း ညံ့ျခင္းေနာက္ဆံုး ကုန္ကုန္ေျပာရရင္ ညစ္ပတ္ျခင္းကအစ ကိုယ့္ကိုယ္ကို လက္ခံႏိုင္တယ္။ တကယ္ေတာ့ ကြၽန္မတို႔မွာ အားနည္းခ်က္႐ွိတယ္လို႔ သတ္မွတ္လိုက္တာ ကြၽန္မတို႔ကိုယ္တိုင္ပါပဲ။ အဲ့ဒီအားနည္းခ်က္ဆိုတဲ့အရာကိုေတြးၿပီး ေၾကာက္ေနတတ္တယ္။ ရြံ႕ေနခဲ့တယ္။ အဲ့ဒါက သူမ်ားကို တစ္ပန္း႐ွံုးတာပဲ။ ကြၽန္မကေတာ့ ကြၽန္မရဲ႕ေအာက္ နိမ့္က်ေနတဲ့ လူေတြကိုလည္း မၾကည့္ဘူး။ ကြၽန္မထက္ သာလြန္ေနတဲ့ သူေတြကိုလည္း မၾကည့္ဘူး။ ကြၽန္မကိုယ္ကြၽန္မပဲ ၾကည့္ပါတယ္။
ဘာေတြ လိုအပ္ေနလဲ….
ဘာေတြ ျပင္ရဦးမလဲ…..
ဘာေတြျဖစ္ခ်င္တာလဲ….
စိတ္က်န္းမာေရးလား….႐ုပ္က်န္းမာေရးလား…
လုပ္ႏိုင္သေလာက္ ခ်က္ခ်င္းထလုပ္ပစ္လိုက္တယ္။
ဘယ္မွာလဲ…ကြၽန္မရဲ႕ အားနည္းခ်က္။ အကုန္လံုးကို လက္ခံႏိုင္တယ္။ တစ္ေန႔ထက္ တစ္ေန႔ ႐ုပ္ေရာစိတ္ပါ တိုးတက္ေအာင္ လုပ္ေနသေရြ႔ အားနည္းခ်က္ဆိုတာ ဘယ္မွာ႐ွိဦးမွာလဲ…
ကဲ….မမ….ညီမေလးတို႔ေရာ…အားနည္းခ်က္႐ွိေသးလား….
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Cho Yee Mon Mon
#Unicode Version# ျဖင့္ဖတ္ပါ ။
ကျွန်မ Skirt တို ဝတ်ထားတဲ့ post တစ်ခုအောက်မှာ comment တစ်ခု ရှိခဲ့တယ်။
” ဒူးမဲ ” တဲ့…။ ကျွန်မ နဲ့ လုံးဝ မရင်းနှီးတဲ့သူပါ။ ကျွန်မ ရိုးရိုးလေးပဲ ပြန်မန့်လိုက်ပါတယ်။ ” problem? “နောက်တော့ comment ကို ပြန်ဖျက်သွားတာ တွေ့ရတယ်။
စိတ်လည်းမဆိုးသလို ရှက်လည်းမရှက်ခဲ့ပါဘူး။ အဲ….ဒါပေမယ့် အတွေးလေးတစ်ခုတော့ ရခဲ့တယ်။
လူတိုင်းလူတိုင်းမှာ အားနည်းချက် တစ်ခုစီ အနည်းဆုံး ရှိတတ်ကြတယ်တဲ့။ ဒါပေမယ့် ကျွန်မမှာ အားနည်းချက်တစ်ခုမှ မရှိပါဘူး။
အဲ့ဒီလိုပြောရင် ချိုရည်မွန် က သောက်ကြီးသောက်ကျယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ မတတ်နိုင်ပါ။ ကျွန်မ မှာ အားနည်းချက်မရှိပါ။
ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့ အပြင်ပန်းပုံသဏ္ဍာန်ကိုရော ၊ အတွင်းစိတ်ကိုပါ ကျွန်မကိုယ်ကျွန်မ လက်ခံနိုင်လို့ပါ။
ကျွန်မက ခန္ဓာကိုယ်ရော ရုပ်ရည်ပါ မလှပါဘူး။ အပြင်မှာ ရှိရင်းစွဲအသက်ထက် အများကြီးပိုရင့်ပါတယ်။ ဒါက အားနည်းချက်လို့ ကျွန်မကိုယ် ကျွန်မ မခံယူပါဘူး။ ကျွန်မဆိုတဲ့ သီးသန့်ဖြစ်တည်မှုဟာ အားနည်းချက်လို့ ခံယူလိုက်ရမယ်လို့ မယူဆခဲ့ဖူးဘူး။ ကျွန်မက အသားအရည် မကောင်းသူပါ။ ငယ်ငယ်လေးကတည်းက လက်သည်းရှည်ထားလို့မရသလို ရှိတဲ့ လက်သည်းပိစိလေးနဲ့ ကိုယ့်ဘာသာကိုယ် ပြန်ကုပ်မိလို့ အဆိပ်ဖြစ်ပြီး အနာတွေ ဖြစ်ခဲ့ရတယ်။ ကျွန်မရဲ့ ခြေထောက်မှာ အမာရွတ်တွေ အများကြီးပါ။ အရင်ကတော့ တအားရှက်တယ်။ အဲ့ဒါက အားနည်းချက်တစ်ခုလို့ တွေးထင်ခဲ့ဖူးတယ်။ ဒီအမာရွတ်တွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးသလို ဖြစ်နေတတ်တယ်။
ဒါပေမယ့် အသက်အရွယ် ကြီးလာတာနဲ့အမျှ တွေးခေါ်မှု ပုံစံတွေ ပြောင်းလာတယ်။ ကိုယ့်စိတ်ကို အရင်မပြင်ရင် ဘယ်အရာမှ မအောင်မြင်နိုင်ဘူးဆိုတာ သိပြီးတဲ့နောက် ရအောင် ပြောင်းလဲပစ်တယ်။ ထင်သလောက် မခက်ခဲ့ပါဘူး။ အရှိကို အရှိအတိုင်း ကိုယ်ကိုယ်တိုင် လက်ခံနိုင်ခြင်းဟာ အားနည်းချက်တွေကို လျော့ပါးစေပါတယ်။
” ရုပ်ကြီးကလည်း….ဆိုးလိုက်တာ….” အဲ့ဒီစကားက ကျွန်မကို ရည်ညွန်းပြီး ပြောတာပါ။
” ဟယ်….ငါ ရုပ်ဆိုးတာ သူ့အားနည်းချက် ဖြစ်သွားသလား မသိဘူး….အားနာလိုက်တာဟယ်…”
ငယ်စိတ်နဲ့ဆိုတော့ ပြန်ပြီး ရွဲ့စောင်းပြောခဲ့တယ်။ ကျွန်မရဲ့ ရုပ်ရည်ကို ကျွန်မ လက်ခံနိုင်သေးတာပဲ။ ဘာလို့များ ပြစ်တင်ဝေဖန်ကြရတာလဲ။ ဝိုင်းဝန်းဖေးမပေးမယ့်လူတွေ ဘယ်ပျောက်နေသလဲ လို့တောင် တွေးမိသေးတယ်။ ငယ်ငယ်ကတည်းက ခံယူချက်တစ်ခု ကျွန်မ မှာ ရှိတယ်။ အဲ့ဒါက မိန်းမတိုင်းမှာ မတူညီတဲ့အလှတရား ကိုယ်စီ ရှိတယ် ဆိုတာပါပဲ။ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ…သူ့မှာ အလှတရားနစ်ခု ရှိပါတယ်။ ကျွန်မမှာလည်း အလှတရားတစ်ခု ရှိမယ်လို့ ယုံကြည်တယ်။ အဲ့ဒီယုံကြည်ချက်ကြောင့် ကျွန်မရဲ့ ရုပ်ရည်ဟာ အားနည်းချက်လို့ မတွေးခဲ့မိဘူး။
အသက်ကြီးလာတော့ သူငယ်ချင်းထဲမှာ တရုတ်မလေးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ သူတို့အတွဲနဲ့ ကျွန်မ နေ့လည်စာ စားဖြစ်တယ်။ နောက်နေ့ရောက်တော့ အဲ့ဒီတရုတ်မလေးက ကျွန်မကို ပြောတယ်။
” ချိုရည်မွန်က လက်ဆစ်တွေ ခြေဆစ်တွေ မဲလိုက်တာနော် ” တဲ့။ အဲ့ဒါ သူ့ကောင်လေးက သူ့ကို ပြောတာကို ကျွန်မ ကို ပြန်ပြောပြတာပါ။ ကျွန်မ သူငယ်ချင်းကို ပြောလိုက်ပါတယ်။
” ဟဲ့ ငါ့အဖေ ငါ့အမေက ပေါင်းပြီး ငါ ထွက်လာမှာတော့ ဒီပုံပဲ ဖြစ်မှာပေါ့။ နင့်အဖေ တရုတ် ၊ နင့်အမေတရုတ်ဖြစ်ပြီး ငါ့လို ပုံထွက်လာမလား…” စကားအနိုင်ယူချင်လို့ ၊ ရှက်ပြီး ပြောချင်တာ ပြောတာမဟုတ်ပါဘူး။ ကျွန်မရဲ့ခံယူချက်ကို ကျွန်မ ပြောပြတာပါ။ သူငယ်ချင်းက သိပ်လှပါတယ်။ အသားအရည်လေး ဖြူနုဖတ်နေပြီး သွေးကြောလေးတွေ စိမ်းနေတာလေးကို ကျွန်မ သိပ်သဘောကျပါတယ်။ ဒါပေမယ့် သူကသူ ၊ ကျွန်မကကျွန်မလေ။ ဒီလိုရုပ်မျိုးထွက်လာပေးတာကိုတောင် အဖေနဲ့အမေကို သိပ်ကျေးဇူးတင်လှပြီ။ ကျွန်မ အသားအရည် မလှတာ၊ ကျွန်မရဲ့ ခြေလက်အဆစ်တွေ မဲတာ အားနည်းချက်လို့ ကျွန်မ မခံယူပါဘူး။
ချိုရည်မွန်ဆိုတာ….
ကိုယ့်ကိုယ်ကို ဝနေတယ်ထင်ရင် ဝိတ်ချလိုက်တယ်။ ကျတာ မကျတာ နောက်။ စိတ်ချမ်းသာတာက အရင် လို့ သတ်မှတ်သူ….
ယုံကြည်ချက်တွေ ပျောက်ဆုံးနေတယ်ဆိုတာ ဗိုက်ဆာတဲ့အချိန် ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာလို့ ခံယူထားသူ…
တစ်ခါတစ်ရံ လိုင်းကားစီးတာပျော်ပြီး တစ်ခါတစ်ရံ လိုင်းကားစီးတာ မုန်းနေတတ်တဲ့သူ…
စိတ်ကူးထဲမှာ အိပ်မက်တွေ မက်ကောင်းမက်မယ် လက်တွေ့မှာ အယုံအကြည်မရှိသူ…..
ကျွန်မရဲ့ လှခြင်း မလှခြင်းတော်ခြင်း ညံ့ခြင်းနောက်ဆုံး ကုန်ကုန်ပြောရရင် ညစ်ပတ်ခြင်းကအစ ကိုယ့်ကိုယ်ကို လက်ခံနိုင်တယ်။ တကယ်တော့ ကျွန်မတို့မှာ အားနည်းချက်ရှိတယ်လို့ သတ်မှတ်လိုက်တာ ကျွန်မတို့ကိုယ်တိုင်ပါပဲ။ အဲ့ဒီအားနည်းချက်ဆိုတဲ့အရာကိုတွေးပြီး ကြောက်နေတတ်တယ်။ ရွံ့နေခဲ့တယ်။ အဲ့ဒါက သူများကို တစ်ပန်းရှုံးတာပဲ။ ကျွန်မကတော့ ကျွန်မရဲ့အောက် နိမ့်ကျနေတဲ့ လူတွေကိုလည်း မကြည့်ဘူး။ ကျွန်မထက် သာလွန်နေတဲ့ သူတွေကိုလည်း မကြည့်ဘူး။ ကျွန်မကိုယ်ကျွန်မပဲ ကြည့်ပါတယ်။
ဘာတွေ လိုအပ်နေလဲ….
ဘာတွေ ပြင်ရဦးမလဲ…..
ဘာတွေဖြစ်ချင်တာလဲ….
စိတ်ကျန်းမာရေးလား….ရုပ်ကျန်းမာရေးလား…
လုပ်နိုင်သလောက် ချက်ချင်းထလုပ်ပစ်လိုက်တယ်။
ဘယ်မှာလဲ…ကျွန်မရဲ့ အားနည်းချက်။ အကုန်လုံးကို လက်ခံနိုင်တယ်။ တစ်နေ့ထက် တစ်နေ့ ရုပ်ရောစိတ်ပါ တိုးတက်အောင် လုပ်နေသရွေ့ အားနည်းချက်ဆိုတာ ဘယ်မှာရှိဦးမှာလဲ…
ကဲ….မမ….ညီမလေးတို့ရော…အားနည်းချက်ရှိသေးလား….
ဖိုးသူတော် (www.phothutaw.com)
Credit: Cho Yee Mon Mon