ဒီလိုေျပာရင္ အေတာ္မ်ားမ်ားကအံ့ျသႏွာေခါင္း႐ွံု႕သြားၾကမွာ ေသခ်ာပါတယ္။ ဟုုတ္ပါတယ္။ ျဖစ္လဲျဖစ္သင့္တာကိုး။ Exter တကၠသိုလ္က သိပၸံပညာရွင္ေတြ ရဲ႕ ေထာက္ခံခ်က္ကေတာ့ ခ်စ္သူရဲ႕ေလလည္နံ႔က လူကုိတကယ္ကိုအသက္ပို႐ွည္ေစၿပီး အနာကင္းေစပါတယ္တဲ့ဗ်ား။
အေၾကာင္းကေတာ့ ေလလည္တဲ့အခါ လူ႔ခႏၶာကိုယ္ကထုတ္လႊတ္လိုက္တဲ့ ဟိုက္ၿဒိဳဂ်င္ဆာလဖိုက္အေငြ႕ေၾကာင့္ပါပဲ။ သူကသိတဲ့အတိုင္း အနံ႔စူးစူးနဲ႔ ၾကက္ဥအပုပ္လိုအနံ႔အသက္ေတြရေစတယ္။ သူကေလလည္ရာမွာ အနံ႔ဆိုးကိုျဖစ္ေစတယ္ေပါ့။ တကယ္အေျဖထုတ္ၾကည့္တဲ့အခါမွာေတာ့ သူကလူ႕ခႏၶာကိုယ္ကေန သဘာဝအတုိင္းျဖစ္ေပၚလာတဲ့ဓာတ္ေငြ႕တစ္မ်ိဳးပါ။ ေလလည္တဲ့အခါ ထြက္႐ွိလာတဲ့ ဒီဓာတ္ေငြ႕ဟာ အသက္ကိုပါၿခိမ္းေျခာက္ႏိုင္တဲ့ ကင္ဆာေရာဂါ ၊ ေလျဖတ္ေလငန္းျဖစ္တာ၊ ႏွလံုးတိုက္ခိုက္ခံရတာ စသျဖင့္ အႏၱရာယ္သိပ္ႀကီးတဲ့ ေရာဂါေတြကို ကာကြယ္ေပးေနပါတယ္တဲ့ဗ်ား။ ေလလည္နဲ႔ရဲ႕အစြမ္းသတၱိက ေတာ္ေတာ္မေသးပါလား။
အဆစ္ေရာင္နာေရာဂါ၊ အသက္ႀကီးလာရင္ျဖစ္တတ္တဲ့ မွတ္ဥာဏ္ေပ်ာက္ဆံုး ဦးေႏွာက္ထိခို္က္ေရာဂါ ေတြကိုပါ ကာကြယ္ေပးႏုိင္တယ္လို႔ သိပၸံသုေတသီအဖြဲ႕က အခုိုင္အမာဆိုခဲ့တာ တကယ္အံ့အားသင့္စရာျဖစ္ခဲ့ရပါတယ္။ သင့္တင့္တဲ့ဟိုက္ၿဒိဳဂ်င္ဆာလဖိုက္ဓာတ္ေငြ႕ပမာဏ ဟာ လူသားေတြရဲ႕ က်န္းမာေရးကယ္တင္႐ွင္ႀကီးျဖစ္လာၿပီလို႔သာ သတ္မွတ္ရေတာ့မွာပါ။
သုေတသီေတြက ေလလည္တဲ့အခါထြက္လာတဲ့ ဓာတ္ေငြ႕ပံုစံတူ AP39 ဓာတ္ေငြ႕ကို သဘာဝအတိုင္းဖန္တီးခဲ့ၿပီး ေဝဒနာခံစားေနရတဲ့ဆဲလ္ေတြနဲ႔ ထိေတြ႕ေပးတဲ့အခါ အမွန္တကယ္ကိုျပန္လည္ေကာင္းမြန္လာၿပီး ဆက္လက္႐ွင္သန္သြားေၾကာင္း ေတြ႕႐ွိခဲ့ၾကတာပါပဲ။
AP39 ရဲ႕ အစြမ္းသတၱိ က ေသြးတိုးကိုလည္းက်ေစသလို ႏွလံုးေရာဂါသမားေတြအတြက္လည္း ႏွလံုးခုန္ျခင္းကိုပံုမွန္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဒီေန႔ကစၿပီး ေလလည္နံ႔ရတဲ့့အခါ၊ ေလလည္သံၾကားရတဲ့အခါ ႏွာေခါင္းကိုလက္နဲ႔ပိတ္စရာမလိုေတာ့ဘဲ ရဲရဲ၀ံ့၀ံ့ နဲ႔ လြတ္လပ္စြာပဲ ေလကိုအားရးပါရ႐ွဴ႐ိႈက္ႏိုင္ၿပီျဖစ္ေၾကာင္း ဝမ္းသာအားရသတင္းပါးလိုက္ရပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Version#
ဒီလိုပြောရင် အတော်များများကအံ့သြနှာခေါင်းရှုံ့သွားကြမှာ သေချာပါတယ်။ ဟုတ်ပါတယ်။ ဖြစ်လဲဖြစ်သင့်တာကိုး။ Exter တက္ကသိုလ်က သိပ္ပံပညာရှင်တွေ ရဲ့ ထောက်ခံချက်ကတော့ ချစ်သူရဲ့လေလည်နံ့က လူကိုတကယ်ကိုအသက်ပိုရှည်စေပြီး အနာကင်းစေပါတယ်တဲ့ဗျား။
အကြောင်းကတော့ လေလည်တဲ့အခါ လူ့ခန္ဓာကိုယ်ကထုတ်လွှတ်လိုက်တဲ့ ဟိုက်ဒြိုဂျင်ဆာလဖိုက်အငွေ့ကြောင့်ပါပဲ။ သူကသိတဲ့အတိုင်း အနံ့စူးစူးနဲ့ ကြက်ဥအပုပ်လိုအနံ့အသက်တွေရစေတယ်။ သူကလေလည်ရာမှာ အနံ့ဆိုးကိုဖြစ်စေတယ်ပေါ့။ တကယ်အဖြေထုတ်ကြည့်တဲ့အခါမှာတော့ သူကလူ့ခန္ဓာကိုယ်ကနေ သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ဓာတ်ငွေ့တစ်မျိုးပါ။ လေလည်တဲ့အခါ ထွက်ရှိလာတဲ့ ဒီဓာတ်ငွေ့ဟာ အသက်ကိုပါခြိမ်းခြောက်နိုင်တဲ့ ကင်ဆာရောဂါ ၊ လေဖြတ်လေငန်းဖြစ်တာ၊ နှလုံးတိုက်ခိုက်ခံရတာ စသဖြင့် အန္တရာယ်သိပ်ကြီးတဲ့ ရောဂါတွေကို ကာကွယ်ပေးနေပါတယ်တဲ့ဗျား။ လေလည်နဲ့ရဲ့အစွမ်းသတ္တိက တော်တော်မသေးပါလား။
အဆစ်ရောင်နာရောဂါ၊ အသက်ကြီးလာရင်ဖြစ်တတ်တဲ့ မှတ်ဉာဏ်ပျောက်ဆုံး ဦးနှောက်ထိခိုက်ရောဂါ တွေကိုပါ ကာကွယ်ပေးနိုင်တယ်လို့ သိပ္ပံသုတေသီအဖွဲ့က အခိုင်အမာဆိုခဲ့တာ တကယ်အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ သင့်တင့်တဲ့ဟိုက်ဒြိုဂျင်ဆာလဖိုက်ဓာတ်ငွေ့ပမာဏ ဟာ လူသားတွေရဲ့ ကျန်းမာရေးကယ်တင်ရှင်ကြီးဖြစ်လာပြီလို့သာ သတ်မှတ်ရတော့မှာပါ။
သုတေသီတွေက လေလည်တဲ့အခါထွက်လာတဲ့ ဓာတ်ငွေ့ပုံစံတူ AP39 ဓာတ်ငွေ့ကို သဘာဝအတိုင်းဖန်တီးခဲ့ပြီး ဝေဒနာခံစားနေရတဲ့ဆဲလ်တွေနဲ့ ထိတွေ့ပေးတဲ့အခါ အမှန်တကယ်ကိုပြန်လည်ကောင်းမွန်လာပြီး ဆက်လက်ရှင်သန်သွားကြောင်း တွေ့ရှိခဲ့ကြတာပါပဲ။
AP39 ရဲ့ အစွမ်းသတ္တိ က သွေးတိုးကိုလည်းကျစေသလို နှလုံးရောဂါသမားတွေအတွက်လည်း နှလုံးခုန်ခြင်းကိုပုံမှန်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး လေလည်နံ့ရတဲ့အခါ၊ လေလည်သံကြားရတဲ့အခါ နှာခေါင်းကိုလက်နဲ့ပိတ်စရာမလိုတော့ဘဲ ရဲရဲဝံ့ဝံ့ နဲ့ လွတ်လပ်စွာပဲ လေကိုအားရးပါရရှူရှိုက်နိုင်ပြီဖြစ်ကြောင်း ဝမ်းသာအားရသတင်းပါးလိုက်ရပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
Home
»
က်န္းမာေရး
»
ခ်စ္ေရးခ်စ္ရာ
»
ဗဟုသုတ
» ခ်စ္သူရဲ႕ေလလည္နံ႔က လူကုိအသက္ပို႐ွည္ေစႏိုင္ေၾကာင္း ေတြ႔ရွိ
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။