












Credit:simonhealth
#Unicode Version#
ငှက်ပျောဖူကို စားဖူးမယ် ထင်ပါတယ်။ အညာဘက်မှာ ဆိုရင်တော့ ငှက်ပျောဖူးကို ရေလေးနဲ့ လျှောပြီးပြုတ်၊ မြေပဲဆံ ထောင်းလေးနဲ့ သုပ်စား တတ်သလို၊ အချဉ် သိပ်ပြီး ချဉ်ဖက် ကိုလည်း သုပ်စား တာမျိုး၊ ဒီအတိုင်း အကွင်းလိုက် လှီးပြီး ချက်စား တာမျိုးလည်း ရှိပါတယ်။

ငှက်ပျောဖူးကို ပုံမှန်စားပေးပါက အောက်ပါ အကျိုးတွေကို ရရှိမှာ ဖြစ်ပါတယ်။

(၁) ရောဂါကူးစက်မှုကို ကာကွယ်ပေးတယ်

ငှက်ပျောဖူးမှာ Ethanol ဓာတ်ပေါင်း ပါဝင်ပါတယ်။ အဲဒီ ဓာတ်ပေါင်းဟာ ခန္ဓာကိုယ် ထဲကို ရောက်သွားပြီ ဆိုတာနဲ့ ခန္ဓာကိုယ်ရဲ့ ရောဂါ တိုက်ထုတ်မှု စနစ်ကို အထူး ထောက်ပံ့ ပေးပါတယ်။

ဒါကြောင့် ငှက်ပျောဖူးကို စားပေးရုံနဲ့ သာမန်ဖျားနာလေးတွေသာမက၊ ကင်ဆာကဲ့သို့သော ရောဂါဆိုးကြီး တွေကိုပါ ကာကွယ်ပေးပါတယ်။

(၂) အသက်ကြီးရင့်မှုကို လျှော့ချပေးတယ်

ဗီတာမင်စီ ကြွယ်ဝတဲ့ ငှက်ပျောဖူးက ခန္ဓာကိုယ်တွင်း ဆဲလ်တွေ၊ တစ်ရှုးတွေ လျှင်မြန်စွာ ပျက်စီးခြင်းကို ထိထိ ရောက်ရောက် ကာကွယ် ပေးနိုင် ပါတယ်။ အထူးသဖြင့် အရွယ်တင် နုပျိုမှုကို ဖြစ်စေပြီး၊ အသက်ရှည်တဲ့ ဘဝကိုလည်း ပိုင်ဆိုင် စေပါတယ်။

(၃) နှလုံးရောဂါကို မဖြစ်စေဘူး

ပိုတက်စီယမ် ကြွယ်ဝတဲ့ ငှက်ပျောဖူးဟာ အစား အစာတွေကို လွယ်ကူစွာ ချေဖြတ် ပေးပါတယ်။ သွေးနဲ့ အစား အစာတွေ ထဲမှာရှိတဲ့ ကိုလက်စထရောနဲ့၊ အဆိပ် အတောက် တွေကို အမြန်ဆုံး နည်းနဲ့ ဖယ်ရှား ပေးနိုင် ပါတယ်။ နှလုံးရောဂါနဲ့ ဆက်စပ် ရောဂါတွေကို ကာကွယ် ပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။

(၄) အစာချေစနစ်ကို ကောင်းမွန်စေတယ်

တစ်ချို့က ငှက်ပျောဖူးကို ဝမ်းချုပ်တဲ့ အခါမှာ ချက်ကျွေး တတ်ကြ ပါတယ်။ ငှက်ပျောဖူးရဲ့ သတ္တိက ဝမ်းသွားနေသူကို ဝမ်းရပ်စေပြီး၊ ပိုတက်စီယံ ဓာတ်က ဝမ်းမသွားသူကို ဝမ်းသွားအောင် အစာခြေ စနစ်ကို ပြုပြင်ပေး ပါတယ်။

(၅) အမျိုးသမီးများ ဓမ္မတာကို မှန်စေတယ်

ဓမ္မတာမမှန်တဲ့ အမျိုးသမီးတွေ အတွက်တော့ သဘာဝဆေးလို့ ဆိုပါတယ်။ ထိမ်ခြင်း၊ ကျန်ခြင်း၊ ပုံမှန် မဟုတ်သော အရောင်ဆင်းခြင်း စတာတွေကိုလည်း မဖြစ်စေပါဘူး။

အမျိုးသမီးတွေ လစဉ်ဖြစ်ပေါ်လေ့ရှိတတ်တဲ့ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ စိတ်ကြွပ်ဆပ်ခြင်း စတာတွေကိုပါ ပျောက်ကင်း စေနိုင်ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:simonhealth
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top