ဒူးဒဏ္ရာ ေၾကာင့္ ေဘာလုံးသမားဘဝကေန အနားယူလိုက္ရတဲ့ ျမန္မာ့လက္ေရြးစင္ကစားသမားေဟာင္း ေက်ာ္မင္းဦး တစ္ေယာက္ ေဘာလုံးေလာကထဲ ျပန္လာႏိုင္ေတာ့မွာပါ။

အသက္ ၂၃ ႏွစ္အရြယ္ရိွၿပီျဖစ္တဲ့ ေက်ာ္မင္းဦးဟာ ယူ ၂၀ ကမာၻ႕ဖလားၿပိဳင္ပြဲဝင္ျမန္မာအသင္းရဲ႕ အားထားရ တဲ့ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

ဒီလိုေျခစြမ္းထက္ေနတဲ့အခ်ိန္မွာ ဒူးဒဏ္ရာရၿပီး ဘန္ေကာက္မွာ ခြဲစိတ္ကုသမႈခံယူခဲ့ေပမယ့္ မသက္သာတာေၾကာင့္ ေဘာလုံးေလာကေန အနားယူလုိက္ရတာပါ။

ဒါေပမယ့္ အခုေတာ့ ေက်ာ္မင္းဦးရဲ႕ ဒဏ္ရာကို ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌ ဦးေဇာ္ေဇာ္က ေဘာလုံးကစားလို႕ရတဲ့ အထိ တာဝန္ယူ အကုန္အက်ခံကာခြဲစိတ္ေပးေတာ့မွာပါ။

ေက်ာ္မင္းဦးရဲ႕ဒဏ္ရာ အေျခအေနကို ဂ်ပန္ႏုိင္ငံကို ေပးပို႕စစ္ေဆးရာမွာ ျပန္လည္ေကာင္းမြန္လာႏိုင္တဲ့ အေျခအေန ရိွတာေၾကာင့္ ထိုင္းႏိုင္ငံကိုပို႕ေဆာင္ၿပီး ေဆးကုသေစေတာ့မွာပါ။

ဒဏ္ရာေပ်ာက္ကင္းၿပီး ေဘာလုံးျပန္ကစားႏိုင္ရင္လည္း ကစားလိုတဲ့ ျမန္မာလိဂ္ရဲ႕ ဘယ္အသင္းနဲ႕မဆို စာခ်ဳပ္ခ်ဳပ္ ႏုိင္ဖုိ႕ပါစီစဥ္ေပးသြားမယ္လုိ႕သိရပါတယ္။

ဒီလုိေဆးကုသမႈ ခံယူေနတဲ့အခ်ိန္အတြင္းမွာလည္း လစာအေနနဲ႕ တစ္လကို ဆယ္သိန္း ဦးေဇာ္ေဇာ္က ေပးသြားမွာလည္းျဖစ္ပါတယ္။

လက္ရွိ ျမန္မာ့လက္ေရြးစင္အသင္းမွာ ကစားေနတဲ့ ကြင္းလယ္ကစားသမားၿငိမ္းခ်မ္းေအာင္ကိုလည္း ဒူဒဏ္ရာရကာ ကာလရွည္နားေနရတာကေန ဦးေဇာ္ေဇာ္ကပဲ စရိတ္ခံၿပီး ေဆးကုသေပးခဲ့ရတာပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ရုပ္သံသတငး္ေထာက္ – ယဥ္မြန္ 7Day News Journal

#Unicode Version#
ဒူးဒဏ်ရာ ကြောင့် ဘောလုံးသမားဘဝကနေ အနားယူလိုက်ရတဲ့ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ကျော်မင်းဦး တစ်ယောက် ဘောလုံးလောကထဲ ပြန်လာနိုင်တော့မှာပါ။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကျော်မင်းဦးဟာ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မြန်မာအသင်းရဲ့ အားထားရ တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဒီလိုခြေစွမ်းထက်နေတဲ့အချိန်မှာ ဒူးဒဏ်ရာရပြီး ဘန်ကောက်မှာ ခွဲစိတ်ကုသမှုခံယူခဲ့ပေမယ့် မသက်သာတာကြောင့် ဘောလုံးလောကနေ အနားယူလိုက်ရတာပါ။

ဒါပေမယ့် အခုတော့ ကျော်မင်းဦးရဲ့ ဒဏ်ရာကို ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ဘောလုံးကစားလို့ရတဲ့ အထိ တာဝန်ယူ အကုန်အကျခံကာခွဲစိတ်ပေးတော့မှာပါ။

ကျော်မင်းဦးရဲ့ဒဏ်ရာ အခြေအနေကို ဂျပန်နိုင်ငံကို ပေးပို့စစ်ဆေးရာမှာ ပြန်လည်ကောင်းမွန်လာနိုင်တဲ့ အခြေအနေ ရှိတာကြောင့် ထိုင်းနိုင်ငံကိုပို့ဆောင်ပြီး ဆေးကုသစေတော့မှာပါ။

ဒဏ်ရာပျောက်ကင်းပြီး ဘောလုံးပြန်ကစားနိုင်ရင်လည်း ကစားလိုတဲ့ မြန်မာလိဂ်ရဲ့ ဘယ်အသင်းနဲ့မဆို စာချုပ်ချုပ် နိုင်ဖို့ပါစီစဉ်ပေးသွားမယ်လို့သိရပါတယ်။

ဒီလိုဆေးကုသမှု ခံယူနေတဲ့အချိန်အတွင်းမှာလည်း လစာအနေနဲ့ တစ်လကို ဆယ်သိန်း ဦးဇော်ဇော်က ပေးသွားမှာလည်းဖြစ်ပါတယ်။

လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းမှာ ကစားနေတဲ့ ကွင်းလယ်ကစားသမားငြိမ်းချမ်းအောင်ကိုလည်း ဒူဒဏ်ရာရကာ ကာလရှည်နားနေရတာကနေ ဦးဇော်ဇော်ကပဲ စရိတ်ခံပြီး ဆေးကုသပေးခဲ့ရတာပါ။

ဖိုးသူတော်(www.phothutaw.com)
Credit:ရုပ်သံသတင်းထောက် – ယဉ်မွန် 7Day News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top