မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္းမွ လယ္ယာ ေျမ ေတြကို အျခားနည္းသုံးစြဲခြင့္ ေလွ်ာက္ ထားျခင္းမရွိဘဲ အိမ္ေဆာက္ျခင္း၊ လမ္းေဖာ္ျခင္းႏွင့္ေျမေဖာ္ျခင္းျပဳလုပ္ေနသူမ်ား၊ ကားမ်ားျဖင့္ ေျမ၊ေက်ာက္ သယ္ယူပို႔ေဆာင္ေပးသူမ်ားကိုပါ ျပင္းျပင္းထန္ထန္ အေရးယူသြားမည္ဟု ပုသိမ္ႀကီးၿမိဳ႕နယ္၊ စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ ဦးၫႊန႔္ဆန္းက မဇၩိမကို ေျပာသည္။

"ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္းရွိ ၄၉၃၊ ရန္ကင္း၊ ကန္ေကာက္ကြင္း၊ နန္းဦးလြင္ကြင္း အဲဒီအထဲမွာ လယ္ယာေျမ အျခားနည္းသုံးစြဲခြင့္မရွိဘဲနဲ႔ ေျမဖို႔ျခင္း၊ လမ္းေဖာ္ျခင္း၊ အိမ္ ေဆာက္ျခင္းေတြကို အေရးယူေဆာင္႐ြက္ခဲ့ပါတယ္။ အခုလည္း ဆက္လက္ၿပီးေတာ့ ျပင္းျပင္းထန္ထန္ အေရးယူဖို႔ ၫႊန္ၾကားထားၿပီးျဖစ္ပါတယ္။"ဟု ဦးၫႊန႔္ဆန္းက ေျပာသည္။

ယခင္က အေရးယူမႈမ်ားျပဳလုပ္ေနေသာ္လည္း ယခုအခါတြင္ တစ္ခ်ိဳ႕ေသာသူမ်ားသည္ ဆက္လုပ္ကိုင္ျခင္းမ်ား ရွိေနျခင္းေၾကာင့္ ေက်ာက္ေျမ သယ္ယူပို႔ေဆာင္ေပးသည့္ကားမ်ားပါ အေရးယူသြားျဖစ္သည္။

“ ကြၽန္ေတာ္အထူးေျပာခ်င္တာကေတာ့ ေက်ာက္ထုတ္လုပ္သူေတြ ရွိတယ္။ ကြၽန္ေတာ္တို႔ဆီမွာ ေျမထုတ္ လုပ္သူေတြ ရွိတယ္။ ေနာက္ၿပီးေတာ့ ကားေတြနဲ႔ လိုက္လံၿပီးေတာ့မွ သယ္ယူပို႔ေဆာင္ေနတာေတြ ရွိတယ္။ ဒီအေပၚမွာ ကားေတြက ၿမိဳ႕နယ္ထဲမွာရွိတဲ့၊ လယ္ယာေျမထဲကို ခြင့္မရွိဘဲနဲ႔ ေျမဖို႔ျခင္း၊ ေက်ာက္ခ်ျခင္း၊ လမ္းေဖာ္ျခင္း ဒါေတြ လုပ္ေနတယ္၊ ေဆာင္႐ြက္ေနတယ္ဆိုရင္ ကြၽန္ေတာ္တို႔ တိုင္းစည္ပင္ကေနၿပီးေတာ့မွ ဝန္ႀကီးရဲ႕ ၫႊန္ၾကားမႈအရ အေရးယူေဆာင္႐ြက္သြားမယ္ "ဟု ဦးၫႊန႔္ဆန္းက ေျပာသည္။

ထိုသို႔ အေရးယူသြားမည္ျဖစ္ေၾကာင္းကို ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္းရွိ ေက်ာက္ထုတ္လုပ္ေရးစခန္းမ်ားႏွင့္ ေျမထုတ္လုပ္ေရာင္းခ်ေနသူမ်ား၊ ေျမသယ္၊ ေက်ာက္သယ္ယာဥ္ေမာင္းမ်ား၊ ယာဥ္ပိုင္ရွင္မ်ားကို သိရွိနားလည္ ေစရန္ ပညာေပးေဟာေျပာမႈမ်ားလည္း ျပဳလုပ္လွ်က္ရွိေၾကာင္းလ သိရသည္။

ေက်ာက္ထုတ္လုပ္ေရာင္းခ်ေနသူတစ္ဦးက"ေဟာေျပာတာေတာ့ ရွိပါတယ္။ ဒါေပမယ့္ ေက်ာက္လာမွာတဲ့သူကို ခင္ဗ်ာေျမ ဘာေျမလည္းတို႔ တရားဝင္လားတို႔ ေမးဖို႔ၾက အဆင္မေျပေလာက္ဘူး။ မွာတဲ့သူဝယ္တဲ့သူ ရွိမွ ေရာင္းရတာေလ။ ကြၽန္ေတာ္တို႔ပါ အေရးယူမယ္ဆိုေတာ့ ဘာလုပ္စားမွန္းေတာင္ မသိေတာ့ဘူး။"ဟု ေျပာသည္။

ေက်ာက္သယ္၊ ေျမသယ္ယာဥ္ေမာင္းတစ္ခ်ိဳ႕မွာ အေရးယူခံရမည္ကို စိုးရိမ္လွ်က္ရွိေသာ္လည္း စားဝတ္ေနေရး အရ ဆက္လက္လုပ္ေဆာင္သြားမည္ဟု ဆိုၾကသည္။

"အခုကေတာ့ လယ္ယာေျမ ဖို႔ ဖို႔တို႔၊ လမ္းခင္းဖို႔တို႔ လာဝယ္တာမ်ားတယ္။ ကြၽန္ေတာ္တို႔လည္း အဲဒါေတြပဲ အမ်ားဆုံး ပို႔ေနရတယ္။ ၿမိဳ႕ထဲက သူ႔လူနဲ႔သူ႔ကုမၸဏီ ရွိတယ္။ ကြၽန္ေတာ္တို႔လို ေခါက္စားသမားကေတာ့ ဘယ္သူက မွာမွာ ပို႔ရတာပဲ။

လယ္ယာေျမထဲမွာ ေဆာက္ေနတာလည္း မ်က္ျမင္ပဲ။ ဥပေဒ မေလးစားလို႔ေတာ့ မဟုတ္ဘူး။ စားဝတ္ေနေရးအတြက္ကေတာ့ လုပ္ေနရဦးမွာပဲ။"ဟု ေက်ာက္သယ္ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။

လယ္ယာေျမအား အျခားနည္းသုံးစြဲခြင့္ ေလွ်ာက္ထားျခင္းမရွိဘဲ မသုံးျပဳေနသူမ်ားေတြ႕ရွိပါက အေရးယူမႈမ်ား ျပဳလုပ္ေနေသာ္လည္း ဆက္လက္ေဆာက္လုပ္ေနထိုင္သူမ်ားလည္း ရွိေနေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ လယ်ယာမြေတွေကို အခြားနည်းသုံးစွဲခွင့် လျှောက် ထားခြင်းမရှိဘဲ အိမ်ဆောက်ခြင်း၊ လမ်းဖော်ခြင်းနှင့်မြေဖော်ခြင်းပြုလုပ်နေသူများ၊ ကားများဖြင့် မြေ၊ကျောက် သယ်ယူပို့ဆောင်ပေးသူများကိုပါ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ပုသိမ်ကြီးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်ဆန်းက မဇ္ဈိမကို ပြောသည်။

"ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ၄၉၃၊ ရန်ကင်း၊ ကန်ကောက်ကွင်း၊ နန်းဦးလွင်ကွင်း အဲဒီအထဲမှာ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်မရှိဘဲနဲ့ မြေဖို့ခြင်း၊ လမ်းဖော်ခြင်း၊ အိမ်ဆောက်ခြင်းတွေကို အရေးယူဆောင်ရွက်ခဲ့ပါတယ်။ အခုလည်း ဆက်လက်ပြီးတော့ ပြင်းပြင်းထန်ထန် အရေးယူဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။"ဟု ဦးညွှန့်ဆန်းက ပြောသည်။

ယခင်က အရေးယူမှုများပြုလုပ်နေသော်လည်း ယခုအခါတွင် တစ်ချို့သောသူများသည် ဆက်လုပ်ကိုင်ခြင်းများ ရှိနေခြင်းကြောင့် ကျောက်မြေ သယ်ယူပို့ဆောင်ပေးသည့်ကားများပါ အရေးယူသွားဖြစ်သည်။

“ ကျွန်တော်အထူးပြောချင်တာကတော့ ကျောက်ထုတ်လုပ်သူတွေ ရှိတယ်။ ကျွန်တော်တို့ဆီမှာ မြေထုတ် လုပ်သူတွေ ရှိတယ်။ နောက်ပြီးတော့ ကားတွေနဲ့ လိုက်လံပြီးတော့မှ သယ်ယူပို့ဆောင်နေတာတွေ ရှိတယ်။ ဒီအပေါ်မှာ ကားတွေက မြို့နယ်ထဲမှာရှိတဲ့၊ လယ်ယာမြေထဲကို ခွင့်မရှိဘဲနဲ့ မြေဖို့ခြင်း၊ ကျောက်ချခြင်း၊ လမ်းဖော်ခြင်း ဒါတွေ လုပ်နေတယ်၊ ဆောင်ရွက်နေတယ်ဆိုရင် ကျွန်တော်တို့ တိုင်းစည်ပင်ကနေပြီးတော့မှ ဝန်ကြီးရဲ့ ညွှန်ကြားမှုအရ အရေးယူဆောင်ရွက်သွားမယ် "ဟု ဦးညွှန့်ဆန်းက ပြောသည်။

ထိုသို့ အရေးယူသွားမည်ဖြစ်ကြောင်းကို ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျောက်ထုတ်လုပ်ရေးစခန်းများနှင့် မြေထုတ်လုပ်ရောင်းချနေသူများ၊ မြေသယ်၊ ကျောက်သယ်ယာဉ်မောင်းများ၊ ယာဉ်ပိုင်ရှင်များကို သိရှိနားလည် စေရန် ပညာပေးဟောပြောမှုများလည်း ပြုလုပ်လျှက်ရှိကြောင်းလ သိရသည်။

ကျောက်ထုတ်လုပ်ရောင်းချနေသူတစ်ဦးက"ဟောပြောတာတော့ ရှိပါတယ်။ ဒါပေမယ့် ကျောက်လာမှာတဲ့သူကို ခင်ဗျာမြေ ဘာမြေလည်းတို့ တရားဝင်လားတို့ မေးဖို့ကြ အဆင်မပြေလောက်ဘူး။ မှာတဲ့သူဝယ်တဲ့သူ ရှိမှ ရောင်းရတာလေ။ ကျွန်တော်တို့ပါ အရေးယူမယ်ဆိုတော့ ဘာလုပ်စားမှန်းတောင် မသိတော့ဘူး။"ဟု ပြောသည်။

ကျောက်သယ်၊ မြေသယ်ယာဉ်မောင်းတစ်ချို့မှာ အရေးယူခံရမည်ကို စိုးရိမ်လျှက်ရှိသော်လည်း စားဝတ်နေရေး အရ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုကြသည်။

"အခုကတော့ လယ်ယာမြေ ဖို့ ဖို့တို့၊ လမ်းခင်းဖို့တို့ လာဝယ်တာများတယ်။ ကျွန်တော်တို့လည်း အဲဒါတွေပဲ အများဆုံး ပို့နေရတယ်။ မြို့ထဲက သူ့လူနဲ့သူ့ကုမ္ပဏီ ရှိတယ်။ ကျွန်တော်တို့လို ခေါက်စားသမားကတော့ ဘယ်သူက မှာမှာ ပို့ရတာပဲ။

လယ်ယာမြေထဲမှာ ဆောက်နေတာလည်း မျက်မြင်ပဲ။ ဥပဒေ မလေးစားလို့တော့ မဟုတ်ဘူး။ စားဝတ်နေရေးအတွက်ကတော့ လုပ်နေရဦးမှာပဲ။"ဟု ကျောက်သယ်ယာဉ်မောင်းတစ်ဦးက ပြောသည်။

လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့် လျှောက်ထားခြင်းမရှိဘဲ မသုံးပြုနေသူများတွေ့ရှိပါက အရေးယူမှုများ ပြုလုပ်နေသော်လည်း ဆက်လက်ဆောက်လုပ်နေထိုင်သူများလည်း ရှိနေကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top