ႏုိင္းႏုိင္းဟာ ေတာထဲေတာင္ထဲမွာ ရုိက္ကူးေရးလုပ္ေနရတဲ့ အေတြ႔အႀကဳံကုိ ပရိသတ္ေတြဆီ မွ်ေဝေျပာျပလာပါတယ္။ လက္ရွိမွာေတာ့ ဒါရုိက္တာ ဘုဏ္းသုိက္၊ သရုပ္ေဆာင္ ခါရာတုိ႔နဲ႔ အတူ ဇာတ္ကားရုိက္ကူးေနတာေတြ႔ရပါတယ္။

ႏုိင္းႏုိင္းက လက္ရွိမွာ ဒါရုိက္တာဘုဏ္းသုိက္၊ သရုပ္ေဆာင္ခါရာ တုိ႔နဲ႔ အတူ နယ္မွာ ရုပ္ရွင္ကားႀကီးရုိက္ကူးေနတာ ေတြ႔ရပါတယ္။ အႏုပညာရွင္တစ္ေယာက္ျဖစ္ေပမယ့္ လူေတြထဲက လူတစ္ေယာက္ျဖစ္တယ္ဆုိတာကုိ ရုိက္ကြင္းေပၚက အေတြ႔အႀကဳံနဲ႔ ေျပာျပလာပါတယ္။

‘’ကြၽန္​​ေတာ္​တို႔ အႏုပညာသမားမ်ားဘဝက တစ္​ခါတစ္​​ေလ ဒီလို​ေလး​ေတြ႐ွိတတ္​ပါတယ္​။ ပြဲတက္​​ေသာအခါ ျမင္​​ေတြ႔ရ​ေသာပံုစံ ကို လူအမ်ားျမင္​ဖူး​ေပမယ္​့ ​ေတာထဲ​ေတာင္​ထဲ တ​ကယ္​အလုပ္​လုပ္​ရ​ေသာအခါ ေနတတ္​၊စားတတ္​၊အိပ္​တတ္​ဖို႔ လိုပါတယ္​။ ကြၽန္​​ေတာ္​ခ်စ္​​ေသာ ပရိတ္​သတ္​ႀကီး။ ကြၽန္​​ေတာ္​့တို႔ဟာ လူထဲကလူပါပဲ’’ ဆုိၿပီးေတာ့ သူ႔ရဲ႕ Actor 99 Facebook Page မွာ ဧၿပီလ ၈ ရက္ေန႔ ေန႔လယ္ ၁၁ နာရီ မိနစ္ ၄၀ က ေရးခဲ့တာျဖစ္ပါတယ္။



သူဟာ မိသားစုေတြနဲ႔အတူ အေမရိကန္ႏုိင္ငံ New York ၿမိဳ႕မွာ ေနထုိင္တာျဖစ္ပါတယ္။ သူ႔အေနနဲ႔ ရုပ္ရွင္ဇာတ္ကားရုိက္ကူးေရးအျပင္၊ ေနာက္ထပ္ အႏုပညာနဲ႔ဆက္ႏြယ္တဲ့ အလုပ္ကိစၥေတြရွိမွသာ ျမန္မာႏုိင္ငံကုိ ျပန္လည္ေရာက္ရွိလာတာျဖစ္ပါတယ္။

ႏုိင္းႏုိင္းဟာ အႏုပညာသက္တမ္း အႏွစ္ ၂၀ေက်ာ္ကုိ ေရာက္ရွိေနၿပီျဖစ္ပါတယ္။ သူ႔ကုိေတာ့ Music Video ေတြ၊ ဗီဒီယုိဇာတ္ကားေတြကေနတဆင့္ ပရိသတ္ စတင္သိရွိခဲ့တာပါ။ အႏုပညာသက္တမ္းၾကာလာတာနဲ႔အမွ် ပရိသတ္မ်ားစြာတုိ႔ရဲ႕ အားေပးမႈေၾကာင့္ ေအာင္ျမင္မႈတစ္ခု ရရွိလာခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူဟာ ပရိသတ္အခုိင္အမာနဲ႔ ရပ္တည္ေနတဲ့ သရုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။

အဲဒီေနာက္မွာေတာ့ ဇနီးျဖစ္သူ စႏၵီခ်ဳိနဲ႔  ၂၀၀၈ ခုႏွစ္မွာ လက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။ အခုဆုိရင္ေတာ့ သူတုိ႔ မိသားစုေလးဟာ သားသမီးေလးဦး ထြန္းကားလို႕ ေနၿပီ ျဖစ္ပါတယ္။ နားလည္မႈေတြနဲ႔ တည္ေဆာက္ထားတဲ့ ႏုိင္းႏိုင္းတို႕ရဲ႕ အိမ္ေထာင္ေရးကေတာ့ ျမင္ရသူ ပရိသတ္ေတြအဖုိ႕ၾကည္ႏူးဖို႕ေကာင္း ပါတယ္။ ႏုိင္းႏုိင္း နဲ႔ စႏၵီခ်ဳိတုိ႔မွာ သမီး ၃ ေယာက္၊ သားတစ္ေယာက္ရွိပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


နိုင်းနိုင်းဟာ တောထဲတောင်ထဲမှာ ရိုက်ကူးရေးလုပ်နေရတဲ့ အတွေ့အကြုံကို ပရိသတ်တွေဆီ မျှဝေပြောပြလာပါတယ်။ လက်ရှိမှာတော့ ဒါရိုက်တာ ဘုဏ်းသိုက်၊ သရုပ်ဆောင် ခါရာတို့နဲ့ အတူ ဇာတ်ကားရိုက်ကူးနေတာတွေ့ရပါတယ်။

နိုင်းနိုင်းက လက်ရှိမှာ ဒါရိုက်တာဘုဏ်းသိုက်၊ သရုပ်ဆောင်ခါရာ တို့နဲ့ အတူ နယ်မှာ ရုပ်ရှင်ကားကြီးရိုက်ကူးနေတာ တွေ့ရပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် လူတွေထဲက လူတစ်ယောက်ဖြစ်တယ်ဆိုတာကို ရိုက်ကွင်းပေါ်က အတွေ့အကြုံနဲ့ ပြောပြလာပါတယ်။

‘’ကျွန်တော်တို့ အနုပညာသမားများဘဝက တစ်ခါတစ်လေ ဒီလိုလေးတွေရှိတတ်ပါတယ်။ ပွဲတက်သောအခါ မြင်တွေ့ရသောပုံစံ ကို လူအများမြင်ဖူးပေမယ့် တောထဲတောင်ထဲ တကယ်အလုပ်လုပ်ရသောအခါ နေတတ်၊စားတတ်၊အိပ်တတ်ဖို့ လိုပါတယ်။ ကျွန်တော်ချစ်သော ပရိတ်သတ်ကြီး။ ကျွန်တော့်တို့ဟာ လူထဲကလူပါပဲ’’ ဆိုပြီးတော့ သူ့ရဲ့ Actor 99 Facebook Page မှာ ဧပြီလ ၈ ရက်နေ့ နေ့လယ် ၁၁ နာရီ မိနစ် ၄၀ က ရေးခဲ့တာဖြစ်ပါတယ်။

သူဟာ မိသားစုတွေနဲ့အတူ အမေရိကန်နိုင်ငံ New York မြို့မှာ နေထိုင်တာဖြစ်ပါတယ်။ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအပြင်၊ နောက်ထပ် အနုပညာနဲ့ဆက်နွယ်တဲ့ အလုပ်ကိစ္စတွေရှိမှသာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

နိုင်းနိုင်းဟာ အနုပညာသက်တမ်း အနှစ် ၂၀ကျော်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူ့ကိုတော့ Music Video တွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ် စတင်သိရှိခဲ့တာပါ။ အနုပညာသက်တမ်းကြာလာတာနဲ့အမျှ ပရိသတ်များစွာတို့ရဲ့ အားပေးမှုကြောင့် အောင်မြင်မှုတစ်ခု ရရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဇနီးဖြစ်သူ စန္ဒီချိုနဲ့  ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ မိသားစုလေးဟာ သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ မြင်ရသူ ပရိသတ်တွေအဖို့ကြည်နူးဖို့ကောင်း ပါတယ်။ နိုင်းနိုင်း နဲ့ စန္ဒီချိုတို့မှာ သမီး ၃ ယောက်၊ သားတစ်ယောက်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top