Credit:burmese.asia
# Unicode Version # ဖြင့် ဖတ်ပါ #
သူတခြားယောကျ်ားတွေနဲ့နေ့တိုင်းလိင်ဆက်ဆံတာကို ကျွန်တော်ဂရုစိုက်ပါဘူး ။ အသက် ၃၂ နှစ်အရွယ် ပွဲစီစဉ်သူ Mike Adkins ဟာ Allie Haze နဲ့တွဲနေခဲ့တာ ၄ နှစ်ကျော်ကြာခဲ့ပါပြီ ။
Allie Haze ဆိုတဲ့နာမည်ကိုတော့ အပြာကားလောကမှာကြားဖူးကြမှာပါ..ဘာကြောင့်လည်းဆိုတော့သူဟာ ကမ္ဘာကျော်အပြာကားသရုပ်ဆောင်ဖြစ်နေလို့ပါပဲ ။
Adkins နဲ့ အပြာကားမင်းသမီးနဲ့တွဲနေတဲ့အပေါ်မှာ အံ့သြမှုတွေနဲ့ မေးခွန်းတွေလည်းရှိလာနိုင်တယ် ။ ဥပမာပြောရရင် လူတကာနဲ့အိပ်နေတဲ့အမျိုးသမီးတစ်ယောက်နဲ့ချိန်းတွေ့တာကဘယ်လိုများကြောင့်လဲ ဆိုတာမျိုးပေါ့ ။ယုံစရာတော့သိပ်မကောင်းဘူးဆိုပေမယ့် Adkins က သူ့ကောင်မလေးရဲ့အလုပ်ကိစ္စကို လုံးဝလက်ခံထားနိုင်ပါတယ် ။
Adkins နဲ့ Haze ဟာ သူငယ်ချင်းတစ်ယောက်မိတ်ဆက်ပေးတာကြောင့်တွေ့ဆုံခဲ့တာဖြစ်ပြီး တွဲလာခဲ့တာ ၄ နှစ်ကျော်ကြာခဲ့ပါပြီ ။
ဒါကတော့ အပြာကားထုတ်လုပ်ရေးမှာ နာမည်ကြီးတဲ့ Haze ရဲ့မျက်နှာလေးပါ
၂၀၀၉ ခုနှစ်မှာ အပြာကားသရုပ်ဆောင်လောကထဲဝင်လာခဲ့တာဖြစ်ပြီးတော့ အပြာကားအမျိုးမျိုးကိုလည်းရိုက်ကူးခဲ့ပြီးပါပြီ။ သူဟာ Satr Wars ကိုအပြာကားအဖြစ်ပြန်ရိုက်တဲ့ဇာတ်ကားမှာတောင်သရုပ်ဆောင်လုပ်ခဲ့ပါသေးတယ် ။ Scifi ကားတစ်ခုကို အပြာကားစတိုင်ပြန်ရိုက်တဲ့ဗီဒီယိုတစ်ခုမှာလည်း မင်းသမီး Leia အဖြစ်သရုပ်ဆောင်ခဲ့ပါသေးတယ် ။
သူ့ချစ်သူက အပြာကားသရုပ်ဆောင်တစ်ယောက်ဖြစ်နေတာကို Adkins ကတော့လုံးဝတုန်လှုပ်ခြင်းမရှိပါဘူး ။ အသက် ၃၀ အရွယ် ဒီအမျိုးသမီးဟာ AVN ဆုပေးပွဲရဲ့ စကာတင်စာရင်းမှာအကြိမ်ကြိမ်ပါခဲ့ပါတယ် ။
သူဟာ အမျိုးသားတွေနဲ့သာမက အမျိုးသမီးတွေနဲ့ပါအပြာကားတွေရိုက်ကူးခဲ့ပါသေးတယ် ။ Adkins အတွက်တော့ ဒါတွေကအရေးမပါပါဘူ
လူတိုင်းနဲ့လိင်ဆက်ဆံနေတဲ့အမျိုးသမီးတစ်ယောက်နဲ့ဆက်ဆံရတယ်ဆိုတာလည်းသူကအသေးအမွှားအဖြစ်ယူဆထားပြီးတော့ ဒီကိစ္စအပေါ်မနှစ်မြို့ခြင်းလုံးဝမရှိပါဘူး ။
“ကျွန်တော်သူ့ကိုအဲ့လိုမမြင်ပါဘူး..သာမန်လူတစ်ယောက်လို့ပဲမြင်တယ်
ဒါပေမယ့် ကျွန်တော်တွဲခဲ့ဖူးတဲ့အထဲမှာတော့ သူက အစွန့်စားနိုင်ဆုံးသူတစ်ယောက်ပါပဲ ” လို့ Adkins ကပြောခဲ့ပါတယ်
Adkins ဟာ Allie တခြားသူတွေနဲ့ အပြာကားရိုက်နေတာတွေ့ရတဲ့အချိန်မှာလည်း စိတ်ပျက်ခြင်းမရှိပါဘူး။ “တစ်ယောက်နဲ့တစ်ယောက်ကြားကသံယောဇဉ်ကို အလုပ်နဲ့ဆုံးဖြတ်လို့မရပါဘူး” Adkins ကပြောပါတယ် ။ အစပိုင်းမှာတော့ သူဟာ Haze ရဲ့အလုပ်အကြောင်းကိုမသိခဲ့ပါဘူး ။ သူသိသွားတော့လည်း လုံးဝကိုအေးအေးဆေးဆေးပါပဲ ။
Adkins က Haze ကိုမသိခဲ့ပါဘူး ။ Adkins ဟာ Haze ရဲ့ ပရိတ်သတ်တစ်ဦးမဟုတ်ပါဘူး ။ သူတို့နှစ်ယောက်စတွေ့ခဲ့တဲ့အချိန်မှာတော့ အပြာကားတွေထဲမှာ သူ့ကိုသတိထားမိခဲ့ပါတယ် ။ ဒါပေမယ့်သူတို့နှစ်ယောက်ရဲ့သံယောဇဉ်တွေပိုလေးနက်လာတဲ့အခါမှာတော့ ဒါတွေကို ဆက်လက်ကြည့်ရှုခြင်းမပြုတော့ပါဘူး ။
“ကျွန်တော် သူ့ဗီဒီယိုတွေကိုမကြည့်ပါဘူး…ဒါတွေကို အတင်းကြီးဆန့်ကျင်နေတာမျိုးလည်းမဟုတ်ပါဘူး ၊
ကျွန်တော့်ဘေးမှာသူ့ကိုရထားပြီးပြီဖြစ်တဲ့အတွက် ဒီလိုမျိုးခံစားဖို့လည်းမလိုအပ်ပါဘူး”
သူ့အမေကို သူ့ကောင်မလေးအကြောင်းပြောပြရမယ့်အချိန်မှာတော့ စိတ်ပူခဲ့ကြောင်းဝန်ခံခဲ့ပါတယ် ။
“ကျွန်တော် အမေ့ကို ဖုန်းဆက်ပြီးတော့ စကားတစ်ခွန်းချန်ခဲ့တယ်…ကျွန်တော်ကောင်မလေးတစ်ယောက်နဲ့တွဲနေတယ်…ပြောစရာလည်းရှိတယ်ပေါ့
ဒီတော့အမေက ကျွန်တော့်ကိုဖုန်းပြန်ခေါ်တဲ့အချိန်မှာတော့.ဟုတ်တယ်အမေ..သူက အပြာကားသရုပ်ဆောင်လေလို့ပြောလိုက်တော့ အမေက…
“Oh My God , Thank God …ငါက သူကိုယ်ဝန်ရှိနေပြီလို့ပြောတော့မယ်လို့ထင်နေတာ” တဲ့…
Haze ဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကထဲက အပြာကားလောကထဲရောက်ရှိခဲ့တာဖြစ်ပြီးတော့ သူ့အလုပ်ကိုလည်းသူသဘောကျပါတယ် ။ STI စစ်ဆေးမှု ၁၄ ရက်တစ်ကြိမ်ပြုလုပ်လေ့ရှိပါတယ် ။
သူဟာ ကိုင်တွယ်ဖို့ခက်ခဲတဲ့သူဖြစ်တယ်လို့သူ့ကိုယ်သူပြောခဲ့ပေမယ့် Adkins ကိုတော့ သူနားမှာအမြဲရှိနေအတွက်သူကျေနပ်ပါတယ် ။ Haze ဟာ တရာပြဆရာတစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့ဖူးတဲ့အကြောင်းလည်း လူတွေသိပ်သိကြမယ်မထင်ပါဘူး ။
Mike အပေါ်မှာထားတဲ့သူ့ရဲ့ခံစားချက်တွေကိုအခုလိုပြောပြခဲ့ပါတယ် ။
Mike ကတော့ တကယ်ကို အေးဆေးတဲ့သူပါ…ကျွန်မသူ့ကိုအရမ်းသဘောကျတယ်သူ့အပေါ်ဘယ်လိုခံစားရလဲဆိုတာကို ကျွန်မပြောတောင်မပြောပြတတ်ဘူး….တကယ်ကိုရူးသွပ်မိတာပါ သူကျွန်မဘေးမှာရှိနေတဲ့အတွက် တကယ်ကို ကျေနပ်မိပါတယ် ”သင်ရောဘယ်လိုထင်လဲ….သင့်အတွေးတွေကို ကောမက်မှာ ရေးထားခဲ့လို့ပါတယ်
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top