


Credit:Myat Htut-Myeik

#Unicode Version# ဖြင့်ဖတ်ပါ ။

ကျွန်စုမြို့နယ်တွင် ၁၁ နှစ်အရွယ် မိန်းကလေးအား တစ်ရွာတည်းနေသူက အဓမ္မပြုကျင့် ။ ကွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာတွင် ၁၁ နှစ်အရွယ် မိန်းကလေးအား တစ်ရွာတည်းနေသူက ဧပြီလ ၇ ရက်နေ့က အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းအရသိရပါတယ်။

ရေကန်တောင်ကျေးရွာမှာနေထိုင်တဲ့ ဒေါ်……… ၏ သမီး မ…… (၁၁)နှစ်၊ သည် နေအိမ်ရှေ့တွင် သနပ်ခါးလိမ်းနေစဉ် နေအိမ်သို့ အမြဲဝင်/ထွက်နေတဲ့ တစ်ရွာတည်းနေသူ အောင်မျိုးဦး (၂၈)နှစ်၊ရောက်လာပြီး မ…… …… အားပုလဲရင်ထိုးပေးမည်ဟု ပြောဆို၍ ဥယျာဉ်ခြံထဲသို့ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့ကြောင်းသိရပါတယ်။

အရွယ်မရောက်သေးတဲ့ကလေးငယ်အား အဓမ္မပြုကျင့်သူ အောင်မျိုးဦး(ခ)ဖွာကာလူဒင်အား ကံမော်ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အရေးယူထားကြောင်းသိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Myat Htut-Myeik
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top