Credit:burmese.asia
#Unicode Version# ဖြင့်ဖတ်ပါ ။
လူငယ်အနုပညာရှင်ပိုင်တံခွန်ကတော့ ခပ်မိုက်မိုက်ဘော်ဒီကြွက်သားတွေနဲ့ နှုတ်ခမ်းနီမလေးတွေကြားမှာ အရမ်းကိုရေပန်းစားနေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပျိုမေတို့ကိုညှို့ ယူ ဖမ်းစားထားတဲ့ သူကတော့ လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်နေတက်တဲ့ အပြင် ပရိသတ်တွေကို စနောက်လေ့ ရှိတဲ့လူနောက်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်လို့ကတော့ နောက်ဆုံးကောင်မလေး နဲ့ ပြတ်ပြီးထဲက စိတ်ညစ်လို့မထားချင်တော့ဘူးလို့ ပြောပြလာခဲ့ပါတယ် ။
Single ဖြစ်ရခြင်းရဲ့ အားသာချက်တွေ အနေနဲ့ကတော့ ရည်းစားမရှိတာက အရမ်းမိုက်တယ်။ ငွေလည်း မကုန်တော့ဘူး။ ရည်းစားနဲ့ပြတ်ပြီး ၆ လအတွင်းမှာ ငွေတော်တော် စုမိတယ် လို့ ပိုင်တံခွန်က ဆိုပါတယ် ။ ရည်းစားမရှိတဲ့အတွက် ကိုယ့်ဘာသာ အချိန်တွေပိုပေးဖြစ်တယ် ၊ မိသားစုကို အချိန်ပေးဖြစ်တယ် ၊ သူငယ်ချင်းတွေ ကိုအချိန်ပေးဖြစ်တယ် ၂၄ နာရီကောင်မလေးနဲ့ ပျော်နေတဲ့အချိန်တွေက အပြင်မှာကျတော့ အချိန်တွေ အရမ်းကိုပိုနေတဲ့အတွက် ဘဝအတွက် အများကြီးလိုအပ်တဲ့အချိန်တွေကို ရခဲ့တယ်လို့ သိရပါတယ် ။
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top