




Credit:Ashin kelasa
#Unicode Verison#
ဗုဒ္ဓဘာသာကို ကြည်ညိုသက်ဝင်ပြီး မြန်မာဝတ်စုံ ပုဆိုးကို ကြိုးစားပမ်းစားဝတ်ကာ ဆရာတော်အနားမှာ ကပ္ပိယလုပ်နေပြီး တရားအားထုတ်နေတဲ့ ဥရောပတိုက်သားတစ်ဦးအကြောင်းတင်ပြပေးလိုက်ပါတယ်

ဥရောပတိုက်ကနေ မြန်မာတို့ရဲ့လုံချည်ကို ကောင်းစွာဝတ်လျက် မြန်မာတွေလို ဆရာတော်ရှေ့မှာဒူးထောက်ထိုင် နေ့စဉ်ဆွမ်းခံလိုက် ဆရာတော်နှင့်အတူ တစ်ထပ်သောဆွမ်းကိုစားလျက် ဝိပဿ နာကို ဂုဏ်ယူဝံ့ကြွားစွာလာပြီးအားထုတ်နေတာဟာ မြန်မာတို့ အတုယူသင့်တယ်ဆိုရမလားဘာာလားမသိတော့ဘူး။

ဒီ ဒါယကာကြီးဟာ ဘုန်းဘုန်းဥရောပရောက်တော့လည်း အီတလီမှာ တရားစခန်းလာဝင်ရင်း ဘုန်းဘုန်းကိုစောင့်ရှောက်ပေးပါသေးတယ်။ ဘုန်းဘုန်းသုံးတဲ့ရေချိုးခန်း အိမ်သာအထိ သန့်ရှင်းရေးလုပ်ပေးတယ်။

ဘယ်ဘဝကရေစက်တွေလည်းတော့မသိဘူးပေါ့။အခုလည်းဆွမ်းသေချာကပ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်လှသော ဘာသာခြားနိုင်ငံကြီးမှ မြန်မာနိုင်ငံကို လာရောက်ပြီး ဗုဒ္ဓဘာသာကို ကြည်ညိုသက်ဝင်ကာ တရားတွေကျင့်ကြံအားထုတ်နေတာဟာ တကယ်ကို ကြည်နူးဖို့ကောင်းလှပါတယ်

ဖိုးသူတော်(www.phothutaw.com)
Credit:Ashin kelasa
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top