ဘြဲ႕ ရၿပီး ၄ႏွစ္လုံး အလုပ္ရွာတာ မရခဲ့ေပမယ့္ ကိုယ္ပိုင္မႈိလုပ္ငန္းေလးျဖင့္ ေအာင္ျမင္သြားသူ

ေအာင္ျမင္မႈ ဆိုတာ ရႈံးနိမ့္မႈကေန လာတယ္.. ေအာင္ျမင္ဖို႔အတြက္ စိတ္အား ထက္သန္မႈေတြ ေပ်ာက္ဆုံးလို႔ မျဖစ္ဘူး ဆိုတဲ့ ဆို႐ိုးစကား ရွိပါတယ္။ အသက္၂၅ ႏွစ္အ႐ြယ္

ဘြဲ႕ရ တစ္ေယာက္ျဖစ္တဲ့ Muhamad Solihin Mahad Yasin ကေတာ့ က်ရႈံးမႈကေန ေအာင္ျမင္ေအာင္ ႀကိဳးစားခဲ့လို႔ Twitter မွာ နာမည္ႀကီးေနသူပါ။

Solihin က ေရေၾကာင္း သိပၸံဘြဲ႕ကို 2016 ခုႏွစ္ကတည္းက ရရွိခဲ့ၿပီး ေလးႏွစ္လုံးလုံး အလုပ္ရဖို႔အတြက္ ႐ုန္းကန္ခဲ့ ရပါတယ္။ကြၽန္ေတာ္နဲ႔ သက္ဆိုင္တဲ့ အလုပ္က ဧရိယာႀကီးမားလြန္းပါတယ္။ အလုပ္ ရခ်င္ရင္ေတာ့ ကြၽန္ေတာ့ဇာတိေျမ Johor ျပည္နယ္ Batu Pa Hat ခ႐ိုင္ကို စြန႔္ခြာသြားရမွာေပါ့။

ဒါေပမယ့္ၽန္ေတာ့္ မိဘေတြက အသက္ႀကီးၿပီ ဆိုေတာ့ အေဝးမသြားခ်င္ဘူးလို႔ Solihin က ေျပာပါတယ္။

Solihin က ေမာင္ႏွမငါးေယာက္မွာ အငယ္ဆုံး ျဖစ္ပါတယ္။ ေလးႏွစ္လုံးလုံး ေရေၾကာင္းသိပၸံနဲ႔ ဆိုင္တဲ့ အလုပ္တစ္ခုကို

ရွာေဖြခဲ့ေပမယ့္ မရခဲ့ပါဘူး။ ခိုင္မာတဲ့ စိတ္ဓာတ္ပိုင္ရွင္ Solihin က အိမ္တြင္းမႈ လုပ္ငန္းျဖစ္တဲ့ မႈိလုပ္ငန္းက စတင္ လုပ္ခဲ့ပါတယ္။

အျခား အသီးအႏွံေတြက စိုက္ပ်ိဳးေျမ အမ်ားႀကီးလိုအပ္တယ္။ ဒါေပမယ့္ မႈိက စင္ေတြပဲလိုအပ္တယ္။ စင္ေတြကို ေနရာတက် ျဖစ္ေအာင္စီစဥ္ရတယ္လို႔. Solihin က ေျပာပါတယ္။ မႈိေတက် က်စ္လ်စ္သပ္ရပ္စြာ စိုက္ပ်ိဳးလို႔ ရပါတယ္။

Solihin က မႈိမ်ိဳးေစ့ေတြကို ေရာင္းခ်ႏိူင္ေအာင္ မ်ိဳးေစ့ေတြကို သိုေလွာင္ထားပါတယ္။ မႈိမ်ိဳးေစ့အထုပ္ေလးေတြက အျခား႐ြာသားေတြကို ဝင္ေငြ တစ္ဖက္တစ္လမ္း ရေအာင္

ကူညီေပးႏိုင္တယ္ လို႔ Solihinက ရွင္းျပပါတယ္။ မႈိမ်ိဳးေစ့ေတြကို ဂိုေဒါင္ အႀကီးႀကီးေတြမွာလည္း စိုက္ပ်ိဴးလို႔ ရပါေသးတယ္။

Solihin က မႈိလုပ္ငန္းကို 2018 မွာ စလုပ္ခဲ့ၿပီး အမ်ားႀကီး ဆုံးရံႈးခဲ့ပါတယ္။ ေနာက္ေတာ့ သူက မႈိေတြကို အြန္လိုင္းကေနေရာင္းခ်ႏိုင္ခဲ့ၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈ

ရွိလာပါတယ္။ အခုဆိုရင္ Solihin က မႈိမ်ိဳးေစ့ေတြကို Shopee Oline App ကေနေရာင္းခ်ၿပီး မႈိမ်ိဴးေစ့ တစ္အိတ္ကို မေလးရွားရင္းဂစ္ ၃ ရင္းဂစ္သာ က်သင့္ပါတယ္။

မႈိမ်ိဳးေစ့ေတြကို အဝတ္စအစိုနဲ႔ အုပ္ထားပါ လို႔ Solihin က လမ္းၫႊန္ပါတယ္။ Solihin က ဘြဲ႕ရလူငယ္ေတြကို စီးပြားေရးလုပ္တဲ့အခါမွာ စြန႔္စားဖို႔၊ မေၾကာက္ဖို႔

အႀကံေပးထားပါေသးတယ္။ လက္ရွိ စီးပြားေရး စိန္ေခၚမႈဟာ ဘြဲ႕ရေတြကို ေဘးဖယ္ထားတဲ့အတြက္ေၾကာင့္ ကိုယ္ပိုင္အလုပ္ကို တီထြင္ လုပ္ေဆာင္ရမယ္ လို႔ Solihin ကေျပာပါတယ္။

သူ႔ရဲ႕အားေပးမႈေၾကာင့္ ဘြဲ႕ရလူငယ္ အမ်ားစုက အားတက္သြားၿပီး အလုပ္အတြက္ စိန္ေခၚမႈကိုလည္း

မေၾကာက္ေတာ့ဘူးလို႔ ေျပာပါတယ္။ မဆုတ္မနစ္တဲ့ စိတ္ဓာတ္ကေတာ့ အၿမဲ အႏိုင္ရတာေၾကာင္း Solihin က သက္ေသျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:thutasone

#Unicode Version# ျဖင့္ဖတ္ပါ ။

ဘွဲ့ ရပြီး ၄နှစ်လုံး အလုပ်ရှာတာ မရခဲ့ပေမယ့် ကိုယ်ပိုင်မှိုလုပ်ငန်းလေးဖြင့် အောင်မြင်သွားသူ

အောင်မြင်မှု ဆိုတာ ရှုံးနိမ့်မှုကနေ လာတယ်.. အောင်မြင်ဖို့အတွက် စိတ်အား ထက်သန်မှုတွေ ပျောက်ဆုံးလို့ မဖြစ်ဘူး ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ အသက်၂၅ နှစ်အရွယ်

ဘွဲ့ရ တစ်ယောက်ဖြစ်တဲ့ Muhamad Solihin Mahad Yasin ကတော့ ကျရှုံးမှုကနေ အောင်မြင်အောင် ကြိုးစားခဲ့လို့ Twitter မှာ နာမည်ကြီးနေသူပါ။

Solihin က ရေကြောင်း သိပ္ပံဘွဲ့ကို 2016 ခုနှစ်ကတည်းက ရရှိခဲ့ပြီး လေးနှစ်လုံးလုံး အလုပ်ရဖို့အတွက် ရုန်းကန်ခဲ့ ရပါတယ်။ကျွန်တော်နဲ့ သက်ဆိုင်တဲ့ အလုပ်က ဧရိယာကြီးမားလွန်းပါတယ်။ အလုပ် ရချင်ရင်တော့ ကျွန်တော့ဇာတိမြေ Johor ပြည်နယ် Batu Pa Hat ခရိုင်ကို စွန့်ခွာသွားရမှာပေါ့။

ဒါပေမယ့်ကျွန်တော့် မိဘတွေက အသက်ကြီးပြီ ဆိုတော့ အဝေးမသွားချင်ဘူးလို့ Solihin က ပြောပါတယ်။

Solihin က မောင်နှမငါးယောက်မှာ အငယ်ဆုံး ဖြစ်ပါတယ်။ လေးနှစ်လုံးလုံး ရေကြောင်းသိပ္ပံနဲ့ ဆိုင်တဲ့ အလုပ်တစ်ခုကို

ရှာဖွေခဲ့ပေမယ့် မရခဲ့ပါဘူး။ ခိုင်မာတဲ့ စိတ်ဓာတ်ပိုင်ရှင် Solihin က အိမ်တွင်းမှု လုပ်ငန်းဖြစ်တဲ့ မှိုလုပ်ငန်းက စတင် လုပ်ခဲ့ပါတယ်။

အခြား အသီးအနှံတွေက စိုက်ပျိုးမြေ အများကြီးလိုအပ်တယ်။ ဒါပေမယ့် မှိုက စင်တွေပဲလိုအပ်တယ်။ စင်တွေကို နေရာတကျ ဖြစ်အောင်စီစဉ်ရတယ်လို့. Solihin က ပြောပါတယ်။ မှိုတေကျ ကျစ်လျစ်သပ်ရပ်စွာ စိုက်ပျိုးလို့ ရပါတယ်။

Solihin က မှိုမျိုးစေ့တွေကို ရောင်းချနိူင်အောင် မျိုးစေ့တွေကို သိုလှောင်ထားပါတယ်။ မှိုမျိုးစေ့အထုပ်လေးတွေက အခြားရွာသားတွေကို ဝင်ငွေ တစ်ဖက်တစ်လမ်း ရအောင်

ကူညီပေးနိုင်တယ် လို့ Solihinက ရှင်းပြပါတယ်။ မှိုမျိုးစေ့တွေကို ဂိုဒေါင် အကြီးကြီးတွေမှာလည်း စိုက်ပျိူးလို့ ရပါသေးတယ်။

Solihin က မှိုလုပ်ငန်းကို 2018 မှာ စလုပ်ခဲ့ပြီး အများကြီး ဆုံးရှုံးခဲ့ပါတယ်။ နောက်တော့ သူက မှိုတွေကို အွန်လိုင်းကနေရောင်းချနိုင်ခဲ့ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု

ရှိလာပါတယ်။ အခုဆိုရင် Solihin က မှိုမျိုးစေ့တွေကို Shopee Oline App ကနေရောင်းချပြီး မှိုမျိူးစေ့ တစ်အိတ်ကို မလေးရှားရင်းဂစ် ၃ ရင်းဂစ်သာ ကျသင့်ပါတယ်။

မှိုမျိုးစေ့တွေကို အဝတ်စအစိုနဲ့ အုပ်ထားပါ လို့ Solihin က လမ်းညွှန်ပါတယ်။ Solihin က ဘွဲ့ရလူငယ်တွေကို စီးပွားရေးလုပ်တဲ့အခါမှာ စွန့်စားဖို့၊ မကြောက်ဖို့

အကြံပေးထားပါသေးတယ်။ လက်ရှိ စီးပွားရေး စိန်ခေါ်မှုဟာ ဘွဲ့ရတွေကို ဘေးဖယ်ထားတဲ့အတွက်ကြောင့် ကိုယ်ပိုင်အလုပ်ကို တီထွင် လုပ်ဆောင်ရမယ် လို့ Solihin ကပြောပါတယ်။

သူ့ရဲ့အားပေးမှုကြောင့် ဘွဲ့ရလူငယ် အများစုက အားတက်သွားပြီး အလုပ်အတွက် စိန်ခေါ်မှုကိုလည်း

မကြောက်တော့ဘူးလို့ ပြောပါတယ်။ မဆုတ်မနစ်တဲ့ စိတ်ဓာတ်ကတော့ အမြဲ အနိုင်ရတာကြောင်း Solihin က သက်သေပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top