ေနျပည္ေတာ္တြင္ ႐ုံးစိုက္သည့္ အမွတ္ (၂) သတၱဳတြင္း လုပ္ငန္း ဦးေဆာင္ ညႊန္ၾကားေရးမႉး ဦးသံဒိုင္ ကို အဂတိ လိုက္စား မႈႏွင့္ ဖမ္းဆီးကာ တရားစြဲဆိုနိုင္ရန္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း အဂတိ လိုက္ စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က ယေန႔ တြင္ သတင္း ထုတ္ျပန္လိုက္သည္။

ေကာ္မရွင္၏ ထုတ္ျပန္ခ်က္ ၌ ဇမၺဴသီရိ ၿမိဳ႕နယ္ ေရႊၾကာပင္ ရပ္ကြက္ရွိ သတၱဳတြင္း လုပ္ငန္း ဦးေဆာင္ ညႊန္ၾကားေရးမႉး ဦးသံဒိုင္မွ ေန၍ ၎ပိုင္ ေျမကြက္အတြက္ ေျမဖို႔ျခင္း၊ ေျမညႇိျခင္း ကုန္က်စရိတ္ ၃၂သိန္ ၇ေသာင္း ၂ေထာင္ က်ပ္ကို ကုမၸဏီ အား ေပးေခ်ခိုင္းရာ ဦးသံဒိုင္၏ Bank Account သို႔ ေငြေပးသြင္းေပးခဲ့ရေၾကာင္း ေဖာ္ျပထားသည္။

သို႔ေသာ္ မည္သည့္ကုမၸဏီ ဆိုသည္ကိုမူ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္၏ ထုတ္ျပန္ ခ်က္တြင္ ေဖာ္ျပထား ျခင္း မရွိေပ။

သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီး ဌာနႏွင့္ ကုမၸဏီတို႔ ၾကား အျငင္းပြားမႈ ျဖစ္ေပၚခ်ိန္ တြင္ ယင္းေငြကို ဦးသံဒိုင္မွ ကုမၸဏီသို႔ ျပန္လည္ ေပးအပ္ခဲ့ေၾကာင္း၊ ယင္းျဖစ္စဥ္ကို အေရးယူေပးရန္ ကုမၸဏီမွ ေန၍ ေကာ္မရွင္သို႔ တိုင္ၾကား ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ရာထူး တာဝန္ကို အလြဲသုံးစား ျပဳ၍ ဝန္ေဆာင္ခႏွင့္ တရားမဝင္ေသာ အျခား အက်ိဳးခံစား ခြင့္မ်ား ရယူခဲ့ေၾကာင္း စစ္ေဆး ေပၚေပါက္ခဲ့၍ သတၱဳတြင္း လုပ္ငန္း ဦးေဆာင္ ညႊန္ၾကားေရးမႉး ဦသံဒိုင္ကို အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၆ ႏွင့္ ဇမၺဴသီရိၿမိဳ႕မ ရဲစခန္းတြင္ ဧၿပီ ၁ ရက္က အမႈဖြင့္ အေရးယူခဲ့ျခင္း ျဖစ္သည္။

အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္မွ ေျပာေရးဆိုခြင့္ ရွိသူ ညႊန္ၾကားေရးမႉး ဦးေက်ာ္စိုးက “စုံစမ္း စစ္ေဆးေရး အဖြဲ႕က စိစစ္ၿပီးေတာ့ ေတြ႕ရွိခ်က္ အရ၊ အဂတိ လိုက္စားမႈ က်ဴးလြန္ေၾကာင္း ေတြ႕ရွိလို႔ ဒီေန႔ပဲ ဇမၺဴသီရိ ၿမိဳ႕မ ရဲစခန္းမွာ ပထမ သတင္းေပး တိုင္တန္းခ်က္ အရ တရားစြဲဆို အမႈဖြင့္ထားပါတယ္” ဟု ေျပာသည္။

ဦးသံဒိုင္ပိုင္ ေျမကြက္မွာ ေနျပည္ေတာ္ ဇမၺဴသီရိ ၿမိဳ႕နယ္ ေရႊၾကာပင္ ရပ္ကြက္၊ ပဒုမၼာလမ္း၊ သုႏၵရီ (၂)လမ္းႏွင့္ (၃) လမ္း ၾကားတြင္ တည္ရွိၿပီး အကြက္အမွတ္(A064) ျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ ၂၀၁၆ ခုႏွစ္ ၾသကၤန္ ႐ုံးပိတ္ရက္တြင္ ၎၏ မိသားစုႏွင့္ အတူ ငပလီ ကမ္းေၿခ အပန္းေၿဖ ခရီး သြားေရာက္ရာ ဟိုတယ္ အခန္းခ ေငြက်ပ္ ၄,၂၁၆,၉၀၅ ကို ကုမၸဏီသို႔ ေပးေခ်ခိုင္းျခင္း ျပဳလုပ္ ခိုင္းခဲ့သည္ဟု စစ္ေဆး ေပၚ ေပါက္ခဲ့ ေၾကာင္း ေကာ္မရွင္၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ အေနျဖင့္ ေငြေပးေခ်ရသည့္ ကုမၸဏီ အမည္ႏွင့္ တိုင္ၾကားသူ၏ အမည္ တို႔ကို ဥပေဒ အရ ထုတ္ေဖာ္ ေျပာၾကားျခင္း မျပဳခဲ့ေသာ္လည္း ေငြေပး ေခ်ခိုင္းခဲ့ေသာ ကုမၸဏီမွာ အမ်ိဳးသား ႀကီးပြား တိုး တက္ေရး ကုမၸဏီ ျဖစ္ေၾကာင္း ရဲမွတ္တမ္း အရ သိရသည္။

ဦးသံဒိုင္ကို ဧၿပီ ၁ ရက္ ညေနပိုင္းတြင္ ဇမၺဴသီရိၿမိဳ႕မ ရဲစခန္းတြင္ အခ်ဳပ္ ရမန္ တပတ္ယူ၍ ဖမ္းဆီး ခ်ဳပ္ေႏွာင္ထား ေၾကာင္း ယာယီစခန္းမႉးက အတည္ျပဳေပးသည္။

သို႔ေသာ္ အမႈမည့္ ႐ုံးခ်ိန္းႏွင့္ တရား႐ုံးကိုမူ မသိရွိေသးဘဲ အဂတိ ေကာ္မရွင္ အေနျဖင့္ ဆက္လက္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ၎က ရွင္းျပသည္။

လက္ရွိတြင္ အမွတ္(၂) သတၱဳတြင္း လုပ္ငန္းက အမ်ိဳးသား ႀကီးပြား တိုးတက္ေရး ကုမၸဏီ လုပ္ကိုင္ ေနသည့္ ရမည္းသင္း ၿမိဳ႕နယ္ရွိ မိုးထိ မိုးမိ အႀကီးစား ေရႊတူးေဖာ္ခြင့္ လုပ္ငန္း စာခ်ဳပ္ ဖ်က္သိမ္းၿပီး ယင္းကုမၸဏီပိုင္ရွင္ ေဒါက္တာ စိုးထြန္းရွိန္ ကိုလည္း တရား စြဲဆိုထား၍ ၎မွာ ထြက္ေျပး တိမ္းေရွာင္ေနရသည္။

ၿပီးခဲ့သည့္ ႏွစ္အတြင္းကလည္း ေနျပည္ေတာ္တြင္ FDA ညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ သန္းထြဋ္ေအာင္ႏွင့္ စည္ပင္ သာယာေရး ေကာ္မတီမွ ဌာနမႉးႏွစ္ဦး တို႔ကိုလည္း အဂတိ လိုက္စားမႈျဖင့္ အေရးယူ ထားၿပီး မႏၲေလးတိုင္း တရား႐ုံးတြင္ စစ္ေဆးလ်က္ ရွိသည္။

ဧရာဝတီသတင္းေထာက္ ေက်ာ္မ်ိဳး ပူးေပါင္းေရးသားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

နေပြည်တော်တွင် ရုံးစိုက်သည့် အမှတ် (၂) သတ္တုတွင်း လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသံဒိုင် ကို အဂတိ လိုက်စား မှုနှင့် ဖမ်းဆီးကာ တရားစွဲဆိုနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယနေ့ တွင် သတင်း ထုတ်ပြန်လိုက်သည်။

ကော်မရှင်၏ ထုတ်ပြန်ချက် ၌ ဇမ္ဗူသီရိ မြို့နယ် ရွှေကြာပင် ရပ်ကွက်ရှိ သတ္တုတွင်း လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသံဒိုင်မှ နေ၍ ၎င်းပိုင် မြေကွက်အတွက် မြေဖို့ခြင်း၊ မြေညှိခြင်း ကုန်ကျစရိတ် ၃၂သိန် ၇သောင်း ၂ထောင် ကျပ်ကို ကုမ္ပဏီ အား ပေးချေခိုင်းရာ ဦးသံဒိုင်၏ Bank Account သို့ ငွေပေးသွင်းပေးခဲ့ရကြောင်း ဖော်ပြထားသည်။

သို့သော် မည်သည့်ကုမ္ပဏီ ဆိုသည်ကိုမူ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထား ခြင်း မရှိပေ။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနနှင့် ကုမ္ပဏီတို့ ကြား အငြင်းပွားမှု ဖြစ်ပေါ်ချိန် တွင် ယင်းငွေကို ဦးသံဒိုင်မှ ကုမ္ပဏီသို့ ပြန်လည် ပေးအပ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို အရေးယူပေးရန် ကုမ္ပဏီမှ နေ၍ ကော်မရှင်သို့ တိုင်ကြား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရာထူး တာဝန်ကို အလွဲသုံးစား ပြု၍ ဝန်ဆောင်ခနှင့် တရားမဝင်သော အခြား အကျိုးခံစား ခွင့်များ ရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့၍ သတ္တုတွင်း လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦသံဒိုင်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ နှင့် ဇမ္ဗူသီရိမြို့မ ရဲစခန်းတွင် ဧပြီ ၁ ရက်က အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ပြောရေးဆိုခွင့် ရှိသူ ညွှန်ကြားရေးမှူး ဦးကျော်စိုးက “စုံစမ်း စစ်ဆေးရေး အဖွဲ့က စိစစ်ပြီးတော့ တွေ့ရှိချက် အရ၊ အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း တွေ့ရှိလို့ ဒီနေ့ပဲ ဇမ္ဗူသီရိ မြို့မ ရဲစခန်းမှာ ပထမ သတင်းပေး တိုင်တန်းချက် အရ တရားစွဲဆို အမှုဖွင့်ထားပါတယ်” ဟု ပြောသည်။

ဦးသံဒိုင်ပိုင် မြေကွက်မှာ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ရွှေကြာပင် ရပ်ကွက်၊ ပဒုမ္မာလမ်း၊ သုန္ဒရီ (၂)လမ်းနှင့် (၃) လမ်း ကြားတွင် တည်ရှိပြီး အကွက်အမှတ်(A064) ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၂၀၁၆ ခုနှစ် သြင်္ကန် ရုံးပိတ်ရက်တွင် ၎င်း၏ မိသားစုနှင့် အတူ ငပလီ ကမ်းခြေ အပန်းဖြေ ခရီး သွားရောက်ရာ ဟိုတယ် အခန်းခ ငွေကျပ် ၄,၂၁၆,၉၀၅ ကို ကုမ္ပဏီသို့ ပေးချေခိုင်းခြင်း ပြုလုပ် ခိုင်းခဲ့သည်ဟု စစ်ဆေး ပေါ် ပေါက်ခဲ့ ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် ငွေပေးချေရသည့် ကုမ္ပဏီ အမည်နှင့် တိုင်ကြားသူ၏ အမည် တို့ကို ဥပဒေ အရ ထုတ်ဖော် ပြောကြားခြင်း မပြုခဲ့သော်လည်း ငွေပေး ချေခိုင်းခဲ့သော ကုမ္ပဏီမှာ အမျိုးသား ကြီးပွား တိုး တက်ရေး ကုမ္ပဏီ ဖြစ်ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ဦးသံဒိုင်ကို ဧပြီ ၁ ရက် ညနေပိုင်းတွင် ဇမ္ဗူသီရိမြို့မ ရဲစခန်းတွင် အချုပ် ရမန် တပတ်ယူ၍ ဖမ်းဆီး ချုပ်နှောင်ထား ကြောင်း ယာယီစခန်းမှူးက အတည်ပြုပေးသည်။

သို့သော် အမှုမည့် ရုံးချိန်းနှင့် တရားရုံးကိုမူ မသိရှိသေးဘဲ အဂတိ ကော်မရှင် အနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိတွင် အမှတ်(၂) သတ္တုတွင်း လုပ်ငန်းက အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ လုပ်ကိုင် နေသည့် ရမည်းသင်း မြို့နယ်ရှိ မိုးထိ မိုးမိ အကြီးစား ရွှေတူးဖော်ခွင့် လုပ်ငန်း စာချုပ် ဖျက်သိမ်းပြီး ယင်းကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုးထွန်းရှိန် ကိုလည်း တရား စွဲဆိုထား၍ ၎င်းမှာ ထွက်ပြေး တိမ်းရှောင်နေရသည်။

ပြီးခဲ့သည့် နှစ်အတွင်းကလည်း နေပြည်တော်တွင် FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်အောင်နှင့် စည်ပင် သာယာရေး ကော်မတီမှ ဌာနမှူးနှစ်ဦး တို့ကိုလည်း အဂတိ လိုက်စားမှုဖြင့် အရေးယူ ထားပြီး မန္တလေးတိုင်း တရားရုံးတွင် စစ်ဆေးလျက် ရှိသည်။

ဧရာဝတီသတင်းထောက် ကျော်မျိုး ပူးပေါင်းရေးသားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top