iMyanmarHouse.com - Best Property Website for Myanmar
×





သတင်းရရှိသည်​။

Credit:သက်ခိုင်

#Unicode Version# ဖြင့်ဖတ်ပါ ။

ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင် ရေဝေရပ်ကွက်ရှိ သာယာဝတီ အကျဉ်းထောင်တွင် ဧပြီ ၁၁နေ့လည် ၃နာရီခွဲခန့်၌ လူသတ်မှု ဖြစ်ပွါး ကြောင်း သာယာဝတီ အကျဉ်းထောင် မှ သိရှိရသည်။

အပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အောင်သူ(ခ)ရဲဇော်မှ အကျဉ်းသား ကျော်ဇေယျာလင်း(ခ)ဖိုးကျော်အား WY စိတ်ကြွ ဆေးပြား ရောင်းရငွေတောင်းခံရာ မပေးသဖြင့် စကားများရန်ဖြစ်ပြီး သံချွန်ဖြင့် ထိုးရာ အခင်းဖြစ်နေရာတွင်ကျော်ဇေယျာလင်း (ခ)ဖိုးကျော် သေဆုံး သွားကြောင်း သိရှိရသည်။

အောင်သူ(ခ)ရဲဇော်သည် အရှည်(၇)လက္မခန့်လုံးပတ် ခဲတံလုံးခန့် လေးထောင့် တစ်ဖက်ချွန် သံချောင်း ဖြင့် ကျော်ဇေယျာလင်း (ခ)ဖိုးကျော်အား ထိုးသတ်ခဲ့ရာ ဝဲနံရိုးအောက်ထိုးသွင်းဒဏ်ရာ ဝဲဘက်ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာစသဖြင့် ထိုးသွင်းဒဏ်ရာ (၃၇)ချက်ရရှိခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

လူသတ်မှု ကျူးလွန်ခဲ့သူ အောင်သူ အားအရေးယူ ပေးပါရန် သာယာဝတီ အကျဉ်းထောင် ဦးစီးအရာရှိ ဦးလှဝင်းချိ ု မှ တိုင်တန်းသဖြင့် (ပ)၃၂၆/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ — ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်းနှင့်

တရားခံ အောင်သူ အား သာယာဝတီ ဗဟိုအကျဉ်းထောင် တွင် ချုပ် နှောင်ထားပြီး၎င်းတို့ အရောင်းအဝယ် ပြုလုပ်ခဲ့သည့်WY စိတ်ကြွ ဆေးပြားနှင့်ပတ်သက်၍ ဆက်လက်စိစစ်လျက်ရှိကြောင်းသာယာဝတီ မြို့မရဲစခန်း ဒုရဲမှူး စိုးဝဏ္ဏ ထံမှ
သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:သက်ခိုင်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top