ျပည္လမ္းမႀကီးေပၚ၌ မ႑ပ္ေဆာက္လုပ္ရန္ ေျမငွားခအေနႏွင့္ က်ပ္သိန္း ၅၀၀ မွ က်ပ္သိန္း ၁၀၀၀ ေက်ာ္အထိ ေပါက္ေဈးရွိေၾကာင္း ႏွစ္စဥ္ ေရကစားမ႑ပ္ ေဆာက္လုပ္ေနသူမ်ားထံမွ သိရသည္။

ျပည္လမ္းတြင္ မ႑ပ္ေဆာက္လုပ္ရန္ ေျမငွားခ က်ပ္သိန္းတစ္ေထာင္အထိ ေဈးႏႈန္းမ်ား ျမင့္တက္လာသည့္အတြက္ အျခားေသာလမ္းမ်ားတြင္ပါ စီးပြားျဖစ္မ႑ပ္မ်ား ေဆာက္ခြင့္ေပးရန္လိုေၾကာင္း ေရကစားမ႑ပ္ ေဆာက္လုပ္မည့္သူမ်ားက ေျပာၾကားသည္။

“ျပည္လမ္းက ၿခံငွားခတင္ပဲ သိန္းငါးရာကေန တစ္ေထာင္ေက်ာ္အထိ ေခၚေနေတာ့ မ႑ပ္ေဆာက္မယ့္သူေတြ အခက္အခဲေတြ ျဖစ္ေနတယ္။ ၿခံသမားေတြကလည္း သိန္းေျခာက္ရာေပးတာေတာင္ မငွားခ်င္ၾကဘူး။ ပိုက္ဆံရွိတဲ့သူေတြအတြက္ေတာ့ ကိစၥမရွိဘူး”ဟု ႏွစ္စဥ္ ေရကစားမ႑ပ္ ေဆာက္လုပ္ေနသူ လုပ္ငန္းရွင္တစ္ဦးက ေျပာၾကားသည္။

အဆိုပါ ေျမငွားရမ္းခမွာ သႀကၤန္အႀကိဳေန႔မွ အတက္ေန႔အထိ ေလးရက္စာအတြက္ ေပးရျခင္းျဖစ္ေၾကာင္း၎က ေျပာဆိုသည္။

၂၀၁၈ သႀကၤန္ကာလက ျပည္လမ္းရွိ ေျမကြက္က်ယ္ငွားရမ္းခမွာ က်ပ္သိန္း ၄၀၀ မွ သိန္း ၁၀၀၀ အျမင့္ဆံုးျဖစ္ေၾကာင္း ေရကစားမ႑ပ္ ေဆာက္လုပ္ရန္ ေျမေနရာ ရွာေနသူမ်ားထံမွလည္း စံုစမ္းသိရွိရသည္။

ယခင္အစိုးရလက္ထက္က ကန္ေတာ္ႀကီးပတ္လမ္း၊ အင္းလ်ားလမ္း၊ ျပည္လမ္း၊ ကမၻာေအးဘုရားလမ္းႏွင့္ ေဝဇယႏၲာလမ္းမႀကီးတို႔တြင္ စီးပြားျဖစ္မ႑ပ္မ်ား ေဆာက္လုပ္ခြင့္ျပဳခဲ့ေသာ္လည္း ယခုအစိုးရလက္ထက္တြင္ ကန္ေတာ္ႀကီးပတ္လမ္း၊ ကမၻာေအးဘုရားလမ္း၊ တကၠသိုလ္ရိပ္သာလမ္းႏွင့္ အင္းလ်ားလမ္းမွ ကုကၠိဳင္းမီးပြိဳင့္ၾကားေနရာမ်ားတြင္ မ႑ပ္ေဆာက္လုပ္ခြင့္ မျပဳသည့္အတြက္ ေဈးတက္လာျခင္းျဖစ္ႏိုင္သည္ဟု ၎တို႔က ေျပာဆိုသည္။

ယခုႏွစ္ ရန္ကုန္ၿမိဳ႕ေတာ္ မဟာသႀကၤန္အတြက္ သုဝဏၰအားကစားကြင္းမွ စတင္ကာ ေဝဇယႏၲာလမ္းမမွတဆင့္ ပါရမီလမ္း၊ က်ိဳက္ဝိုင္းဘုရားလမ္း၊ ျပည္လမ္းမွတဆင့္ လွည္းတန္းမီးပြိဳင့္၊ တကၠသိုလ္ရိပ္သာလမ္း၊ ဗိုလ္ခ်ဳပ္လမ္း၊ အေနာ္ရထာလမ္း၊ မဟာဗႏၶဳလမ္းမွတဆင့္ ေအာက္ပုဇြန္ေတာင္ႏွင့္ အထက္ပုဇြန္ေတာင္လမ္းႏွင့္ သံသုမၼာ လမ္းမႀကီးတို႔တြင္ မ႑ပ္အႀကီးႏွင့္ အလတ္ ၃၄ ခု ေဆာက္လုပ္ခြင့္ေပးရန္လ်ာထားေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီထံမွ သိရသည္။

ယင္းအျပင္ မဟာဗႏၶဳလပန္းၿခံ၊ ကန္ေတာ္ႀကီးဥယ်ာဥ္၊ ဦးဥတၱမပန္းၿခံ (ကန္ေတာ္မင္ပန္းၿခံ)၊ ျမကၽြန္းသာပန္းၿခံႏွင့္ အင္းလ်ားလမ္းတို႔တြင္ လမ္းေလွ်ာက္သႀကၤန္ က်င္းပျပဳေပးမည္ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္က အသိေပးထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The voice daily

#Unicode Version# ျဖင့္ဖတ္ပါ ။

ပြည်လမ်းမကြီးပေါ်၌ မဏ္ဍပ်ဆောက်လုပ်ရန် မြေငှားခအနေနှင့် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၀၀၀ ကျော်အထိ ပေါက်ဈေးရှိကြောင်း နှစ်စဉ် ရေကစားမဏ္ဍပ် ဆောက်လုပ်နေသူများထံမှ သိရသည်။

ပြည်လမ်းတွင် မဏ္ဍပ်ဆောက်လုပ်ရန် မြေငှားခ ကျပ်သိန်းတစ်ထောင်အထိ ဈေးနှုန်းများ မြင့်တက်လာသည့်အတွက် အခြားသောလမ်းများတွင်ပါ စီးပွားဖြစ်မဏ္ဍပ်များ ဆောက်ခွင့်ပေးရန်လိုကြောင်း ရေကစားမဏ္ဍပ် ဆောက်လုပ်မည့်သူများက ပြောကြားသည်။

“ပြည်လမ်းက ခြံငှားခတင်ပဲ သိန်းငါးရာကနေ တစ်ထောင်ကျော်အထိ ခေါ်နေတော့ မဏ္ဍပ်ဆောက်မယ့်သူတွေ အခက်အခဲတွေ ဖြစ်နေတယ်။ ခြံသမားတွေကလည်း သိန်းခြောက်ရာပေးတာတောင် မငှားချင်ကြဘူး။ ပိုက်ဆံရှိတဲ့သူတွေအတွက်တော့ ကိစ္စမရှိဘူး”ဟု နှစ်စဉ် ရေကစားမဏ္ဍပ် ဆောက်လုပ်နေသူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အဆိုပါ မြေငှားရမ်းခမှာ သြင်္ကန်အကြိုနေ့မှ အတက်နေ့အထိ လေးရက်စာအတွက် ပေးရခြင်းဖြစ်ကြောင်း၎င်းက ပြောဆိုသည်။

၂၀၁၈ သြင်္ကန်ကာလက ပြည်လမ်းရှိ မြေကွက်ကျယ်ငှားရမ်းခမှာ ကျပ်သိန်း ၄၀၀ မှ သိန်း ၁၀၀၀ အမြင့်ဆုံးဖြစ်ကြောင်း ရေကစားမဏ္ဍပ် ဆောက်လုပ်ရန် မြေနေရာ ရှာနေသူများထံမှလည်း စုံစမ်းသိရှိရသည်။

ယခင်အစိုးရလက်ထက်က ကန်တော်ကြီးပတ်လမ်း၊ အင်းလျားလမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဝေဇယန္တာလမ်းမကြီးတို့တွင် စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းမှ ကုက္ကိုင်းမီးပွိုင့်ကြားနေရာများတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် မပြုသည့်အတွက် ဈေးတက်လာခြင်းဖြစ်နိုင်သည်ဟု ၎င်းတို့က ပြောဆိုသည်။

ယခုနှစ် ရန်ကုန်မြို့တော် မဟာသြင်္ကန်အတွက် သုဝဏ္ဏအားကစားကွင်းမှ စတင်ကာ ဝေဇယန္တာလမ်းမမှတဆင့် ပါရမီလမ်း၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ပြည်လမ်းမှတဆင့် လှည်းတန်းမီးပွိုင့်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလမ်းမှတဆင့် အောက်ပုဇွန်တောင်နှင့် အထက်ပုဇွန်တောင်လမ်းနှင့် သံသုမ္မာ လမ်းမကြီးတို့တွင် မဏ္ဍပ်အကြီးနှင့် အလတ် ၃၄ ခု ဆောက်လုပ်ခွင့်ပေးရန်လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ယင်းအပြင် မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးဥယျာဉ်၊ ဦးဥတ္တမပန်းခြံ (ကန်တော်မင်ပန်းခြံ)၊ မြကျွန်းသာပန်းခြံနှင့် အင်းလျားလမ်းတို့တွင် လမ်းလျှောက်သြင်္ကန် ကျင်းပပြုပေးမည်ဟု ရန်ကုန်မြို့တော်စည်ပင်က အသိပေးထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:The voice daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top