ၿမိတ္ၿမိဳ႕ ၊ၿမိတ္ေတာင္ေက်းရြာအုပ္စု၊ ေအးခ်မ္းသာယာရပ္ကြက္တြင္ ဧၿပီလ ၈ ရက္ေန႔၊ ည ၁၀ နာရီခန္႔က လူမႈေရးကိစၥျဖင့္ လင္မယားခ်င္းစကားမ်ားရန္ျဖစ္ရာမွ လူသတ္မႈျဖစ္ပြားေၾကာင္းၿမိဳ႕မရဲစခန္းမွသိရပါတယ္။

ေအးခ်မ္းသာယာရပ္ကြက္ ၊ တပ္ဦးေက်ာင္းလမ္းမွာေနထိုင္တဲ့ ဇာနည္ဟိန္း(ခ)ဇာနည္ ၏ ဇနီးျဖစ္သူ အိအိမြန္က ကုန္းေဖာက္ရပ္၊ ထူးထူးတိုးၾကက္ၿခံအနီးမွာေနထိုင္တဲ့ ဇာနည္ဟိန္းရဲ႕မိဘအိမ္သို႔ ေရာက္ရွိေနခ်ိန္ ဇာနည္ဟိန္းေရာက္ရွိလာၿပီး လင္မယားခ်င္းစကားမ်ားရန္ျဖစ္ရာမွ

ေနအိမ္ရွိဖန္ပုုလင္းျဖင့္ပစ္ေပါက္ခဲ့၍ အိအိမြန္၏ဦးေခါင္းေနာက္ေစ့တြင္ထိမွန္ကာ ဖူးေရာင္ေပါက္ၿပဲဒဏ္ရာရရွိကာ ဇာနည္ဟိန္းေမာင္းနွင္လာတဲ့ဆိုင္ကယ္ျဖင့္ တပ္ဦးေက်ာင္းလမ္းေနအိမ္သို႔ ျပန္ေခၚေဆာင္လာခဲ့ေၾကာင္းသိရပါတယ္။

ေနအိမ္သိုျပန္ေရာက္ၿပီး ၁ နာရီခန္႔အၾကာ အိအိမြန္မွာ ေအာ့အန္ေနတာေၾကာင့္ေဆးရံုသို႔တင္ပို႔လိုက္ေပမယ့္ ရရွိဒဏ္ရာနဲ႔ေသဆံုးသြားေၾကာင္းသိရပါတယ္။

ဇနီးျဖစ္သူအား ေသဆံုးေအာင္ျပဳလုပ္သူ ဇာနည္ဟိန္း(ခ)ဇာနည္(၂၉)နွစ္အား ၿမိတ္ၿမိဳ႕မရဲစခန္းမွ အမႈႀကီးအမွတ္စဥ္ (၅/၂၀၁၉) ၊ (ပ)၉၇၄ /၂၀၁၉ ၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္းသိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ျမတ္ထြဋ္ (ၿမိတ္)

#Unicode Version# ျဖင့္ဖတ္ပါ ။

မြိတ်မြို့ ၊မြိတ်တောင်ကျေးရွာအုပ်စု၊ အေးချမ်းသာယာရပ်ကွက်တွင် ဧပြီလ ၈ ရက်နေ့၊ ည ၁၀ နာရီခန့်က လူမှုရေးကိစ္စဖြင့် လင်မယားချင်းစကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားကြောင်းမြို့မရဲစခန်းမှသိရပါတယ်။

အေးချမ်းသာယာရပ်ကွက် ၊ တပ်ဦးကျောင်းလမ်းမှာနေထိုင်တဲ့ ဇာနည်ဟိန်း(ခ)ဇာနည် ၏ ဇနီးဖြစ်သူ အိအိမွန်က ကုန်းဖောက်ရပ်၊ ထူးထူးတိုးကြက်ခြံအနီးမှာနေထိုင်တဲ့ ဇာနည်ဟိန်းရဲ့မိဘအိမ်သို့ ရောက်ရှိနေချိန် ဇာနည်ဟိန်းရောက်ရှိလာပြီး လင်မယားချင်းစကားများရန်ဖြစ်ရာမှ

နေအိမ်ရှိဖန်ပုလင်းဖြင့်ပစ်ပေါက်ခဲ့၍ အိအိမွန်၏ဦးခေါင်းနောက်စေ့တွင်ထိမှန်ကာ ဖူးရောင်ပေါက်ပြဲဒဏ်ရာရရှိကာ ဇာနည်ဟိန်းမောင်းနှင်လာတဲ့ဆိုင်ကယ်ဖြင့် တပ်ဦးကျောင်းလမ်းနေအိမ်သို့ ပြန်ခေါ်ဆောင်လာခဲ့ကြောင်းသိရပါတယ်။

နေအိမ်သိုပြန်ရောက်ပြီး ၁ နာရီခန့်အကြာ အိအိမွန်မှာ အော့အန်နေတာကြောင့်ဆေးရုံသို့တင်ပို့လိုက်ပေမယ့် ရရှိဒဏ်ရာနဲ့သေဆုံးသွားကြောင်းသိရပါတယ်။

ဇနီးဖြစ်သူအား သေဆုံးအောင်ပြုလုပ်သူ ဇာနည်ဟိန်း(ခ)ဇာနည်(၂၉)နှစ်အား မြိတ်မြို့မရဲစခန်းမှ အမှုကြီးအမှတ်စဉ် (၅/၂၀၁၉) ၊ (ပ)၉၇၄ /၂၀၁၉ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:မြတ်ထွဋ် (မြိတ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top