မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ကိုယ္ပိုင္ေက်ာင္းမ်ားမွ ဆရာ၊ဆရာမမ်ား အရည္အေသြးျမႇင့္တင္မႈ သင္တန္းဖြင့္ပြဲကို မႏၲေလးၿမိဳ႕၊ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၆၈ လမ္း၊၂၈ လမ္းႏွင့္၂၉ လမ္းၾကားရွိ အမွတ္ ၁၆ အေျခခံပညာအထက္တန္းေက်ာင္းတြင္ ဧၿပီ ၂၂ ရက္၊နံနက္ ၉ နာရီက ျပဳလုပ္ခဲ့သည္။

အဆိုပါသင္တန္းကို ဧၿပီ ၂၂ ရက္မွ ေမ ၂၂ ရက္ေန႔အထိ တစ္လၾကာ ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္ၿပီး မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ားမွ ဆရာ၊ဆရာမ ၅၆၇ ဦး တက္ေရာက္သည္။

ယခုဖြင့္လွစ္သည့္သင္တန္းကို ပညာေရးဝန္ႀကီးဌာန၏ ကူညီေထာက္ပံ့မႈ၊ ပညာတန္ေဆာင္ႏွင့္ မႏၲေလးတိုင္း ေဒသႀကီး ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ားအသင္းတို႔ ပူးေပါင္းဖြင့္လွစ္ျခင္းျဖစ္သည္။

အဆိုပါဖြင့္ပြဲသို႔ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ဝန္ႀကီး ေဒါက္တာစိုးသန္း၊ လွ်ပ္စစ္ႏွင့္ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးဇာနည္ေအာင္၊ မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာ ရဲလြင္ႏွင့္အေျခခံပညာဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာ တင္ေမာင္ဝင္းတို႔ တက္ေရာက္ခဲ့ၾကသည္။

စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ဝန္ႀကီး ေဒါက္တာစိုးသန္းက"ကေလးေတြရဲ႕ ပင္ကိုယ္ဉာဏ္ ပိုမို ဖြံ႕ၿဖိဳးဖို႔ကေတာ့ အခုသင္တန္းခန္းမထဲမွာရွိတဲ့ သင္တန္းသူ၊ သင္တန္းသားမ်ားျဖစ္တဲ့ ဆရာ၊ ဆရာမမ်ားရဲ႕ သမိုင္းေပးတာဝန္တစ္ရပ္လို႔ မွတ္ယူၿပီး မိမိကိုယ္မိမိလည္း ကြၽမ္းက်င္တတ္ေျမာက္ေအာင္ ၊ ေတာ္ေအာင္ ႀကိဳးစားဖို႔ လိုပါတယ္။ မိမိတို႔ရဲ႕ မ်ိဳးဆက္သစ္ကိုမ်ားစြာ ေတာ္တဲ့၊ တတ္တဲ့ မ်ိးဆက္သစ္ျဖစ္ေအာင္ သင္ၾကား ပို႔ခ်ေပးဖို႔လည္း လိုပါတယ္။ လူေတာ္၊ လူေကာင္းျဖစ္ဖို႔လည္း လမ္းၫႊန္ေပးဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။"ဟု ေျပာသည္။

ကိုယ္ပိုင္ေက်ာင္းမ်ားတြင္ သင္ၾကားေပးေနသည့္ ဆရာ၊ဆရာမမ်ားကို ယခုလို အရည္အေသြးျမႇင့္တင္ေပးသည့္ သင္တန္းကို မႏၲေလးတိုင္းေဒသႀကီးအတြင္းတြင္ ပထမဆုံးအႀကိမ္ ဖြင့္လွစ္သင္ၾကားေပးႏိုင္ျခင္းျဖစ္ၿပီး ႏွစ္စဥ္ ဖြင့္လွစ္သင္ၾကားေပးႏိုင္ရန္အတြက္လည္း စီမံေဆာင္႐ြက္သြားမည္ဟု မႏၲေလးတိုင္းေဒသႀကီး ကိုယ္ပိုင္ အထက္တန္းေက်ာင္းမ်ားအသင္းမွ သိရသည္။

မႏၲေလးတိုင္းေဒသႀကီး၊ ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ားအသင္းမွ အေထြေထြအတြင္းေရးမႉး ဦးရဲမင္းစိုးက "သင္တန္း ဖြင့္ရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ လက္ရွိပညာေရးမွာ ပိုမိုၿပီးေတာ့ စဥ္းစားေတြးေခၚမႈကို ပိုမိုၿပီးေတာ့ အေျခခံတဲ့ ပညာေရးစနစ္တစ္ခုျဖစ္ေအာင္ ဆရာ၊ဆရာမေတြရဲ႕ အရည္အေသြးကို ျမႇင့္တင္ေပးခ်င္လို႔ ျဖစ္ပါတယ္။"ဟု ေျပာသည္။

ယခုလို သင္တန္းမ်ားကို တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားမွာပါ ဖြင့္လွစ္ႏိုင္ရန္ လိုအပ္လွ်က္ရွိသည့္၊ လိုအပ္သည္ မ်ားကို လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ မူေဘာင္ထဲမွ ကူညီေဆာင္႐ြက္ေပးသြားမည္ဟု အေျခခံပညာဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာ တင္ေမာင္ဝင္းက ဆိုသည္။

"ဒီလိုကိစၥမ်ိဳးေတြမွာ ရန္ကုန္၊ မႏၲေလးလိုၿမိဳ႕မ်ိဳးအျပင္ ျပည္နယ္နဲ႔တိုင္းတစ္ခြင္ မွန္ကန္တဲ့ ဆရာအတတ္သင္ ပညာကို ျဖန႔္ျဖဴးေပးႏိုင္ရင္ဆိုရင္ ပိုၿပီးေကာင္းမြန္တဲ့ အရည္အေသြးရႏိုင္မွာ ျဖစ္ပါတယ္။"ဟု ၎က ေျပာသည္။

ယခုသင္တန္းသို႔ ကိုယ္ပိုင္ေက်ာင္းမ်ားမွ မူလတန္းျပ(၂၇၂)ဦး၊ အလယ္တန္းျပ (၁၅၉)ဦးႏွင့္ အထက္တန္းျပ (၁၃၆) ဦး စုစုေပါင္းဆရာ၊ ဆရာမ(၅၆၇)ဦး တက္ေရာက္ေနေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ဆရာမများ အရည်အသွေးမြှင့်တင်မှု သင်တန်းဖွင့်ပွဲကို မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ၆၈ လမ်း၊၂၈ လမ်းနှင့်၂၉ လမ်းကြားရှိ အမှတ် ၁၆ အခြေခံပညာအထက်တန်းကျောင်းတွင် ဧပြီ ၂၂ ရက်၊နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းကို ဧပြီ ၂၂ ရက်မှ မေ ၂၂ ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ၊ဆရာမ ၅၆၇ ဦး တက်ရောက်သည်။

ယခုဖွင့်လှစ်သည့်သင်တန်းကို ပညာရေးဝန်ကြီးဌာန၏ ကူညီထောက်ပံ့မှု၊ ပညာတန်ဆောင်နှင့် မန္တလေးတိုင်း ဒေသကြီး ကိုယ်ပိုင်အထက်တန်းကျောင်းများအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်သည်။

အဆိုပါဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ်နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်နှင့်အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ တင်မောင်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းက"ကလေးတွေရဲ့ ပင်ကိုယ်ဉာဏ် ပိုမို ဖွံ့ဖြိုးဖို့ကတော့ အခုသင်တန်းခန်းမထဲမှာရှိတဲ့ သင်တန်းသူ၊ သင်တန်းသားများဖြစ်တဲ့ ဆရာ၊ ဆရာမများရဲ့ သမိုင်းပေးတာဝန်တစ်ရပ်လို့ မှတ်ယူပြီး မိမိကိုယ်မိမိလည်း ကျွမ်းကျင်တတ်မြောက်အောင် ၊ တော်အောင် ကြိုးစားဖို့ လိုပါတယ်။ မိမိတို့ရဲ့ မျိုးဆက်သစ်ကိုများစွာ တော်တဲ့၊ တတ်တဲ့ မျိးဆက်သစ်ဖြစ်အောင် သင်ကြား ပို့ချပေးဖို့လည်း လိုပါတယ်။ လူတော်၊ လူကောင်းဖြစ်ဖို့လည်း လမ်းညွှန်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။"ဟု ပြောသည်။

ကိုယ်ပိုင်ကျောင်းများတွင် သင်ကြားပေးနေသည့် ဆရာ၊ဆရာမများကို ယခုလို အရည်အသွေးမြှင့်တင်ပေးသည့် သင်တန်းကို မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ပထမဆုံးအကြိမ် ဖွင့်လှစ်သင်ကြားပေးနိုင်ခြင်းဖြစ်ပြီး နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးနိုင်ရန်အတွက်လည်း စီမံဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင် အထက်တန်းကျောင်းများအသင်းမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကိုယ်ပိုင်အထက်တန်းကျောင်းများအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းစိုးက "သင်တန်း ဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိပညာရေးမှာ ပိုမိုပြီးတော့ စဉ်းစားတွေးခေါ်မှုကို ပိုမိုပြီးတော့ အခြေခံတဲ့ ပညာရေးစနစ်တစ်ခုဖြစ်အောင် ဆရာ၊ဆရာမတွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးချင်လို့ ဖြစ်ပါတယ်။"ဟု ပြောသည်။

ယခုလို သင်တန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာပါ ဖွင့်လှစ်နိုင်ရန် လိုအပ်လျှက်ရှိသည့်၊ လိုအပ်သည် များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ မူဘောင်ထဲမှ ကူညီဆောင်ရွက်ပေးသွားမည်ဟု အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ တင်မောင်ဝင်းက ဆိုသည်။

"ဒီလိုကိစ္စမျိုးတွေမှာ ရန်ကုန်၊ မန္တလေးလိုမြို့မျိုးအပြင် ပြည်နယ်နဲ့တိုင်းတစ်ခွင် မှန်ကန်တဲ့ ဆရာအတတ်သင် ပညာကို ဖြန့်ဖြူးပေးနိုင်ရင်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ အရည်အသွေးရနိုင်မှာ ဖြစ်ပါတယ်။"ဟု ၎င်းက ပြောသည်။

ယခုသင်တန်းသို့ ကိုယ်ပိုင်ကျောင်းများမှ မူလတန်းပြ(၂၇၂)ဦး၊ အလယ်တန်းပြ (၁၅၉)ဦးနှင့် အထက်တန်းပြ (၁၃၆) ဦး စုစုပေါင်းဆရာ၊ ဆရာမ(၅၆၇)ဦး တက်ရောက်နေကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top