ရန္ကင္း ဆီဒိုးနားဟိုတယ္အနီး Star Villa (Sunian Park) ကြန္ဒိုအေရာင္းျပပြဲ
×

ပဲခူးမွာ ၾကက္တူေ႐ြး ၁၂ ေကာင္လက္၀ယ္ေတြ႔သူကို သစ္ေတာပုဒ္မ ၂ ခုနဲ႔ အမႈဖြင့္

ပဲခူးတိုင္း၊ ဥႆာၿမိဳ႕သစ္ (၂) ရပ္ကြက္မွာ ေနအိမ္အတြင္း ၾကက္တူေ႐ြးမ်ဳိးကြဲ ၁၂ ေကာင္ေမြးျမဴထားသူ ၁ ဦးကို သစ္ေတာဥပေဒပုဒ္မ ၂ ခုနဲ႔ ပဲခူးတိုင္းသစ္ေတာဦးစီးဌာန ေတာအုပ္က တရားလိုလုပ္ အမႈဖြင့္လိုက္ပါတယ္။

သစ္ေတာဦးစီးဌာန တာ၀န္ရွိသူေတြက ရပ္ကြက္ထဲမွာ ၾကက္တူေ႐ြးေရာင္းခ်ေနတယ္ဆိုတဲ့ သတင္းရလို႔ ဥႆာၿမိဳ႕သစ္ထဲက အဲ့ဒီလူရဲ႕ ေနအိမ္အတြင္း ၀င္ေရာက္ရွာေဖြခဲ့ၿပီး သူ႔ကို ရဲစခန္းမွာ သီတင္း ၂ ပတ္ၾကာ ဖမ္းဆီးထိမ္းသိမ္းခဲ့ပါတယ္။

ဒီကေန႔ ဧၿပီ ၁၀ ရက္ေန႔မွာေတာ့ အဲ့ဒီလူကို ပဲခူးတရား႐ုံးမွာ ဇီ၀မ်ဳိးစုံမ်ဳိးကြဲထိန္းသိမ္းျခင္းန႔ဲ ေရာင္း၀ယ္ျခင္းဆိုင္ရာဥပေဒပုဒ္မ ၄၀(က) ၃၉(စ်)နဲ႔ အမႈဖြင့္ၿပီး ႐ုံးထုတ္စစ္ေဆးခဲ့တယ္လို႔ ပဲခူးတိုင္းအမွတ္ ၃ နယ္ေျမရဲစခန္း တာ၀န္က်ရဲအရာရွိက ဘီဘီစီကို အတည္ျပဳေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဘီဘီစီျမန္မာပိုင္း

#Unicode Version# ျဖင့္ဖတ္ပါ ။

ပဲခူးမှာ ကြက်တူရွေး ၁၂ ကောင်လက်ဝယ်တွေ့သူကို သစ်တောပုဒ်မ ၂ ခုနဲ့ အမှုဖွင့်

ပဲခူးတိုင်း၊ ဥဿာမြို့သစ် (၂) ရပ်ကွက်မှာ နေအိမ်အတွင်း ကြက်တူရွေးမျိုးကွဲ ၁၂ ကောင်မွေးမြူထားသူ ၁ ဦးကို သစ်တောဥပဒေပုဒ်မ ၂ ခုနဲ့ ပဲခူးတိုင်းသစ်တောဦးစီးဌာန တောအုပ်က တရားလိုလုပ် အမှုဖွင့်လိုက်ပါတယ်။

သစ်တောဦးစီးဌာန တာဝန်ရှိသူတွေက ရပ်ကွက်ထဲမှာ ကြက်တူရွေးရောင်းချနေတယ်ဆိုတဲ့ သတင်းရလို့ ဥဿာမြို့သစ်ထဲက အဲ့ဒီလူရဲ့ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ပြီး သူ့ကို ရဲစခန်းမှာ သီတင်း ၂ ပတ်ကြာ ဖမ်းဆီးထိမ်းသိမ်းခဲ့ပါတယ်။

ဒီကနေ့ ဧပြီ ၁၀ ရက်နေ့မှာတော့ အဲ့ဒီလူကို ပဲခူးတရားရုံးမှာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနဲ့ ရောင်းဝယ်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၀(က) ၃၉(ဈ)နဲ့ အမှုဖွင့်ပြီး ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ပဲခူးတိုင်းအမှတ် ၃ နယ်မြေရဲစခန်း တာဝန်ကျရဲအရာရှိက ဘီဘီစီကို အတည်ပြုပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဘီဘီစီမြန်မာပိုင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top