Himalayan salt လို႔ေခၚတဲ့ ပန္းေရာင္ဆားဆိုတာ ဟိမဝႏၱာေတာင္တန္းေတြအနီး ပါကစၥတန္နုိင္ငံ ပန္ဂ်ပ္ေဒသမွာရွိတဲ့ သတၱဳဆားခဲတစ္မ်ိဳးပါ။ ပန္းေရာင္ဆားဟာ ဆားအမ်ိဳးအစားမ်ားစြာထဲက အသန္႔စင္ဆံုးျဖစ္ျပီး က်န္းမာေရးအက်ိဳးေ်က်းဇူးေတြလည္း သိပ္မ်ားတယ္လို႔ တခ်ိဳ႕က ယံုၾကည္ညႊန္းဆိုၾကပါတယ္။ အခုဆို ေသြးမတိုးတဲ့ဆား ဆိုျပီးေတာင္ ေၾကာ္ျငာေနတာေတြ ေတြ႔လာရပါတယ္။

ဒါေပမယ့္ သူက က်န္းမာေရးအတြက္ ပိုေကာင္းေနတာလား၊ သူမ်ားေတြေျပာေနတဲ့ အက်ိဳးေက်းဇူးေတြကေရာ ဟုတ္ရဲ႕လား၊ ဘာေတြထူးျခားေနလဲ၊ ရိုးရိုးဆား အစား  သူ႔ကိုပဲအျမဲသံုးရေတာ့မလား ဆိုတဲ့ ေမးခြန္းေတြကို ဒီေဆာင္းပါးနဲ႔ ရွင္းျပခ်င္ပါတယ္။
Himalayan salt ဆိုတာဘာလဲ

ပန္းေရာင္ဆားဆိုတာလည္း စားပြဲတင္ဆားလိုပါပဲ။ သူ႔မွာ sodium chloride က ၉၈ ရာခိုင္ႏႈန္းအထိ ပါဝင္ပါတယ္။ က်န္တဲ့ရာခိုင္ႏႈန္းမွာေတာ့ ပိုတက္စီယမ္၊ မဂၢနီဆီယမ္၊နဲ႔ ကယ္လ္စီယမ္တို႔လို သတၱဳဓာတ္ေတြပါဝင္ေနပါတယ္။ ဒီလိုပါဝင္လို႔လည္း ပန္းေရာင္သမ္းေစတာျဖစ္သလို ရိုးရိုးဆားနဲ႔အရသာကြဲေနတာျဖစ္ပါတယ္။
ဘယ္လိုသံုးၾကလဲ

တခ်ိဳ႕က ဟင္းခ်က္တာ၊ အသုပ္သုပ္တာ စတဲ့အစားအေသာက္ျပင္ဆင္တဲ့ေနရာမွာ ရိုးရိုးဆားလိုပဲ သံုးၾကပါတယ္။ တခ်ိဳ႕က ပန္းေရာင္ဆားကို အခဲျပားလိုက္ပံုစံနဲ႔ ဟင္းပြဲျပင္ရာမွာေအာက္ခံအေနနဲ႔သံုးတာ၊ စဥ္းတီတံုးအေနနဲ႔သံုးတာ (တျခားနိုင္ငံေတြမွာေပါ့ေနာ့)ေတြလည္း ရွိပါတယ္။ပန္းေရာင္ဆားနဲ႔ ျပဳလုပ္တဲ့ မီးအိမ္ေတြ၊ ဖေယာင္းတိုင္ေအာက္ခံေတြလည္း ထုတ္လုပ္ၾကပါတယ္။
အက်ိဳးေက်းဇူးနဲ႔ပတ္သက္တဲ့ ယံုတမ္းစကားမ်ား

ပန္းေရာင္ဆားကို စားသံုးျခင္းအားျဖင့္ရရွိနိုင္မယ္လို႔ဆိုတဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြက အမ်ားၾကီးပါပဲ –
သတၱဳဓာတ္ၾကြယ္ဝတယ္

ဟိမဝႏၱာပန္းေရာင္ဆားမွာ သတၱဳဓာတ္မ်ိဳးကြဲ ၈၄ မ်ိဳးအထိ ပါဝင္နိုင္တယ္လို႔တခ်ိဳ႕ကေျပာပါတယ္။ sodium chloride က ၉၈ ရာခိုင္ႏႈန္းပါတယ္ဆိုေတာ့ က်န္တဲ့ ၂ ရာခိုင္ႏႈန္းမွာ ဒီသတၱဳဓာတ္ေတြပါဝင္ေနတာျဖစ္ပါတယ္။ လူတစ္ေယာက္မွာ တစ္ေန႔တာစားသင့္တဲ့ ဆားပမာဏနဲ႔တြက္လိုက္ရင္ေတာ့ ဆားကေနရရွိမယ့္ သတၱဳဓာတ္ဆိုတာ ေတာ္ေတာ္နည္းမွာျဖစ္လို႔ က်န္းမာေရးအက်ိဳးေက်းဇူးအျဖစ္နဲ႔ ေျပာလို႔မရနိုင္ပါဘူး။
ဆိုဒီယမ္နည္းတယ္

ပန္းေရာင္ဆားက ရိုးရိုးဆားထက္ အငန္နည္းတယ္၊ ေသြးမတိုးပါဘူးတဲ့။ ဒါေပမယ့္ ဒီႏွစ္မ်ိဳးလံုးက sodium chloride ၉၈ ရာခိုင္ႏႈန္းေလာက္ အမ်ားဆံုးပါဝင္တာပဲဆိုေတာ့ သိပ္မထူးပါဘူး။ ပန္းေရာင္ဆားက ရိုးရိုးဆားထက္ အခဲပံုစံပိုၾကီးတတ္တာေၾကာင့္ အမႈန္႔တစ္ဇြန္းခ်င္းနဲ႔တြက္ရင္ ဆိုဒီယမ္ပါဝင္မႈပိုနည္းတယ္လို႔ သေဘာတရားအရ ယူဆၾကတာပါ။ သူက ရိုးရိုးဆားထက္ အရသာပိုေလးတာေၾကာင့္ အရသာတူ ရဖို႔အတြက္ ဆားထည့္တဲ့ပမာဏနည္းနည္းေလ်ာ့သြားတာမ်ိဳးျဖစ္ပါလိမ့္မယ္။
သဘာဝ ပိုျဖစ္တယ္

ပန္းေရာင္ဆားက စားပြဲတင္ဆားထက္ သဘာဝက်က် ပိုသန္႔စင္တယ္လို႔ ယူဆၾကပါတယ္။ စားပြဲတင္ဆားဆိုတာ ေသခ်ာစီမံသန္႔စင္ထားျပီး sodium aluminosilicate ဒါမွမဟုတ္ magnesium carbonate တို႔လို အခဲေတြျပန္မျဖစ္ေစမယ့္ ဓာတ္ေတြေပါင္းထည့္ထားတာျဖစ္ပါတယ္။  ပန္းေရာင္ဆားကေတာ့ အတုေတြပါဝင္မႈနည္းျပီး စြဲလမ္းေစတဲ့ဓာတ္ပစၥည္းေတြမပါဝင္ပါဘူး။
ေရဓာတ္ျပည့္ေစတယ္

အစားအေသာက္ေတြမွာ ပန္းေရာင္ဆားကို ထည့္စားရင္ ခႏၶာကိုယ္မွာေရဓာတ္ထိန္းညွိေပးျပီး ေရဓာတ္ခန္းေျခာက္ျခင္းကိုကာကြယ္နုိင္မယ္လို႔ တခ်ိဳ႕ကယံုၾကည္ပါတယ္။ ခႏၶာကိုယ္ရဲ႕အရည္ဓာတ္ထိန္းညွိမႈအတြက္ ဆိုဒီယမ္ကိုလိုအပ္တာ မွန္ပါတယ္။ ဒါေပမယ့္ ဒီအခ်က္ဟာ ပန္းေရာင္ဆားနဲ႔ တျခားဆားေတြအတြက္လည္း အတူတူပဲျဖစ္ပါတယ္။
သတိထားသင့္တဲ့အခ်က္ေတြက –

အိုင္အိုဒင္း စားသံုးမႈ

အိုင္အိုဒင္းက သိုင္းရိြဳက္လုပ္ေဆာင္ခ်က္နဲ႔ ဆဲလ္ေတြရဲ႕ဇီဝျဖစ္စဥ္ေတြကိုထိိန္းသိမ္းရာမွာ ခႏၶာကိုယ္အတြက္လိုအပ္တဲ့သတၱဳဓာတ္ျဖစ္ပါတယ္။ အိုင္အိုဒင္းကို ငါး၊ ပင္လယ္ေရညွိ၊ႏို႔ထြက္ပစၥည္း၊ၾကက္ဥတို႔အပါအဝင္ တျခားအရင္းအျမစ္ေတြကေနလည္းရရွိနိုင္ပါတယ္။ အိုင္အိုဒင္းဆားကေနလည္း ရရွိနိုင္ပါတယ္။

ပန္းေရာင္ဆားမွာ သဘာဝအေလ်ာက္ အိုင္အိုဒင္းနည္းနည္းပါဝင္ေပမယ့္ အိုင္အိုဒင္းခ်ိဳ႕တဲ့ေနသူေတြအတြက္ကေတာ့ မလံုေလာက္နိုင္ပါဘူး။

ဆိုဒီယမ္ စားသံုးမႈ

ဘယ္ဆားကို စားစား ဆိုဒီယမ္အငန္ကို သတိထားရမွာ အေရးၾကီးဆံုးအခ်က္ပါပဲ။ နည္းနည္းေလးပဲလိုအပ္တာမို႔ မ်ားမ်ားစားရင္ အႏၱရာယ္ေပးလာမွာပါပဲ။ ဆားက ေဆးမဟုတ္တာေၾကာင့္ က်န္းမာေရးအက်ိဳးေက်းဇူးေတြကိုေတာ့ အရမ္းမေမွ်ာ္လင့္တာေကာင္းပါတယ္။

ေက်ာက္ကပ္၊ႏွလံုး၊ အသည္းေရာဂါရွိသူေတြ၊ အငန္ေလွ်ာ့စားနရသူေတြ၊ အေနနဲ႔ ပန္းေရာင္ဆားအပါအဝင္ ဆားမွန္သမွ်ကို သတိထားစားရမွာျဖစ္ပါတယ္။
သတိေပးခ်င္တာက –

ပန္းေရာင္ဆားက ရိုးရိုးဆားထက္ က်န္းမာေရးအက်ိဳးေက်းဇူးပိုမ်ားတယ္ဆိုတဲ့ ေလ့လာေတြ႔ရွိမႈအေထာက္အထားမရွိေသးပါဘူး။ မႈန္႔ညက္ေနတဲ့ စားပြဲတင္ဆားနဲ႔ယွဥ္ရင္ အမႈန္ပိုၾကီးတဲ့ ပန္းေရာင္ဆားက ဆားစားသံုးမႈပိုနည္းေစနုိင္တယ္ဆိုေပမယ့္ တျခားဆားေတြလိုပါပဲ ေတာ္သင့္ရံုခ်င့္ခ်ိန္စားရမွာပဲဆိုတာ မေမ့ပါနဲ႔။

ဒါေပမယ့္ ပန္းေရာင္ဆားမွာ လူ႔က်န္းမာေရးအတြက္ ဆိုးက်ိဳးေပးနိုင္မယ့္ ျပဳျပင္ဖန္တီးမႈမပါတာရယ္၊ အတုပစၥည္းေတြမပါတာရယ္ေၾကာင့္ ပိုသန္႔စင္တဲ့ သဘာဝဆားအျဖစ္ အသံုးျပဳလို႔ရပါတယ္။ ဒါေပမယ့္ ပန္းေရာင္ဆားကိုပဲ အစားထုိးစားသံုးေတာ့မယ္ဆိုရင္ေတာ့ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ အိုင္အိုဒင္းကို တျခားအစားအေသာက္ေတြဆီကရေအာင္ စားသံုးဖို႔ေတာ့လိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


Himalayan salt လို့ခေါ်တဲ့ ပန်းရောင်ဆားဆိုတာ ဟိမဝန္တာတောင်တန်းတွေအနီး ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ဒေသမှာရှိတဲ့ သတ္တုဆားခဲတစ်မျိုးပါ။ ပန်းရောင်ဆားဟာ ဆားအမျိုးအစားများစွာထဲက အသန့်စင်ဆုံးဖြစ်ပြီး ကျန်းမာရေးအကျိုးေျကျးဇူးတွေလည်း သိပ်များတယ်လို့ တချို့က ယုံကြည်ညွှန်းဆိုကြပါတယ်။ အခုဆို သွေးမတိုးတဲ့ဆား ဆိုပြီးတောင် ကြော်ငြာနေတာတွေ တွေ့လာရပါတယ်။

ဒါပေမယ့် သူက ကျန်းမာရေးအတွက် ပိုကောင်းနေတာလား၊ သူများတွေပြောနေတဲ့ အကျိုးကျေးဇူးတွေကရော ဟုတ်ရဲ့လား၊ ဘာတွေထူးခြားနေလဲ၊ ရိုးရိုးဆား အစား  သူ့ကိုပဲအမြဲသုံးရတော့မလား ဆိုတဲ့ မေးခွန်းတွေကို ဒီဆောင်းပါးနဲ့ ရှင်းပြချင်ပါတယ်။
Himalayan salt ဆိုတာဘာလဲ

ပန်းရောင်ဆားဆိုတာလည်း စားပွဲတင်ဆားလိုပါပဲ။ သူ့မှာ sodium chloride က ၉၈ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ ကျန်တဲ့ရာခိုင်နှုန်းမှာတော့ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊နဲ့ ကယ်လ်စီယမ်တို့လို သတ္တုဓာတ်တွေပါဝင်နေပါတယ်။ ဒီလိုပါဝင်လို့လည်း ပန်းရောင်သမ်းစေတာဖြစ်သလို ရိုးရိုးဆားနဲ့အရသာကွဲနေတာဖြစ်ပါတယ်။
ဘယ်လိုသုံးကြလဲ

တချို့က ဟင်းချက်တာ၊ အသုပ်သုပ်တာ စတဲ့အစားအသောက်ပြင်ဆင်တဲ့နေရာမှာ ရိုးရိုးဆားလိုပဲ သုံးကြပါတယ်။ တချို့က ပန်းရောင်ဆားကို အခဲပြားလိုက်ပုံစံနဲ့ ဟင်းပွဲပြင်ရာမှာအောက်ခံအနေနဲ့သုံးတာ၊ စဉ်းတီတုံးအနေနဲ့သုံးတာ (တခြားနိုင်ငံတွေမှာပေါ့နော့)တွေလည်း ရှိပါတယ်။ပန်းရောင်ဆားနဲ့ ပြုလုပ်တဲ့ မီးအိမ်တွေ၊ ဖယောင်းတိုင်အောက်ခံတွေလည်း ထုတ်လုပ်ကြပါတယ်။
အကျိုးကျေးဇူးနဲ့ပတ်သက်တဲ့ ယုံတမ်းစကားများ

ပန်းရောင်ဆားကို စားသုံးခြင်းအားဖြင့်ရရှိနိုင်မယ်လို့ဆိုတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက အများကြီးပါပဲ –
သတ္တုဓာတ်ကြွယ်ဝတယ်

ဟိမဝန္တာပန်းရောင်ဆားမှာ သတ္တုဓာတ်မျိုးကွဲ ၈၄ မျိုးအထိ ပါဝင်နိုင်တယ်လို့တချို့ကပြောပါတယ်။ sodium chloride က ၉၈ ရာခိုင်နှုန်းပါတယ်ဆိုတော့ ကျန်တဲ့ ၂ ရာခိုင်နှုန်းမှာ ဒီသတ္တုဓာတ်တွေပါဝင်နေတာဖြစ်ပါတယ်။ လူတစ်ယောက်မှာ တစ်နေ့တာစားသင့်တဲ့ ဆားပမာဏနဲ့တွက်လိုက်ရင်တော့ ဆားကနေရရှိမယ့် သတ္တုဓာတ်ဆိုတာ တော်တော်နည်းမှာဖြစ်လို့ ကျန်းမာရေးအကျိုးကျေးဇူးအဖြစ်နဲ့ ပြောလို့မရနိုင်ပါဘူး။
ဆိုဒီယမ်နည်းတယ်

ပန်းရောင်ဆားက ရိုးရိုးဆားထက် အငန်နည်းတယ်၊ သွေးမတိုးပါဘူးတဲ့။ ဒါပေမယ့် ဒီနှစ်မျိုးလုံးက sodium chloride ၉၈ ရာခိုင်နှုန်းလောက် အများဆုံးပါဝင်တာပဲဆိုတော့ သိပ်မထူးပါဘူး။ ပန်းရောင်ဆားက ရိုးရိုးဆားထက် အခဲပုံစံပိုကြီးတတ်တာကြောင့် အမှုန့်တစ်ဇွန်းချင်းနဲ့တွက်ရင် ဆိုဒီယမ်ပါဝင်မှုပိုနည်းတယ်လို့ သဘောတရားအရ ယူဆကြတာပါ။ သူက ရိုးရိုးဆားထက် အရသာပိုလေးတာကြောင့် အရသာတူ ရဖို့အတွက် ဆားထည့်တဲ့ပမာဏနည်းနည်းလျော့သွားတာမျိုးဖြစ်ပါလိမ့်မယ်။
သဘာဝ ပိုဖြစ်တယ်

ပန်းရောင်ဆားက စားပွဲတင်ဆားထက် သဘာဝကျကျ ပိုသန့်စင်တယ်လို့ ယူဆကြပါတယ်။ စားပွဲတင်ဆားဆိုတာ သေချာစီမံသန့်စင်ထားပြီး sodium aluminosilicate ဒါမှမဟုတ် magnesium carbonate တို့လို အခဲတွေပြန်မဖြစ်စေမယ့် ဓာတ်တွေပေါင်းထည့်ထားတာဖြစ်ပါတယ်။  ပန်းရောင်ဆားကတော့ အတုတွေပါဝင်မှုနည်းပြီး စွဲလမ်းစေတဲ့ဓာတ်ပစ္စည်းတွေမပါဝင်ပါဘူး။
ရေဓာတ်ပြည့်စေတယ်

အစားအသောက်တွေမှာ ပန်းရောင်ဆားကို ထည့်စားရင် ခန္ဓာကိုယ်မှာရေဓာတ်ထိန်းညှိပေးပြီး ရေဓာတ်ခန်းခြောက်ခြင်းကိုကာကွယ်နိုင်မယ်လို့ တချို့ကယုံကြည်ပါတယ်။ ခန္ဓာကိုယ်ရဲ့အရည်ဓာတ်ထိန်းညှိမှုအတွက် ဆိုဒီယမ်ကိုလိုအပ်တာ မှန်ပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ ပန်းရောင်ဆားနဲ့ တခြားဆားတွေအတွက်လည်း အတူတူပဲဖြစ်ပါတယ်။
သတိထားသင့်တဲ့အချက်တွေက –

အိုင်အိုဒင်း စားသုံးမှု

အိုင်အိုဒင်းက သိုင်းရွိုက်လုပ်ဆောင်ချက်နဲ့ ဆဲလ်တွေရဲ့ဇီဝဖြစ်စဉ်တွေကိုထိန်းသိမ်းရာမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့သတ္တုဓာတ်ဖြစ်ပါတယ်။ အိုင်အိုဒင်းကို ငါး၊ ပင်လယ်ရေညှိ၊နို့ထွက်ပစ္စည်း၊ကြက်ဥတို့အပါအဝင် တခြားအရင်းအမြစ်တွေကနေလည်းရရှိနိုင်ပါတယ်။ အိုင်အိုဒင်းဆားကနေလည်း ရရှိနိုင်ပါတယ်။

ပန်းရောင်ဆားမှာ သဘာဝအလျောက် အိုင်အိုဒင်းနည်းနည်းပါဝင်ပေမယ့် အိုင်အိုဒင်းချို့တဲ့နေသူတွေအတွက်ကတော့ မလုံလောက်နိုင်ပါဘူး။

ဆိုဒီယမ် စားသုံးမှု

ဘယ်ဆားကို စားစား ဆိုဒီယမ်အငန်ကို သတိထားရမှာ အရေးကြီးဆုံးအချက်ပါပဲ။ နည်းနည်းလေးပဲလိုအပ်တာမို့ များများစားရင် အန္တရာယ်ပေးလာမှာပါပဲ။ ဆားက ဆေးမဟုတ်တာကြောင့် ကျန်းမာရေးအကျိုးကျေးဇူးတွေကိုတော့ အရမ်းမမျှော်လင့်တာကောင်းပါတယ်။

ကျောက်ကပ်၊နှလုံး၊ အသည်းရောဂါရှိသူတွေ၊ အငန်လျှော့စားနရသူတွေ၊ အနေနဲ့ ပန်းရောင်ဆားအပါအဝင် ဆားမှန်သမျှကို သတိထားစားရမှာဖြစ်ပါတယ်။
သတိပေးချင်တာက –

ပန်းရောင်ဆားက ရိုးရိုးဆားထက် ကျန်းမာရေးအကျိုးကျေးဇူးပိုများတယ်ဆိုတဲ့ လေ့လာတွေ့ရှိမှုအထောက်အထားမရှိသေးပါဘူး။ မှုန့်ညက်နေတဲ့ စားပွဲတင်ဆားနဲ့ယှဉ်ရင် အမှုန်ပိုကြီးတဲ့ ပန်းရောင်ဆားက ဆားစားသုံးမှုပိုနည်းစေနိုင်တယ်ဆိုပေမယ့် တခြားဆားတွေလိုပါပဲ တော်သင့်ရုံချင့်ချိန်စားရမှာပဲဆိုတာ မမေ့ပါနဲ့။

ဒါပေမယ့် ပန်းရောင်ဆားမှာ လူ့ကျန်းမာရေးအတွက် ဆိုးကျိုးပေးနိုင်မယ့် ပြုပြင်ဖန်တီးမှုမပါတာရယ်၊ အတုပစ္စည်းတွေမပါတာရယ်ကြောင့် ပိုသန့်စင်တဲ့ သဘာဝဆားအဖြစ် အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် ပန်းရောင်ဆားကိုပဲ အစားထိုးစားသုံးတော့မယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အိုင်အိုဒင်းကို တခြားအစားအသောက်တွေဆီကရအောင် စားသုံးဖို့တော့လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top