ဗုဒၶနည္းေပး အသက္ရွည္ေဆး
အသက္ကယ္တ့ဲ ရွည္ေစလုိ႔မန္း ေတာင္ ရိပ္ ကုိ ခုိ
မိမိအသက္ရွည္ျခင္းရင္ ဗုဒၶျမတ္စြာေပးတ့ဲနည္းကေတာ့မန္း ေတာင္ ရိပ္ ကုိ ခုိ ၾကပါတ့ဲသူေတာ္ေကာင္းတုိ႔ေရ
မန္း ဆုိတာ ၾကာသပေတးနံ ၅ဂဏန္းကုိျပပါသည္၅ဆုိတာ ငါးပါးသီလကုိလုံုၿခဳံဖုိ႔ေျပာတာပါ
၁။သူတစ္ပါးအသက္မသတ္ရ။ သတ္က အသက္တုိ၏
၂။သူတစ္ပါးဥစၥာ မခုိးရ။ ခုိးပါက ဥစၥာေပ်ာက္တတ္၏
၃။သူတစ္ပါးသားမယား မျပစ္မွားရ။ ျပစ္မွားပါကဝဋ္လည္တတ္၏
၄။သူတစ္ပါးကုိမလိမ္ရ။ လိမ္ခ့ဲပါက မိမိေျပာစကားမယုံၾကပါ
၅။ေသရည္အရက္ မေသာက္ရ။ ေသာက္ပါက အရူးျဖစ္တတ္၏
ေတာင္ဆုိတာ စေနနံ၇ဂဏန္းကုိျပပါသည္သူေတာ္ေကာင္းဥစၥာ ၇ပါးနဲ႔ျပည့္စုံရမယ္
၁။သဒၶါ ယုံၾကည္မူ ရတနာသုံးပါးအေပၚ အႏူိင္းမ့ဲယုံၾကည္ျခင္း
၂။သီလ ၅ပါး ၈ပါးသီလေတြကုိ လုံၿခဳံေအာင္ေစာင့္ထိန္းရမည္
၃။သုတ အၾကားအျမင္ ဗုဒၶတရား စာေပဗဟုသုတရွိရမည္
၄။စာဂ မိမိတတ္ႏူိင္သေလာက္ လွဴဒါန္းရမည္ ဒါနတရား
၅။ပညာ ေလာကီပညာကုိမဆုိလုိ ေလာကုတၱရာပညာကုိ
ဆုိလုိပါသည္ ဝိပႆနာပညာ ခႏၶာငါးပါး စေသာအရာမ်ား
၆။ဟီရိ အကုသိုလ္တရားတုိ႔အေပၚ၌ရွက္တတ္ရမည္
၇။ၾသတၱပၸ အကုသိုလ္တရားတုိ႔အေပၚ၌ ေၾကာက္လန္႔ရမည္
ရိပ္ ဆုိတာ ဗုဒၶဟူးနံ ၄ဂဏန္းကုိျပပါသည္ ျဗဟၼစုိရ္တရား၄ပါး
၁။ေမတၱာ သတၱဝါတုိ႔အေပၚ၌ ေမတၱာထားျခင္း
၂။ကရုဏာ သတၱဝါတုိ႔အေပၚ၌ သနားၾကင္နာျခင္း
၃။မုဒိတာ သတၱဝါတုိ႔ခ်မ္းသားႀကီးပြားေသာအခါ ဝမ္းသာျခင္း
၄။ဥေပကၡာ သတၱဝါတုိ႔အေပၚ၌ဥေပကၡာနဲ႔ျပည့္စုံျခင္း
ကုိ ခုိ ဆုိတာ တနလၤာနံ ၂ဂဏန္းကုိျပပါသည္ ေလာကပါတရားႏွစ္ပါး ထုိတရားႏွစ္ပါးေလာက၌
မရွိၾကေသာ္အခါ ေလာကႀကီး ပ်က္စီးပါလိမ့္မည္
၁။ဟီရိ အကုသုိလ္တရားတုိ႔ကုိ ျပဳလုပ္တုိင္း ရွက္ေနရမည္
၂။ၾသတၱပၸ အကုသုိလ္တရားတုိ႔ကုိ ျပဳလုပ္တုိင္း ေၾကာက္လန္႔ရမည္
ဘယ္သူမဆုိ ဗုဒၶေပးတ့ဲနည္းလမ္းအတုိင္း က်င့္ၾကံေနထုိင္ပါကအသက္ရွည္လိမ့္မည္ဟု ေရွးဆရာေတာ္ႀကီးမ်ားက မိန္႔ေတာ္မူခ့ဲေလသည္။ ။ ။
ရတနာပုံေခတ္ တစ္ေဘာင္စာ“ရွင္ျခင္းရင္ ထန္းေရခါးနဲ႔ၾကက္သားကုိ ျမိဳ”“ေသျခင္းရင္ စိန္မစားနဲ႔ ဥပုသ္ေစာင့္သြား”တစ္ေဘာင္၏ အဓိပၸါယ္ဗုဒၶဘာသာဝင္တုိ႕သံသရာဝဋ္ဒုကၡေဘးကမလြတ္ျခင္းရင္
ထန္းေရ အရက္စေသာ မေကာင္းမူေတြျပဳလုပ္ပါ ထုိသုိ႔ျပဳလုပ္ပါက သံသရာဝဋ္ဒုကၡေဘးကေန ရွင္သန္ပါလိမ့္မည္
သံသရာေဘးကလြတ္ကင္းလုိပါက ၈ပါးသီလခံယူျပီးဥပုသ္ေစာင့္ ဝိပႆနာတရားတုိ႔ကုိ က်င့္ၾကံၾကပါဟုတစ္ေဘာင္က ဆုိလုိပါသည္။ ။ ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:အရွင္ပညာစာရ ( ကေလာ )
# Unicode Version # ျဖင့္ ဖတ္ပါ #
အသက်ကယ်တဲ့ ရှည်စေလို့မန်း တောင် ရိပ် ကို ခို
မိမိအသက်ရှည်ခြင်းရင် ဗုဒ္ဓမြတ်စွာပေးတဲ့နည်းကတော့မန်း တောင် ရိပ် ကို ခို ကြပါတဲ့သူတော်ကောင်းတို့ရေ
မန်း ဆိုတာ ကြာသပတေးနံ ၅ဂဏန်းကိုပြပါသည်၅ဆိုတာ ငါးပါးသီလကိုလုံခြုံဖို့ပြောတာပါ
၁။သူတစ်ပါးအသက်မသတ်ရ။ သတ်က အသက်တို၏
၂။သူတစ်ပါးဥစ္စာ မခိုးရ။ ခိုးပါက ဥစ္စာပျောက်တတ်၏
၃။သူတစ်ပါးသားမယား မပြစ်မှားရ။ ပြစ်မှားပါကဝဋ်လည်တတ်၏
၄။သူတစ်ပါးကိုမလိမ်ရ။ လိမ်ခဲ့ပါက မိမိပြောစကားမယုံကြပါ
၅။သေရည်အရက် မသောက်ရ။ သောက်ပါက အရူးဖြစ်တတ်၏
တောင်ဆိုတာ စနေနံ၇ဂဏန်းကိုပြပါသည်သူတော်ကောင်းဥစ္စာ ၇ပါးနဲ့ပြည့်စုံရမယ်
၁။သဒ္ဓါ ယုံကြည်မူ ရတနာသုံးပါးအပေါ် အနိူင်းမဲ့ယုံကြည်ခြင်း
၂။သီလ ၅ပါး ၈ပါးသီလတွေကို လုံခြုံအောင်စောင့်ထိန်းရမည်
၃။သုတ အကြားအမြင် ဗုဒ္ဓတရား စာပေဗဟုသုတရှိရမည်
၄။စာဂ မိမိတတ်နိူင်သလောက် လှူဒါန်းရမည် ဒါနတရား
၅။ပညာ လောကီပညာကိုမဆိုလို လောကုတ္တရာပညာကို
ဆိုလိုပါသည် ဝိပဿနာပညာ ခန္ဓာငါးပါး စသောအရာများ
၆။ဟီရိ အကုသိုလ်တရားတို့အပေါ်၌ရှက်တတ်ရမည်
၇။သြတ္တပ္ပ အကုသိုလ်တရားတို့အပေါ်၌ ကြောက်လန့်ရမည်
ရိပ် ဆိုတာ ဗုဒ္ဓဟူးနံ ၄ဂဏန်းကိုပြပါသည် ဗြဟ္မစိုရ်တရား၄ပါး
၁။မေတ္တာ သတ္တဝါတို့အပေါ်၌ မေတ္တာထားခြင်း
၂။ကရုဏာ သတ္တဝါတို့အပေါ်၌ သနားကြင်နာခြင်း
၃။မုဒိတာ သတ္တဝါတို့ချမ်းသားကြီးပွားသောအခါ ဝမ်းသာခြင်း
၄။ဥပေက္ခာ သတ္တဝါတို့အပေါ်၌ဥပေက္ခာနဲ့ပြည့်စုံခြင်း
ကို ခို ဆိုတာ တနင်္လာနံ ၂ဂဏန်းကိုပြပါသည် လောကပါတရားနှစ်ပါး ထိုတရားနှစ်ပါးလောက၌
မရှိကြသော်အခါ လောကကြီး ပျက်စီးပါလိမ့်မည်
၁။ဟီရိ အကုသိုလ်တရားတို့ကို ပြုလုပ်တိုင်း ရှက်နေရမည်
၂။သြတ္တပ္ပ အကုသိုလ်တရားတို့ကို ပြုလုပ်တိုင်း ကြောက်လန့်ရမည်
ဘယ်သူမဆို ဗုဒ္ဓပေးတဲ့နည်းလမ်းအတိုင်း ကျင့်ကြံနေထိုင်ပါကအသက်ရှည်လိမ့်မည်ဟု ရှေးဆရာတော်ကြီးများက မိန့်တော်မူခဲ့လေသည်။ ။ ။
ရတနာပုံခေတ် တစ်ဘောင်စာ“ရှင်ခြင်းရင် ထန်းရေခါးနဲ့ကြက်သားကို မြို”“သေခြင်းရင် စိန်မစားနဲ့ ဥပုသ်စောင့်သွား”တစ်ဘောင်၏ အဓိပ္ပါယ်ဗုဒ္ဓဘာသာဝင်တို့သံသရာဝဋ်ဒုက္ခဘေးကမလွတ်ခြင်းရင်
ထန်းရေ အရက်စသော မကောင်းမူတွေပြုလုပ်ပါ ထိုသို့ပြုလုပ်ပါက သံသရာဝဋ်ဒုက္ခဘေးကနေ ရှင်သန်ပါလိမ့်မည်
သံသရာဘေးကလွတ်ကင်းလိုပါက ၈ပါးသီလခံယူပြီးဥပုသ်စောင့် ဝိပဿနာတရားတို့ကို ကျင့်ကြံကြပါဟုတစ်ဘောင်က ဆိုလိုပါသည်။ ။ ။
ဖိုးသူတော် (www.phothutaw.com)
Credit:အရှင်ပညာစာရ ( ကလော )