နောက်ဆုံးတော့
Credit:tameelay
# Unicode Version # ဖြင့် ဖတ်ပါ #
မျက်မမြင်များက ပြောကြတယ်။ မြင်နိုင်ခြင်းဟာ အကြီးမားဆုံး ဘဝပျော်ရွှင်မှု၊
သူဆင်းရဲများက ပြောကြတယ်။ ပိုက်ဆံရှိခြင်းဟာ အကြီးမားဆုံးသော ဘဝပျော်ရွှင်မှု၊
သူတောင်းစားများက ပြောကြတယ်။ ထ္မင်းနပ်မှန်အောင် စားရရင် အကြီးမားဆုံးသော ဘဝပျော်ရွှင်မှု၊
အသဲအသန်လူနာများက ပြောကြတယ်။ အသက်ရှင်နိုင်ခြင်းကိုက အကြီးမားဆုံး ပျော်ရွှင်မှု၊
မသန်စွမ်းသူများက ပြောကြတယ်။ ပုံမှန်သွားလာနိုင်ခြင်းဟာ အကြီးမားဆုံးသော ဘဝပျော်ရွှင်မှု၊
သူတို့ တတွေ အလိုပြည့်ပြီးတဲ့ နောက်ပိုင်းမှာ သူတို့ အကြာကြီး မပျော်ရွှင်လိုက်ကြပါ။
ရှိပြီးသားဟာထက် ပိုပို လိုချင်လာလို့ ဖြစ်တယ်။
ဒါဆိုရင် ဘ၀ ပျော်ရွှင်မှု အစစ်ဆိုတာ ဘာလဲ၊
ပျော်ရွှင်မှုဆိုတာ စိတ်နေစိတ်ထား တစ်မျိုးဖြစ်သလို၊ ပီတိကျေနပ်မှု တစ်မျိုးလည်း ဖြစ်ပါတယ်။
ထိုးထွင်းသိမြင်မှု တစ်မျိုးဖြစ်သလို၊ လေဒဏ်မိုးဒဏ် ကြားက စိတ်ငြိမ်သက်မှု တစ်မျိုးလည်း ဖြစ်ပါတယ်။
ရောင့်ရဲမှုတစ်မျိုးဖြစ်သလို၊ ဘ၀ အတွေ့အကြုံ အနယ်ထိုင်မှု တစ်မျိုးလည်း ဖြစ်ပါတယ်။
သေချာတာ တစ်ခုကတော့…ပျော်ရွှင်မှု စိတ်ထား ပိုင်ဆိုင်သူများဟာ
ဘာမဆို အကောင်းဘက်ကနေ မြင်တတ်သူများဖြစ်ကြတယ်။
ရလဒ်ကောင်းကို အမြဲမျှော်လင့်ပြီး ရွေးချယ်ခံစားတတ်သူများဖြစ်ကြတယ်။
ရှာကြံပြီး ကျေးဇူးတင်တတ်သူများဖြစ်ကြပါတယ်။
ဘဝင်မမြင့်ကြသလို ဘဝလည်း မမေ့သူများ ဖြစ်ကြပါတယ်။
အကောင်းဆုံးကြိုးစားပြီး ဝေဖန်ချက်ကိုလစ်လျူရူ့ နိုင်သူများဖြစ်ကြတယ်။
တောင့်တမှု နည်းပါးပြီး ရောင့်ရဲနိုင်သူများ ဖြစ်ကြပါတယ်။
နောက်ဆုံးတော့
စိတ်နေစိတ်ထားကောင်း တစ်ခု ပိုင်ဆိုင်ရင် ပျော်ရွှင်မှု ပိုင်ဆိုင်သွားမှာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:tameelay