လူသားတိုင္​းသည္​ ရည္​ရြယ္​ခ်က္​တစ္ခုစီျဖင္​့ ​ေန႔စဥ္​လႈပ္​႐ွား ​ေနၾကသည္​။

​ေလာက၌ ရည္​ရြယ္​ခ်က္​ကို အႏွစ္​ခ်ဳပ္​​ေသာ္​ ​ေငြရဘို႔ တစ္ခုတည္​းျဖစ္​သည္​။ ​

​ေငြ႐ွာရသည္​့ ရြည္​ရြယ္​ခ်က္​မွာလည္​း စားဝတ္​​ေန​ေရး၊ က်န္​းမာ​ေရးျပႆ နာေျဖ႐ွင္​းရန္​ ျဖစ္​သည္​။

မ​ေျဖ႐ွင္​းႏိုင္​လ်ွင္​ ဆင္​းရဲဒုကၡ ရၾကသည္​။

​ေငြ႐ွာရျခင္​းသည္​ ဒုကၡၿငိမ္​းရန္​ အ​ေၾကာင္​းျဖစ္​သည္​။

ဒါန၊သီလ၊ဘာဝနာ အ​ေၾကာင္​းျပဳ ၾကျခင္​း မွာလည္​း ဆင္​းရဲမႈခ်ဳပ္​ၿငိမ္​းရန္​ အ​တြက္ ျဖစ္​သည္​။

ဝိပႆ နာတရား အားထုတ္​ျခင္းသည္ဆင္​းရဲမႈအၿပီး ခ်ဳပ္​ၿငိမ္​းရန္​ ျဖစ္​သည္​။

​ေလာကစီးပြား႐ွာျခင္​းသည္​ တစ္ဘဝဆင္​းရဲမႈ ခ်ဳပ္​ၿငိမ္​းရန္​သာ အက်ိဳးျပဳႏိုင္​သည္​။ ဒါန၊သီလ၊ဘာဝနာသည္​ သံသရာ ဘဝမ်ားစြာအတြက္​ ဆင္​းရဲမႈခ်ဳပ္​ၿငိမ္​းရန္​ ျဖစ္​သည္​။

ဝိပႆ နာတရား အားထုတ္​ျခင္​းသည္​ ပစၥဳပၸန္​ႏွင္​့ အနာဂါတ္​တြင္​မက ဘဝဇာတ္​သိမ္​း ခ်မ္​းသာရာျဖစ္​​ေသာ နိဗၺာန္​ခ်မ္​းသာရ​ေၾကာင္​း ျဖစ္​သည္​။

အတိတ္​ဘဝဆင္​းရဲမႈလည္​း လြန္​​ေျမာက္​ခ့ဲၿပီ။

အနာဂါတ္​ဘဝ မ​ေရာက္​​ေသး၍လည္​း မဆင္​းရဲ​ေသးပါ။

ပစၥဳပၸန္ဘဝတြင္​ ခ်မ္​းသာရာရဘို႔ ပထမဦးစား​ေပးရမည္​။

ပစၥဳပၸန္​ဘဝခ်မ္​းသာဘို႔ ​ေငြ႐ွိရမည္​၊ တရား​ေရ​ေအးရိွရမည္​၊ စားဝတ္​​ေန​ေရး၊က်န္​းမာ​ေရးအတြက္​ ​ေငြႏွင္​့​ေျဖ႐ွင္​းရမည္​၊​ ​ေလာကဓံ ဒုကၡကို တရားႏွင္​့​ေျဖ႐ွင္​းရမည္​။

​ေငြသည္​ အသုံးခ်သူက တန္​ဖိုုးရိွရိွ အက်ိဳးရိွရိွ အသုံးခ်ႏိုင္​မွ တန္​ဘိုးရိွသည္​။

အသုံးခ်သူသည္​ အသုံးမခ်ႏိုင္​​ေသာအခ်ိန္​ျဖစ္​သည္​့ ​ေဆးကု၍ မရႏိုင္​​ေသာအခါ ​ေလာကီရတနာတို႔သည္​ အသုံးမက်​ေတာ့ပါ။

ဓာတ္​ႀကီး​ေလးပါး၏ အဆုံးစီရင္​မႈကို ျပင္​းထန္​စြာ ခံယူ​ေနရ​ေတာ့သည္​။ ​

​ေသခါနီးဆင္​းရဲႏွင္​့ ​ေသျခင္​းဆင္​းရဲမွ ခ်မ္​းသာရာရ​ေအာင္​ ​ေပးစြမ္​းႏိုင္​သည္​့ အားကိုးရဘို႔လိုသည္​။

ထိုအားကိုးရာမွာ မ​ေသခင္​ကတည္​းက ႀကိဳတင္​အားထုတ္​ထားသည္​့ ဝိပႆ နာတရား ျဖစ္​ပါသည္​။

ထို႔​ေၾကာင္​့ ဝိပႆ နာတရား က်င္​့​ေသာ​ေယာဂီတို႔သည္​ ဆရာထံ နည္​း​ေကာင္​းခံ၍ တရားအားထုတ္​ရမည္​။

မျဖစ္​မ​ေနရင္​ဆိုင္​ရမည္​့ ​ေသျခင္​းဆင္​းရဲခ်ဳပ္​​ေၾကာင္​း နည္​း​ေကာင္​း႐ွာျခင္​းသာျဖစ္​သည္​။

ထိုနည္​း​ေကာင္​းသည္​မိမိအတြက္​ အားကိုးရာျဖစ္​သည္​။

အိုျခင္​း နာျခင္​း ​ေသျခင္​းသည္​ ဓာတ္​​ေလးပါး ႐ုပ္​တရား​ေဖာက္​ျပန္​ ​ေျပာင္​းလဲျခင္​း​ေၾကာင္​့ ၾကမ္​းတမ္​း​ေသာ ဒုကၡ​ေဝဒနာခံစားရ၍ ဆင္​းရဲမီး​ေတာက္​ရသည္​။

ထိုကာယိကဒုကၡ​ေဝဒနာမွ ​ေက်ာ္​လႊားႏိုင္​​ေအာင္​တရားက်င္​့ရမည္​။

မိမိအား ​ေသျခင္​းဆင္​းရဲမွ ​ေက်ာ္​လႊားႏိုင္​​ေအာင္​ နည္​း​ေကာင္​း​ေပးမည္​ ဆရာ့ထံ ဆည္​းကပ္​ရမည္​။

တရားက်င္​့​ေသာ ​ေယာဂီတို႔သည္​ တရားရသည္​ (သုိ႔) နည္​း​ေကာင္​းရသည္​ဟု သတ္​မွတ္​ရမည္​မွာ …

ဓာတ္​ႀကီး​ေလးပါး ​ေဖာက္​ျပန္​မႈ႐ွိ​ေသာ္​လည္​း

စိတ္​ဆင္​းရဲမႈ မ႐ွိ၊ ကိ​ေလသာ ခ်ဳပ္​ၿငိမ္​း​ေနျခင္​းကို စံကိန္​းထား၍ သတ္​မွတ္​ရပါမည္​။

သူ​ေတာ္​​ေကာင္​းတရား က်င္​့ၾကံ အားထုတ္​ႏိုင္​ၾကပါ​ေစ …

ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #


လူသားတိုင်းသည် ရည်ရွယ်ချက်တစ်ခုစီဖြင့် နေ့စဉ်လှုပ်ရှား နေကြသည်။

လောက၌ ရည်ရွယ်ချက်ကို အနှစ်ချုပ်သော် ငွေရဘို့ တစ်ခုတည်းဖြစ်သည်။

ငွေရှာရသည့် ရွည်ရွယ်ချက်မှာလည်း စားဝတ်နေရေး၊ ကျန်းမာရေးပြဿ နာဖြေရှင်းရန် ဖြစ်သည်။

မဖြေရှင်းနိုင်လျှင် ဆင်းရဲဒုက္ခ ရကြသည်။

ငွေရှာရခြင်းသည် ဒုက္ခငြိမ်းရန် အကြောင်းဖြစ်သည်။

ဒါန၊သီလ၊ဘာဝနာ အကြောင်းပြု ကြခြင်း မှာလည်း ဆင်းရဲမှုချုပ်ငြိမ်းရန် အတွက် ဖြစ်သည်။

ဝိပဿ နာတရား အားထုတ်ခြင်းသည်ဆင်းရဲမှုအပြီး ချုပ်ငြိမ်းရန် ဖြစ်သည်။

လောကစီးပွားရှာခြင်းသည် တစ်ဘဝဆင်းရဲမှု ချုပ်ငြိမ်းရန်သာ အကျိုးပြုနိုင်သည်။ ဒါန၊သီလ၊ဘာဝနာသည် သံသရာ ဘဝများစွာအတွက် ဆင်းရဲမှုချုပ်ငြိမ်းရန် ဖြစ်သည်။

ဝိပဿ နာတရား အားထုတ်ခြင်းသည် ပစ္စုပ္ပန်နှင့် အနာဂါတ်တွင်မက ဘဝဇာတ်သိမ်း ချမ်းသာရာဖြစ်သော နိဗ္ဗာန်ချမ်းသာရကြောင်း ဖြစ်သည်။

အတိတ်ဘဝဆင်းရဲမှုလည်း လွန်မြောက်ခဲ့ပြီ။

အနာဂါတ်ဘဝ မရောက်သေး၍လည်း မဆင်းရဲသေးပါ။

ပစ္စုပ္ပန်ဘဝတွင် ချမ်းသာရာရဘို့ ပထမဦးစားပေးရမည်။

ပစ္စုပ္ပန်ဘဝချမ်းသာဘို့ ငွေရှိရမည်၊ တရားရေအေးရှိရမည်၊ စားဝတ်နေရေး၊ကျန်းမာရေးအတွက် ငွေနှင့်ဖြေရှင်းရမည်၊ လောကဓံ ဒုက္ခကို တရားနှင့်ဖြေရှင်းရမည်။

ငွေသည် အသုံးချသူက တန်ဖိုးရှိရှိ အကျိုးရှိရှိ အသုံးချနိုင်မှ တန်ဘိုးရှိသည်။

အသုံးချသူသည် အသုံးမချနိုင်သောအချိန်ဖြစ်သည့် ဆေးကု၍ မရနိုင်သောအခါ လောကီရတနာတို့သည် အသုံးမကျတော့ပါ။

ဓာတ်ကြီးလေးပါး၏ အဆုံးစီရင်မှုကို ပြင်းထန်စွာ ခံယူနေရတော့သည်။

သေခါနီးဆင်းရဲနှင့် သေခြင်းဆင်းရဲမှ ချမ်းသာရာရအောင် ပေးစွမ်းနိုင်သည့် အားကိုးရဘို့လိုသည်။

ထိုအားကိုးရာမှာ မသေခင်ကတည်းက ကြိုတင်အားထုတ်ထားသည့် ဝိပဿ နာတရား ဖြစ်ပါသည်။

ထို့ကြောင့် ဝိပဿ နာတရား ကျင့်သောယောဂီတို့သည် ဆရာထံ နည်းကောင်းခံ၍ တရားအားထုတ်ရမည်။

မဖြစ်မနေရင်ဆိုင်ရမည့် သေခြင်းဆင်းရဲချုပ်ကြောင်း နည်းကောင်းရှာခြင်းသာဖြစ်သည်။

ထိုနည်းကောင်းသည်မိမိအတွက် အားကိုးရာဖြစ်သည်။

အိုခြင်း နာခြင်း သေခြင်းသည် ဓာတ်လေးပါး ရုပ်တရားဖောက်ပြန် ပြောင်းလဲခြင်းကြောင့် ကြမ်းတမ်းသော ဒုက္ခဝေဒနာခံစားရ၍ ဆင်းရဲမီးတောက်ရသည်။

ထိုကာယိကဒုက္ခဝေဒနာမှ ကျော်လွှားနိုင်အောင်တရားကျင့်ရမည်။

မိမိအား သေခြင်းဆင်းရဲမှ ကျော်လွှားနိုင်အောင် နည်းကောင်းပေးမည် ဆရာ့ထံ ဆည်းကပ်ရမည်။

တရားကျင့်သော ယောဂီတို့သည် တရားရသည် (သို့) နည်းကောင်းရသည်ဟု သတ်မှတ်ရမည်မှာ …

ဓာတ်ကြီးလေးပါး ဖောက်ပြန်မှုရှိသော်လည်း

စိတ်ဆင်းရဲမှု မရှိ၊ ကိလေသာ ချုပ်ငြိမ်းနေခြင်းကို စံကိန်းထား၍ သတ်မှတ်ရပါမည်။

သူတော်ကောင်းတရား ကျင့်ကြံ အားထုတ်နိုင်ကြပါစေ …

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top