၂၀၁၉ခုႏွစ္ႏွစ္သစ္ကူးပိတ္ရက္အတြက္ယခုကတည္းကႀကိဳတင္လက္မွတ္ဝယ္ယူသူမ်ားတာေၾကာင့္အေဝးေျပးယာဥ္လိုင္းတစ္ခ်ိဳ႕မွာလက္မွတ္ေတြျပတ္လတ္ေနပီလို႔သိရပါတယ္။ ႏွစ္သစ္ကူးပိတ္ရက္မွာ ရန္ကုန္ကေန နယ္ျပန္မယ့္သူေတြမ်ားတဲ့အတြက္ လက္မွတ္မ်ားကိုႀကိဳတင္ဝယ္ယူတဲ့သူေတြမ်ားတာေၾကာင့္ လက္မွတ္ေတြမ႐ွိေတာ့ဘူးလို႔ ေအာင္မဂၤလာအေဝးေျပးယာဥ္လိုင္းေတြထံမွသိရပါတယ္။

ယာဥ္လိုင္းအမ်ားစုအေနနဲ႔ သၾကၤန္အႀကိဳေန႔ (၁၃)ရက္မတိုင္ခင္ေန႔ေတြထဲကမွ ဧၿပီလ (၈)ကေန(၁၂)ရက္ေန႔ထိ လက္မွတ္ေတြအကုန္ ေရာင္းကုန္သြားတာ ျဖစ္ပါတယ္။ ဒီရက္ေတြအတြက္ႀကိဳတင္လက္မွတ္ေတြကို မတ္လလယ္ေလာက္ကတည္းက ႀကိဳတင္ေရာင္းခ်ခဲ့တာလည္းျဖစ္ပါတယ္ တစ္ခ်ိဳ႕ယာဥ္လိုင္းေတြအေနနဲ႔ကေတာ့ ႏွစ္သစ္ကူးအတြက္လက္မွတ္ေတြကို April လေလာက္မွ စတင္ေရာင္းခ်မယ္လို႔လည္းသိရပါတယ္။ ဒီႏွစ္က မႏွစ္ကထက္ခရီးသည္ပိုမ်ားတဲ့အတြက္ လက္မွတ္ေတြကိုစတင္ေရာင္းခ်တဲ့ရက္မွ အမ်ားဆံုး ၂ရက္သာေရာင္းခ်ခဲ့ရတာပါ။

 ယာဥ္လိုင္းေတြအေနနဲ႔ကလည္းသၾကၤန္ကာလမွာ ယာဥ္အစီးေရထပ္မံတိုးၿပီးမေျပးဆြဲေပးႏိုင္တာေၾကာင့္ နယ္ျပန္ၾကမယ့္သူေတြအေနနဲ႔ကေတာ့ လက္မွတ္ကိုဦးရာလူစနစ္နဲ႔ဝယ္ယူေနၾကရတာပါ။ ႏွစ္တိုင္းၾကံဳေတြ႔ေနရတဲ့ အခက္အခဲတစ္ခုလိုပါဘဲ ယခုႏွစ္ ႏွစ္သစ္ကူးရံုးပိတ္ရက္ကေတာ့ ဧၿပီလ (၁၃)ရက္ေန႔မွ (၁၇)ရက္ေန႔ထိ ၅ရက္တာကာလျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Duwun
ဓာတ္ပံု - ဝင္းလြင္
#Unicode Version#
 ၂၀၁၉ခုနှစ်နှစ်သစ်ကူးပိတ်ရက်အတွက်ယခုကတည်းကကြိုတင်လက်မှတ်ဝယ်ယူသူများတာကြောင့်အဝေးပြေးယာဉ်လိုင်းတစ်ချို့မှာလက်မှတ်တွေပြတ်လတ်နေပီလို့သိရပါတယ်။ နှစ်သစ်ကူးပိတ်ရက်မှာ ရန်ကုန်ကနေ နယ်ပြန်မယ့်သူတွေများတဲ့အတွက် လက်မှတ်များကိုကြိုတင်ဝယ်ယူတဲ့သူတွေများတာကြောင့် လက်မှတ်တွေမရှိတော့ဘူးလို့ အောင်မင်္ဂလာအဝေးပြေးယာဉ်လိုင်းတွေထံမှသိရပါတယ်။

ယာဉ်လိုင်းအများစုအနေနဲ့ သြင်္ကန်အကြိုနေ့ (၁၃)ရက်မတိုင်ခင်နေ့တွေထဲကမှ ဧပြီလ (၈)ကနေ(၁၂)ရက်နေ့ထိ လက်မှတ်တွေအကုန် ရောင်းကုန်သွားတာ ဖြစ်ပါတယ်။ ဒီရက်တွေအတွက်ကြိုတင်လက်မှတ်တွေကို မတ်လလယ်လောက်ကတည်းက ကြိုတင်ရောင်းချခဲ့တာလည်းဖြစ်ပါတယ် တစ်ချို့ယာဉ်လိုင်းတွေအနေနဲ့ကတော့ နှစ်သစ်ကူးအတွက်လက်မှတ်တွေကို April လလောက်မှ စတင်ရောင်းချမယ်လို့လည်းသိရပါတယ်။ ဒီနှစ်က မနှစ်ကထက်ခရီးသည်ပိုများတဲ့အတွက် လက်မှတ်တွေကိုစတင်ရောင်းချတဲ့ရက်မှ အများဆုံး ၂ရက်သာရောင်းချခဲ့ရတာပါ။

 ယာဉ်လိုင်းတွေအနေနဲ့ကလည်းသြင်္ကန်ကာလမှာ ယာဉ်အစီးရေထပ်မံတိုးပြီးမပြေးဆွဲပေးနိုင်တာကြောင့် နယ်ပြန်ကြမယ့်သူတွေအနေနဲ့ကတော့ လက်မှတ်ကိုဦးရာလူစနစ်နဲ့ဝယ်ယူနေကြရတာပါ။ နှစ်တိုင်းကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုလိုပါဘဲ ယခုနှစ် နှစ်သစ်ကူးရုံးပိတ်ရက်ကတော့ ဧပြီလ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့ထိ ၅ရက်တာကာလဖြစ်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Duwun

ဓာတ်ပုံ - ဝင်းလွင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top