ေနပူထဲတြင္ ေရသန္႔ဘူးကုိ ၾကာျမင့္စြာထားပါက ေကာ္ဘူးႏွင့္အပူ ဓာတ္ျပဳၿပီး ကင္ဆာျဖစ္ပြားႏုိင္

ေနပူထဲတြင္ ေရသန္႔ဘူး ၾကာရွည္စြာထားပါက ေကာ္ဘူးသည္ အပူႏွင့္ ဓာတ္ျပဳၿပီး ကင္ဆာျဖစ္ပြားႏိုင္သည္ကို ေရသန္႔ဘူး ေသာက္သံုးသူမ်ားအေနႏွင့္ သတိျပဳသင့္ေၾကာင္း ျမန္မာႏုိင္ငံစားသံုးသူမ်ား ကာကြယ္ေရးအသင္းမွ ဥကၠ႒ ဦးဗအုပ္ခိုင္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။

“အခုလိုေနပူတဲ့ကာလမွာဆို ပိုဆိုးတယ္။ အအုပ္အေဆာင္းမပါဘဲ ေနပူထဲ ေရသန္႔ဘူးေတြ လိုက္ပို႔တယ္။ ေနပူထဲ ဒီေရသန္႔ဘူး ၾကာၾကာထားရင္ အပူနဲ႔ဓာတ္ျပဳၿပီး ေကာ္ဘူးက ေရထဲေပ်ာ္ဝင္ၿပီး ဒါကို လူက ေသာက္မိရင္ ကင္ဆာျဖစ္တတ္တယ္။ လိုက္ပို႔တဲ့သူကလည္း အအုပ္အေဆာင္းနဲဲ႔ ေရသန္႔ဘူးကို ပို႔သင့္တယ္။ ေသာက္သံုးသူကလည္း ဒါကို သတိျပဳသင့္တယ္” ဟု ၎က ေျပာသည္။

လက္ရွိတြင္ ေရသန္႔ဘူးမ်ားကို အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ စစ္ေဆးလ်က္ရွိေၾကာင္း၊ ေရသန္႔ စက္႐ံုမ်ားကို အိမ္ႏွင့္မတြဲရဘဲ ေရသန္႔စက္႐ံုမွာ သီးသန္႔ျဖစ္ရမည္ဟု စည္းကမ္းသတ္မွတ္ထားေၾကာင္း သိရသည္။

“ တခ်ိဳ႕ကလည္း ေထာက္ခံခ်က္ရတယ္ဆိုၿပီး ထုတ္ေပမယ့္ တကယ္တမ္းေရသန္႔မွာက်ေတာ့ ေရကမသန္႔ေတာ့ဘူး။ ဥပမာ ေစ်းကြက္ထဲက 1 လီတာ ေရသန္႔ဘူးေတြက ေသာက္သံုးလို႔ စိတ္ခ်ရေပမယ့္ ဒီလို လီတာ ၂၀ ေရသန္႔ဘူးႀကီး ေတြမွာ ေရသန္႔ဘူးေတြ ေဟာင္းေနတာ၊ ေရသန္႔ဘူးထဲ ေရညွိေတြတက္ေနတာ။ ေနာက္ ေနပူထဲလိုက္ပို႔တာ ဒါေတြ ရွိတယ္။ အဓိက FDA က စစ္တာကေတာ့ ေရသန္႔ထဲ ဝမ္းကိုက္ပိုးတို႔ အီကိုလိုင္ပိုးတို႔ ပါမပါေပါ့။ ေရသန္႔မသန္႔စစ္တယ္။ ဒါေပမဲ့ ၿမိဳ႕စြန္က ေရသန္႔ထုတ္လုပ္မႈအပိုင္းကေတာ့ သန္႔ရွင္းမႈအပိုင္းမွာ အားနည္းေနတယ္” ဟု ဦးဗအုပ္ခိုင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version# ျဖင့္ဖတ္ပါ ။

နေပူထဲတွင် ရေသန့်ဘူးကို ကြာမြင့်စွာထားပါက ကော်ဘူးနှင့်အပူ ဓာတ်ပြုပြီး ကင်ဆာဖြစ်ပွားနိုင်

နေပူထဲတွင် ရေသန့်ဘူး ကြာရှည်စွာထားပါက ကော်ဘူးသည် အပူနှင့် ဓာတ်ပြုပြီး ကင်ဆာဖြစ်ပွားနိုင်သည်ကို ရေသန့်ဘူး သောက်သုံးသူများအနေနှင့် သတိပြုသင့်ကြောင်း မြန်မာနိုင်ငံစားသုံးသူများ ကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က အကုန်သိသတင်းဌာနသို့ ပြောသည်။

“အခုလိုနေပူတဲ့ကာလမှာဆို ပိုဆိုးတယ်။ အအုပ်အဆောင်းမပါဘဲ နေပူထဲ ရေသန့်ဘူးတွေ လိုက်ပို့တယ်။ နေပူထဲ ဒီရေသန့်ဘူး ကြာကြာထားရင် အပူနဲ့ဓာတ်ပြုပြီး ကော်ဘူးက ရေထဲပျော်ဝင်ပြီး ဒါကို လူက သောက်မိရင် ကင်ဆာဖြစ်တတ်တယ်။ လိုက်ပို့တဲ့သူကလည်း အအုပ်အဆောင်းနဲ့ ရေသန့်ဘူးကို ပို့သင့်တယ်။ သောက်သုံးသူကလည်း ဒါကို သတိပြုသင့်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရေသန့်ဘူးများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စစ်ဆေးလျက်ရှိကြောင်း၊ ရေသန့် စက်ရုံများကို အိမ်နှင့်မတွဲရဘဲ ရေသန့်စက်ရုံမှာ သီးသန့်ဖြစ်ရမည်ဟု စည်းကမ်းသတ်မှတ်ထားကြောင်း သိရသည်။

“ တချို့ကလည်း ထောက်ခံချက်ရတယ်ဆိုပြီး ထုတ်ပေမယ့် တကယ်တမ်းရေသန့်မှာကျတော့ ရေကမသန့်တော့ဘူး။ ဥပမာ ဈေးကွက်ထဲက 1 လီတာ ရေသန့်ဘူးတွေက သောက်သုံးလို့ စိတ်ချရပေမယ့် ဒီလို လီတာ ၂၀ ရေသန့်ဘူးကြီး တွေမှာ ရေသန့်ဘူးတွေ ဟောင်းနေတာ၊ ရေသန့်ဘူးထဲ ရေညှိတွေတက်နေတာ။ နောက် နေပူထဲလိုက်ပို့တာ ဒါတွေ ရှိတယ်။ အဓိက FDA က စစ်တာကတော့ ရေသန့်ထဲ ဝမ်းကိုက်ပိုးတို့ အီကိုလိုင်ပိုးတို့ ပါမပါပေါ့။ ရေသန့်မသန့်စစ်တယ်။ ဒါပေမဲ့ မြို့စွန်က ရေသန့်ထုတ်လုပ်မှုအပိုင်းကတော့ သန့်ရှင်းမှုအပိုင်းမှာ အားနည်းနေတယ်” ဟု ဦးဗအုပ်ခိုင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top