ေတာသားတစ္ေယာက္ အေနနဲ႕ ဘယ္ခ်ိန္ဘယ္အခါ ဘယ္ေနရာ ေရာက္ေနေန ကိုယ့္ရဲ႕ ဇာတိေျမက ဘုရားပြဲေတာ္ေတြ သၾကၤန္ခါေတြ ေရာက္ရင္ ဇာတိေျမကို လြမ္းတဲ့စိတ္နဲ႕ ျပန္ခ်င္တတ္ၾကတာ မဆန္းေပ။ တျခားပြဲေတြ မွာ မျပန္ျဖစ္ခ်င္ မျပန္ျဖစ္မယ္ သၾကၤန္က်ပီဆို၇င္ေတာ့ ကိုယ့္ဇာတိေျမကို မေရာက္ေရာက္ေအာင္ ျပန္တတ္ၾကတာ ကြ်န္ေတာ္တို႕ ေတာသားေတြရဲ႕ အစဥ္အလာ။ ေပ်ာ္ရာမွာ မေနရ ေတာ္ရာမွာ ေနရ ဆိုသလို အညာသူအညားသားအေပါင္း ေရၾကည္ရာ ျမက္နုရာ သမုဒယ ဝမ္းတစ္ထြာ အတြက္ ဇာတိေျမကို စြန္႕ခြါလို႕ စီးပြါးရွာၾကသူေတြ အားလံုး သၾကၤန္ခ်ိန္ခါ က်ပီဆို၇င္ေတာ့ ကိုယ့္ရဲ႕ ဇာတိေျမကို ျပန္ၾကပီ။ ရန္ကုန္ တို႕ မႏၱေလးတို႕ ေနျပည္ေတာ္တို႕ ျမိဳ႕ၾကီးျပၾကီးေတြမွာ ဘယ္ေလာက္ပင္ စည္ကားပါေစ ေပ်ာ္ရႊင္စရာေတြ ေပါေနပါေစ ကြ်န္ေတာ္တို႕ ေတာသူေတာင္သားေတြကေတာ့ ကိုယ့္ေက်းရြာ ဇနပုဒ္က အံုးလက္ကာ မဏၭပ္ ေသးေသးေလးေတြမွာ ေပ်ာ္ရႊင္တတ္ျမဲ။

အညာေဒသ ေတာရြာေတြမွာ ဒီလို သၾကၤန္ခ်ိန္ခါဆို တရားစခန္းေတြ ဖြင့္ၾကပီ။ သၾကၤန္ကာလ အတြင္း လွဴေရးတန္းေရးအတြက္ စုိင္းျပင္းၾကပီ။ တစ္ရြာနဲ႕တစ္ရြာ အလည္လာၾကမဲ့ ဧည့္သည္ေသာင္သည္ေတြ အတြက္ ဧည့္ခံဖို႕ မုန္႕လံုးေရေပၚေတြ မုန္႕ဆီေၾကာ္ေတြ ေကြ်းဖို႕ ၾကိဳတင္ျပင္ဆင္ထားၾကျပီ။ သၾကၤန္မေရာက္ခင္ ၾကိဳတင္ပီး အံုးလက္ မဏၭပ္ေတြ ရပ္ကြက္တိုင္း အသီးသီး ေဆာက္ၾကပီ ။ ေရစည္ပီပါေတြ ေထာင္ၾကပီ။ တတ္နိုင္တဲ့သူေတြက ေဆာင္းေဘာက္ေတြ ဆင္ အသံခ်ဲ႕ေတြျပင္နဲ႕ အလုပ္ရႈပ္ၾကပီ။

လွဴမဲ့တန္းမဲ့ အလွဴရွင္ေတြ အိမ္မွာ လူေတြ က တရံုးရံုး ရွိၾကပီ။ အိုးခြက္ ငွါးသူငွါး။ မန္းက်ည္းရြက္ခူးသူက ခူး။ ငါးေျခာက္ေထာင္းသူကေထာင္း။ ၾကက္သြန္ အခြံႏႊာသူ ၾကက္သြန္လွီးသူေတြနဲ႕ ဝိုင္းဝန္းလုပ္ေဆာင္ၾကပီ။ ခုလိုအခ်ိန္ သၾကၤန္မိုးေလးတျဖိဳက္နွစ္ျဖိဳက္ၾကပီဆိုတာနဲ႕ မန္းက်ည္းပင္အိုေတြ တဖန္ပ်ိဳၾကပီီ။ ရြက္နုေတြ ထြက္စျပဳပီ။ ေတာရြာအလွဴေတြမွာ အမ်ားအားျဖင့္ မန္းက်ည္းရြက္သုပ္ ပဲဟင္း ငါးေျခာက္ေထာင္းေၾကာ္နွင့္ ငရုတ္သီး အေတာင့္ေၾကာ္က ပြဲတိုင္းေက်ာ္ ။ တတိနိုင္သူေတြက ၾကက္သား ဝက္သား ေကြ်းခ်င္ၾကေပသိ ရာသီစာ မန္က်ညး္ရြက္သုပ္နဲ႕ ငါးေျခာက္ေထာင္းေၾကာ္ပါတဲ့ ထမင္းလုပ္ကို ငရုတ္သီး အေတာင့္ေၾကာ္ျမဳပ္ ပီးစားရတာ ပဲဟင္းရည္ပူပူကို တဖူးဖူးမႈတ္ေသာက္ရတာကို ပိုမက္ေမာသူေတြ ခ်ည္းျဖစ္သည္။ ထို႕ေၾကာင့္ အမ်ားအားျဖင့္ ဤဟင္းလ်ာကိုသာ ေကြ်းတတ္ၾကသည္။

အညာေဒသ ေတာရြာေတြမွာ သၾကၤန္ခ်ိန္ခါ ေရေလာင္းခ်ိန္သည္ လူၾကီးမိဘမ်ား ဥပုပ္ေစာင့္ရာမွ ျပန္လာခ်ိန္မွာ စေလ့ရွိသည္။ ေတာရြာရွိ လူၾကီးမိဘမ်ား အပ်ိဳေလးမ်ားနွင့္ ကာလသားတခ်ိဳ႕တေလ သာ ပံုမွန္ ဘုန္းၾကီးေက်ာင္းတို႕ ဓမၼာရံုတို႕တြင္ ဥပုပ္ေစာင့္ သြားေလ့ရွိသည္။ လူငယ္လူရြယ္အမ်ားစုက အိမ္ေစာင့္ က်န္ရင္း ဘုန္းၾကီးေက်ာင္းက ဓါတ္စက္သံ နားေထာင္ရင္း ဘယ္ခိ်္န္တရားခ်မလဲ ေစာင့္ၾကရသည္။ တရားနာအျပီး ေဗ်ာခ်သံၾကားပီဆိုသည္္နွင့္ အိမ္ေစာင့္ေနၾကရသူ လူငယ္လူရြယ္တို႕ အဝတ္အစားလဲၾကပီ။ ဥပုပ္ေစာင့္ပီး ျပန္လာၾကမည့္ အပ်ိဳေလးမ်ားကို ေလာင္းဖို႕ ေခ်ာင္းၾကပီ။ ဥပုပ္ေစာင့္ အျပန္ လူၾကီးမိဘမ်ားကို ေတာ့ ေရ မေလာင္းၾက။ လူငယ္လူရြယ္ခ်င္း အပ်ိဳလူပ်ိဳျခင္းသာ ေရ ေစာင့္ေလာင္းေလ့ရွိၾကသည္။

ငယ္စဥ္ကာလ ေတာရြာသၾကၤန္ေတြသည္ ပို၍ ေပ်ာ္ဖို႕ေကာင္းသည္ ထင္သည္။ သၾကၤန္မတိုင္ခင္ ကြ်ဲရိုင္းဗူးခြံေတြစု အဝတ္ေလွ်ာ္ေက်ာက္ျပားတို႕ ေက်ာ္စည္ပိုင္းေတြနဲ႕ ပြတ္တိုက္ပီး အဖံုးဖြင့္ ေဘးမွာ ေလးခြမွာတပ္သည့္ေမ်ွာ့ပတ္လိုက္လ်င္ ေရကစားဖို႕ခြက္ ရပီ။ ေရကစားဖို႕အတြက္ အေထြအထူးမလို။ တခ်ိဳ႕က် အိမ္က ေရခ်ိဳးသည့္ ေရခြက္နွင့္ပင္ ေရေလာင္းလိုက္ၾကသည္။ ငယ္စဥ္ကာလ သၾကၤန္ပြဲေတာ္ေတြသည္ ယခုေခတ္လို ဆိုင္ကယ္ေတြ မမ်ားေသး ။ ဆိုင္ကယ္နဲ႕လည္ပတ္သူပင္ ေက်းရြာေတြမွာ ရွားပါးလွသည္။ ရန္ျဖစ္သည့္ ထံုးစံလဲ အၾကားရနည္းသည္။ လူ အေသအေပ်ာက္လဲ ခုေခတ္လို မ်ားလွသည္ မဟုတ္။ ေတာရြာ အတြင္း လမ္းေလွ်ာက္ရင္း အုပ္စုဖြဲေရပက္ ဟိုဘက္အပိုင္း ဒီဘက္အပိုငး္ လမ္းေလွ်ာက္ရင္း ေရပက္ရင္းပင္ ကူးၾကသန္းၾကသည္။ အပ်ိဳေလးေတြ ရွိသည့္ အိမ္ဝင္ရင္ေတာ့ လူငယ္ေတြ စုပီး အိမ္ဝိုင္းထဲ ဝင္ပီဆိုတာနဲ႕ အပ်ိဳေလးမ်ား အိမ္ေပၚတက္ေျပးၾကပီ ပုန္းၾကပီ။ မိဘေတြဆီ ယဥ္ယဥ္ေက်းေက်း ခြင့္ေတာင္းပီး ေရေလာင္းခ်င္ေၾကာင္းေျပာလ်ွင္ ဘယ္မိဘ မဆို သမီးပ်ိဳေလးမ်ားအားေ၇ေလာင္းခြင့္ ျပဳၾကသည္။ ခ်စ္စရာ ဓေလ့ပင္။ တစ္ရြာနဲ႕တစ္ရြာ ကူးၾကေတာ့လည္း လွည္းယာဥ္ေတြနဲ႕ သြားၾက လည္ၾက ပက္ၾကေလ့ရွီသည္။ ဘယ္ရြာက အပ်ိဳေခ်ာမဆို မိဘမ်ားကို ခြင့္ပန္လိုက္လ်ွင္ ေရေလာင္းခံရသည္ခ်ည္း ျဖစ္သည္။ ေပ်ာ္စရာေကာင္းလွသည္။

တခ်ိဳ႕ ေတာရြာေတြက် အပ်ိဳအုပ္စုေတြကို ပိုေၾကာက္၇တတ္သည္။ ရြာရွိ အပ်ိဳေခါင္းနွင့္ ခေလးအေမတခ်ိဳ႕ ဦးေဆာင္ေသာ အပ်ိဳအုပ္နဲ႕ ေတြ႕လ်ွင္ လြတ္ေအာင္ေျပးနိုင္မွ အဆင္ေျပသည္။ အဖြြဲ႕ခ်င္းလမး္မွာေတြ႕တာနဲ႕ ေရ အျပိဳင္အဆိုင္ပက္ၾကသည္။ နီးရာလူကို ဆြဲၾကသည္။ လူဆြဲသည္ ဆိုရာတြင္ လူပ်ိဳမ်ားက ဆြဲရဲသည္ မဟုတ္ အဆြဲခံရျခင္းျဖစ္သည္။ လြတ္ေအာင္ မေျပးနိုင္လို႕ အမိခံရပီ ဆိုသည္နွင့္ လူငယ္မွာ ဒုကၡေရာက္ရျပီ။ ပထမ ဝိုင္းခ်ဳပ္မည္။ အိုးမဲ ဝိုင္းသုတ္မည္။ ေရဝိုင္းေလာင္းမည္။ တခ်ိဳ႕ အုပ္စုေတြဆို ခေလးမေအေတြပါလ်ွင္ ပိုေၾကာက္ရသည္။ ခေလးအေမေတြကို နို႕ညွစ္ခိုင္းပီး ထမင္းထဲ နယ္ျပီး အဖမ္းခံရသူ ကာလသားပါးစပ္ထဲ အတင္းထည့္ေကြ်းၾကသည္။ ပီးမွ အန္ခ်င္အန္ေပေရာ့။ ဒါလဲ ခ်စ္စရာ ေကာင္းသည့္ အျပဳအမူ တစ္ခုဟု အားလံုးလက္ခံၾကသည္။ လူအုပ္ေတာင့္ရင္ ေရမြန္းေအာင္ေလာင္း အိုးမဲဝိုင္းသုပ္ ပီးေျပးၾက မေျပးနိုင္လို႕ အမိခံရပီဆိုေတာ့လဲ ခုနကေျပာခဲ့သလို နို္႕ထမင္း စားရမည္ မလြဲ။

တခ်ိဳ႕ေတာရြာမဏၭပ္ေတြက် အသံခ်ဲ႕စက္ေတြနွင့္ျဖစ္သည္။ ရြာရွိ လူငယ္ကာလသားတို႕ေခါင္းေဆာင္ပီး လူစု ကာလသမီးေလးေတြနဲ႕ အကတိုက္ပီး သၾကၤန္ယိမ္းေတြနွင့္ မဏၭပ္မွာ ဧည့္ခံၾကသည္။ တခ်ိဳ႕ေငြေၾကးခ်မ္းသာေသာလူမ်ားသည့္ ေတာရြာက မဏၭပ္ေတြမွာေတာ့ စတုဒီသာ ထမင္းေကြ်းၾကသည္။ မုန္႕လံုးေရေပၚေကြ်းၾကသည္။ ေဘးနားရြာေတြက လာလည္ၾကသည့္ လူငယ္အေပါင္းကို ေလာက္ငွေအာင္ ေကြ်းၾကသည္။ တခ်ိဳ႕လဲ ခင္ရာမင္ရာလူမ်ားကို အိမ္ထိေခၚယူေကြ်းေမြးတတ္ၾကသည္။ အေပ်ာ္လြန္ပီး စကားမ်ားရန္ျဖစ္တာမ်ိဳး မျဖစ္ေအာင္လဲ ေခါင္းေဆာင္ ကာလသားတို႕အဖြဲ႕က တာဝန္ယူပီး ထိန္းသိမ္းၾကေလ့ရွိသည္။ လူငယ္ခ်င္းစကားမ်ားသည္ထင္သည္နွင့္ ကာလသားေခါင္းက စက္ပိတ္ကာ မိုက္နွင့္ ေၾကျငာပီး ပြဲထိန္းေပးရသည္။ ဤနည္းအားျဖင့္ ေရကစားသည့္ လူငယ္မ်ား ရန္မျဖစ္ေအာင္ တတ္နိုင္သေလာက္ထိန္းၾကသည္။

ေန႕လည္ပိုင္းတြင္ ေတာ့ ေခတၱခဏနားၾကသည္။ ညေန ေရ ျပန္ကစားသည့္ အခ်ိန္သည္ ၃ နာရီ ၄ နာရီမွ ျဖစ္သည္။ ညေနေစာင္း ၆ နာရီေလာက္ ေရာက္သည္နွင့္ လူစုခြဲၾကပီ။ မဏၭပ္မွာ လာကၾကသည့္ အပ်ိဳေလးမ်ားကိုလဲ အိမ္တိုင္ရာေရာက္ လိုက္ပို႕ၾကရသည္။ တခ်ိဳ႕မိဘမ်ားကလဲ လာေခၚတတ္ၾကသည္။

ညပိုင္းတြင္ေတာ့ ေတာရြာတခ်ိဳ႕က မဏၭပ္ေတြမွာ အကျပိဳင္ပြဲေတြ ရွိသည္။ အဆိုျပိဳင္ပြဲေတြ ရွိသည္။ ေက်းရြာတိုင္းေတာ့ မတတ္နိုင္ၾက မလုပ္နိုင္ၾက။ ဤနည္းအားျဖင့္ သၾကၤန္ကာလ ေလးရက္တာကို ပံုမွန္ျဖတ္သန္းၾကတာ ကြ်န္ေတာ္တို႕ ေတာသူေတာင္သားေတြရဲ႕ ဓေလ့တစ္ခုပင္ ျဖစ္သည္။

တနွစ္ျပီးတနွစ္ သၾကၤန္ကာလ ျပီးသည္နွင့္ ဆိုင္ကယ္တိုက္မႈ ယာဥ္တိုက္မႈ ရန္ျဖစ္မႈေတြေၾကာင့္ လူအေသအေပ်ာက္ တျဖည္း့ျဖည္းမ်ားလာေသာ ျမိဳ႕ၾကီးျပၾကီးေတြထက္ ဒီလို အညာေဒသရွိ ေတာရြာ သၾကၤန္ေတြကို ကြ်န္ေတာ္တို႕ ပို တပ္မက္သည္။ ျမိဳ႕ေပၚရွိ မဏၭပ္တကာ ကားေတြနဲ႕လွည့္ နာမည္ေၾကာ္ေတြရဲ႕အတိုအျပတ္ေတြကို လုိက္ေငးရတာအဆိုေတာ္ေတြရဲ႕ မပီကလာပီကလားသီခ်င္းေတြနားေထာင္ရင္း ေရပက္ခံထြက္ရတာထက္ လမ္းေလ်ွာက္ရင္းေရပက္ လွည္းေလးနဲ႕တရြာဝင္းးတရြာကူး အိမ္တြင္းပုန္း အပ်ိဳေတြကို ေရေလာင္းဖို႕ မိဘေတြကို ခြင့္ေတာင္းပီး ပက္ရတာကို ပိုမက္ေမာသည္။ ရြာရွိ ကာလသမီးပ်ိဳေတြရဲ႕ ျမန္မာ့ရိုးရာ ယိမ္းအက ျပိဳင္ပြဲေတြကို ပိုနွစ္သက္သည္။

ေတာသူေတာင္သားဓေလ့ အရ ဥပုပ္ေစာင့္ရန္ ျမိဳ႕ၾကီးျပၾကီးက ဘုန္းၾကီးေက်ာင္းေတြမွာ လူမစည္ျခင္းကို အားမရ။ ေက်းရြာေက်ာင္းေတြမွာ ဥပုပ္ေန႕တိုင္းလူစည္ေနတာ သေဘာက်သည္။ ဥပုပ္အျပန္ ေရေစာင့္ေလာင္းရတာကို နွစ္ျခိဳက္သည္။ေရေဆာ့ေနစဥ္ ဘုန္းၾကီးေက်ာင္းက သံဃာေတြ တန္းဆြမ္း ခံရန္ၾကြလာတာကို အားလံုးဝပ္တြားပီး ျငိမ္သက္ေပးၾကတဲ့ ျမင္ကြင္းကို နွစ္သက္သည္။ သၾကၤန္အျပီး ေတာရြာအတြငး္ရွိ သက္ၾကီးရြယ္အိုေတြကို ပူေဇာ္ကန္ေတာ့ပြဲ လုပ္တဲ့အေလ့အထကို ခ်စ္သည္။

ကြ်န္ေတာ္သည္ ေတာရြာမွာေမြး ေတာရြာမွာ ၾကီးျပင္းခဲ့ေသာ လူတစ္ေယာက္ ျဖစ္သည့္အတြက္ ေတာရြာ သၾကၤန္ကို နွစ္သက္မိတာ ဆန္းမည္ မထင္။ ထို႕ေၾကာင့္ ေတာရြာသၾကၤန္ကို အမွီျပန္ရန္ ဒီေန႕ ပင္ ရန္ကုန္ျမိဳ႕ၾကီးမွ ထြက္ခြါေတာ့မည္ ျဖစ္ေၾကာင္း ေၾကျငာေမာင္းခတ္ရေပသည္။ ေတာသားမ်ားျပန္လို႕ ရန္ကုန္ျမိဳ႕ၾကီး ကားလမ္းပိတ္တာ သက္သာပါေစေတာ့ ရယ္လို႕ ဆုေတာင္းသည္။

ဤတြင္ ဇက္ေညာင္း၍ စာေရးျခင္းအမႈ ဇာတ္သိမ္းလိုက္ေလျပီ။
ဖိုးသူေတာ္(www.phothutaw.com)
Credit:steemit
#Unicode Version#
တောသားတစ်ယောက် အနေနဲ့ ဘယ်ချိန်ဘယ်အခါ ဘယ်နေရာ ရောက်နေနေ ကိုယ့်ရဲ့ ဇာတိမြေက ဘုရားပွဲတော်တွေ သြင်္ကန်ခါတွေ ရောက်ရင် ဇာတိမြေကို လွမ်းတဲ့စိတ်နဲ့ ပြန်ချင်တတ်ကြတာ မဆန်းပေ။ တခြားပွဲတွေ မှာ မပြန်ဖြစ်ချင် မပြန်ဖြစ်မယ် သြင်္ကန်ကျပီဆို၇င်တော့ ကိုယ့်ဇာတိမြေကို မရောက်ရောက်အောင် ပြန်တတ်ကြတာ ကျွန်တော်တို့ တောသားတွေရဲ့ အစဉ်အလာ။ ပျော်ရာမှာ မနေရ တော်ရာမှာ နေရ ဆိုသလို အညာသူအညားသားအပေါင်း ရေကြည်ရာ မြက်နုရာ သမုဒယ ဝမ်းတစ်ထွာ အတွက် ဇာတိမြေကို စွန့်ခွါလို့ စီးပွါးရှာကြသူတွေ အားလုံး သြင်္ကန်ချိန်ခါ ကျပီဆို၇င်တော့ ကိုယ့်ရဲ့ ဇာတိမြေကို ပြန်ကြပီ။ ရန်ကုန် တို့ မန္တလေးတို့ နေပြည်တော်တို့ မြို့ကြီးပြကြီးတွေမှာ ဘယ်လောက်ပင် စည်ကားပါစေ ပျော်ရွှင်စရာတွေ ပေါနေပါစေ ကျွန်တော်တို့ တောသူတောင်သားတွေကတော့ ကိုယ့်ကျေးရွာ ဇနပုဒ်က အုံးလက်ကာ မဏ္ဌပ် သေးသေးလေးတွေမှာ ပျော်ရွှင်တတ်မြဲ။

အညာဒေသ တောရွာတွေမှာ ဒီလို သြင်္ကန်ချိန်ခါဆို တရားစခန်းတွေ ဖွင့်ကြပီ။ သြင်္ကန်ကာလ အတွင်း လှူရေးတန်းရေးအတွက် စိုင်းပြင်းကြပီ။ တစ်ရွာနဲ့တစ်ရွာ အလည်လာကြမဲ့ ဧည့်သည်သောင်သည်တွေ အတွက် ဧည့်ခံဖို့ မုန့်လုံးရေပေါ်တွေ မုန့်ဆီကြော်တွေ ကျွေးဖို့ ကြိုတင်ပြင်ဆင်ထားကြပြီ။ သြင်္ကန်မရောက်ခင် ကြိုတင်ပီး အုံးလက် မဏ္ဌပ်တွေ ရပ်ကွက်တိုင်း အသီးသီး ဆောက်ကြပီ ။ ရေစည်ပီပါတွေ ထောင်ကြပီ။ တတ်နိုင်တဲ့သူတွေက ဆောင်းဘောက်တွေ ဆင် အသံချဲ့တွေပြင်နဲ့ အလုပ်ရှုပ်ကြပီ။

လှူမဲ့တန်းမဲ့ အလှူရှင်တွေ အိမ်မှာ လူတွေ က တရုံးရုံး ရှိကြပီ။ အိုးခွက် ငှါးသူငှါး။ မန်းကျည်းရွက်ခူးသူက ခူး။ ငါးခြောက်ထောင်းသူကထောင်း။ ကြက်သွန် အခွံနွှာသူ ကြက်သွန်လှီးသူတွေနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြပီ။ ခုလိုအချိန် သြင်္ကန်မိုးလေးတဖြိုက်နှစ်ဖြိုက်ကြပီဆိုတာနဲ့ မန်းကျည်းပင်အိုတွေ တဖန်ပျိုကြပီ။ ရွက်နုတွေ ထွက်စပြုပီ။ တောရွာအလှူတွေမှာ အများအားဖြင့် မန်းကျည်းရွက်သုပ် ပဲဟင်း ငါးခြောက်ထောင်းကြော်နှင့် ငရုတ်သီး အတောင့်ကြော်က ပွဲတိုင်းကျော် ။ တတိနိုင်သူတွေက ကြက်သား ဝက်သား ကျွေးချင်ကြပေသိ ရာသီစာ မန်ကျည်းရွက်သုပ်နဲ့ ငါးခြောက်ထောင်းကြော်ပါတဲ့ ထမင်းလုပ်ကို ငရုတ်သီး အတောင့်ကြော်မြုပ် ပီးစားရတာ ပဲဟင်းရည်ပူပူကို တဖူးဖူးမှုတ်သောက်ရတာကို ပိုမက်မောသူတွေ ချည်းဖြစ်သည်။ ထို့ကြောင့် အများအားဖြင့် ဤဟင်းလျာကိုသာ ကျွေးတတ်ကြသည်။

အညာဒေသ တောရွာတွေမှာ သြင်္ကန်ချိန်ခါ ရေလောင်းချိန်သည် လူကြီးမိဘများ ဥပုပ်စောင့်ရာမှ ပြန်လာချိန်မှာ စလေ့ရှိသည်။ တောရွာရှိ လူကြီးမိဘများ အပျိုလေးများနှင့် ကာလသားတချို့တလေ သာ ပုံမှန် ဘုန်းကြီးကျောင်းတို့ ဓမ္မာရုံတို့တွင် ဥပုပ်စောင့် သွားလေ့ရှိသည်။ လူငယ်လူရွယ်အများစုက အိမ်စောင့် ကျန်ရင်း ဘုန်းကြီးကျောင်းက ဓါတ်စက်သံ နားထောင်ရင်း ဘယ်ချိန်တရားချမလဲ စောင့်ကြရသည်။ တရားနာအပြီး ဗျောချသံကြားပီဆိုသည်နှင့် အိမ်စောင့်နေကြရသူ လူငယ်လူရွယ်တို့ အဝတ်အစားလဲကြပီ။ ဥပုပ်စောင့်ပီး ပြန်လာကြမည့် အပျိုလေးများကို လောင်းဖို့ ချောင်းကြပီ။ ဥပုပ်စောင့် အပြန် လူကြီးမိဘများကို တော့ ရေ မလောင်းကြ။ လူငယ်လူရွယ်ချင်း အပျိုလူပျိုခြင်းသာ ရေ စောင့်လောင်းလေ့ရှိကြသည်။

ငယ်စဉ်ကာလ တောရွာသြင်္ကန်တွေသည် ပို၍ ပျော်ဖို့ကောင်းသည် ထင်သည်။ သြင်္ကန်မတိုင်ခင် ကျွဲရိုင်းဗူးခွံတွေစု အဝတ်လျှော်ကျောက်ပြားတို့ ကျော်စည်ပိုင်းတွေနဲ့ ပွတ်တိုက်ပီး အဖုံးဖွင့် ဘေးမှာ လေးခွမှာတပ်သည့်မျှော့ပတ်လိုက်လျင် ရေကစားဖို့ခွက် ရပီ။ ရေကစားဖို့အတွက် အထွေအထူးမလို။ တချို့ကျ အိမ်က ရေချိုးသည့် ရေခွက်နှင့်ပင် ရေလောင်းလိုက်ကြသည်။ ငယ်စဉ်ကာလ သြင်္ကန်ပွဲတော်တွေသည် ယခုခေတ်လို ဆိုင်ကယ်တွေ မများသေး ။ ဆိုင်ကယ်နဲ့လည်ပတ်သူပင် ကျေးရွာတွေမှာ ရှားပါးလှသည်။ ရန်ဖြစ်သည့် ထုံးစံလဲ အကြားရနည်းသည်။ လူ အသေအပျောက်လဲ ခုခေတ်လို များလှသည် မဟုတ်။ တောရွာ အတွင်း လမ်းလျှောက်ရင်း အုပ်စုဖွဲရေပက် ဟိုဘက်အပိုင်း ဒီဘက်အပိုင်း လမ်းလျှောက်ရင်း ရေပက်ရင်းပင် ကူးကြသန်းကြသည်။ အပျိုလေးတွေ ရှိသည့် အိမ်ဝင်ရင်တော့ လူငယ်တွေ စုပီး အိမ်ဝိုင်းထဲ ဝင်ပီဆိုတာနဲ့ အပျိုလေးများ အိမ်ပေါ်တက်ပြေးကြပီ ပုန်းကြပီ။ မိဘတွေဆီ ယဉ်ယဉ်ကျေးကျေး ခွင့်တောင်းပီး ရေလောင်းချင်ကြောင်းပြောလျှင် ဘယ်မိဘ မဆို သမီးပျိုလေးများအားရေလောင်းခွင့် ပြုကြသည်။ ချစ်စရာ ဓလေ့ပင်။ တစ်ရွာနဲ့တစ်ရွာ ကူးကြတော့လည်း လှည်းယာဉ်တွေနဲ့ သွားကြ လည်ကြ ပက်ကြလေ့ရှီသည်။ ဘယ်ရွာက အပျိုချောမဆို မိဘများကို ခွင့်ပန်လိုက်လျှင် ရေလောင်းခံရသည်ချည်း ဖြစ်သည်။ ပျော်စရာကောင်းလှသည်။

တချို့ တောရွာတွေကျ အပျိုအုပ်စုတွေကို ပိုကြောက်၇တတ်သည်။ ရွာရှိ အပျိုခေါင်းနှင့် ခလေးအမေတချို့ ဦးဆောင်သော အပျိုအုပ်နဲ့ တွေ့လျှင် လွတ်အောင်ပြေးနိုင်မှ အဆင်ပြေသည်။ အဖွဲ့ချင်းလမ်းမှာတွေ့တာနဲ့ ရေ အပြိုင်အဆိုင်ပက်ကြသည်။ နီးရာလူကို ဆွဲကြသည်။ လူဆွဲသည် ဆိုရာတွင် လူပျိုများက ဆွဲရဲသည် မဟုတ် အဆွဲခံရခြင်းဖြစ်သည်။ လွတ်အောင် မပြေးနိုင်လို့ အမိခံရပီ ဆိုသည်နှင့် လူငယ်မှာ ဒုက္ခရောက်ရပြီ။ ပထမ ဝိုင်းချုပ်မည်။ အိုးမဲ ဝိုင်းသုတ်မည်။ ရေဝိုင်းလောင်းမည်။ တချို့ အုပ်စုတွေဆို ခလေးမအေတွေပါလျှင် ပိုကြောက်ရသည်။ ခလေးအမေတွေကို နို့ညှစ်ခိုင်းပီး ထမင်းထဲ နယ်ပြီး အဖမ်းခံရသူ ကာလသားပါးစပ်ထဲ အတင်းထည့်ကျွေးကြသည်။ ပီးမှ အန်ချင်အန်ပေရော့။ ဒါလဲ ချစ်စရာ ကောင်းသည့် အပြုအမူ တစ်ခုဟု အားလုံးလက်ခံကြသည်။ လူအုပ်တောင့်ရင် ရေမွန်းအောင်လောင်း အိုးမဲဝိုင်းသုပ် ပီးပြေးကြ မပြေးနိုင်လို့ အမိခံရပီဆိုတော့လဲ ခုနကပြောခဲ့သလို နို့်ထမင်း စားရမည် မလွဲ။

တချို့တောရွာမဏ္ဌပ်တွေကျ အသံချဲ့စက်တွေနှင့်ဖြစ်သည်။ ရွာရှိ လူငယ်ကာလသားတို့ခေါင်းဆောင်ပီး လူစု ကာလသမီးလေးတွေနဲ့ အကတိုက်ပီး သြင်္ကန်ယိမ်းတွေနှင့် မဏ္ဌပ်မှာ ဧည့်ခံကြသည်။ တချို့ငွေကြေးချမ်းသာသောလူများသည့် တောရွာက မဏ္ဌပ်တွေမှာတော့ စတုဒီသာ ထမင်းကျွေးကြသည်။ မုန့်လုံးရေပေါ်ကျွေးကြသည်။ ဘေးနားရွာတွေက လာလည်ကြသည့် လူငယ်အပေါင်းကို လောက်ငှအောင် ကျွေးကြသည်။ တချို့လဲ ခင်ရာမင်ရာလူများကို အိမ်ထိခေါ်ယူကျွေးမွေးတတ်ကြသည်။ အပျော်လွန်ပီး စကားများရန်ဖြစ်တာမျိုး မဖြစ်အောင်လဲ ခေါင်းဆောင် ကာလသားတို့အဖွဲ့က တာဝန်ယူပီး ထိန်းသိမ်းကြလေ့ရှိသည်။ လူငယ်ချင်းစကားများသည်ထင်သည်နှင့် ကာလသားခေါင်းက စက်ပိတ်ကာ မိုက်နှင့် ကြေငြာပီး ပွဲထိန်းပေးရသည်။ ဤနည်းအားဖြင့် ရေကစားသည့် လူငယ်များ ရန်မဖြစ်အောင် တတ်နိုင်သလောက်ထိန်းကြသည်။

နေ့လည်ပိုင်းတွင် တော့ ခေတ္တခဏနားကြသည်။ ညနေ ရေ ပြန်ကစားသည့် အချိန်သည် ၃ နာရီ ၄ နာရီမှ ဖြစ်သည်။ ညနေစောင်း ၆ နာရီလောက် ရောက်သည်နှင့် လူစုခွဲကြပီ။ မဏ္ဌပ်မှာ လာကကြသည့် အပျိုလေးများကိုလဲ အိမ်တိုင်ရာရောက် လိုက်ပို့ကြရသည်။ တချို့မိဘများကလဲ လာခေါ်တတ်ကြသည်။

ညပိုင်းတွင်တော့ တောရွာတချို့က မဏ္ဌပ်တွေမှာ အကပြိုင်ပွဲတွေ ရှိသည်။ အဆိုပြိုင်ပွဲတွေ ရှိသည်။ ကျေးရွာတိုင်းတော့ မတတ်နိုင်ကြ မလုပ်နိုင်ကြ။ ဤနည်းအားဖြင့် သြင်္ကန်ကာလ လေးရက်တာကို ပုံမှန်ဖြတ်သန်းကြတာ ကျွန်တော်တို့ တောသူတောင်သားတွေရဲ့ ဓလေ့တစ်ခုပင် ဖြစ်သည်။

တနှစ်ပြီးတနှစ် သြင်္ကန်ကာလ ပြီးသည်နှင့် ဆိုင်ကယ်တိုက်မှု ယာဉ်တိုက်မှု ရန်ဖြစ်မှုတွေကြောင့် လူအသေအပျောက် တဖြည်း့ဖြည်းများလာသော မြို့ကြီးပြကြီးတွေထက် ဒီလို အညာဒေသရှိ တောရွာ သြင်္ကန်တွေကို ကျွန်တော်တို့ ပို တပ်မက်သည်။ မြို့ပေါ်ရှိ မဏ္ဌပ်တကာ ကားတွေနဲ့လှည့် နာမည်ကြော်တွေရဲ့အတိုအပြတ်တွေကို လိုက်ငေးရတာအဆိုတော်တွေရဲ့ မပီကလာပီကလားသီချင်းတွေနားထောင်ရင်း ရေပက်ခံထွက်ရတာထက် လမ်းလျှောက်ရင်းရေပက် လှည်းလေးနဲ့တရွာဝင်းးတရွာကူး အိမ်တွင်းပုန်း အပျိုတွေကို ရေလောင်းဖို့ မိဘတွေကို ခွင့်တောင်းပီး ပက်ရတာကို ပိုမက်မောသည်။ ရွာရှိ ကာလသမီးပျိုတွေရဲ့ မြန်မာ့ရိုးရာ ယိမ်းအက ပြိုင်ပွဲတွေကို ပိုနှစ်သက်သည်။

တောသူတောင်သားဓလေ့ အရ ဥပုပ်စောင့်ရန် မြို့ကြီးပြကြီးက ဘုန်းကြီးကျောင်းတွေမှာ လူမစည်ခြင်းကို အားမရ။ ကျေးရွာကျောင်းတွေမှာ ဥပုပ်နေ့တိုင်းလူစည်နေတာ သဘောကျသည်။ ဥပုပ်အပြန် ရေစောင့်လောင်းရတာကို နှစ်ခြိုက်သည်။ရေဆော့နေစဉ် ဘုန်းကြီးကျောင်းက သံဃာတွေ တန်းဆွမ်း ခံရန်ကြွလာတာကို အားလုံးဝပ်တွားပီး ငြိမ်သက်ပေးကြတဲ့ မြင်ကွင်းကို နှစ်သက်သည်။ သြင်္ကန်အပြီး တောရွာအတွင်းရှိ သက်ကြီးရွယ်အိုတွေကို ပူဇော်ကန်တော့ပွဲ လုပ်တဲ့အလေ့အထကို ချစ်သည်။

ကျွန်တော်သည် တောရွာမှာမွေး တောရွာမှာ ကြီးပြင်းခဲ့သော လူတစ်ယောက် ဖြစ်သည့်အတွက် တောရွာ သြင်္ကန်ကို နှစ်သက်မိတာ ဆန်းမည် မထင်။ ထို့ကြောင့် တောရွာသြင်္ကန်ကို အမှီပြန်ရန် ဒီနေ့ ပင် ရန်ကုန်မြို့ကြီးမှ ထွက်ခွါတော့မည် ဖြစ်ကြောင်း ကြေငြာမောင်းခတ်ရပေသည်။ တောသားများပြန်လို့ ရန်ကုန်မြို့ကြီး ကားလမ်းပိတ်တာ သက်သာပါစေတော့ ရယ်လို့ ဆုတောင်းသည်။

ဤတွင် ဇက်ညောင်း၍ စာရေးခြင်းအမှု ဇာတ်သိမ်းလိုက်လေပြီ။
ဖိုးသူတော်(www.phothutaw.com)
Credit:steemit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top