မႏၲေလးၿမိဳ႕ ၂၈၊ ၂၉ ၾကား ျမစႏၵာလမ္း အိမ္အမွတ္ ၁၄/၁၁ ေနအိမ္တလုံးမွာ မၾကာခဏ မီးထေတာက္ေနတာေၾကာင့္ မီးသတ္ကားနဲ႔ ေစာင့္ၾကည့္ေနရတယ္လုိ႔ သိရပါတယ္။

အိမ္နီးခ်င္းျဖစ္သူ ကိုေပါက္က “မေန႔က ကိုးႀကိမ္၊ ဒီေန႔ ေလးႀကိမ္ ေလာင္ပါတယ္။ အိမ္အတြင္းပိုင္းက အဝတ္အစားေတြ ေရေဘစင္ေတြ ေရတံေလ်ွာက္ေတြမွာ သူ႔ဘာသာ ထေလာင္တာ။

သိလို႔ သြားၿငိႇမ္းတာနဲ႔ သူ႔ဘာသာ ျပန္ၿငိမ္းသြားတယ္။ ေဒသအေျပာကေတာ့ ပုဏၰကတိုက္သလို ျဖစ္တာလို႔ ေျပာသလို အပူခ်ိန္လြန္ကဲ ထေတာက္တာလို႔လည္း ေျပာပါတယ္။ က်ေနာ္တို႔ အိမ္နီးခ်င္းေတြကေတာ့ စိုးရိမ္ၿပီး ေစာင့္ၾကည့္ေနပါတယ္” လုိ႔ ေျပာပါတယ္။

အဲဒီအိမ္ကို အစိုးရဌာနဆိုင္ရာေတြ လာေရာက္ေမးျမန္းမႈေတြ ျပဳလုပ္ေနၿပီး ျမန္မာနိုင္ငံ မီးသတ္သတ္ဖြဲ႔က မီးသတ္ကားနဲ႔ ေစာင့္ၾကည့္ေနပါတယ္။

ဒါ့အျပင္ ဘုန္းေတာ္ႀကီးေတြကိုပါ ပင့္ေဆာင္ၿပီး ပရိတ္ရြတ္ဖတ္မႈေတြလည္း ျပဳလုပ္ေနပါတယ္။ အိမ္အတြင္းပိုင္းက မီးေလာင္လြယ္တဲ့ အဝတ္အစား၊ ေစာင္နဲ႔ စာရြက္စာတမ္းေတြကိုလည္း အိမ္အျပင္ထုတ္ထားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


မန္တလေးမြို့ ၂၈၊ ၂၉ ကြား မြစန္ဒာလမ်း အိမ်အမှတ် ၁၄/၁၁ နေအိမ်တလုံးမှာ မကြာခဏ မီးထတောက်နေတာကြောင့် မီးသတ်ကားနဲ့ စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။

အိမ်နီးချင်းဖြစ်သူ ကိုပေါက်က “မနေ့က ကိုးကြိမ်၊ ဒီနေ့ လေးကြိမ် လောင်ပါတယ်။ အိမ်အတွင်းပိုင်းက အဝတ်အစားတွေ ရေဘေစင်တွေ ရေတံလျှောက်တွေမှာ သူ့ဘာသာ ထလောင်တာ။

သိလို့ သွားငြှိမ်းတာနဲ့ သူ့ဘာသာ ပြန်ငြိမ်းသွားတယ်။ ဒေသအပြောကတော့ ပုဏ္ဏကတိုက်သလို ဖြစ်တာလို့ ပြောသလို အပူချိန်လွန်ကဲ ထတောက်တာလို့လည်း ပြောပါတယ်။ ကျနော်တို့ အိမ်နီးချင်းတွေကတော့ စိုးရိမ်ပြီး စောင့်ကြည့်နေပါတယ်” လို့ ပြောပါတယ်။

အဲဒီအိမ်ကို အစိုးရဌာနဆိုင်ရာတွေ လာရောက်မေးမြန်းမှုတွေ ပြုလုပ်နေပြီး မြန်မာနိုင်ငံ မီးသတ်သတ်ဖွဲ့က မီးသတ်ကားနဲ့ စောင့်ကြည့်နေပါတယ်။

ဒါ့အပြင် ဘုန်းတော်ကြီးတွေကိုပါ ပင့်ဆောင်ပြီး ပရိတ်ရွတ်ဖတ်မှုတွေလည်း ပြုလုပ်နေပါတယ်။ အိမ်အတွင်းပိုင်းက မီးလောင်လွယ်တဲ့ အဝတ်အစား၊ စောင်နဲ့ စာရွက်စာတမ်းတွေကိုလည်း အိမ်အပြင်ထုတ်ထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top