Credit:nanmalgyi
#Unicode Version# ဖြင့်ဖတ်ပါ ။
မျိုးစန္ဒီကျော်ဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အနုပညာလောကထဲမှာ နာမည်ရပြီးသားမင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်အားပေးမှုအပြည့်အဝရခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မျိုးစန္ဒီကျော်က အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေမလုပ်ဖြစ်တော့ပဲ ပရိသတ်တွေနဲ့ဝေးကွာသွားခဲ့တာကြောင့် လွမ်းနေကြတဲ့ပရိသတ်တွေကလည်းအများကြီးရှိနေပါတယ်။ မကြာသေးမီကတော့ မျိုးစန္ဒီကျော်က Single Mother တစ်ဦးအဖြစ် လောကကြီးကိုရဲရဲရင့်ရင့်ရင်ဆိုင်ရင်း သမီးလေး ဂျူဝယ်လေးနဲ့အတူ ပရိသတ်တွေရှေ့မှောက်ကိုပြန်ရောက်လာပါပြီ။ မျိုးစန္ဒီကျော်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ ချစ်ဖို့ကောင်းတဲ့သမီးလေးအကြောင်းတွေ ဖြေသွားခဲ့ပါတယ်။
မျိုးစန္ဒီကျော်က လတ်တလောအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “လတ်တလောကတော့ အစ်မ ရုပ်ရှင်ကားကြီးရိုက်နေတဲ့ဟာ ဟိုတစ်နေ့က ပြီးသွားတယ်။ နောက်ပြီးတော့အခု သမီးလေးနဲ့ ကြော်ငြာရိုက်ဖို့ရှိတယ်။ နောက်ပြီးတော့ ဇာတ်လမ်းတွဲကတော့ ပြောတော့ပြောထားတယ်။ comfirm တော့မဖြစ်သေးဘူးပေါ့နော်”လို့ပြောပြထားပါတယ်။
မျိုးစန္ဒီကျော်က သမီးလေးကကိုယ့်အတွက် lucky baby လေးဖြစ်ကြောင်း “အခုအစ်မရိုက်နေတဲ့ကားဆိုရင်လည်း သူ့ကိုအရင်ငှားတာ။ အစ်မကတော့သမီးလေးကို ကြော်ငြာတို့ဓာတ်ပုံတို့လောက်ပဲရိုက်ဖြစ်မယ်ပေါ့နော်။ ပင်ပန်းမှာစိုးလို့။ အခုကားကတော့ သူ့ကိုလာငှားရင်းနဲ့ အဲဒီကားက အစ်မကိုပါငှားဖြစ်သွားတာ။ သမီးလေးက အစ်မအတွက် lucky baby လေးပဲ။ အမြဲတမ်း သမီးနဲ့ပတ်သက်ရင် ကံဆိုးတာတွေပျောက်တယ်။ ကံကောင်းတာတွေရောက်တယ်။ အဲဒီအတွက် သမီးက အစ်မအတွက် lucky လေးပါပဲ”လို့ ပြောပြထားပါတယ်။
သမီးက ရုပ်ရှင်ထဲမှာ မင်းသားနဲ့ love scenes တွေတွေ့ရင်ပြောတယ်ဆိုပြီးတော့လည်း “အနုပညာတွေပြန်လုပ်ဖို့လည်း သူ့ကြောင့်ပဲခွန်အားတွေရှိလာတာ။ သူက အမေရိုက်နေရင်ပျော်တယ်။ မေမေရုပ်ရှင်သွားရိုက်မယ်ဆိုရင် သူက အေးဆေးပဲ။ အိမ်မှာထားခဲ့လည်းနေတယ်။ မေမေပြန်ရိုက်ရမလားဆိုရင် အမေ့ကားတွေလာရင်သူက သဘောကျတယ်။ TV မှာကြည့်ပြီးတော့ မင်းသားတွေဘာတွေနဲ့ love scenes တွေဘာတွေလာရင် မေမေက အဲဒီလူကြီးကို ဘာလို့ဖက်နေတာလဲ အဲ့လိုမျိုး အဲဒီလူကြီးကို မဖက်နဲ့မီးမီးကိုပဲဖက်ဆိုတာမျိုး သူကပြောတယ်”လို့ ရယ်မောရင်း ရင်ဖွင့်သွားခဲ့ပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော မျိုးစန္ဒီကျော်နဲ့သမီးလေး ဂျူဝယ်လေးကို ချစ်ကြလား။ သားအမိနှစ်ယောက်အတူတူရိုက်ထားတဲ့ ကားတွေထွက်လာရင်ရောအားပေးကြည့်ရှု့ကြမှာလား။ ဂျူဝယ်လေးအသက်ကြီးလာလို့ မင်းသမီးလုပ်ရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top