လူငယ္ေတြအားက်အတုယူရတဲ့ဇနီးေမာင္ႏွံလည္းျဖစ္ တစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈအျပည့္႐ိွၿပီး ၊ ဒ႑ာရီလာထဲက ကိႏၷရီ ၊ ကိႏၷရာေမာင္ႏွံကို ႏွစ္ဆယ္ရစု ဗား႐ွင္းလို႔ေျပာရေလာက္တဲ့အထိ တင္စားေခၚေဝၚလို႔ရမယ့္ႏွစ္ေယာက္႐ိွပါတယ္။ သူတို႔ႏွစ္ေယာက္ကေတာ့ ေရႊထူးနဲ႔ေ႐ႊမံႈရတီတို႔ဇနီးေမာင္ႏွံပါ။ အခု Myanmar Celebrity ရဲ႕အင္တာဗ်ဴးတစ္ခုမွာ သူတို႔ေျပာျပသြားတဲ့အေၾကာင္းေတြကိုပရိသတ္ေတြသိေအာင္ေျပာျပေပးလိုက္ပါတယ္။

ေရႊထူးက တက္တူးထိုးတဲ့ကိစၥနဲ႔ပတ္သက္ၿပီး “သူကက်ေနာ့္ကိုေျပာတယ္ ။ သူအရမ္းမုန္းတာ တက္တူးထိုးတာတဲ့သူမႀကိဳက္ဘူးတဲ့ ၊ ၿပီးေတာ့အသားမည္းတဲ့သူမႀကိဳက္ဖူးတဲ့ ရေတာ့တက္တူးေတြထိုးထားတဲ့ေကာင္ဗ်ာ ၊ အသားက်လည္းမည္းလိုက္တာမွတာေတလန္လို႔။ရၿပီးၾကာေတာ့ ဟိုတေလာကမွာက်ေနာ္တက္တူးေတြနဲ႔အမ်ားႀကီးနဲ႔ဆိုတာလက္ခံလာၿပီ ။ ဒါေပမယ္ရင္ဘတ္မွာတက္တူးမ႐ိွဘူး ။ သူစေျပာတာ ေယာက္်ားရယ္ ရင္ဘတ္ႀကီးကဟာတာတာနဲ႔ တက္တူးေလးဘာေလးသြားထိုးဦး အရမ္း႐ုပ္ေပါက္ေနၿပီဆိုေတာ့ က်ေနာ္အရမ္းေပ်ာ္ၿပီးေတာ့ ။ က်ေနာ္ကတက္တူးထိုးခ်င္တယ္ဆိုတာေျပာခ်င္တာ ၊ က်ေနာ္ေျပာလိုက္လို႔႐ွိရင္ သူမ်ားစိတ္ဆိုးမလားစိတ္ေကာက္မလားဆိုတာစိုးၿပီးမေျပာတာ ။ သူကေျပာလာေတာ့ က်ေနာ္ဖုန္းဆက္ၿပီးတက္တူးDateကိုတန္းယူတယ္ ခ်က္ခ်င္းထိုးလိုက္တယ္။”ဆိုၿပီးေျပာျပသြားပါတယ္။

ေရႊမံႈရတီကလည္း ေရႊ႔ထူးကို သူ႔ပံုတူတက္တူးမထိုးခိုင္းတဲ့အေၾကာင္းကို “သဲရဲ႕မ်က္ႏွာကိုေပးမထိုးဘူး ၊ ဘယ္ေသာအခါမွ မထိုးရဘူး။ အဲ့ဒါသဲေျပာထားၿပီးသား ။ သူကအၿမဲထိုးခ်င္တယ္ သဲမ်က္ႏွာကို သူ႕ဟာသူထိုးႀကိဳက္တဲ့အ႐ုပ္ထိုး သဲရဲ႕မ်က္ႏွာေမြးေန႔Date ဘယ္ဟာမွမထိုးရဘူးသဲအကုန္ေျပာထားၿပီးသား”ဆိုၿပီးေျပာျပသြားခဲ့ၿပီးေနာက္ “သဲတို႔ကိုအားက်အတုယူတဲ့တူေတြအမ်ားႀကီး႐ိွတယ္။ အဲ့ဒီအတြက္လည္းေက်းဇူးတင္ပါတယ္။သဲတို႔ကေတာ့ အေကာင္းဆံုးျဖစ္ေအာင္ ႀကိဳးစားၿပီးေနထိုင္ပါတယ္။ သဲတို႔ေနထိုင္မႈအေပၚမွာအမွားပါသြားခဲ့ရင္၊႐ိုင္းသြားခဲ့ရင္သဲဘက္ကေနၿပီးေတာင္းပန္ပါတယ္လို႔ေျပာခ်င္ပါတယ္။ေတာ္ၾကာေနလူႀကီးေတြကေျပာတယ္ေလ နင္တို႔ကလူငယ္ေတြကိုေရွ႕ေဆာင္လမ္းျပ မေကာင္းတာေတြလုပ္ျပတယ္။ အဲ့ဒီလိုအေျပာခံရမွာေၾကာက္လို႔တစ္ခါတည္း ႀကိဳၿပီးေတာ့ေတာင္းပန္ထားတာပါ။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

လူငယ်တွေအားကျအတုယူရတဲ့ဇနီးမောင်နှံလည်းဖြစ် တစ်ယောက်နဲ့တစ်ယောက်နားလည်မှုအပြည့်ရှိပြီး ၊ ဒဏ္ဍာရီလာထဲက ကိန္နရီ ၊ ကိန္နရာမောင်နှံကို နှစ်ဆယ်ရစု ဗားရှင်းလို့ပြောရလောက်တဲ့အထိ တင်စားခေါ်ဝေါ်လို့ရမယ့်နှစ်ယောက်ရှိပါတယ်။ သူတို့နှစ်ယောက်ကတော့ ရွှေထူးနဲ့ရွှေမှုံရတီတို့ဇနီးမောင်နှံပါ။ အခု Myanmar Celebrity ရဲ့အင်တာဗျူးတစ်ခုမှာ သူတို့ပြောပြသွားတဲ့အကြောင်းတွေကိုပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ်။

ရွှေထူးက တက်တူးထိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီး “သူကကျနော့်ကိုပြောတယ် ။ သူအရမ်းမုန်းတာ တက်တူးထိုးတာတဲ့သူမကြိုက်ဘူးတဲ့ ၊ ပြီးတော့အသားမည်းတဲ့သူမကြိုက်ဖူးတဲ့ ရတော့တက်တူးတွေထိုးထားတဲ့ကောင်ဗျာ ၊ အသားကျလည်းမည်းလိုက်တာမှတာတေလန်လို့။ရပြီးကြာတော့ ဟိုတလောကမှာကျနော်တက်တူးတွေနဲ့အများကြီးနဲ့ဆိုတာလက်ခံလာပြီ ။ ဒါပေမယ်ရင်ဘတ်မှာတက်တူးမရှိဘူး ။ သူစပြောတာ ယောက်ျားရယ် ရင်ဘတ်ကြီးကဟာတာတာနဲ့ တက်တူးလေးဘာလေးသွားထိုးဦး အရမ်းရုပ်ပေါက်နေပြီဆိုတော့ ကျနော်အရမ်းပျော်ပြီးတော့ ။ ကျနော်ကတက်တူးထိုးချင်တယ်ဆိုတာပြောချင်တာ ၊ ကျနော်ပြောလိုက်လို့ရှိရင် သူများစိတ်ဆိုးမလားစိတ်ကောက်မလားဆိုတာစိုးပြီးမပြောတာ ။ သူကပြောလာတော့ ကျနော်ဖုန်းဆက်ပြီးတက်တူးDateကိုတန်းယူတယ် ချက်ချင်းထိုးလိုက်တယ်။”ဆိုပြီးပြောပြသွားပါတယ်။

ရွှေမှုံရတီကလည်း ရွှေ့ထူးကို သူ့ပုံတူတက်တူးမထိုးခိုင်းတဲ့အကြောင်းကို “သဲရဲ့မျက်နှာကိုပေးမထိုးဘူး ၊ ဘယ်သောအခါမှ မထိုးရဘူး။ အဲ့ဒါသဲပြောထားပြီးသား ။ သူကအမြဲထိုးချင်တယ် သဲမျက်နှာကို သူ့ဟာသူထိုးကြိုက်တဲ့အရုပ်ထိုး သဲရဲ့မျက်နှာမွေးနေ့Date ဘယ်ဟာမှမထိုးရဘူးသဲအကုန်ပြောထားပြီးသား”ဆိုပြီးပြောပြသွားခဲ့ပြီးနောက် “သဲတို့ကိုအားကျအတုယူတဲ့တူတွေအများကြီးရှိတယ်။ အဲ့ဒီအတွက်လည်းကျေးဇူးတင်ပါတယ်။သဲတို့ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးနေထိုင်ပါတယ်။ သဲတို့နေထိုင်မှုအပေါ်မှာအမှားပါသွားခဲ့ရင်၊ရိုင်းသွားခဲ့ရင်သဲဘက်ကနေပြီးတောင်းပန်ပါတယ်လို့ပြောချင်ပါတယ်။တော်ကြာနေလူကြီးတွေကပြောတယ်လေ နင်တို့ကလူငယ်တွေကိုရှေ့ဆောင်လမ်းပြ မကောင်းတာတွေလုပ်ပြတယ်။ အဲ့ဒီလိုအပြောခံရမှာကြောက်လို့တစ်ခါတည်း ကြိုပြီးတော့တောင်းပန်ထားတာပါ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top