အပၸသေဒၵါ အႏၲရဃေရ ဂမိႆာမီတိ သိကၡာ ကရဏီယာ။

အပၸသေဒၵါ အႏၲရဃေရ နိသီဒိႆာမီတိ သိကၡာ ကရဏီယာ။

တိုးတိုး အသံရွိသည္ျဖစ္၍ ရြာတြင္း၌ သြားလာ, ေနထိုင္အံ့-ဟု က်င့္ၾကံအားထုတ္မႈကို ျပဳရမည္။

(ဗုဒၶ)

အရင္တုန္းကေတာ့ဆူညံေသာအသံမ်ားသည္ အနီးပတ္ဝန္းက်င္လူသားတို႔အတြက္ အေႏွာက္အယွက္ျဖစ္႐ုံေလာက္သာ ဆိုးက်ဳိးရွိသည္ဟု ထင္ခဲ့မိသည္။

တစ္ေန႔က ရတနာပုံသတင္းစာထဲမွာလူသားတို႔၏ ဆူညံလြန္းေသာ စက္သံ လူသံ စသည္တို႔ေၾကာင့္ ေတာတြင္းတိရစၧာန္မ်ားစြာ အတိဒုကၡေရာက္ၾကရေၾကာင္းကို သိပၸံသုေတသီတို႔၏ ခိုင္လုံေသာ အကိုးအကားတို႔ျဖင့္ ေဖာ္ျပထားတာ ဖတ္လိုက္ရသည္။

ပုံမွန္ထက္ မ်ားစြာဆူညံေသာ အသံတို႔ေၾကာင့္ အသံလႈိင္းစနစ္ျဖင့္ အခ်င္းခ်င္းဆက္သြယ္ေနထိုင္ၾကေသာ ေတာတြင္းတိရစၧာန္မ်ားႏွင့္သားေကာင္၏အသံကိုသာ အာ႐ုံခံ၍ အစာရွာအသက္ရွင္ေနၾကေသာ ေတာတြင္းတိရစၧာန္တို႔မွာ ေနထိုင္စားေသာက္မႈပုံစံတို႔ပ်က္ကာ အလြန္အခက္ေတြ႕ေနၾကရသည္တဲ့။

ေတာဆိုတာမ်ဳိးက ေက်းငွက္သာရကာစတဲ့ သားေကာင္မ်ဳိးစုံတို႔ရဲ႕ မွီခိုရာျဖစ္သလို ထိုသားေကာင္မ်ဳိးစုံတို႔ရွိလို႔လည္း ေတာဆိုတာ ရွင္သန္ေနႏိုင္တာပါ။ေတာတြင္းတိရစၧာန္မ်ား ေနထိုင္စားေသာက္မႈခက္ခဲကာ မ်ဳိးျပဳန္းေပ်ာက္ကြယ္ခဲ့လ်င္ ေတာဆိုတာလည္း ရွိေတာ့မည္မဟုတ္ေပ။ေတာမ်ားသာမရွိေတာ့လ်င္လည္း ကမ႓ာႀကီးရဲ႕ အပူဒီဂရီႏွင့္ သဘာဝေဘးဒဏ္တို႔ကား မေတြးရဲစရာပင္။

အသံဆူညံမႈႏွင့္ ေတာေတာင္တိရစၧာန္စေသာ သဘာဝပတ္ဝန္းက်င္ပ်က္စီးမႈ, ကမ႓ာႀကီးပူေႏြးလာမႈတို႔သည္ မသိမသာနဲ႔ အႀကီးအက်ယ္ ဆက္သြယ္ေနၾကေလသည္။

ဘယ္လူသားမွ ဆူညံမႈကို မႀကိဳက္သလိုဘယ္တိရစၧာန္မွလည္း ဆူညံမႈကို ၾကဳိက္ၾကဟန္ မရွိပါေပ။ျမဳိ႕ျပေနလူသားတို႔သည္ပင္ စားဝတ္ေနေရးအတြက္ အလုပ္အကိုင္အေျခအေနအရသာ ဆူညံလႈပ္ရွားစြာ ေနေနၾကရေသာ္လည္း ျဖစ္ႏိုင္လ်င္ ဆူညံမႈကင္းေသာ ဆိတ္ၿငိမ္ရပ္ကြက္မ်ဳိးမွာသာ အေျခခ်ေနထိုင္အနားယူလိုၾကတာ မဟုတ္လား။

ျမတ္ဗုဒၶကလည္း ထိုအခ်က္ကို ေလးနက္စြာသိေတာ္မူသည့္အလား သူ၏တပည့္သား ရွင္ရဟန္းမ်ားအားလုံးကို မိမိတို႔ေနၿမဲေက်ာင္းမွ ရြာတြင္း, ျမဳိ႕တြင္းသို႔ သြားၾကေသာအခါ အသံက်ယ္မႈမျဖစ္ေစေရးအတြက္ –

“န ဥဇၨဂၣိကာယ အႏၲရဃေရ ဂမိႆာမီတိ သိကၡာ ကရဏီယာ”-စသည္ျဖင့္ –

«၁။ က်ယ္ေလာင္စြာ ရယ္ေမာလ်က္ ရြာထဲရပ္ထဲ မသြားရ။

၂။ က်ယ္ေလာင္စြာ ရယ္ေမာလ်က္ ရြာထဲရပ္ထဲ မေနထိုင္ရ။

၃။ တိုးၫႇင္းသက္သာေသာအသံျဖင့္သာ ရြာထဲရပ္ထဲသို႔ သြားရမည္။

၄။ တိုးညႇင္းသက္သာေသာ အသံျဖင့္သာ ရြာထဲရပ္ထဲ ေနထိုင္ရမည္» ဟု ဥပေဒ (၄) ရပ္ ခ်မွတ္ေတာ္မူခဲ့သည္။

ဗုဒၶ၏တပည့္သား ရွင္ရဟန္းမ်ားသည္ အဆိုပါဗုဒၶ၏ဥပေဒကို မေလးစားေသာစိတ္ျဖင့္ ရြာထဲရပ္ထဲဝယ္ ဆူညံစြာ သြားလာေနထိုင္မႈျပဳမိလွ်င္ ဒုကၠဋ္ေခၚ = မေကာင္းေသာလုပ္ရပ္အျပစ္ သင့္ေရာက္ၾကရေလသည္။

အျခားတိုင္းျပည္မ်ားမွာေတာ့ ဘယ္လိုရွိမည္ မသိေသာ္လည္းယခု စာေရးသူတို႔ ျမန္မာႏိုင္ငံအရပ္ရပ္ဝယ္ ဘာသာေရး,လူမႈေရး,ပရဟိတအေရး,ေဖ်ာ္ေျဖေရး-စေသာ အေရးအမ်ဳိးမ်ဳိးအေၾကာင္းျပၿပီး စင္ျမင့္,သစ္ပင္ျမင့္တို႔၏ အျမင့္ဆုံးအဖ်ားမွာ ေလာ္စပီကာကိုတင္၍ အသံခ်ဲ႕စက္ႀကီးမ်ားကို စက္ကုန္ခ်ဲ႕ကာ ၇-မိုင္, ၈-မိုင္ခန္႔က ၾကားေလာက္ေအာင္ ဖြင့္ေနၾကသည္မွာ ျမတ္ဗုဒၶအဆူဆူတို႔ကို အေလးမထားရာေရာက္သလို သဘာဝပတ္ဝန္းက်င္ကို ထီမထင္ေသာအားျဖင့္ ကမ႓ာေလာကႀကီးကို တစတစဖ်က္ဆီးေနေသာလုပ္ရပ္မ်ဳိးသာ ျဖစ္ေနသည္ကိုလည္း သတိမူသင့္လွေပသည္။

ျမတ္ဗုဒၶသည္ တရားဓမၼမ်ားကို ေဟာၾကားေသာအခါ ပရိသတ္ သိန္းခ်ီ,သန္းခ်ီရွိခဲ့ေပမယ့္ဘယ္တရားပြဲမွာမွ ပတ္ဝန္းက်င္ကို အေႏွာက္အယွက္ မေပးခဲ့ဖူးပါ။

ၿပီးေတာ့ စၾကာဝဠာတိုက္ေပါင္း ကုေဋတစ္သိန္းထိ ပီပီသသၾကားရေလာက္ေအာင္ က်ယ္လိုသေလာက္ က်ယ္၍ ရၿပီး, တိုးလိုသေလာက္လည္း တိုး၍ရေသာ သူ၏ (ယထာပရိသဝိညာပက) အသံေတာ္ကိုလည္း ပရိသတ္ဘယ္ေလာက္မ်ားမ်ား တရားနာေနေသာ ပရိတ္သတ္တို႔ ၾကားေလာက္႐ုံသာ ထုတ္လႊင့္ပီး တရားနာပရိသတ္အျပင္ဘက္သို႔ လက္တစ္သစ္မွ်ပင္ အသံမထြက္ေစခဲ့ပါဘူး။

(အဂၤုတၱဳိရ္-တိကနိပါတ္ပါဠိေတာ္။၂၂၉။ အ႒ကထာ။၂။၂၁၀)

(မူလပဏၰာသအ႒ကထာ။၂။၂၀၀)

ထို႔အျပင္ ျမတ္ဗုဒၶသည္ ဒါယကာမ်ားက ေက်ာင္းေဆာက္လွဴဒါန္းလို၍ ေက်ာင္းေနရာေရြးခ်ယ္ရန္ ေမးလာသည့္အခါတိုင္း “သုညာဂါေရ ေခါ ဂဟပတိ တထာဂတာ အဘိရမႏၲိ – ဒါယကာႀကီး! ျမတ္စြာဘုရားရွင္တို႔ဆိုတာ ဆိတ္ၿငိမ္ေသာေနရာမ်ဳိး၌သာ ေပ်ာ္ေမြ႕ေတာ္မူတတ္ၾကကုန္၏”ဟုသာ ေနရာသတ္မွတ္ မိန္႔ႁမြက္ေတာ္မူၿမဲပါ။

(စူဠဝါပါဠိေတာ္။၃၀၆)

တစ္ခါက(ျမတ္စြာဘုရား စာတုမရြာမွာေနစဥ္က)ဆို ေက်ာင္းဝင္းအတြင္းမွာ ဆူညံစြာေျပာဆိုႏႈတ္ဆက္ေနၾကေသာ ဦးဇင္းအသစ္ငါးရာႏွင့္တကြ လက္ယာရံ, လက္ဝဲရံ အရွင္ျမတ္ႏွစ္ပါးတို႔ကိုပင္ ႏွင္ထုတ္ပစ္ေတာ္မူခဲ့ဖူးၿပီး သာကီဝင္မင္းမ်ားႏွင့္ သဟမၸတိျဗဟၼာတို႔က ဦးဇင္းအသစ္ေလးတို႔အတြက္ ေလလြင့္ပ်က္စီးမည့္အေရး ပူပန္လွသျဖင့္ အႏူးအၫြတ္ေတာင္းပန္ေသာေၾကာင့္သာ ျပန္လည္လက္ခံေတာ္မူခဲ့သည္-ဟု စာေပမွတ္တမ္းရွိပါသည္။

(မဇၩိမပဏၰာသပါဠိေတာ္။၁၁၉-၁၂၀)

ျမတ္ဗုဒၶ၏ အသံဆူညံမႈမႏွစ္သက္ေၾကာင္းကို ဗုဒၶေခတ္ကာလက ဘာသာျခားမ်ားစြာတို႔ပင္ သိရွိနားလည္ၾကသျဖင့္ဗုဒၶကိုျဖစ္ေစ, ဗုဒၶ၏တပည့္သာဝကႀကီးမ်ားကိုျဖစ္ေစ ေတြ႕ျမင္ၾကေသာအခါ (သူတို႔ႏွင့္ ခင္မင္ေစလို၍) အသံကိုေလ်ာ့ကာ စကားေျပာေလ့ရွိၾကသည္တဲ့။

(ပါထိကဝဂၢပါဠိ။၃၀။ မဇၩိမပဏၰာသပါဠိ။၁၈၁၊၂၁၅။ အဂၤုတၱိရ္-ဒသကနိပါတပါဠိ။၄၀၆၊၄၁၀။ ေပဋေကာပေဒသပါဠိ။၃၂၆။စသည့္က်မ္းစာမ်ား)

နိဂုံးခ်ဳပ္ရေသာ္ ထိုမွ်ေလာက္ တိတ္ဆိတ္ၿငိမ္သက္မႈကို အလြန္အေလးထားခဲ့ေသာ ဗုဒၶ၏ဥပေဒႏွင့္ ဗုဒၶရွင္ေတာ္တို႔ ၾကဳိက္ႏွစ္သက္တတ္ေသာ အလိုဆႏၵမ်ဳိးကို ဗုဒၶ၏တပည့္ ရွင္ရဟန္းတို႔တင္မကဘဲ လိုက္နာရန္စြမ္းႏိုင္သူ လူသားပုဂၢဳိလ္အခ်ဳိ႕တို႔ပါ ေလးေလးစားစား လိုက္နာျပဳက်င့္ကာ ေနထိုင္ၾကမည္ဆိုလွ်င္ ဤကမ႓ာႀကီး၏ ေနရာေဒသအမ်ားစုသည္ နားေအးပါးေအးျဖင့္ အလြန္တရာ ေနခ်င့္စဖြယ္ေကာင္းေနေတာ့မွာ အမွန္ပင္တည္း။ ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:အရွင္မာနိတာလကၤာရာဘိဝံသ
#Unicode Version#
အပ္ပသဒ္ဒေါ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။

အပ္ပသဒ္ဒေါ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

တိုးတိုး အသံရှိသည်ဖြစ်၍ ရွာတွင်း၌ သွားလာ, နေထိုင်အံ့-ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်။

(ဗုဒ္ဓ)

အရင်တုန်းကတော့ဆူညံသောအသံများသည် အနီးပတ်ဝန်းကျင်လူသားတို့အတွက် အနှောက်အယှက်ဖြစ်ရုံလောက်သာ ဆိုးကျိုးရှိသည်ဟု ထင်ခဲ့မိသည်။

တစ်နေ့က ရတနာပုံသတင်းစာထဲမှာလူသားတို့၏ ဆူညံလွန်းသော စက်သံ လူသံ စသည်တို့ကြောင့် တောတွင်းတိရစ္ဆာန်များစွာ အတိဒုက္ခရောက်ကြရကြောင်းကို သိပ္ပံသုတေသီတို့၏ ခိုင်လုံသော အကိုးအကားတို့ဖြင့် ဖော်ပြထားတာ ဖတ်လိုက်ရသည်။

ပုံမှန်ထက် များစွာဆူညံသော အသံတို့ကြောင့် အသံလှိုင်းစနစ်ဖြင့် အချင်းချင်းဆက်သွယ်နေထိုင်ကြသော တောတွင်းတိရစ္ဆာန်များနှင့်သားကောင်၏အသံကိုသာ အာရုံခံ၍ အစာရှာအသက်ရှင်နေကြသော တောတွင်းတိရစ္ဆာန်တို့မှာ နေထိုင်စားသောက်မှုပုံစံတို့ပျက်ကာ အလွန်အခက်တွေ့နေကြရသည်တဲ့။

တောဆိုတာမျိုးက ကျေးငှက်သာရကာစတဲ့ သားကောင်မျိုးစုံတို့ရဲ့ မှီခိုရာဖြစ်သလို ထိုသားကောင်မျိုးစုံတို့ရှိလို့လည်း တောဆိုတာ ရှင်သန်နေနိုင်တာပါ။တောတွင်းတိရစ္ဆာန်များ နေထိုင်စားသောက်မှုခက်ခဲကာ မျိုးပြုန်းပျောက်ကွယ်ခဲ့လျင် တောဆိုတာလည်း ရှိတော့မည်မဟုတ်ပေ။တောများသာမရှိတော့လျင်လည်း ကမ္ဘာကြီးရဲ့ အပူဒီဂရီနှင့် သဘာဝဘေးဒဏ်တို့ကား မတွေးရဲစရာပင်။

အသံဆူညံမှုနှင့် တောတောင်တိရစ္ဆာန်စသော သဘာဝပတ်ဝန်းကျင်ပျက်စီးမှု, ကမ္ဘာကြီးပူနွေးလာမှုတို့သည် မသိမသာနဲ့ အကြီးအကျယ် ဆက်သွယ်နေကြလေသည်။

ဘယ်လူသားမှ ဆူညံမှုကို မကြိုက်သလိုဘယ်တိရစ္ဆာန်မှလည်း ဆူညံမှုကို ကြိုက်ကြဟန် မရှိပါပေ။မြို့ပြနေလူသားတို့သည်ပင် စားဝတ်နေရေးအတွက် အလုပ်အကိုင်အခြေအနေအရသာ ဆူညံလှုပ်ရှားစွာ နေနေကြရသော်လည်း ဖြစ်နိုင်လျင် ဆူညံမှုကင်းသော ဆိတ်ငြိမ်ရပ်ကွက်မျိုးမှာသာ အခြေချနေထိုင်အနားယူလိုကြတာ မဟုတ်လား။

မြတ်ဗုဒ္ဓကလည်း ထိုအချက်ကို လေးနက်စွာသိတော်မူသည့်အလား သူ၏တပည့်သား ရှင်ရဟန်းများအားလုံးကို မိမိတို့နေမြဲကျောင်းမှ ရွာတွင်း, မြို့တွင်းသို့ သွားကြသောအခါ အသံကျယ်မှုမဖြစ်စေရေးအတွက် –

“န ဥဇ္ဇဂ္ဃိကာယ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ”-စသည်ဖြင့် –

«၁။ ကျယ်လောင်စွာ ရယ်မောလျက် ရွာထဲရပ်ထဲ မသွားရ။

၂။ ကျယ်လောင်စွာ ရယ်မောလျက် ရွာထဲရပ်ထဲ မနေထိုင်ရ။

၃။ တိုးညှင်းသက်သာသောအသံဖြင့်သာ ရွာထဲရပ်ထဲသို့ သွားရမည်။

၄။ တိုးညှင်းသက်သာသော အသံဖြင့်သာ ရွာထဲရပ်ထဲ နေထိုင်ရမည်» ဟု ဥပဒေ (၄) ရပ် ချမှတ်တော်မူခဲ့သည်။

ဗုဒ္ဓ၏တပည့်သား ရှင်ရဟန်းများသည် အဆိုပါဗုဒ္ဓ၏ဥပဒေကို မလေးစားသောစိတ်ဖြင့် ရွာထဲရပ်ထဲဝယ် ဆူညံစွာ သွားလာနေထိုင်မှုပြုမိလျှင် ဒုက္ကဋ်ခေါ် = မကောင်းသောလုပ်ရပ်အပြစ် သင့်ရောက်ကြရလေသည်။

အခြားတိုင်းပြည်များမှာတော့ ဘယ်လိုရှိမည် မသိသော်လည်းယခု စာရေးသူတို့ မြန်မာနိုင်ငံအရပ်ရပ်ဝယ် ဘာသာရေး,လူမှုရေး,ပရဟိတအရေး,ဖျော်ဖြေရေး-စသော အရေးအမျိုးမျိုးအကြောင်းပြပြီး စင်မြင့်,သစ်ပင်မြင့်တို့၏ အမြင့်ဆုံးအဖျားမှာ လော်စပီကာကိုတင်၍ အသံချဲ့စက်ကြီးများကို စက်ကုန်ချဲ့ကာ ၇-မိုင်, ၈-မိုင်ခန့်က ကြားလောက်အောင် ဖွင့်နေကြသည်မှာ မြတ်ဗုဒ္ဓအဆူဆူတို့ကို အလေးမထားရာရောက်သလို သဘာဝပတ်ဝန်းကျင်ကို ထီမထင်သောအားဖြင့် ကမ္ဘာလောကကြီးကို တစတစဖျက်ဆီးနေသောလုပ်ရပ်မျိုးသာ ဖြစ်နေသည်ကိုလည်း သတိမူသင့်လှပေသည်။

မြတ်ဗုဒ္ဓသည် တရားဓမ္မများကို ဟောကြားသောအခါ ပရိသတ် သိန်းချီ,သန်းချီရှိခဲ့ပေမယ့်ဘယ်တရားပွဲမှာမှ ပတ်ဝန်းကျင်ကို အနှောက်အယှက် မပေးခဲ့ဖူးပါ။

ပြီးတော့ စကြာဝဠာတိုက်ပေါင်း ကုဋေတစ်သိန်းထိ ပီပီသသကြားရလောက်အောင် ကျယ်လိုသလောက် ကျယ်၍ ရပြီး, တိုးလိုသလောက်လည်း တိုး၍ရသော သူ၏ (ယထာပရိသဝိညာပက) အသံတော်ကိုလည်း ပရိသတ်ဘယ်လောက်များများ တရားနာနေသော ပရိတ်သတ်တို့ ကြားလောက်ရုံသာ ထုတ်လွှင့်ပီး တရားနာပရိသတ်အပြင်ဘက်သို့ လက်တစ်သစ်မျှပင် အသံမထွက်စေခဲ့ပါဘူး။

(အင်္ဂုတ္တိုရ်-တိကနိပါတ်ပါဠိတော်။၂၂၉။ အဋ္ဌကထာ။၂။၂၁၀)

(မူလပဏ္ဏာသအဋ္ဌကထာ။၂။၂၀၀)

ထို့အပြင် မြတ်ဗုဒ္ဓသည် ဒါယကာများက ကျောင်းဆောက်လှူဒါန်းလို၍ ကျောင်းနေရာရွေးချယ်ရန် မေးလာသည့်အခါတိုင်း “သုညာဂါရေ ခေါ ဂဟပတိ တထာဂတာ အဘိရမန္တိ – ဒါယကာကြီး! မြတ်စွာဘုရားရှင်တို့ဆိုတာ ဆိတ်ငြိမ်သောနေရာမျိုး၌သာ ပျော်မွေ့တော်မူတတ်ကြကုန်၏”ဟုသာ နေရာသတ်မှတ် မိန့်မြွက်တော်မူမြဲပါ။

(စူဠဝါပါဠိတော်။၃၀၆)

တစ်ခါက(မြတ်စွာဘုရား စာတုမရွာမှာနေစဉ်က)ဆို ကျောင်းဝင်းအတွင်းမှာ ဆူညံစွာပြောဆိုနှုတ်ဆက်နေကြသော ဦးဇင်းအသစ်ငါးရာနှင့်တကွ လက်ယာရံ, လက်ဝဲရံ အရှင်မြတ်နှစ်ပါးတို့ကိုပင် နှင်ထုတ်ပစ်တော်မူခဲ့ဖူးပြီး သာကီဝင်မင်းများနှင့် သဟမ္ပတိဗြဟ္မာတို့က ဦးဇင်းအသစ်လေးတို့အတွက် လေလွင့်ပျက်စီးမည့်အရေး ပူပန်လှသဖြင့် အနူးအညွတ်တောင်းပန်သောကြောင့်သာ ပြန်လည်လက်ခံတော်မူခဲ့သည်-ဟု စာပေမှတ်တမ်းရှိပါသည်။

(မဇ္ဈိမပဏ္ဏာသပါဠိတော်။၁၁၉-၁၂၀)

မြတ်ဗုဒ္ဓ၏ အသံဆူညံမှုမနှစ်သက်ကြောင်းကို ဗုဒ္ဓခေတ်ကာလက ဘာသာခြားများစွာတို့ပင် သိရှိနားလည်ကြသဖြင့်ဗုဒ္ဓကိုဖြစ်စေ, ဗုဒ္ဓ၏တပည့်သာဝကကြီးများကိုဖြစ်စေ တွေ့မြင်ကြသောအခါ (သူတို့နှင့် ခင်မင်စေလို၍) အသံကိုလျော့ကာ စကားပြောလေ့ရှိကြသည်တဲ့။

(ပါထိကဝဂ္ဂပါဠိ။၃၀။ မဇ္ဈိမပဏ္ဏာသပါဠိ။၁၈၁၊၂၁၅။ အင်္ဂုတ္တိရ်-ဒသကနိပါတပါဠိ။၄၀၆၊၄၁၀။ ပေဋကောပဒေသပါဠိ။၃၂၆။စသည့်ကျမ်းစာများ)

နိဂုံးချုပ်ရသော် ထိုမျှလောက် တိတ်ဆိတ်ငြိမ်သက်မှုကို အလွန်အလေးထားခဲ့သော ဗုဒ္ဓ၏ဥပဒေနှင့် ဗုဒ္ဓရှင်တော်တို့ ကြိုက်နှစ်သက်တတ်သော အလိုဆန္ဒမျိုးကို ဗုဒ္ဓ၏တပည့် ရှင်ရဟန်းတို့တင်မကဘဲ လိုက်နာရန်စွမ်းနိုင်သူ လူသားပုဂ္ဂိုလ်အချို့တို့ပါ လေးလေးစားစား လိုက်နာပြုကျင့်ကာ နေထိုင်ကြမည်ဆိုလျှင် ဤကမ္ဘာကြီး၏ နေရာဒေသအများစုသည် နားအေးပါးအေးဖြင့် အလွန်တရာ နေချင့်စဖွယ်ကောင်းနေတော့မှာ အမှန်ပင်တည်း။ ။

ဖိုးသူတော်(www.phothutaw.com)
Credit:အရှင်မာနိတာလင်္ကာရာဘိဝံသ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top