အနိမ့္ပ်ံေျမျပင္ စူးစမ္းေလ့လာေရး ၿဂိဳဟ္တု Earth Observation Satellite ကို ျမန္မာနိုင္ငံ အတြင္းမွာ လာမယ့္ ၂၀၂၀ က်ရင္ လႊတ္တင္မယ္လို႔ အစိုးရတာဝန္ရွိသူေတြက ဘီဘီစီကို ေျပာပါတယ္။

ေျမျပင္က ပုံရိပ္ေတြကို ဖမ္းယူမယ့္ အနိမ့္ပ်ံ ေျမျပင္စူးစမ္းေလ့လာေရး ကိုယ္ပိုင္ၿဂိဳဟ္တု (Earth Observation Satellite) ကို ျမန္မာနိုင္ငံမွာ ပထမဆုံးလႊတ္တင္နိုင္ဖို႔ အစိုးရက ျပင္ဆင္ေနတယ္လို႔ ဆိုပါတယ္။

ၿဂိဳဟ္တုကို ေျမျပင္ကေန ကီလိုမီတာအျမင့္ ၄,၈၀၀ ေက်ာ္မွာ လႊတ္တင္မွာ ျဖစ္ၿပီးေတာ့ သစ္ေတာ၊ ဆည္ေျမာင္း၊ စိုက္ပ်ိဳးေရးဆိုင္ရာ အခ်က္အလက္ေတြ အပါအဝင္ နယ္စပ္လုံျခဳံေရး အေျခအေနေတြကို ၿဂိဳဟ္တုက ဖမ္းယူနိုင္မယ္လို႔ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရး ဝန္ႀကီးဌာနေအာက္မွာရွိတဲ့ ၿဂိဳဟ္တု ဆက္သြယ္ေရးဌာနရဲ့ အင္ဂ်င္နီယာခ်ဳပ္ ဦးဝင္းေအာင္က ေျပာပါတယ္။
ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၇ ရက္က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ e Government အစည္းအေဝးတစ္ခု

“အဲၿဂိဳဟ္တုကေန ေျမျပင္လည္း ေထာက္လွမ္းမယ္၊ စိုက္ခင္းေတြ ေကာင္းမြန္ေအာင္၊ သစ္ေတာေတြ အေျခအေန၊ လုံျခဳံေရး နယ္စပ္ အေျခအေန အကုန္လုံးကို ပုံရိပ္ေတြၾကည့္ၿပီး ကၽြန္ေတာ္တို႔ ေဆာင္ရြက္လို႔ရတာေပါ့” ဦးဝင္းေအာင္က ေျပာပါတယ္။

စီမံကိန္းအတြက္ အေမရိကန္ေဒၚလာ ၁၅ သန္း သုံးစြဲဖို႔ လ်ာထားၿပီး ဂ်ပန္နိုင္ငံ ေဟာ့ကိုင္းဒိုး တကၠသိုလ္က နည္းပညာပိုင္း အကူအညီေပးမွာ ျဖစ္ပါတယ္။

လႊတ္တင္မယ့္ ၿဂိဳဟ္တု ၂ လုံး ထဲက ပထမဆုံး ၿဂိဳဟ္တုကိုေတာ့ နိုင္ငံတကာ အာကာသစခန္း International Space Centre ကေန လႊတ္တင္မွာ ျဖစ္ကာ ဂ်ပန္ နိုင္ငံကို ပညာေတာ္သင္သြာၿပီး ဂ်ပန္နဲ႔ အတူ တည္ေဆာက္မွာ ျဖစ္တယ္လို႔ ၿဂိဳဟ္တု ဆက္သြယ္ေရးဌာနရဲ့ အင္ဂ်င္နီယာခ်ဳပ္ ဦးဝင္းေအာင္က ေျပာပါတယ္။ ေနာက္ၿဂိဳဟ္တု ၁ လုံးကိုေတာ့ ျမန္မာနိုင္ငံမွာ ထုတ္လုပ္မွာ ျဖစ္ၿပီး စမ္းသပ္မယ့္ ဓာတ္ခြဲခန္းသုံး ပစၥည္းေတြကိုလည္း တခါတည္း ဝယ္မယ္လို႔ ဦးဝင္းေအာင္က ဆိုပါတယ္။

ၿဂိဳဟ္တု ထိန္းခ်ဳပ္ေရးစခန္းကို မိတၳီလာက ျမန္မာ့ေလေၾကာင္းနဲ႔ အာကာသပညာ တကၠသိုလ္မွာ ထားရွိမွာ ျဖစ္ၿပီး စီမံကိန္း အေကာင္အထည္ေဖာ္ဖို႔အတြက္ ျမန္မာနိုင္ငံပိုင္ ၿဂိဳဟ္တုစနစ္ တည္ေထာင္ေရး ေကာ္မတီမွာ ဒုသမၼတဦးျမင့္ေဆြ ကိုယ္တိုင္ ဥကၠ႒ တာဝန္ယူ ေဆာင္ရြက္ေနပါတယ္။

ေလာေလာဆယ္ ျပည္တြင္းမွာ ႐ုပ္ျမင္သံၾကားလိုင္းေတြနဲ႔ အင္တာနက္လိုင္းေတြ အတြက္ ရည္ရြယ္ထားတဲ့ ဆက္သြယ္ေရး ၿဂိဳဟ္တုေတြပဲ လႊတ္တင္ထားနိုင္တဲ့ အဆင့္ပဲ ရွိၿပီး ပုံရိပ္အခ်က္အလက္ေတြကို ဂ်ပန္နိုင္ငံ အပါအဝင္ ျပည္ပ နိုင္ငံေတြကေန ႏွစ္စဥ္ ေဒၚလာသန္းနဲ႔ခ်ီ ေပးဝယ္ေနရတာ ျဖစ္ပါတယ္။

အဲဒီအေျခအေနေတြေၾကာင့္ ပုံရိပ္ဖမ္း ကိုယ္ပိုင္ ၿဂိဳဟ္တုကို လႊတ္တင္ဖို႔ ျပင္ဆင္ေနတာလည္း ျဖစ္တဲ့အျပင္ လုံျခဳံေရးဆိုင္ရာ သတင္း အခ်က္အလက္ေတြ ပိုရလာဖို႔ အစိုးရက ေမၽွာ္လင့္ေဆာင္ရြက္ ေနတာလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version# ျဖင့္ဖတ္ပါ ။

အနိမ့်ပျံမြေပြင် စူးစမ်းလေ့လာရေး ဂြိုဟ်တု Earth Observation Satellite ကို မြန်မာနိုင်ငံ အတွင်းမှာ လာမယ့် ၂၀၂၀ ကျရင် လွှတ်တင်မယ်လို့ အစိုးရတာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

မြေပြင်က ပုံရိပ်တွေကို ဖမ်းယူမယ့် အနိမ့်ပျံ မြေပြင်စူးစမ်းလေ့လာရေး ကိုယ်ပိုင်ဂြိုဟ်တု (Earth Observation Satellite) ကို မြန်မာနိုင်ငံမှာ ပထမဆုံးလွှတ်တင်နိုင်ဖို့ အစိုးရက ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဂြိုဟ်တုကို မြေပြင်ကနေ ကီလိုမီတာအမြင့် ၄,၈၀၀ ကျော်မှာ လွှတ်တင်မှာ ဖြစ်ပြီးတော့ သစ်တော၊ ဆည်မြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်တွေ အပါအဝင် နယ်စပ်လုံခြုံရေး အခြေအနေတွေကို ဂြိုဟ်တုက ဖမ်းယူနိုင်မယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဂြိုဟ်တု ဆက်သွယ်ရေးဌာနရဲ့ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ e Government အစည်းအဝေးတစ်ခု

“အဲဂြိုဟ်တုကနေ မြေပြင်လည်း ထောက်လှမ်းမယ်၊ စိုက်ခင်းတွေ ကောင်းမွန်အောင်၊ သစ်တောတွေ အခြေအနေ၊ လုံခြုံရေး နယ်စပ် အခြေအနေ အကုန်လုံးကို ပုံရိပ်တွေကြည့်ပြီး ကျွန်တော်တို့ ဆောင်ရွက်လို့ရတာပေါ့” ဦးဝင်းအောင်က ပြောပါတယ်။

စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်း သုံးစွဲဖို့ လျာထားပြီး ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး တက္ကသိုလ်က နည်းပညာပိုင်း အကူအညီပေးမှာ ဖြစ်ပါတယ်။

လွှတ်တင်မယ့် ဂြိုဟ်တု ၂ လုံး ထဲက ပထမဆုံး ဂြိုဟ်တုကိုတော့ နိုင်ငံတကာ အာကာသစခန်း International Space Centre ကနေ လွှတ်တင်မှာ ဖြစ်ကာ ဂျပန် နိုင်ငံကို ပညာတော်သင်သွာပြီး ဂျပန်နဲ့ အတူ တည်ဆောက်မှာ ဖြစ်တယ်လို့ ဂြိုဟ်တု ဆက်သွယ်ရေးဌာနရဲ့ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောပါတယ်။ နောက်ဂြိုဟ်တု ၁ လုံးကိုတော့ မြန်မာနိုင်ငံမှာ ထုတ်လုပ်မှာ ဖြစ်ပြီး စမ်းသပ်မယ့် ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေကိုလည်း တခါတည်း ဝယ်မယ်လို့ ဦးဝင်းအောင်က ဆိုပါတယ်။

ဂြိုဟ်တု ထိန်းချုပ်ရေးစခန်းကို မိတ္ထီလာက မြန်မာ့လေကြောင်းနဲ့ အာကာသပညာ တက္ကသိုလ်မှာ ထားရှိမှာ ဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ကော်မတီမှာ ဒုသမ္မတဦးမြင့်ဆွေ ကိုယ်တိုင် ဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်နေပါတယ်။

လောလောဆယ် ပြည်တွင်းမှာ ရုပ်မြင်သံကြားလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ အတွက် ရည်ရွယ်ထားတဲ့ ဆက်သွယ်ရေး ဂြိုဟ်တုတွေပဲ လွှတ်တင်ထားနိုင်တဲ့ အဆင့်ပဲ ရှိပြီး ပုံရိပ်အချက်အလက်တွေကို ဂျပန်နိုင်ငံ အပါအဝင် ပြည်ပ နိုင်ငံတွေကနေ နှစ်စဉ် ဒေါ်လာသန်းနဲ့ချီ ပေးဝယ်နေရတာ ဖြစ်ပါတယ်။

အဲဒီအခြေအနေတွေကြောင့် ပုံရိပ်ဖမ်း ကိုယ်ပိုင် ဂြိုဟ်တုကို လွှတ်တင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်တဲ့အပြင် လုံခြုံရေးဆိုင်ရာ သတင်း အချက်အလက်တွေ ပိုရလာဖို့ အစိုးရက မျှော်လင့်ဆောင်ရွက် နေတာလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top