ျပည္သူ႔အခ်စ္ေတာ္ ထိပ္တန္းမင္းသားတေယာက္ ျဖစ္တဲ့ ေနတိုးကေတာ့ရခိုင္လူမ်ိဳးတေယာက္ဆိုတာကို ေတာ္ေတာ္မ်ားမ်ားသိၾကမွာပါ။ ေနတိုးကေတာ့ ရခိုင္လူမ်ိဳးတေယာက္ျဖစ္တဲ့အျပင္ သူ႔ေနခဲ့တဲ့ ဇာတိၿမိဳ႕ေလး မာန္ေအာင္ၿမိဳ႕ကိုလည္းတိုးတက္ေအာင္ လုပ္ေပးဖို႔ ရည္ရြယ္ခ်က္႐ွိတဲ့ အႏုပညာ႐ွင္လည္း ျဖစ္ပါတယ္။ လက္႐ွိမွာလည္း ေနတိုးကေတာ့ ဇာတိေျမျဖစ္တဲ့ရခိုင္ျပည္နယ္ မာန္ေအာင္ၿမိဳ႕မွာေတာ့ ႐ုပ္႐ွင္ရံုေဆာက္ေပးဖို႔စီစဥ္ေနတာလည္း ျဖစ္ပါတယ္။

ေနတိုးကေတာ့ eleven နဲ႔အင္တာဗ်ဴးမွာေတာ့ ရခိုင္ မာန္ေအာင္ၿမိဳ႕မွာ ႐ုပ္႐ွင္ရံုေဆာက္ဖို႔ ကိစၥနဲ႔ပတ္သက္ၿပီး “ေဆာက္ျဖစ္ဖို႔ေတာ့မ်ားမယ္ ထင္တယ္။ က်ေနာ္တို႔တိုင္ပင္ေနတယ္။ ေနရာေတြဘာေတြေမးေနတယ္။ ကိုယ့္ၿမိဳ႕ရယ္လို႔ေတာ့ မဟုတ္ပါဘူး။ က်ေနာ္တို႔ကလည္းအႏုပညာ႐ွင္ေတြ ဆိုေတာ့ ငယ္ငယ္ေလးကလည္းက်ေနာ္တို႔ ႐ုပ္႐ွင္ေတြၾကည့္ခဲ့ရတယ္။ အခုခ်ိန္မွာလည္း လူငယ္ေလးေတြကို ရခိုင္မွာ႐ွိတဲ့ လူငယ္ေလးေတြကို ႐ုပ္႐ွင္ရံုမွာ ၾကည့္ရတဲ့ ခံစားမႈမ်ိဳးျဖစ္ေစခ်င္တယ္။ ႐ုပ္႐ွင္ရံုမ႐ွိတာလည္း ျဖစ္တယ္။ ကိုယ့္ရဲ႕ေမြးရပ္ေျမ မာန္ေအာင္မွာလည္းျဖစ္တာေၾကာင့္ က်ေနာ္တို႔လုပ္ဖို႔အတြက္ အၾကံဥာဏ္ေလး ေပးၾကတယ္။ ကိုယ္ကိုယ္တုိင္ကလည္း လုပ္ေပးခ်င္စိတ္ ျဖစ္တာေၾကာင့္ က်ေနာ္တို႔တိုင္ပင္ေနပါတယ္။ လုပ္ျဖစ္ဖို႔ေတာ့ မ်ားပါတယ္။

လုပ္ျဖစ္ရင္ေတာ့က်ေနာ္တို႔ ဒီႏွစ္ထဲမွာ စၿပီးေတာ့လုပ္ျဖစ္မွာေပါ့။ သူငယ္ခ်င္းေတြ စုၿပီးေတာ့လုပ္ျဖစ္မလားဆိုေတာ့ မသိေသးပါဘူး။ အဓိကကေတာ့ ေဒသခံေတြနဲ႔ အႏုပညာ႐ွင္ေတြပဲ ေပါင္းလုပ္ျဖစ္ဖို႔မ်ားပါတယ္။ က်ေနာ္ကလည္း ဟိုကိုမသြားႏိုင္ေတာ့ မာန္ေအာင္မွာ႐ွိတဲ့ တာဝန္႐ွိေဒသခံေတြနဲ႔ တုိင္ပင္ရမွာေပါ့။ အေစာနကေျပာခဲ့သလိုပဲ က်ေနာ္တို႔ ငယ္ငယ္တုန္းက ႐ုပ္႐ွင္ေတြအႏုပညာေတြကို ေကာင္းေကာင္းခံစားခဲ့ရတယ္ေပါ့။

လက္႐ွိမွာေတာ့ အဲ့မွာ႐ွိတဲ့ကေလးေတြက႐ုပ္႐ွင္ရံုေတြမွာ သြားၾကည့္ဖို႔မလြယ္ဘူးေလ။ သူတို႔ေတြကိုဒီလိုမ်ိဳးေလးေတြခံစားေစခ်င္တယ္။ ဒီရည္ရြယ္ခ်က္ေလးနဲ႔လုပ္ျဖစ္တာေပါ့။ ေစာင့္ေမွ်ာ္ေနသူေတြအတြက္လည္း က်ေနာ္တို႔ အခ်ိန္ကာလတခုမွာ ႐ုပ္႐ွင္ရံုတခုျဖစ္လာဖို႔ အျမန္ႀကိဳးစားေနပါတယ္လို႔။ ေပၚလာေအာင္လည္း က်ေနာ္တို႔အစြမ္းကုန္လုပ္ၾကမွာပါ” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Version#
ပြည်သူ့အချစ်တော် ထိပ်တန်းမင်းသားတယောက် ဖြစ်တဲ့ နေတိုးကတော့ရခိုင်လူမျိုးတယောက်ဆိုတာကို တော်တော်များများသိကြမှာပါ။ နေတိုးကတော့ ရခိုင်လူမျိုးတယောက်ဖြစ်တဲ့အပြင် သူ့နေခဲ့တဲ့ ဇာတိမြို့လေး မာန်အောင်မြို့ကိုလည်းတိုးတက်အောင် လုပ်ပေးဖို့ ရည်ရွယ်ချက်ရှိတဲ့ အနုပညာရှင်လည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း နေတိုးကတော့ ဇာတိမြေဖြစ်တဲ့ရခိုင်ပြည်နယ် မာန်အောင်မြို့မှာတော့ ရုပ်ရှင်ရုံဆောက်ပေးဖို့စီစဉ်နေတာလည်း ဖြစ်ပါတယ်။

နေတိုးကတော့ eleven နဲ့အင်တာဗျူးမှာတော့ ရခိုင် မာန်အောင်မြို့မှာ ရုပ်ရှင်ရုံဆောက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး “ဆောက်ဖြစ်ဖို့တော့များမယ် ထင်တယ်။ ကျနော်တို့တိုင်ပင်နေတယ်။ နေရာတွေဘာတွေမေးနေတယ်။ ကိုယ့်မြို့ရယ်လို့တော့ မဟုတ်ပါဘူး။ ကျနော်တို့ကလည်းအနုပညာရှင်တွေ ဆိုတော့ ငယ်ငယ်လေးကလည်းကျနော်တို့ ရုပ်ရှင်တွေကြည့်ခဲ့ရတယ်။ အခုချိန်မှာလည်း လူငယ်လေးတွေကို ရခိုင်မှာရှိတဲ့ လူငယ်လေးတွေကို ရုပ်ရှင်ရုံမှာ ကြည့်ရတဲ့ ခံစားမှုမျိုးဖြစ်စေချင်တယ်။ ရုပ်ရှင်ရုံမရှိတာလည်း ဖြစ်တယ်။ ကိုယ့်ရဲ့မွေးရပ်မြေ မာန်အောင်မှာလည်းဖြစ်တာကြောင့် ကျနော်တို့လုပ်ဖို့အတွက် အကြံဉာဏ်လေး ပေးကြတယ်။ ကိုယ်ကိုယ်တိုင်ကလည်း လုပ်ပေးချင်စိတ် ဖြစ်တာကြောင့် ကျနော်တို့တိုင်ပင်နေပါတယ်။ လုပ်ဖြစ်ဖို့တော့ များပါတယ်။

လုပ်ဖြစ်ရင်တော့ကျနော်တို့ ဒီနှစ်ထဲမှာ စပြီးတော့လုပ်ဖြစ်မှာပေါ့။ သူငယ်ချင်းတွေ စုပြီးတော့လုပ်ဖြစ်မလားဆိုတော့ မသိသေးပါဘူး။ အဓိကကတော့ ဒေသခံတွေနဲ့ အနုပညာရှင်တွေပဲ ပေါင်းလုပ်ဖြစ်ဖို့များပါတယ်။ ကျနော်ကလည်း ဟိုကိုမသွားနိုင်တော့ မာန်အောင်မှာရှိတဲ့ တာဝန်ရှိဒေသခံတွေနဲ့ တိုင်ပင်ရမှာပေါ့။ အစောနကပြောခဲ့သလိုပဲ ကျနော်တို့ ငယ်ငယ်တုန်းက ရုပ်ရှင်တွေအနုပညာတွေကို ကောင်းကောင်းခံစားခဲ့ရတယ်ပေါ့။

လက်ရှိမှာတော့ အဲ့မှာရှိတဲ့ကလေးတွေကရုပ်ရှင်ရုံတွေမှာ သွားကြည့်ဖို့မလွယ်ဘူးလေ။ သူတို့တွေကိုဒီလိုမျိုးလေးတွေခံစားစေချင်တယ်။ ဒီရည်ရွယ်ချက်လေးနဲ့လုပ်ဖြစ်တာပေါ့။ စောင့်မျှော်နေသူတွေအတွက်လည်း ကျနော်တို့ အချိန်ကာလတခုမှာ ရုပ်ရှင်ရုံတခုဖြစ်လာဖို့ အမြန်ကြိုးစားနေပါတယ်လို့။ ပေါ်လာအောင်လည်း ကျနော်တို့အစွမ်းကုန်လုပ်ကြမှာပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top