20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


“ရင့္က်င့္တဲ့ ပညာရွိတဲ့ ဝီရိယရွိတဲ့အတူတကြတရားက်င့္ဘက္ မိိတ္ေဆြေကာင္း ကုိရခဲ့ရင္ အဲဒီမိတ္ေဆြေကာင္း နဲ႔ ဝမ္းေျမာက္ဝမ္းသာ ေဘးရန္ေတြကုိပယ္ရွားၿပီး တရားက်င့္သင့္တယ္၊ တကယ္လုိ႔မိတ္ေဆြေကာင္းကုိ မရခဲ့ရင္ေတာ့ တစ္ေယာက္တည္းပဲတရားက်င့္သင့္တယ္၊ ”

(သုတၱနိပါတ္ အ႒ကထာ၊ ပတြဲ ၊ႏွာ- ၈၁)

တရားအားထုတ္တဲ့ေနရာမွာ တစ္ေယာက္တည္းပဲအားထုတ္သင့္တယ္၊ ၿမိဳ႔မွာေနေနတဲ့ရ ဟန္းတစ္ပါးအေနနဲ႔ေတာထဲသြားၿပီး တစ္ပါးတည္းတရား အားထုတ္ဖုိ႔ဆုိတာမလြယ္ကူလွသလုိ

အိမ္မွာမိသားစုနဲ႔အတူေနရတဲ့ မိသားစုရဲ့စားဝတ္ေနေရး ကုိေျဖရွင္းေပးေနရတဲ့ လူသားတစ္ေယာက္ အေနနဲ႔လည္းေတာထဲသြားျပီးတစ္ေယာက္တည္းတရားအားထုတ္ဖုိ႔ဆုိတာကလည္းေတြးေတာင္မေတြးရဲတဲ့ကိစၥပါ။

ဒီေတာ့ အိမ္မွာ မိသားစုနဲ႔ေနရင္းပဲ တစ္ေယာက္တည္းတရားအားထုတ္တဲ့နည္းကုိယူရေတာ့မွာပါ။
ဥပမာ-ဘုရားေရွ႔မွာတစ္ေယာက္တည္း နာရီဝက္ေလာက္ ႏွစ္သက္ရာကမၼ႒ာန္းတစ္ခုကုိ အားထုတ္ေနမယ္ ဆုိရင္တစ္ေယာက္တည္းအားထုတ္ေနတာပါပဲ။

ဒီလုိပါပဲ ရိပ္သာမွာသြားျပီး ေယာဂီႏွစ္ရာသုံးရာနဲ႔အားထုတ္တဲ့အခါကုိယ့္အမွတ္နဲ႔ကုိယ္ သတိကပ္အားထုတ္ ေနရင္လည္းတစ္ေယာက္တည္းအားထုတ္ေနတာပါပဲ။ ရိပ္သာမွာလူေတြ ဘယ္ေလာက္ပဲမ်ားမ်ား ကုိယ့္ျဖစ္ခုိက္ရုပ္ နာမ္ အေပၚ ကုိယ့္အမွတ္ကေလးနဲ႔ေနေနရင္ တစ္ေယာက္ တည္း အားထုတ္ေနေနတာပါပဲ။

ကုိယ့္မွာ မိသားစုေတြ မိတ္ေဆြေတြဘယ္ေလာက္ပဲရွိရွိ ကုိယ့္အမွတ္နဲ႔ ကုိယ္ေနေနရင္ တစ္ေယာက္တည္းပါပဲ။ ဒါေတြကမိသားစုရွိေနေပမယ့္ တစ္ေယာက္တည္းသီးျခားေနလုိ႔ ရတဲ့နည္းေတြပါ။

တရားအားထုတ္တဲ့အခါေသျခင္းတရားကုိနီးနီးထားရပါတယ္။ စီးပြားရွာတဲ့အခါမွာေတာ့ ေသျခင္းတရားကုိေဝးေဝးထားရပါတယ္တဲ့။

တရားအားထုတ္တဲ့အခါ ေသျခင္းတရားကုိ နီးနီးထားၿပီး “ငါေသေတာ့မယ္ ငါေသေတာ့မယ္”ဆုိျပီး အားထုတ္ရင္တြန္းအားအေနနဲ႔ပိုထိေရာက္ပါတယ္။

စီးပြားရွာတဲ့ေနရာမွာက်ေတာ့ “ငါမေသဘူး”ဆုိတဲ့စိတ္နဲ႔ ေသျခင္းတရားကုိေဝးေဝးထားၿပီးတတ္တတ္ၾကြၾကြနဲ႔လုပ္မွေအာင္ျမင္မွာပါ။

အဲဒီလုိမွမဟုတ္ဘဲ “ငါေသေတာ့မယ္”ဆုိရင္စိတ္ဓာတ္ေတြက်ၿပီးအလုပ္ကုိေကာင္းေကာင္းလုပ္ႏုိင္ေတာ့မွာမဟုတ္ပါဘူး။

ဒါေၾကာင့္တခ်ိဳ႔ေနရာေတြမွာေတာ့ေလာကီေရးရာနဲ႔ေလာကုတၱရာေရးရာေတြကုိခြဲျခားထားရမွာပါ။

တခ်ိဳ႔ေနရာေတြက်ေတာ့တြဲထားရင္ေလာကီေရးရာ မွာေကာေလာကုတၱရာေရးရာ မွာေကာ ႏွစ္ဖက္လုံး အတြက္အက်ိဳးရွိတာပါ။

ဥပမာ- ကုိယ့္ရဲ့ျဖစ္ေနတဲ့ စိတ္ကေလးကုိ ေကာင္းတဲ့ စိတ္ပဲျဖစ္ျဖစ္မေကာင္းတဲ့စိတ္ပဲျဖစ္ျဖစ္ သတိကပ္ျပီးသိသိေနရင္နွစ္ဖက္လုံးအက်ိဳးရွိတာပါ။

ဒါဆုိအကုသုိလ္ျဖစ္မႈနည္းသြားသလုိ ကုိယ္လုပ္ေနတဲ့ အလုပ္အတြက္လည္းအမွားနည္းသြားပါတယ္။
တစ္ခါတေလတစ္ေယာက္တည္းေနတာေလးကစိတ္ခ်မ္းသာစရာေလးပါ။ ကံေဘာင္ေပၚကသစ္သား ခုံေလးမွာ ဝိပႆနာလည္းမပါ၊

ေလာကီအလုပ္ေတြလည္းမပါ၊တစ္ေယာက္တည္းထုိုင္ရင္း ကန္ေရျပင္ေပၚ ကျဖတ္လာတဲ့ ဆရာဒဂုန္တာရာရဲ့တႏြဲ႔ႏြဲ႔ေနာ့ေနဆဲေလႏုေအးကုိရွဴရႈိက္ရင္းေအးေအးခ်မ္းခ်မ္းတစ္ေယာက္တည္းနာရီဝက္ေလာက္ပဲ

ျဖစ္ျဖစ္ထုိင္ေနရတာ ေလးကေအးခ်မ္းမႈေလး တစ္ခုပါ။

ကုိယ့္ရဲ့တစ္ေယာက္တည္းေနထုိင္မႈေနထုိင္မႈပုံစံေလးက အမ်ားအတြက္လည္းအေႏွာက္အယွက္မျဖစ္ပါဘူး၊ ေလာကျပစ္ ဓမၼျပစ္လည္းမျဖစ္ပါဘူး။

ဒါကုိ ေလာကီေလာကုတၱ ရာနဲ႔ယွဥ္ျပီးေျပာလုိ႔လည္းမရပါဘူး။ အမ်ားကုိမထိခုိက္တဲ့ကုိယ့္ရဲ့တစ္ကုိယ္ေရလြက္လပ္ခြင့္တစ္ေယာက္တည္းခံစားမႈ ေလးပါပဲ။

အေပါင္းအေဖာ္ေတြပါလာရင္ စိတ္ကကုိယ္ပုိင္လြတ္လပ္ခြင့္မရွိေတာ့ပါဘူး။ စိတ္က အေပါင္းအေဖာ္ ဆီကုိပုိ႔ထားရေတာ့မွာပါ။

တျခားတစ္ေယာက္ကစကားလာေျပာျပန္ရင္လည္း တစ္ေယာက္တည္းေနတဲ့ စိတ္ခံစားမႈ ေလး ပ်က္သြားႏိုင္ပါတယ္။

ဘာပဲေျပာေျပာေလ ဘဝမွာအၿမဲတမ္းမဟုတ္ေပမယ့္ တစ္ခါတေလ တစ္ေယာက္တည္းေနရတာေလးက စိတ္ခ်မ္းေျမ့စရာေလး ပါပဲေလ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ရေဝႏြယ္(အင္းမ)
# Unicode Version # ျဖင့္ ဖတ္ပါ #


“ရင့်ကျင့်တဲ့ ပညာရှိတဲ့ ဝီရိယရှိတဲ့အတူတကွတရားကျင့်ဘက် မိတ်ဆွေကောင်း ကိုရခဲ့ရင် အဲဒီမိတ်ဆွေကောင်း နဲ့ ဝမ်းမြောက်ဝမ်းသာ ဘေးရန်တွေကိုပယ်ရှားပြီး တရားကျင့်သင့်တယ်၊ တကယ်လို့မိတ်ဆွေကောင်းကို မရခဲ့ရင်တော့ တစ်ယောက်တည်းပဲတရားကျင့်သင့်တယ်၊ ”

(သုတ္တနိပါတ် အဋ္ဌကထာ၊ ပတွဲ ၊နှာ- ၈၁)

တရားအားထုတ်တဲ့နေရာမှာ တစ်ယောက်တည်းပဲအားထုတ်သင့်တယ်၊ မြို့မှာနေနေတဲ့ရ ဟန်းတစ်ပါးအနေနဲ့တောထဲသွားပြီး တစ်ပါးတည်းတရား အားထုတ်ဖို့ဆိုတာမလွယ်ကူလှသလို

အိမ်မှာမိသားစုနဲ့အတူနေရတဲ့ မိသားစုရဲ့စားဝတ်နေရေး ကိုဖြေရှင်းပေးနေရတဲ့ လူသားတစ်ယောက် အနေနဲ့လည်းတောထဲသွားပြီးတစ်ယောက်တည်းတရားအားထုတ်ဖို့ဆိုတာကလည်းတွေးတောင်မတွေးရဲတဲ့ကိစ္စပါ။

ဒီတော့ အိမ်မှာ မိသားစုနဲ့နေရင်းပဲ တစ်ယောက်တည်းတရားအားထုတ်တဲ့နည်းကိုယူရတော့မှာပါ။
ဥပမာ-ဘုရားရှေ့မှာတစ်ယောက်တည်း နာရီဝက်လောက် နှစ်သက်ရာကမ္မဋ္ဌာန်းတစ်ခုကို အားထုတ်နေမယ် ဆိုရင်တစ်ယောက်တည်းအားထုတ်နေတာပါပဲ။

ဒီလိုပါပဲ ရိပ်သာမှာသွားပြီး ယောဂီနှစ်ရာသုံးရာနဲ့အားထုတ်တဲ့အခါကိုယ့်အမှတ်နဲ့ကိုယ် သတိကပ်အားထုတ် နေရင်လည်းတစ်ယောက်တည်းအားထုတ်နေတာပါပဲ။ ရိပ်သာမှာလူတွေ ဘယ်လောက်ပဲများများ ကိုယ့်ဖြစ်ခိုက်ရုပ် နာမ် အပေါ် ကိုယ့်အမှတ်ကလေးနဲ့နေနေရင် တစ်ယောက် တည်း အားထုတ်နေနေတာပါပဲ။

ကိုယ့်မှာ မိသားစုတွေ မိတ်ဆွေတွေဘယ်လောက်ပဲရှိရှိ ကိုယ့်အမှတ်နဲ့ ကိုယ်နေနေရင် တစ်ယောက်တည်းပါပဲ။ ဒါတွေကမိသားစုရှိနေပေမယ့် တစ်ယောက်တည်းသီးခြားနေလို့ ရတဲ့နည်းတွေပါ။

တရားအားထုတ်တဲ့အခါသေခြင်းတရားကိုနီးနီးထားရပါတယ်။ စီးပွားရှာတဲ့အခါမှာတော့ သေခြင်းတရားကိုဝေးဝေးထားရပါတယ်တဲ့။

တရားအားထုတ်တဲ့အခါ သေခြင်းတရားကို နီးနီးထားပြီး “ငါသေတော့မယ် ငါသေတော့မယ်”ဆိုပြီး အားထုတ်ရင်တွန်းအားအနေနဲ့ပိုထိရောက်ပါတယ်။

စီးပွားရှာတဲ့နေရာမှာကျတော့ “ငါမသေဘူး”ဆိုတဲ့စိတ်နဲ့ သေခြင်းတရားကိုဝေးဝေးထားပြီးတတ်တတ်ကြွကြွနဲ့လုပ်မှအောင်မြင်မှာပါ။

အဲဒီလိုမှမဟုတ်ဘဲ “ငါသေတော့မယ်”ဆိုရင်စိတ်ဓာတ်တွေကျပြီးအလုပ်ကိုကောင်းကောင်းလုပ်နိုင်တော့မှာမဟုတ်ပါဘူး။

ဒါကြောင့်တချို့နေရာတွေမှာတော့လောကီရေးရာနဲ့လောကုတ္တရာရေးရာတွေကိုခွဲခြားထားရမှာပါ။

တချို့နေရာတွေကျတော့တွဲထားရင်လောကီရေးရာ မှာကောလောကုတ္တရာရေးရာ မှာကော နှစ်ဖက်လုံး အတွက်အကျိုးရှိတာပါ။

ဥပမာ- ကိုယ့်ရဲ့ဖြစ်နေတဲ့ စိတ်ကလေးကို ကောင်းတဲ့ စိတ်ပဲဖြစ်ဖြစ်မကောင်းတဲ့စိတ်ပဲဖြစ်ဖြစ် သတိကပ်ပြီးသိသိနေရင်နှစ်ဖက်လုံးအကျိုးရှိတာပါ။

ဒါဆိုအကုသိုလ်ဖြစ်မှုနည်းသွားသလို ကိုယ်လုပ်နေတဲ့ အလုပ်အတွက်လည်းအမှားနည်းသွားပါတယ်။
တစ်ခါတလေတစ်ယောက်တည်းနေတာလေးကစိတ်ချမ်းသာစရာလေးပါ။ ကံဘောင်ပေါ်ကသစ်သား ခုံလေးမှာ ဝိပဿနာလည်းမပါ၊

လောကီအလုပ်တွေလည်းမပါ၊တစ်ယောက်တည်းထိုင်ရင်း ကန်ရေပြင်ပေါ် ကဖြတ်လာတဲ့ ဆရာဒဂုန်တာရာရဲ့တနွဲ့နွဲ့နော့နေဆဲလေနုအေးကိုရှူရှိုက်ရင်းအေးအေးချမ်းချမ်းတစ်ယောက်တည်းနာရီဝက်လောက်ပဲ

ဖြစ်ဖြစ်ထိုင်နေရတာ လေးကအေးချမ်းမှုလေး တစ်ခုပါ။

ကိုယ့်ရဲ့တစ်ယောက်တည်းနေထိုင်မှုနေထိုင်မှုပုံစံလေးက အများအတွက်လည်းအနှောက်အယှက်မဖြစ်ပါဘူး၊ လောကပြစ် ဓမ္မပြစ်လည်းမဖြစ်ပါဘူး။

ဒါကို လောကီလောကုတ္တ ရာနဲ့ယှဉ်ပြီးပြောလို့လည်းမရပါဘူး။ အများကိုမထိခိုက်တဲ့ကိုယ့်ရဲ့တစ်ကိုယ်ရေလွက်လပ်ခွင့်တစ်ယောက်တည်းခံစားမှု လေးပါပဲ။

အပေါင်းအဖော်တွေပါလာရင် စိတ်ကကိုယ်ပိုင်လွတ်လပ်ခွင့်မရှိတော့ပါဘူး။ စိတ်က အပေါင်းအဖော် ဆီကိုပို့ထားရတော့မှာပါ။

တခြားတစ်ယောက်ကစကားလာပြောပြန်ရင်လည်း တစ်ယောက်တည်းနေတဲ့ စိတ်ခံစားမှု လေး ပျက်သွားနိုင်ပါတယ်။

ဘာပဲပြောပြောလေ ဘဝမှာအမြဲတမ်းမဟုတ်ပေမယ့် တစ်ခါတလေ တစ်ယောက်တည်းနေရတာလေးက စိတ်ချမ်းမြေ့စရာလေး ပါပဲလေ။

ဖိုးသူတော် (www.phothutaw.com)
Credit:ရဝေနွယ်(အင်းမ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top