ကယားျပည္နယ္၊ ဒီးေမာ့ဆုိၿမိဳ႕နယ္မွာ ေက်းရြာေပါင္း ၂၂ ရြာေလာက္ ေရရွားပါးမႈနဲ႔ ႀကံဳေတြ႔ေနရတယ္လို႔ ေဒသခံရြာသားေတြက ေျပာပါတယ္။ေဒါတမႀကီးေက်းရြာအုပ္စုမွာဆုိရင္ ေရလႉဒါန္းေပးမွသာ အဆင္ေျပႏုိင္မယ္လုိ႔ ေဒသခံ ဦးဇဲကေျပာပါတယ္။

“အရင္တုန္းက အန္ဂ်ီအို ေရေလွာင္ကန္လာတုန္းကဆုိရင္ ရြာထဲမွာ ခပ္လို႔ရတယ္။ အခုက မလာေတာ့ဘူး။ တြင္းေရပဲ သြားခပ္ခပ္ေနရတယ္။ တြင္းေရကလည္း အနက္ႀကီးပဲ ေတာင္ေျခမွာသြားရတယ္။ မနက္ခပ္ရင္ ကုန္ကုန္သြားတယ္။ သြားေစာင့္ခပ္ရတာေပါ့။ ေရက အနက္ႀကီးပဲ”

 ေရခန္းေျခာက္ၿပီး ေသာက္သံုးေရအခက္အခဲျဖစ္ေနတဲ့ ရြာေတြကို အစုိးရနဲ႔ ပရဟိတ အဖြဲ႔ေတြက ေရကားေတြနဲ႔ လာေရာက္လႉဒါန္းေပးတာေတြ ရွိေပမယ့္မေလာက္ငတ္ဘူးလုိ႔လည္း ေဒါေညးခူေက်းရြာက ေက်ာင္းထုိင္ဆရာေတာ္ ဦးစႏၵ၀ရက မိန္႔ပါတယ္။

“ဒီသႀကၤန္မတုိင္ခင္ကဆုိရင္ ေရနည္းနည္းေလးေတာ့ရွိတာေပါ့။ နည္းနည္းဆုိတာ ေစာင့္ၿပီးခပ္ရတာေပါ့ေလ။ အခုေနာက္ပုိင္းက်ေတာ့ တြင္းေရေတြက အကုန္ခမ္းကုန္ၿပီေလ။ ေနကလည္း တအားပူတာကုိ။



အခုတခါတေလက်ေတာ့ ေရႊလြိဳင္ေကာ္ (ပရဟိတ) တုိ႔ဘာတုိ႔ကေတာ့ လာလႉတယ္။ လာလႉတယ္ဆုိေပမယ့္ သူက ေန႔တုိင္းမလာႏုိင္ဘူးေလ။ သူတုိ႔လည္း။ တခါလာၿပီဆုိရင္လည္း အိမ္ေပါက္ေစ့ေတာ့ အကုန္မရဘူးေပါ့။ ”

ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက ACF ဆုိတဲ့ အန္ဂ်ီအုိအဖြဲ႔အစည္းေတြက ေခ်ာင္းေရကေန တဆင့္ ေရပုိက္ေတြ သြယ္တန္းေပးတာရွိေပမယ့္ အခု အဲဒီကေန ေရမလာေတာ့သလုိ ၿပီးခဲ့တဲ့ႏွစ္ကလည္း အစုိးရကေနၿပီး ျပည္နယ္ဘတ္ဂ်က္နဲ႔ ပိုက္ေတြသြယ္ထားေပးတာရွိေပမယ့္ မုိးတြင္းတုန္းက ေတာင္က်ေရေၾကာင္႔ ပုိက္ေတြ အကုန္ပ်က္စီးကုန္တဲ့အတြက္ ေရမရေတာ့ဘူးလုိ႔ ဆရာေတာ္က မိန္႔ပါတယ္။

ဒါေၾကာင့္ လတ္တေလာ ေဒသခံေတြက ေရအလႉကုိသာ အားကုိးေနၾကရတာ ျဖစ္ပါတယ္။
ဒီးေမာ့ဆုိၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးဉာဏ္လႈိင္ကေတာ့ ဒီးေမာဆုိၿမိဳ႕နယ္မွာ ေက်းရြာအုပ္စု ၉ စု၊ ေက်းရြာေပါင္း ၂၂ ရြာမွာ  ႏွစ္စဥ္ ေရရွားပါးေနၿပီး ၿမိဳ႕နယ္အေနနဲ႔ ေရလႉဒါန္းတာေတြရွိတယ္လုိ႔ ေျပာပါတယ္။

“က်ေနာ္တုိ႔ဆီက တဖြဲ႔၊ ေဘးစီမံက တဖြဲ႔၊ မီးသတ္က တဖြဲ႔၊ ေန႔စဥ္ပဲ ရြာေတြကို ေရအေရာက္ပုိ႔ေပးတယ္။ သူတုိ႔ရြာေတြမွာရွိတဲ့ တလစာလည္း ပိုက္ဆံထုတ္ေပးထားတယ္။ ေစာစာပုိင္းက ပုိက္ဆံမရွိေသးလုိ႔၊ ၁၃ ရက္ေန႔ကစၿပီးေတာ့ ပုိက္ဆံရတယ္။ အဲဒီ ပုိက္ဆံတခါတည္းေပးထားေတာ့ ေရမရွားေတာ့ဘူးေနာ္။”

ဒီးေမာ့ဆုိၿမိဳ႕နယ္မွာ ေရထြက္ရွိေပမယ့္ ေရသြားသယ္ဖုိ႔ ေ၀လံတဲ့အတြက္ ေဒသခံေတြ အတြက္ ေရရွားတာလုိ႔လည္း အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

“ဒီးေမာ့ဆုိၿမိဳ႕နယ္မွာ ေရထြက္ရွိတယ္။ ေဒါတမႀကီးလည္း ေရထြက္ရွိတယ္။ လြီးကထိ မွာလည္း ေရထြက္ရွိတယ္။ ေနာက္ၿပီး ဒီဘက္က ေရထြက္ရတဲ့ေနရာ ၆ ေနရာေလာက္က ရွိေသးတယ္။ အဲဒီေရထြက္ကေန သယ္လုိ႔ရတယ္။ သူတုိ႔က ဒါေပမယ့္ အဲဒီေနရာအထိ သြားၿပီး သယ္မယ့္ အလုပ္ကို သူတုိ႔မလုပ္ခ်င္တာ။



အိမ္ထဲမွာ မုိးေရေလာက္ကို မုိးေပၚက်လာတဲ့ေရ မရွိတဲ့အတြက္ ေရရွားတယ္လုိ႔ေျပာၾကတာ။ အမွန္က ေရရွားတာက အဲလုိေျပာတာမဟုတ္ဘူး။ က်ေနာ္တုိ႔ အညာဘက္က ေရရွားတယ္ဆုိတာေရလုံး၀ မရွိမွ ေရရွားတာေလ။ အခုက ေရလုံး၀မရွိတာမဟုတ္ဘူး။ မုိးေပၚက က်လာတဲ့ေရမရွိတာကုိ သူတုိ႔က ေျပာတာ။”

ေရရွားပါးတဲ့ ေက်းရြာေတြကိုေတာ့ ေရႊလႊိဳင္ေကာ္ပရဟိတအဖြဲ႔ကလည္း ေရေတြ သြားေရာက္ပုိ႔ေဆာင္ လႉဒါန္းေပးေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ကျေးရွာပေါင်း ၂၂ ရွာလောက် ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ဒေါတမကြီးကျေးရွာအုပ်စုမှာဆိုရင် ရေလှူဒါန်းပေးမှသာ အဆင်ပြေနိုင်မယ်လို့ ဒေသခံ ဦးဇဲကပြောပါတယ်။

“အရင်တုန်းက အန်ဂျီအို ရေလှောင်ကန်လာတုန်းကဆိုရင် ရွာထဲမှာ ခပ်လို့ရတယ်။ အခုက မလာတော့ဘူး။ တွင်းရေပဲ သွားခပ်ခပ်နေရတယ်။ တွင်းရေကလည်း အနက်ကြီးပဲ တောင်ခြေမှာသွားရတယ်။ မနက်ခပ်ရင် ကုန်ကုန်သွားတယ်။ သွားစောင့်ခပ်ရတာပေါ့။ ရေက အနက်ကြီးပဲ”

ရေခန်းခြောက်ပြီး သောက်သုံးရေအခက်အခဲဖြစ်နေတဲ့ ရွာတွေကို အစိုးရနဲ့ ပရဟိတ အဖွဲ့တွေက ရေကားတွေနဲ့ လာရောက်လှူဒါန်းပေးတာတွေ ရှိပေမယ့်မလောက်ငတ်ဘူးလို့လည်း ဒေါညေးခူကျေးရွာက ကျောင်းထိုင်ဆရာတော် ဦးစန္ဒဝရက မိန့်ပါတယ်။

“ဒီသြင်္ကန်မတိုင်ခင်ကဆိုရင် ရေနည်းနည်းလေးတော့ရှိတာပေါ့။ နည်းနည်းဆိုတာ စောင့်ပြီးခပ်ရတာပေါ့လေ။ အခုနောက်ပိုင်းကျတော့ တွင်းရေတွေက အကုန်ခမ်းကုန်ပြီလေ။ နေကလည်း တအားပူတာကို။

အခုတခါတလေကျတော့ ရွှေလွိုင်ကော် (ပရဟိတ) တို့ဘာတို့ကတော့ လာလှူတယ်။ လာလှူတယ်ဆိုပေမယ့် သူက နေ့တိုင်းမလာနိုင်ဘူးလေ။ သူတို့လည်း။ တခါလာပြီဆိုရင်လည်း အိမ်ပေါက်စေ့တော့ အကုန်မရဘူးပေါ့။ ”

ပြီးခဲ့တဲ့နှစ်တွေတုန်းက ACF ဆိုတဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေက ချောင်းရေကနေ တဆင့် ရေပိုက်တွေ သွယ်တန်းပေးတာရှိပေမယ့် အခု အဲဒီကနေ ရေမလာတော့သလို ပြီးခဲ့တဲ့နှစ်ကလည်း အစိုးရကနေပြီး ပြည်နယ်ဘတ်ဂျက်နဲ့ ပိုက်တွေသွယ်ထားပေးတာရှိပေမယ့် မိုးတွင်းတုန်းက တောင်ကျရေကြောင့် ပိုက်တွေ အကုန်ပျက်စီးကုန်တဲ့အတွက် ရေမရတော့ဘူးလို့ ဆရာတော်က မိန့်ပါတယ်။

ဒါကြောင့် လတ်တလော ဒေသခံတွေက ရေအလှူကိုသာ အားကိုးနေကြရတာ ဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်ကတော့ ဒီးမောဆိုမြို့နယ်မှာ ကျေးရွာအုပ်စု ၉ စု၊ ကျေးရွာပေါင်း ၂၂ ရွာမှာ  နှစ်စဉ် ရေရှားပါးနေပြီး မြို့နယ်အနေနဲ့ ရေလှူဒါန်းတာတွေရှိတယ်လို့ ပြောပါတယ်။

“ကျနော်တို့ဆီက တဖွဲ့၊ ဘေးစီမံက တဖွဲ့၊ မီးသတ်က တဖွဲ့၊ နေ့စဉ်ပဲ ရွာတွေကို ရေအရောက်ပို့ပေးတယ်။ သူတို့ရွာတွေမှာရှိတဲ့ တလစာလည်း ပိုက်ဆံထုတ်ပေးထားတယ်။ စောစာပိုင်းက ပိုက်ဆံမရှိသေးလို့၊ ၁၃ ရက်နေ့ကစပြီးတော့ ပိုက်ဆံရတယ်။ အဲဒီ ပိုက်ဆံတခါတည်းပေးထားတော့ ရေမရှားတော့ဘူးနော်။”

ဒီးမော့ဆိုမြို့နယ်မှာ ရေထွက်ရှိပေမယ့် ရေသွားသယ်ဖို့ ဝေလံတဲ့အတွက် ဒေသခံတွေ အတွက် ရေရှားတာလို့လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ဒီးမော့ဆိုမြို့နယ်မှာ ရေထွက်ရှိတယ်။ ဒေါတမကြီးလည်း ရေထွက်ရှိတယ်။ လွီးကထိ မှာလည်း ရေထွက်ရှိတယ်။ နောက်ပြီး ဒီဘက်က ရေထွက်ရတဲ့နေရာ ၆ နေရာလောက်က ရှိသေးတယ်။ အဲဒီရေထွက်ကနေ သယ်လို့ရတယ်။ သူတို့က ဒါပေမယ့် အဲဒီနေရာအထိ သွားပြီး သယ်မယ့် အလုပ်ကို သူတို့မလုပ်ချင်တာ။

အိမ်ထဲမှာ မိုးရေလောက်ကို မိုးပေါ်ကျလာတဲ့ရေ မရှိတဲ့အတွက် ရေရှားတယ်လို့ပြောကြတာ။ အမှန်က ရေရှားတာက အဲလိုပြောတာမဟုတ်ဘူး။ ကျနော်တို့ အညာဘက်က ရေရှားတယ်ဆိုတာရေလုံး၀ မရှိမှ ရေရှားတာလေ။ အခုက ရေလုံးဝမရှိတာမဟုတ်ဘူး။ မိုးပေါ်က ကျလာတဲ့ရေမရှိတာကို သူတို့က ပြောတာ။”

ရေရှားပါးတဲ့ ကျေးရွာတွေကိုတော့ ရွှေလွှိုင်ကော်ပရဟိတအဖွဲ့ကလည်း ရေတွေ သွားရောက်ပို့ဆောင် လှူဒါန်းပေးနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top