သဇင္ႏြယ္ဝင္းဟာဆုိရင္လြန္ခဲ့တဲ့နွစ္ေတြကတည္းက MRTV 4 ရဲ႕ presenter အေနနဲ႔ လူသိမ်ားထင္ရွားလာခဲ့ျပီးခ်စ္စရာေကာင္းတဲ့အမူအရာေလးေတြနဲ႔အရုပ္ကေလးလိုေခ်ာေမာလွပတဲ့မ်က္နွာေလးအျပင္ သြက္လက္တက္ၾကြတဲ့ကုိ္ယ္ေနဟန္ထားေလးေၾကာင့္လည္း ပရိသတ္ေတြရဲ႕ နွလံုးသားကုိသိမ္းပုိက္ထားနုိင္တဲ ့မင္းသမီးေလးတစ္ပါးျဖစ္ပါတယ္။

သဇင္ႏြယ္ဝင္းက မၾကာေသးမီက 8days TV နဲ႔ အင္တာဗ်ဴးမွာ လက္ရွိအနုပညာလႈပ္ရွားမႈေလးေတြအေၾကာင္းနဲ႔ အခ်စ္ေရးအေၾကာင္းကုိ ဖြင့္ဟေျပာျပလာခဲ့ပါတယ္။

သဇင္က သၾကၤန္ျဖတ္သန္းခဲ့ပံုေလးကုိ “သဇင္ သၾကၤန္ေလးရက္လံုး ဂ်ဴတီဆင္းတယ္။ ဂ်ဴတီဆုိေပမယ့္ ဆင္းရတယ္ဆိုတဲ့ စိတ္ဖိစီးမႈၾကီးမရွိခဲ့ဘူး။သၾကၤန္လည္းျဖစ္ေနတယ္။ သၾကၤန္ဆုိလူက အလိုလိုေပ်ာ္တယ္ေလ။



 ေနာက္ျပီးေတာ့ သၾကၤန္မွာ စီနီယာအစ္မေတြေရာ ကုိယ့္သူငယ္ခ်င္းေတြေရာေလ။ျဖစ္ခ်င္ေတာ့ အကုန္ဂ်ဴတီေတြဆင္းၾကတယ္။ ေပ်ာ္ေပ်ာ္ပါးပါးၾကီးဆိုေတာ့ အလုပ္လုပ္လိုက္ ေျပးျပီး ေရေဆာ့လိုက္နဲ႔ဂ်ဴတီဆင္းရတယ္လို႔ေတာင္မထင္ဘူး။ ဒီနွစ္သၾကၤန္ကပုိစည္တယ္ေလ။ အဲ့ေတာ့ သၾကၤန္ေလးရက္ကုိ ေပ်ာ္ေပ်ာ္ပါးပါးၾကီးျဖတ္သန္းခဲ့ရတယ္”လို႔ေျပာျပထားပါတယ္။

သဇင္ႏြယ္ဝင္းက လက္ရွိအနုပညာလႈပ္ရွားမႈေတြအေၾကာင္းကုိ “ေၾကာ္ျငာအေနနဲ႔ဆိုရင္ လုပ္ငန္းရွင္ေတြကမ္းလွမ္းတဲ့အခါက်ရင္ေတာ့လက္ခံျဖစ္တာေပါ့ေနာ္။ ေတာ္ေတာ္မ်ားမ်ားေၾကာ္ျငာေတြကလည္း အစီအစဥ္တင္ဆက္သူအေနနဲ႔ ပါဝင္တာေပါ့ေနာ္။ အဲ့လုိမ်ိဳးေပါ့။ သရုပ္ေဆာင္က်ေတာ့လည္း သရုပ္ေဆာင္အလုပ္က မလြယ္ဘူး။ တကယ္မလြယ္တာေပါ့ေနာ္။ သင္ယူျပီးေတာ့ အရည္အခ်င္းျပည့္ဝျပီးေတာ့ ပါရမီပါရင္ေတာ့ေလွ်ာက္ရတာအဆင္ေျပမယ္လို႔ သဇင္ထင္တယ္ေပါ့”လိ္ု႔ေျဖၾကားသြားပါတယ္။

ခ်စ္သူနဲ႔ ခ်စ္သူသက္တမ္းၾကာျမင့္ျပီျဖစ္တဲ့ သဇင္ႏြယ္ဝင္းကအခ်စ္ေရးအေျခအေနကုိ “ခ်စ္သူသက္တမ္းၾကာတယ္ဆိုတာက ဒီၾကားထဲမွာဘယ္လုိေတြေတာင္ သတ္ခဲ့ျဖတ္ခဲ့လဲဆိုတာ.. ဒီလိုမ်ိဳးေပ့ါေနာ္။



လုပ္ငန္းတူတယ္ဆိုေပမယ့္လည္း နားလည္ေပးနုိင္မယ္ထင္ခဲ့ေပမယ့္လည္းမနည္းျပန္ျပီးေတာ့ တည္ေဆာက္ခဲ့တဲ့အေၾကာင္းအရာေလးေတြရွိတာေပါ့ေနာ္။ သဇင္တို႔ကေတာ့ သမီးရည္းစားထက္စာရင္ သူငယ္ခ်င္းလိုပဲေပါင္းတယ္။

အရင္းနွီးဆံုးသူငယ္ခ်င္းေပါ့ေနာ္။ တုိင္ပင္သင့္တာေတြတိုင္ပင္တယ္။ ဖြင့္ေျပာသင့္တာေတြေျပာတယ္။ အဲ့လုိမ်ိဳးေပ့ါ။ ကုိယ့္အရင္းနီွးဆံုးသူငယ္ခ်င္းအျဖစ္ဒီလိုမ်ိဳးသြားတယ္။ သမီးရည္းစားစိတ္ထားျပီဆိုရင္ သဝန္တိုတာ ခဏခဏရန္ျဖစ္တာမ်ားရင္ေလ တင္းလြန္းတဲ့ၾကိဳးက ျပတ္တတ္တယ္ေလ”လို႔ ရင္ဖြင့္ထားပါတယ္။

သဇင္က ခ်စ္သူနဲ႔ျပတ္သြားမလားဆုိတာေတြရွိတာေၾကာင့္ ညွိယူထားရတယ္လို႔လည္း “ဖြင့္မေျပာပဲနဲ႔ ၾကိတ္ျပီးေတာ့ေနလိုက္တယ္ေလ။ တကယ့္တကယ္အဲဒါၾကီး ပြင့္ထြက္လာတဲ့တစ္ေန႔ သူနဲ႔ကုိယ္နဲ႔ ျပတ္သြားမလားဆိုတဲ့ဟာလည္းရွိတယ္ေလ။ အဲ့ေတာ့ စိတ္ဆိုးတယ္ဘာေၾကာင့္စိတ္ဆိုးတာလဲ ျပန္ျပီးညွိယူရတယ္။အဲ့လုိပဲသြားေနတယ္။



သဝန္တိုတာကေတာ့ရွိတယ္။ သဝန္တိုတယ္ဆိုလည္း ငါသဝန္တိုတယ္ အဆင္မေျပဘူး။ အဲ့လုိမ်ိဳးေျပာတယ္။ ေနာက္ပုိင္းက်ေတာ့အသက္ေတြကလည္း ၾကီးလာျပီေလ။ ညွိလာရတာေပါ့။ အရင္တုန္းကဆို တစ္ခုခုဆို ရန္ျဖစ္ရင္ ဖုန္းပိတ္ျပီ။မေခၚမေျပာ။ အခုေတာ့ မလုပ္ေတာ့ဘူး”လို႔ ေျပာျပထားပါတယ္။

ပရိသတ္ၾကီးေရာ သဇင္ႏြယ္ဝင္းကုိခ်စ္ၾကလား။ သဇင္ႏြယ္ဝင္းနဲ႔ သူ႔ခ်စ္သူကုိေရာသေဘာတူၾကလား။သဇင္ရဲ႕ေနာက္ထပ္အနုပညာလႈပ္ရွားမႈေတြကုိေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


သဇင်နွယ်ဝင်းဟာဆိုရင်လွန်ခဲ့တဲ့နှစ်တွေကတည်းက MRTV 4 ရဲ့ presenter အနေနဲ့ လူသိများထင်ရှားလာခဲ့ပြီးချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့အရုပ်ကလေးလိုချောမောလှပတဲ့မျက်နှာလေးအပြင် သွက်လက်တက်ကြွတဲ့ကိုယ်နေဟန်ထားလေးကြောင့်လည်း ပရိသတ်တွေရဲ့ နှလုံးသားကိုသိမ်းပိုက်ထားနိုင်တဲ့မင်းသမီးလေးတစ်ပါးဖြစ်ပါတယ်။

သဇင်နွယ်ဝင်းက မကြာသေးမီက 8days TV နဲ့ အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုလေးတွေအကြောင်းနဲ့ အချစ်ရေးအကြောင်းကို ဖွင့်ဟပြောပြလာခဲ့ပါတယ်။

သဇင်က သြင်္ကန်ဖြတ်သန်းခဲ့ပုံလေးကို “သဇင် သြင်္ကန်လေးရက်လုံး ဂျူတီဆင်းတယ်။ ဂျူတီဆိုပေမယ့် ဆင်းရတယ်ဆိုတဲ့ စိတ်ဖိစီးမှုကြီးမရှိခဲ့ဘူး။သြင်္ကန်လည်းဖြစ်နေတယ်။ သြင်္ကန်ဆိုလူက အလိုလိုပျော်တယ်လေ။

 နောက်ပြီးတော့ သြင်္ကန်မှာ စီနီယာအစ်မတွေရော ကိုယ့်သူငယ်ချင်းတွေရောလေ။ဖြစ်ချင်တော့ အကုန်ဂျူတီတွေဆင်းကြတယ်။ ပျော်ပျော်ပါးပါးကြီးဆိုတော့ အလုပ်လုပ်လိုက် ပြေးပြီး ရေဆော့လိုက်နဲ့ဂျူတီဆင်းရတယ်လို့တောင်မထင်ဘူး။ ဒီနှစ်သြင်္ကန်ကပိုစည်တယ်လေ။ အဲ့တော့ သြင်္ကန်လေးရက်ကို ပျော်ပျော်ပါးပါးကြီးဖြတ်သန်းခဲ့ရတယ်”လို့ပြောပြထားပါတယ်။

သဇင်နွယ်ဝင်းက လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “ကြော်ငြာအနေနဲ့ဆိုရင် လုပ်ငန်းရှင်တွေကမ်းလှမ်းတဲ့အခါကျရင်တော့လက်ခံဖြစ်တာပေါ့နော်။ တော်တော်များများကြော်ငြာတွေကလည်း အစီအစဉ်တင်ဆက်သူအနေနဲ့ ပါဝင်တာပေါ့နော်။ အဲ့လိုမျိုးပေါ့။ သရုပ်ဆောင်ကျတော့လည်း သရုပ်ဆောင်အလုပ်က မလွယ်ဘူး။ တကယ်မလွယ်တာပေါ့နော်။ သင်ယူပြီးတော့ အရည်အချင်းပြည့်ဝပြီးတော့ ပါရမီပါရင်တော့လျှောက်ရတာအဆင်ပြေမယ်လို့ သဇင်ထင်တယ်ပေါ့”လို့ဖြေကြားသွားပါတယ်။

ချစ်သူနဲ့ ချစ်သူသက်တမ်းကြာမြင့်ပြီဖြစ်တဲ့ သဇင်နွယ်ဝင်းကအချစ်ရေးအခြေအနေကို “ချစ်သူသက်တမ်းကြာတယ်ဆိုတာက ဒီကြားထဲမှာဘယ်လိုတွေတောင် သတ်ခဲ့ဖြတ်ခဲ့လဲဆိုတာ.. ဒီလိုမျိုးပေ့ါနော်။

လုပ်ငန်းတူတယ်ဆိုပေမယ့်လည်း နားလည်ပေးနိုင်မယ်ထင်ခဲ့ပေမယ့်လည်းမနည်းပြန်ပြီးတော့ တည်ဆောက်ခဲ့တဲ့အကြောင်းအရာလေးတွေရှိတာပေါ့နော်။ သဇင်တို့ကတော့ သမီးရည်းစားထက်စာရင် သူငယ်ချင်းလိုပဲပေါင်းတယ်။

အရင်းနှီးဆုံးသူငယ်ချင်းပေါ့နော်။ တိုင်ပင်သင့်တာတွေတိုင်ပင်တယ်။ ဖွင့်ပြောသင့်တာတွေပြောတယ်။ အဲ့လိုမျိုးပေ့ါ။ ကိုယ့်အရင်းနှီးဆုံးသူငယ်ချင်းအဖြစ်ဒီလိုမျိုးသွားတယ်။ သမီးရည်းစားစိတ်ထားပြီဆိုရင် သဝန်တိုတာ ခဏခဏရန်ဖြစ်တာများရင်လေ တင်းလွန်းတဲ့ကြိုးက ပြတ်တတ်တယ်လေ”လို့ ရင်ဖွင့်ထားပါတယ်။

သဇင်က ချစ်သူနဲ့ပြတ်သွားမလားဆိုတာတွေရှိတာကြောင့် ညှိယူထားရတယ်လို့လည်း “ဖွင့်မပြောပဲနဲ့ ကြိတ်ပြီးတော့နေလိုက်တယ်လေ။ တကယ့်တကယ်အဲဒါကြီး ပွင့်ထွက်လာတဲ့တစ်နေ့ သူနဲ့ကိုယ်နဲ့ ပြတ်သွားမလားဆိုတဲ့ဟာလည်းရှိတယ်လေ။ အဲ့တော့ စိတ်ဆိုးတယ်ဘာကြောင့်စိတ်ဆိုးတာလဲ ပြန်ပြီးညှိယူရတယ်။အဲ့လိုပဲသွားနေတယ်။

သဝန်တိုတာကတော့ရှိတယ်။ သဝန်တိုတယ်ဆိုလည်း ငါသဝန်တိုတယ် အဆင်မပြေဘူး။ အဲ့လိုမျိုးပြောတယ်။ နောက်ပိုင်းကျတော့အသက်တွေကလည်း ကြီးလာပြီလေ။ ညှိလာရတာပေါ့။ အရင်တုန်းကဆို တစ်ခုခုဆို ရန်ဖြစ်ရင် ဖုန်းပိတ်ပြီ။မခေါ်မပြော။ အခုတော့ မလုပ်တော့ဘူး”လို့ ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော သဇင်နွယ်ဝင်းကိုချစ်ကြလား။ သဇင်နွယ်ဝင်းနဲ့ သူ့ချစ်သူကိုရောသဘောတူကြလား။သဇင်ရဲ့နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top