20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

အဆိုေလာကမွာ ဒိတ္ဒိတ္ၾကဲေအာင္ျမင္ခဲ့ၾကတဲ့ ေအာင္လနဲ႔ ဝုိင္းစုခိုင္သိန္းဟာ လူငယ္ပရိသတ္ေတြအမ်ားအျပားရဲ႕အားေပးမွုကို ရရွိထားတာျဖစ္ပါတယ္။ အဆိုေတာ္ ဝိုင္းဆုခိုင္သိန္းဟာ ဂီတေလာကမွာ ပရိသတ္အားေပးမွုအျမင့္ဆံုးထိ ေရာက္ရွိခဲ့တဲ့ အဆုိရွင္တစ္ဦးျဖစ္ခဲ့တဲ့အျပင္ ဆုေပါင္းမ်ားစြာလည္းရရွိထားခဲ့တာျဖစ္ပါတယ္။ ေယာက္က်ားေလး လူငယ္ပရိသတ္ေတြရဲ႕ အားေပးမွုကိုလည္း တခဲနက္ရရွိထားခဲ့ျပန္တဲ့ အဆိုရွင္ေအာင္လနဲ႔ ဝိုင္းစုခိုင္သိန္းတို႔ရဲ႕ ခ်စ္သူသက္တမ္းေလးကေတာ့ အေတာ္ေလးၾကာျမင့္ခဲ့ပါျပီ။

တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မွုအျပည့္အဝနဲ႔အတူ ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့အခ်စ္ခရီးလမ္းေလးကိုလည္း အတူတကြ ေလ်ွာက္လွမ္းေနခဲ့ၾကတာပါ။ ႏွစ္ဦးလံုး ဝါသနာပါရာ အႏုပညာေလာကမွာ ေလွ်ာက္လွမ္းေနၾကျပီးေတာ့ ရွိုးပြဲေတြမွာလည္း အတူတူသီဆိုေဖ်ာ္ေျဖမွုေတြနဲ႔ေတြ႔ရေလ့ရွိပါတယ္။

ဒီေန႔မွာေတာ့ သရုပ္ေဆာင္နဲ႔အဆိုေတာ္ ျဖစ္တဲ့ ဝိုင္းစုခုိင္သိန္းဟာ ဆံခ်ခဲ့တာျဖစ္ျပီးေတာ့ ခ်စ္သူ ေအာင္လတစ္ေယာက္လည္း ပါဝင္ခဲ့တာေတြ႔ရပါတယ္။ ခုလိုမ်ိဳး ခ်စ္သူ (၂) ေယာက္ အတူတူ ဆံခ်ခဲ့တဲ့ပံုရိပ္ေလးေတြကို ဝုိင္းစုခိုင္သိန္းက သူမရဲ႕လူမွုကြန္ယက္စာမ်က္ႏွာေပၚမွာေဖာ္ျပထားတာျဖစ္ပါတယ္။

လူမွုေရး၊ စီးပြားေရးတြင္သာမကဘဲ ဘာသာေရးမွာလည္း ႏွစ္ဦးသား စိတ္တူ၊ ကိုယ္တူနဲ႔ေဆာင္ရြက္ေနၾကပံုေလးေတြကိုၾကည့္ျပီး ပရိသတ္ေတြကလည္း သာဓုေခၚဆိုေပးေနၾကတာေတြ႔ရပါတယ္။ ကုသိုလ္ေရးမွာ ပါရမီျဖည့္ဘက္ေတြအျဖစ္ရွိေနၾကတဲ့ သူတို႔ ခ်စ္သူ (၂) ဦးရဲ႕ ဆံခ်ပံုရိပ္ေလးေတြကို ပရိသတ္ၾကီးအတြက္ေဖာ္ျပေပးလိုက္ပါတယ္။

ပရိသတ္ၾကီးကလည္း သာဓုေခၚဆုိေပးသြားၾကပါဦးေနာ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:We Love Cele
#Unicode Version#
အဆိုလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့ကြတဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းဟာ လူငယ်ပရိသတ်တွေအများအပြားရဲ့အားပေးမှုကို ရရှိထားတာဖြစ်ပါတယ်။ အဆိုတော် ဝိုင်းဆုခိုင်သိန်းဟာ ဂီတလောကမှာ ပရိသတ်အားပေးမှုအမြင့်ဆုံးထိ ရောက်ရှိခဲ့တဲ့ အဆိုရှင်တစ်ဦးဖြစ်ခဲ့တဲ့အပြင် ဆုပေါင်းများစွာလည်းရရှိထားခဲ့တာဖြစ်ပါတယ်။ ယောက်ကျားလေး လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း တခဲနက်ရရှိထားခဲ့ပြန်တဲ့ အဆိုရှင်အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ရဲ့ ချစ်သူသက်တမ်းလေးကတော့ အတော်လေးကြာမြင့်ခဲ့ပါပြီ။

တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်အဝနဲ့အတူ ပျော်ရွှင်ဖွယ်ကောင်းတဲ့အချစ်ခရီးလမ်းလေးကိုလည်း အတူတကွ လျှောက်လှမ်းနေခဲ့ကြတာပါ။ နှစ်ဦးလုံး ဝါသနာပါရာ အနုပညာလောကမှာ လျှောက်လှမ်းနေကြပြီးတော့ ရှိုးပွဲတွေမှာလည်း အတူတူသီဆိုဖျော်ဖြေမှုတွေနဲ့တွေ့ရလေ့ရှိပါတယ်။

ဒီနေ့မှာတော့ သရုပ်ဆောင်နဲ့အဆိုတော် ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းဟာ ဆံချခဲ့တာဖြစ်ပြီးတော့ ချစ်သူ အောင်လတစ်ယောက်လည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။ ခုလိုမျိုး ချစ်သူ (၂) ယောက် အတူတူ ဆံချခဲ့တဲ့ပုံရိပ်လေးတွေကို ဝိုင်းစုခိုင်သိန်းက သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြထားတာဖြစ်ပါတယ်။

လူမှုရေး၊ စီးပွားရေးတွင်သာမကဘဲ ဘာသာရေးမှာလည်း နှစ်ဦးသား စိတ်တူ၊ ကိုယ်တူနဲ့ဆောင်ရွက်နေကြပုံလေးတွေကိုကြည့်ပြီး ပရိသတ်တွေကလည်း သာဓုခေါ်ဆိုပေးနေကြတာတွေ့ရပါတယ်။ ကုသိုလ်ရေးမှာ ပါရမီဖြည့်ဘက်တွေအဖြစ်ရှိနေကြတဲ့ သူတို့ ချစ်သူ (၂) ဦးရဲ့ ဆံချပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

ပရိသတ်ကြီးကလည်း သာဓုခေါ်ဆိုပေးသွားကြပါဦးနော်။

ဖိုးသူတော်(www.phothutaw.com)
Credit:We Love Cele
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top