20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×
Credit: nanmalgyi
#Unicode Version# ဖြင့်ဖတ်ပါ ။
မြန်မာ့ ဗီဒီယို လောကမှအခုချိန်ထိကြံကြံခံရပ်တည်နိုင်နေတဲ့ တစ်ဦးတည်းသော သရုပ်ဆောင် ၊ လူစွမ်းကောင်း ဇာတ်လမ်းတွေနဲ့ သဘာဝလွန် ဇာတ်ရုပ်တွေကို အပီပြင်သရုပ်ဆောင်နိုင်တဲ့ နေထူးနိုင်က သူရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးMyanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတာတွေရှိပါတယ် ။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်ချင်လွန်းလို့မိတ်ဆွေတွေသိအောင်ပြောပြပေးလိုက်ပါတယ် ။
ကျနော်ကတော့ Channel တစ်ခုနဲ့ဓားကားပေါ့ ဇာတ်လမ်းတွဲတစ်ခုရိုက်ဖို့ရှိတယ်။ တကယ့်ကို ကျနော့်တို့ကြိုးတွေWire Work တွေစပြီးတော့လုပ်နေတာလဲ ကျနော်တစ်နှစ်လောက်ရှိပြီ Target Art Training Center ဆိုပြီးလုပ်နေတာဆိုတော့ အဲ့ဒီဟာနဲ့ပတ်သက်တဲ့ဇာတ်ကားတစ်ကားဖန်တီးချင်နေတာလည်းကြာပြီပေါ့။ အဲ့ဒီအချိန်မှာ Channel တစ်ခုနဲ့ကျနော်နဲ့ပြောဖြစ်ရင်းနဲ့အဆင်ပြေသွားတဲ့အတွက် နှစ်ဆန်းမှာဇာတ်လမ်းတွဲကိုစရိုက်မှာပေါ့ ။ ဆိုပြီးပြောပြသွားခဲ့ပါတယ် ။
ရိုက်ကူးမယ့် ဇာတ်လမ်းပုံစံကိုလည်း ကွီးစတိုင်လ်ပေါ့ မြေလျှိုးမိုးပျံမယ်ပြီးလို့ရှိရင် လေပေါ်ပြန်မယ် ။ဒါပေမယ့်ကျနော်တို့ကဘယ်လိုပဲဖြစ်ဖြစ် ကြည့်နေတဲ့ပရိသတ်တွေရောမကြည့်ရသေးတဲ့ပရိသတ်တွေရော နောင်ကြည့်ချင်လာအောင် ကျနော်တို့တတ်နိုင်သလောရတဲ့ငွေကြေးနဲ့ ရတဲ့အခွင့်အရေးနဲ့ကျနော်ကတတ်နိုင်သလောက် ကောင်းအောင်ရိုက်သွားဖို့ဆုံးဖြတ်ထားတယ် ။ ဒီကားကိုလည်းကျနော်အချိန်တော်တော်ယူထားတာ ဇာတ်လမ်းပြီးတာ ဇာတ်လမ်းဇာတ်ညွှန်းပြီးတဲ့ရက်က ကျနော်ထင်တယ် ၆လလောက်ရှိမယ် ။ကျနော်တို့အဖွဲ့တွေနဲ့တိုင်ပင်ပြီးတော့ထူးထူးခြားခြားလေးလဲဖြစ်ချင်တယ် ။ ဇာတ်လမ်းကလည်း အများကြီးဆွဲဆန့်လို့ရတယ် ။ လေး ၊ ငါးခြောက်ဆယ် ၊မကဆွဲဆန့်လိုရတဲ့ ဇာတ်လမ်းလေးတွဲဆိုတော့ကျနော်စဉ်းစားထားတာလည်းကြာပြီ ။ ဒီနှစ်တော့ထူးထူးခြားခြားအဲ့ဒီဇာတ်လမ်းတွဲလေးရိုက်ဖြစ်မှာပါ ။ ဆိုပြီးပြေပြသွားပါတယ် ။
ဝေဖန်တိုက်ခိုက်သူတွေအပေါ်မှာလည်း Facebook ပေါ်တွေမှာ Troll တုန်းကတော့ စိတ်ထဲမှာ တမျိုးဖြစ်တယ် ။အခုနောက်ပိုင်းကျတော့ပျော်လာတယ် ။ပြီးတော့ သူတို့ Troll တာလေးတွေကလည်းချစ်စရာကောင်းလာတယ် ။အဲ့ဒီအတွက် သူတို့ Review တွေကိုကျနော် သေချာလေးဖတ်ပြီးတော့ ပြင်ဆင်တယ် ။ကျနော့်ကိင Troll တဲ့သူတွေရောကျနော့်ကိုစောင့်ကြည့်နေကြတဲ့သူတွေရောကြည့်နေကြတယ်ဆိုတာကို အဲ့ဒီအတွက်ကျနော်တတ်နိုင်သလောက် ပြောင်းလဲနိုင်အောင်ကြိုးစားနေတယ် ။ ဝေဖန်မှုတွေအပေါ်မှာလည်း ကျနော်ပြုပြင်ပြောင်းလဲနိုင်သလောက်ပြုပြင်ပြောင်းလဲနေတယ် ဆိုတာကိုလည်း ပရိသတ်တေ်ကောင်းကောင်းသိပါတယ် ဆိုပြီးပြောပြသွားခဲ့ပါတယ် ။
ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top