ကြယ္လြန္သူ ကဗ်ာဆရာ နဲ႔ စာေပပညာရွင္ ေဇာ္ဂ်ီကို ျမန္မာမွု အႏုပညာေတြ ကၽြမ္းက်င္တဲ့ ေခတ္စမ္း စာေရးဆရာႀကီး အျဖစ္ လူသိမ်ားၾကပါတယ္။သူမရွိတာ အႏွစ္ ၃ဝ နီးေနေပမယ့္ ပိေတာက္ပန္း၊ ေဗဒါလမ္း၊ ေရွးေခတ္ပုဂံျပည္ စတဲ့ သူ႔စာကဗ်ာေတြကို ဖတ္ရွု ရြတ္ဆိုေနၾကဆဲ ျဖစ္ပါတယ္။သူနဲ႔ပတ္သက္ၿပီး လူသိမမ်ားတဲ့ အခ်က္က ေဇာ္ဂ်ီတည္ေဆာက္ဖို႔ ႀကိဳးပမ္းခဲ့တဲ့ ထိုင္းျမန္မာ ခ်စ္ၾကည္ေရး ျဖစ္ပါတယ္။စာေပဗိမာန္ မဂၢဇင္းမွာ ၁၉၅ဝ ေက်ာ္က အခန္းဆက္ ေရးခဲ့တဲ့ ေဇာ္ဂ်ီရဲ့ ထိုင္းျမန္မာ ခ်စ္ၾကည္ေရး ေဆာင္းပါးေတြက ႏွစ္နိုင္ငံ ျပန္လည္ ခ်စ္ၾကည္ေရးအတြက္ သူအားထုတ္ခဲ့တာေတြကို ျပပါတယ္။

အဲဒီေခတ္က ဝန္ႀကီးခ်ဳပ္ ဦးႏုနဲ႔အတူ ထိုင္းကို ယဥ္ေက်းမွုအဖြဲ႕ေတြ အမ်ားအျပားပါတဲ့ ခ်စ္ၾကည္ေရး အဖြဲ႕ သြားတဲ့အေၾကာင္း ျဖစ္ပါတယ္။ဒါဟာ ၁၈ ရာစုေႏွာင္းက ထိုင္းဘုရင္ ၿမိဳ႕ေတာ္ကို ျမန္မာေတြ ဖ်က္ဆီးၿပီးေနာက္ ပထမဆုံးအႀကိမ္ တရားဝင္သြားတဲ့ ခ်စ္ၾကည္ေရး အဖြဲ႕ ျဖစ္ပါတယ္။လြတ္လပ္ၿပီးေနာက္ပိုင္း ထိုင္းနဲ႔ျမန္မာ သံအဆက္အသြယ္ေတြ ျပန္စခဲ့ေပမယ့္ ခ်စ္ၾကည္ရင္းႏွီးမွု မရွိေသးပါဘူး။ျမန္မာ့လြတ္လပ္ေရးအတြက္ ထိုင္းေခါင္းေဆာင္ ပရီဒီက ကူညီဖို႔ ႀကိဳးစားဝန္ႀကီးခ်ဳပ္ေဟာင္း ဦးဗေဆြဒုတိယ ကမၻာစစ္ မတိုင္ခင္က ျမန္မာ့လြတ္လပ္ေရးအတြက္ ျပည္ပအကူအညီရွာေဖြရာမွာ ထိုင္းေခါင္းေဆာင္ ပရီဒီက ကူညီဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူးလို႔ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးဗေဆြက ျပန္ေျပာင္း ေရးသားခဲ့ပါတယ္။
ဦးႏုေမာင္ႏွံ့နဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္ ေမာင္ႏွံ

၁၉၄၈ ေနာက္ပိုင္း အာဏာသိမ္းမွုေတြနဲ႔ ၾကဳံရတဲ့ ပရီဒီဟာ ျပည္ပကို ထြက္ခြာသြားၿပီး အေမရိကန္ လိုလားတဲ့ ထိုင္းစစ္ေခါင္းေဆာင္ေတြ အုပ္ခ်ဳပ္ခဲ့ပါတယ္။သူတို႔လက္ထက္မွာ ကူမင္တန္ တ႐ုတ္ျဖဴေတြ ထိုင္းနယ္စပ္ထိ ေရာက္လာၿပီး ျမန္မာျပည္ထဲ ထိုးေဖာက္ခဲ့ပါတယ္။ဒါကို ႏွိမ္နင္းဖို႔ အတြက္ ထိုင္း ျမန္မာ ခ်စ္ၾကည္ေရး အေရးတႀကီး လိုအပ္လာပါတယ္။ဒါေၾကာင့္ ၁၉၅၅ ခုႏွစ္မွာ သီဟိုဠ္က ပင့္လာတဲ့ ေဗာဓိပင္ေတြကို ပင့္ေဆာင္ၿပီး ဝန္ႀကီးခ်ဳပ္ ဦးႏုနဲ႔ အဖြဲ႕ ထိုင္းနိုင္ငံကို သြားပါတယ္။ထိုင္းနိုင္ငံမွာ ျမန္မာဖ်က္ဆီးမွုေၾကာင့္ ၿမိဳ႕ေတာ္ပ်က္ၿပီး နိုင္ငံ ဒုကၡေရာက္ခဲ့တာကို မေက်လည္တဲ့ လူထုကို ခ်စ္ၾကည္ေရး ကမ္းလွမ္းဖို႔ ရည္ရြယ္ သြားတာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ သီရိမဟာထက္ တန္ေဆာင္းႀကီးမွာ ေဗာဓိပင္ စိုက္ပ်ိဳးတဲ့ အခမ္းအနားမွာ ဦးႏုက ခြင့္လႊတ္ျခင္းရဲ့ ေကာင္းက်ိဳးေတြကို ဗုဒၶက်မ္းဂန္ အကိုးအကားေတြနဲ႔ ေျပာဆို ရည္ညႊန္းၿပီး က်ဴးေက်ာ္ခဲ့သူ ျမန္မာေတြရဲ့ ကိုယ္စား ခြင့္လႊတ္ဖို႔ ေတာင္းပန္ပါတယ္။အဲဒိေနာက္တေန႔က စၿပီး ျမန္မာအဖြဲ႕ သြားေလရာ ထိုင္းလူထုရဲ့ ခ်စ္ၾကည္မွုကို ရရွိလာတယ္၊ လက္ေဝွ႕ယမ္း ႏွုတ္ဆက္ တာေတြ ရွိလာတယ္လို႔ ေဇာ္ဂ်ီက ေရးသားပါတယ္။ ထိုင္းသတင္းစာေတြက ခ်စ္ၾကည္ေရး အတြက္ ေထာက္ခံေရးၾကသလို ေခတ္သစ္ ထိုင္းဝတ္စုံ တီထြင္ဖို႔ ႀကိဳးစားေနတဲ့ ဝန္ႀကီးခ်ဳပ္ ဆြန္ဂရမ္ကေတာ္ အေနနဲ႔ ျမန္မာ ဝတ္စုံကို အတုယူသင့္တယ္လို႔ ခ်ီးက်ဴးေရးသားခဲ့တယ္ လို႔လည္း သိရပါတယ္။

ျမန္မာအဖြဲ႕ရဲ့ သီဆိုကျပမွုေတြကိုလည္း ႏွစ္ၿခိဳက္သူ မ်ားလို႔ လူထုအတြက္ သီးသန္႔ ထပ္မံတင္ဆက္ရတယ္လို႔ ေရးပါတယ္။ထိုင္းဂီတနည္းစနစ္မွာ ေခတ္ေဟာင္းတူရိယာေတြ သုံးၿပီး ေခတ္သစ္ နားမ်က္စိနဲ႔ ကိုက္ညီေအာင္ ေဖ်ာ္ေျဖတာကိုလည္း ေဇာ္ဂ်ီက ခ်ီးက်ဴးပါတယ္။ခ်စ္ၾကည္ေရး လက္ေဝွ႕ပြဲမွာေတာ့ ျမန္မာဘက္က စနစ္ေဟာင္း အတိုင္း အလဲ အကြဲ ထိုးလို႔ ဒီလို ေၾကာက္စရာ ေကာင္းတဲ့ အိမ္နီးခ်င္းနဲ႔ ရန္ဘက္ျဖစ္မယ့္အစား မိတ္ေဆြ ျဖစ္တာ ပိုေကာင္းတယ္လို႔ ထိုင္းသတင္းစာေတြက က်ီစယ္တယ္လို႔ ေဇာ္ဂ်ီက ေရးပါတယ္။
အယုဒၶယၿမိဳ႕ေဟာင္းက ဘုရားေစတီမ်ား

ျမန္မာဘုရင္ေတြ ဖ်က္ဆီးခဲ့တဲ့ အယုဒၶယၿမိဳ႕သြားတဲ့ ခရီးမွာလည္း ၿမိဳ႕သူၿမိဳ႕သားေတြ ႀကိဳဆိုၾကၿပီး အျပန္ခရီးမွာေတာ့ ျမစ္ဆိပ္မွာ သစ္သားရဲတင္းေတြ စုပုံ ေရာင္းတာကို ေတြ႕ေတာ့ ထူးဆန္းလို႔ ေဇာ္ဂ်ီက ေမးၾကည့္ပါတယ္။ျမန္မာေတြက ဓား ရဲတင္းလို လက္နက္ေတြ ႀကိဳက္တယ္ ထင္လို႔ ေရာင္းတာ ျဖစ္ေၾကာင္း၊ ဘယ္သူမွ မဝယ္လို႔ အံ့ၾသေနေၾကာင္း ထိုင္းဘက္က တုံ႔ျပန္ေျပာလို႔ ရယ္ေမာၾကေၾကာင္းလည္း ေဇာ္ဂ်ီက မွတ္တမ္းတင္ခဲ့ပါတယ္။အယုဒၶယက ဘုရားပုထိုး ပ်က္စီးတာေတြ ျပင္ဖို႔လည္း ျမန္မာဘက္က ေငြတသိန္း လွူဒါန္းခဲ့ပါတယ္။ေနာက္ ထိုင္းနိုင္ငံမွာ ေခတ္ေဟာင္းကုန္လို႔ ေခတ္သစ္ တက္လွမ္းဖို႔ ျပင္ေနတာကိုလည္း ေဇာ္ဂ်ီက ခ်ီးက်ဴးေရးသားပါတယ္။

ထိုင္းဘုရင္ေတြဟာ ေခတ္မမီတဲ့ ထုံးစံဓေလ့ေတြကို ျပဳျပင္ၿပီး လြတ္လပ္ေရး မဆုံးေအာင္ ထိန္းနိုင္ခဲ့တယ္လို႔ ဘန္ေကာက္ နန္းေတာ္ေတြကို ၾကည့္ရွုၿပီး ေဇာ္ဂ်ီက မွတ္ခ်က္ေပးပါတယ္။ထိုင္းနဲ႔ ေခတ္ၿပိဳင္ ျမန္မာ ဘုရင္ေတြက ဖိနပ္စီးခြင့္ မေပးလို႔ အေနာက္တိုင္း သံေတြနဲ႔ ဆက္ဆံေရး အဆင္မေျပခဲ့တာကိုလည္း ေထာက္ျပပါတယ္။ျပင္သစ္နဲ႔ အဂၤလိပ္ၾကား ထိုင္းလြတ္လပ္ေရး မဆုံးေအာင္ ထိန္းသိမ္းပုံကို ေဇာ္ဂ်ီ ေရးသားခဲ့တာဟာ အဲဒီအခ်ိန္က စစ္ေအး တိုက္ပြဲေၾကာင့္ တ႐ုတ္နဲ႔ အေမရိကန္၊ ဆိုဗီယက္ နိုင္ငံေတြ အားၿပိဳင္မွုၾကားမွာ ျမန္မာျပည္ မပိတ္မိေစဖို႔ သြယ္ဝိုက္ သတိေပးဟန္ ရွိပါတယ္။ဒီခ်စ္ၾကည္ေရး ခရီး အက်ိဳးဆက္ အျဖစ္ ထိုင္းဘုရင္ ဘူမိေဘာ ျမန္မာျပည္ကို ႂကြေရာက္လာၿပီး ဆ႒သဂၤါယနာကို ၾကည္ညိဳပါတယ္။
ေခတ္မီတဲ့ ဘန္ေကာက္က နန္းေတာ္ႀကီး

ျမန္မာဘက္က ထိုင္းဘုရင္နဲ႔ ဝန္ႀကီးခ်ဳပ္ ၊ ရဲခ်ဳပ္ စတဲ့ အရာရွိႀကီးေတြကို ျမန္မာျပည္ရဲ့ အျမင့္ဆုံး ဘြဲ႕တံဆိပ္ေတြ ျဖစ္တဲ့ အဂၢမဟာသီရိသုဓမၼ စတဲ့ ဘြဲ႕ေတြနဲ႔ ဂုဏ္ျပဳသလို ထိုင္းဘက္ကလည္း အျမင့္ဆုံး ဆင္ျဖဴဘြဲ႕ေတြနဲ႔ ျမန္မာ ဝန္ႀကီး ေတြ စစ္ဗိုလ္ခ်ဳပ္ေတြကို ဂုဏ္ျပဳပါတယ္။ခ်စ္ၾကည္ေရး ခရီးေၾကာင့္ ျမန္မာ ဆန္႔က်င္ေရး ေရးသား ေျပာဆိုတာေတြကို ထိုင္းအစိုးရက ပိတ္ပင္တာေတြ လုပ္လာတယ္လို႔လည္း သိရပါတယ္။

ဒါေပမဲ့ ေနာက္တက္လာတဲ့ အစိုးရေတြ လက္ထက္မွာ တည္ျမဲတိုးတက္ေအာင္ မထိန္းနိုင္လို႔ ျပန္လည္ ပ်က္ျပားတာေတြ ရွိခဲ့ပါတယ္။၁၉၆၉ ေနာက္ပိုင္း ဦးႏုကိုယ္တိုင္ ျမန္မာ စစ္အစိုးရကို ဆန္႔က်င္ ေတာ္လွန္ဖို႔ ဘန္ေကာက္မွာ ေျခကုပ္ယူလာတဲ့ အခါ ျမန္မာ ဘက္က ကန္႔ကြက္ခဲ့ပါတယ္။ႏွစ္နိုင္ငံလုံးမွာ ဇာတိမာန္ အတြက္ ျဖစ္ခဲ့တဲ့ စစ္ပြဲေတြ၊ ေအာင္နိုင္မွုနဲ႔ ဆုံးရွုံးမွုေတြကို စားျမဳံ႕ျပန္တာေတြေၾကာင့္ လူမ်ိဳးေတြၾကား စိတ္ဝမ္းကြဲတာ၊ သိမ္ငယ္တာ ၊ ေမာက္ႂကြားတာေတြ မျဖစ္ဖို႔ ေဇာ္ဂ်ီက သတိေပး ေရးသားခဲ့တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version# ျဖင့္ဖတ္ပါ ။

ကွယ်လွန်သူ ကဗျာဆရာ နဲ့ စာပေပညာရှင် ဇော်ဂျီကို မြန်မာမှု အနုပညာတွေ ကျွမ်းကျင်တဲ့ ခေတ်စမ်း စာရေးဆရာကြီး အဖြစ် လူသိများကြပါတယ်။သူမရှိတာ အနှစ် ၃ဝ နီးနေပေမယ့် ပိတောက်ပန်း၊ ဗေဒါလမ်း၊ ရှေးခေတ်ပုဂံပြည် စတဲ့ သူ့စာကဗျာတွေကို ဖတ်ရှု ရွတ်ဆိုနေကြဆဲ ဖြစ်ပါတယ်။သူနဲ့ပတ်သက်ပြီး လူသိမများတဲ့ အချက်က ဇော်ဂျီတည်ဆောက်ဖို့ ကြိုးပမ်းခဲ့တဲ့ ထိုင်းမြန်မာ ချစ်ကြည်ရေး ဖြစ်ပါတယ်။စာပေဗိမာန် မဂ္ဂဇင်းမှာ ၁၉၅ဝ ကျော်က အခန်းဆက် ရေးခဲ့တဲ့ ဇော်ဂျီရဲ့ ထိုင်းမြန်မာ ချစ်ကြည်ရေး ဆောင်းပါးတွေက နှစ်နိုင်ငံ ပြန်လည် ချစ်ကြည်ရေးအတွက် သူအားထုတ်ခဲ့တာတွေကို ပြပါတယ်။

အဲဒီခေတ်က ဝန်ကြီးချုပ် ဦးနုနဲ့အတူ ထိုင်းကို ယဉ်ကျေးမှုအဖွဲ့တွေ အများအပြားပါတဲ့ ချစ်ကြည်ရေး အဖွဲ့ သွားတဲ့အကြောင်း ဖြစ်ပါတယ်။ဒါဟာ ၁၈ ရာစုနှောင်းက ထိုင်းဘုရင် မြို့တော်ကို မြန်မာတွေ ဖျက်ဆီးပြီးနောက် ပထမဆုံးအကြိမ် တရားဝင်သွားတဲ့ ချစ်ကြည်ရေး အဖွဲ့ ဖြစ်ပါတယ်။လွတ်လပ်ပြီးနောက်ပိုင်း ထိုင်းနဲ့မြန်မာ သံအဆက်အသွယ်တွေ ပြန်စခဲ့ပေမယ့် ချစ်ကြည်ရင်းနှီးမှု မရှိသေးပါဘူး။မြန်မာ့လွတ်လပ်ရေးအတွက် ထိုင်းခေါင်းဆောင် ပရီဒီက ကူညီဖို့ ကြိုးစားဝန်ကြီးချုပ်ဟောင်း ဦးဗဆွေဒုတိယ ကမ္ဘာစစ် မတိုင်ခင်က မြန်မာ့လွတ်လပ်ရေးအတွက် ပြည်ပအကူအညီရှာဖွေရာမှာ ထိုင်းခေါင်းဆောင် ပရီဒီက ကူညီဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေက ပြန်ပြောင်း ရေးသားခဲ့ပါတယ်။
ဦးနုမောင်နှံ့နဲ့ ထိုင်းဝန်ကြီးချုပ် မောင်နှံ

၁၉၄၈ နောက်ပိုင်း အာဏာသိမ်းမှုတွေနဲ့ ကြုံရတဲ့ ပရီဒီဟာ ပြည်ပကို ထွက်ခွာသွားပြီး အမေရိကန် လိုလားတဲ့ ထိုင်းစစ်ခေါင်းဆောင်တွေ အုပ်ချုပ်ခဲ့ပါတယ်။သူတို့လက်ထက်မှာ ကူမင်တန် တရုတ်ဖြူတွေ ထိုင်းနယ်စပ်ထိ ရောက်လာပြီး မြန်မာပြည်ထဲ ထိုးဖောက်ခဲ့ပါတယ်။ဒါကို နှိမ်နင်းဖို့ အတွက် ထိုင်း မြန်မာ ချစ်ကြည်ရေး အရေးတကြီး လိုအပ်လာပါတယ်။ဒါကြောင့် ၁၉၅၅ ခုနှစ်မှာ သီဟိုဠ်က ပင့်လာတဲ့ ဗောဓိပင်တွေကို ပင့်ဆောင်ပြီး ဝန်ကြီးချုပ် ဦးနုနဲ့ အဖွဲ့ ထိုင်းနိုင်ငံကို သွားပါတယ်။ထိုင်းနိုင်ငံမှာ မြန်မာဖျက်ဆီးမှုကြောင့် မြို့တော်ပျက်ပြီး နိုင်ငံ ဒုက္ခရောက်ခဲ့တာကို မကျေလည်တဲ့ လူထုကို ချစ်ကြည်ရေး ကမ်းလှမ်းဖို့ ရည်ရွယ် သွားတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် သီရိမဟာထက် တန်ဆောင်းကြီးမှာ ဗောဓိပင် စိုက်ပျိုးတဲ့ အခမ်းအနားမှာ ဦးနုက ခွင့်လွှတ်ခြင်းရဲ့ ကောင်းကျိုးတွေကို ဗုဒ္ဓကျမ်းဂန် အကိုးအကားတွေနဲ့ ပြောဆို ရည်ညွှန်းပြီး ကျူးကျော်ခဲ့သူ မြန်မာတွေရဲ့ ကိုယ်စား ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။အဲဒိနောက်တနေ့က စပြီး မြန်မာအဖွဲ့ သွားလေရာ ထိုင်းလူထုရဲ့ ချစ်ကြည်မှုကို ရရှိလာတယ်၊ လက်ဝှေ့ယမ်း နှုတ်ဆက် တာတွေ ရှိလာတယ်လို့ ဇော်ဂျီက ရေးသားပါတယ်။ ထိုင်းသတင်းစာတွေက ချစ်ကြည်ရေး အတွက် ထောက်ခံရေးကြသလို ခေတ်သစ် ထိုင်းဝတ်စုံ တီထွင်ဖို့ ကြိုးစားနေတဲ့ ဝန်ကြီးချုပ် ဆွန်ဂရမ်ကတော် အနေနဲ့ မြန်မာ ဝတ်စုံကို အတုယူသင့်တယ်လို့ ချီးကျူးရေးသားခဲ့တယ် လို့လည်း သိရပါတယ်။

မြန်မာအဖွဲ့ရဲ့ သီဆိုကပြမှုတွေကိုလည်း နှစ်ခြိုက်သူ များလို့ လူထုအတွက် သီးသန့် ထပ်မံတင်ဆက်ရတယ်လို့ ရေးပါတယ်။ထိုင်းဂီတနည်းစနစ်မှာ ခေတ်ဟောင်းတူရိယာတွေ သုံးပြီး ခေတ်သစ် နားမျက်စိနဲ့ ကိုက်ညီအောင် ဖျော်ဖြေတာကိုလည်း ဇော်ဂျီက ချီးကျူးပါတယ်။ချစ်ကြည်ရေး လက်ဝှေ့ပွဲမှာတော့ မြန်မာဘက်က စနစ်ဟောင်း အတိုင်း အလဲ အကွဲ ထိုးလို့ ဒီလို ကြောက်စရာ ကောင်းတဲ့ အိမ်နီးချင်းနဲ့ ရန်ဘက်ဖြစ်မယ့်အစား မိတ်ဆွေ ဖြစ်တာ ပိုကောင်းတယ်လို့ ထိုင်းသတင်းစာတွေက ကျီစယ်တယ်လို့ ဇော်ဂျီက ရေးပါတယ်။
အယုဒ္ဓယမြို့ဟောင်းက ဘုရားစေတီများ

မြန်မာဘုရင်တွေ ဖျက်ဆီးခဲ့တဲ့ အယုဒ္ဓယမြို့သွားတဲ့ ခရီးမှာလည်း မြို့သူမြို့သားတွေ ကြိုဆိုကြပြီး အပြန်ခရီးမှာတော့ မြစ်ဆိပ်မှာ သစ်သားရဲတင်းတွေ စုပုံ ရောင်းတာကို တွေ့တော့ ထူးဆန်းလို့ ဇော်ဂျီက မေးကြည့်ပါတယ်။မြန်မာတွေက ဓား ရဲတင်းလို လက်နက်တွေ ကြိုက်တယ် ထင်လို့ ရောင်းတာ ဖြစ်ကြောင်း၊ ဘယ်သူမှ မဝယ်လို့ အံ့သြနေကြောင်း ထိုင်းဘက်က တုံ့ပြန်ပြောလို့ ရယ်မောကြကြောင်းလည်း ဇော်ဂျီက မှတ်တမ်းတင်ခဲ့ပါတယ်။အယုဒ္ဓယက ဘုရားပုထိုး ပျက်စီးတာတွေ ပြင်ဖို့လည်း မြန်မာဘက်က ငွေတသိန်း လှူဒါန်းခဲ့ပါတယ်။နောက် ထိုင်းနိုင်ငံမှာ ခေတ်ဟောင်းကုန်လို့ ခေတ်သစ် တက်လှမ်းဖို့ ပြင်နေတာကိုလည်း ဇော်ဂျီက ချီးကျူးရေးသားပါတယ်။

ထိုင်းဘုရင်တွေဟာ ခေတ်မမီတဲ့ ထုံးစံဓလေ့တွေကို ပြုပြင်ပြီး လွတ်လပ်ရေး မဆုံးအောင် ထိန်းနိုင်ခဲ့တယ်လို့ ဘန်ကောက် နန်းတော်တွေကို ကြည့်ရှုပြီး ဇော်ဂျီက မှတ်ချက်ပေးပါတယ်။ထိုင်းနဲ့ ခေတ်ပြိုင် မြန်မာ ဘုရင်တွေက ဖိနပ်စီးခွင့် မပေးလို့ အနောက်တိုင်း သံတွေနဲ့ ဆက်ဆံရေး အဆင်မပြေခဲ့တာကိုလည်း ထောက်ပြပါတယ်။ပြင်သစ်နဲ့ အင်္ဂလိပ်ကြား ထိုင်းလွတ်လပ်ရေး မဆုံးအောင် ထိန်းသိမ်းပုံကို ဇော်ဂျီ ရေးသားခဲ့တာဟာ အဲဒီအချိန်က စစ်အေး တိုက်ပွဲကြောင့် တရုတ်နဲ့ အမေရိကန်၊ ဆိုဗီယက် နိုင်ငံတွေ အားပြိုင်မှုကြားမှာ မြန်မာပြည် မပိတ်မိစေဖို့ သွယ်ဝိုက် သတိပေးဟန် ရှိပါတယ်။ဒီချစ်ကြည်ရေး ခရီး အကျိုးဆက် အဖြစ် ထိုင်းဘုရင် ဘူမိဘော မြန်မာပြည်ကို ကြွရောက်လာပြီး ဆဋ္ဌသင်္ဂါယနာကို ကြည်ညိုပါတယ်။
ခေတ်မီတဲ့ ဘန်ကောက်က နန်းတော်ကြီး

မြန်မာဘက်က ထိုင်းဘုရင်နဲ့ ဝန်ကြီးချုပ် ၊ ရဲချုပ် စတဲ့ အရာရှိကြီးတွေကို မြန်မာပြည်ရဲ့ အမြင့်ဆုံး ဘွဲ့တံဆိပ်တွေ ဖြစ်တဲ့ အဂ္ဂမဟာသီရိသုဓမ္မ စတဲ့ ဘွဲ့တွေနဲ့ ဂုဏ်ပြုသလို ထိုင်းဘက်ကလည်း အမြင့်ဆုံး ဆင်ဖြူဘွဲ့တွေနဲ့ မြန်မာ ဝန်ကြီး တွေ စစ်ဗိုလ်ချုပ်တွေကို ဂုဏ်ပြုပါတယ်။ချစ်ကြည်ရေး ခရီးကြောင့် မြန်မာ ဆန့်ကျင်ရေး ရေးသား ပြောဆိုတာတွေကို ထိုင်းအစိုးရက ပိတ်ပင်တာတွေ လုပ်လာတယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ နောက်တက်လာတဲ့ အစိုးရတွေ လက်ထက်မှာ တည်မြဲတိုးတက်အောင် မထိန်းနိုင်လို့ ပြန်လည် ပျက်ပြားတာတွေ ရှိခဲ့ပါတယ်။၁၉၆၉ နောက်ပိုင်း ဦးနုကိုယ်တိုင် မြန်မာ စစ်အစိုးရကို ဆန့်ကျင် တော်လှန်ဖို့ ဘန်ကောက်မှာ ခြေကုပ်ယူလာတဲ့ အခါ မြန်မာ ဘက်က ကန့်ကွက်ခဲ့ပါတယ်။နှစ်နိုင်ငံလုံးမှာ ဇာတိမာန် အတွက် ဖြစ်ခဲ့တဲ့ စစ်ပွဲတွေ၊ အောင်နိုင်မှုနဲ့ ဆုံးရှုံးမှုတွေကို စားမြုံ့ပြန်တာတွေကြောင့် လူမျိုးတွေကြား စိတ်ဝမ်းကွဲတာ၊ သိမ်ငယ်တာ ၊ မောက်ကြွားတာတွေ မဖြစ်ဖို့ ဇော်ဂျီက သတိပေး ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top